ခုနစ်ရက်သားသမီးများအတွက် ဇွန်လဟောကိန်း

introJune 2, 20101min810

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

တနင်္ဂနွေသားသမီးများ

ယခုလတွင် သင်သည်ငွေဝင်သလောက် အကုန်အကျလည်း များပေလိမ့်မည်။ ငွေထွက်ပေါက်များ ပိတ်ဆို့၍ မရအောင်ဖြစ်နေလိမ့်မည်။ ခရီးရှည်သွားရတတ်ပါသည် ထိုခရီးမှာ သင့်အတွက် ကောင်းပါသည်။ နိုင်ငံခြားသို့ပင် သွားရတတ်ပါသည်။ ထိုခရီးမှာ သင့်အတွက်ကောင်းပါသည်။  မီးလျှပ်စစ် ဒုက္ခပေးတတ်၏။ အမှုပေါ်တတ်၏။ အလုပ်မှ ရုတ်တရက် ရပ်နားရတတ်သည်။ အတိုက်အခံပေါ်တတ်ပါသည်။ တစ်သက်လုံး တွဲလာသော မိတ်ဆွေနှင့် စိတ်ဝမ်းကွဲတတ်ပါသည်။ မုဆိုးဖို၊ မုဆိုးမများ အိမ်သို့ရောက်လာပါက အမှုအခင်းဖြစ်တတ်၍ လက်မခံပါနှင့်။ ခါးနာခဲ့သော် ဆေးထိုးခြင်းမပြုဘဲ လူးဆေးသောက်ဆေးဖြင့်သာ ကုပါ။ သင့်အား သူတစ်ပါးက ဆေးဝါးအတတ်ဖြင့် ဒုက္ခပေးတတ်ပါသည်။ အိုးအိမ်နေရာ ထိုင်ခင်း အတွက်လည်း စိတ်သောကရောက်စရာများ ပေါ်တတ်ပါသည်။ ကံညံ့နေတာတော့မဟုတ်ပါ။ တိုးတက်ဖို့ရှိနေတာကိုအဖျက်တွေဝင်နေတဲ့ သဘောပါ။ ဝန်းကျင်ကိုအာရုံပြုပါ။လေ့လာပါ။ သူမျာတွေကိုစိတ်ဝင်စားကြည့်လိုက်ပါ။ သူမျာကိစ္စတွေမှာ(လိုအပ်သလို) စိတ်ပါလက်ပါ ကူညီပေးပါ။ ထူးခြားစွာကံကောင်းလာပါလိမ့်မည်။ ယခုအချိန်မှာ မောက်မာမော်ကြွားတာတွေ လုံးဝမလုပ်မိပါစေနှင့်။ အိမ်တွင်းရေးကိစ္စတွေ သိမ်မွေ့စွာ ကိုင်တွယ်ပါ။ စကားချိုသာပါ။

ယတြာ – ရှောက်သီးတစ်လုံးမှည့်မှည့်ကို ရှာ၍ဘုရားကျောင်းဆောင်တွင် ဗုဒ္ဓဟူးနေ့တွင် နံနက်စောစော၌ အလုံးလိုက် ကပ်လှူလိုက်ပါ။ လေးလုံးလှူထားပါ။ ထို့ပြင် တနင်္ဂနွေနေ့ညနေ၌ ဘဲဥပြုတ်တစ်လုံးကို အခွံခွာ၍ လမ်း၌ရှိသော ခွေးတစ်ကောင်အား ချကျွှေးပါ။ ကောင်းကျိုးချမ်းသာများ သင့်ထံသို့ရောက်လာပါလိမ့်မည်။ လောကဝိဒူဂုဏ်တော်ကို နေ့စဉ်ပုတီး(၁ဝ)ပတ်လောက် ပုံမှန်စိပ်သွားပါ။

ထီကံစမ်းရန်(၄-၈-၆)ဂဏန်တွေနှင့် ထီထိုးပြီး ပိုက်ဆံအိတ်ထဲမှာသိမ်းထားပါ။

—————————————————————————————————————————————————-

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

တနင်္လာနေ့သားသမီးများ

ယခုလတွင် အချင်းချင်း သစ္စာဖောက်တာခံရတတ်၏။ ပြဿနာဟောင်းလေးတွေက အစပေါ်ပြီး စိတ်ညစ်ဒေါသထွက်စရာ တွေကြုံတတ်သည်။ မနာလို မရှုဆိတ်နှင့် မကောင်းပြောတာတွေ ခံရတတ်သည်။ အစစ သည်းခံလိုက်ပါ။ ဘာမဆိုရဲဝံ့စွာ ဆုံးဖြတ်ရင်ဆိုင်ပါ။ စကားကိုကတ်ဖဲ့ပြောမိတာ၊ ဒေါသတကြီးပြောမိတာတွေဖြစ်တတ်၍ ဆင်ခြင်ပါ။ ဘာမဆို လိမ္မာပါးနပ်စွာ ပြောဆိုလုပ်ကိုင်ရမည့်လပါ။ အလုပ်တွင် ထိခိုက်နစ်နာစရာကြုံမည်။ ငွေကြေးကိစ္စရစရာတွေ ရပါမည်။ ဝင်စရာတွေ ဝင်ပါမည်။ ငွေဝင်ကိန်းရှိပါသည်။ သို့သော် သင့်ကို အကူအညီတောင်းခံသူတွေလာမည်။ သင်က ချေးလျှင်၊ ပေးလျှင်ဆုံးမည်။ မကူညီလျှင်လည်း မကောင်းပြောတာခံရမည်။ သတိနဲ့နေပါ။ စေတနာက ဝေဒနာဖြစ်မည့်လပါ။ အိမ်ထောင်ရှင်များ မိသားစုအပေါ် ဒေါသတကြီးပြောဆိုတာတွေ ဆင်ခြင်ရမည့်လပါ။ ဘာမဆို ကိုယ့်စိတ်တိုင်းကျဖြစ်စေရမည်ဆိုတာမျိုး စိတ်တွေပြုပြင်ပေးရမည့် လပါ။ ဘာမှ မည်မည်ရရမရှိဘဲ စကားများရမည်။

ငယ်ရွယ်သူများ အချစ်ရေးသစ္စာဖောက်ခံရတတ်၏။ ကိုယ့်ချစ်သူနှင့် နားလည်မှုလွဲမှားနေတတ်၏။ တွေ့လိုက်တိုင်း စကားများနေရတတ်၏။ သို့သော် ထိုသို့အခြေအနေများကြားမှပဲ ရုတ်တရက် လက်ထပ်ဖြစ်တာမျိုး၊ ခိုးထွက်ပြေးတာမျိုးကြုံတတ်၏။ သတိနှင့်ဆင်ခြင်ဖို့တော့ လိုသည်။
ဤလတွင် ကျန်းမာရေး ဂရုစိုက်ပါ။ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုကြုံပါက ချက်ချင်းထပြီး ဆေးခန်းသွားပြပါ။ သို့မှသာ ဆေးရုံတက် ကုသရတာမျိုးမှ လွတ်ကင်းတတ်သည်။

ယတြာ – ဤလတွင် တရားအားထုတ်ခြင်းသည်သာ သင့်အတွက် အကောင်းဆုံးပါ။ အချိန်ရသလောက်အာနာပါန ဘာဝနာစီးဖြန်းပါ။ မေတ္တာပို့သပါ။
ထီကံစမ်းရန် – (၅) ထိပ်စီး (၁) နောက်ပိတ်နှင့် ထီလက်မှတ်ကိုရအောင် တနင်္ဂနွေနေ့မှာထိုးပါ။
အဓိဋ္ဌာန်ကျင့်စဉ် – ယခုတစ်လလုံး မေတ္တာသုတ်ကို နေ့စဉ် ၁ဝ ခေါက် ပွားထုံပေးပါ။ ကောင်းကျိုးထူးပါလိမ့်မည်။

—————————————————————————————————————————————————

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

အင်္ဂါနေ့သားသမီးများ

ယခုလတွင်ကိစ္စများ သောင်မတင်ရေမကျဆုံးဖြတ်၍မရဖြစ်နေမည်။ ကံကြမ္မာက ကိုယ့်ကို အခွင့်ကောင်းတွေပေးထားပါလျက်၊ ပတ်ဝန်းကျင်က ကိုယ့်ကို အခွင့်အရေးတွေပေးထားပါလျက် ကိုယ်ကမယူမိ၊ မသုံးမိ၊ မဆုံးဖြတ်မိဖြစ်နေမည်။ အခက်အခဲတွေ တွေ့ရတတ်သည်။ ကိုယ်ကလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး သဘောထားနေမိသည်။ ဘယ်ကိစ္စမဆို ရဲရင့်စွာ ဆုံးဖြတ်ရင်ဆိုင်ရမည့်လဖြစ်သည်။
ငွေကြေးရေးကိစ္စကတော့ ကိုယ့်ရှိတာလေးကိုပဲ ချွေချွေတာတာသုံးရမည့်လဖြစ်သည်။ ဝင်စရာရှိသည့်ငွေတွေ အခိုက်အတန့်မျှ လာဘ်ပိတ်နေမည်။ အလုပ်တွင် အလိုလိုနေရင်း စိတ်မွန်းကျပ်နေမည်။ သို့သော် အလုပ်တွင် ပုံမှန်လည်ပတ်နိုင်မည်။
အိမ်ထောင်ရှင်များ ယခုလတွင် အိမ်ထောင်ဖက်က ကိုယ့်အပေါ် မေတ္တာမှန် စေတနာမှန်ဖြည့်ဆည်းပေးနေတာကို မခံယူမိဘဲ ဥပေက္ခာပြုမိတာမျိုး  ကြုံမည်။ အိမ်ထောင်ဖက်၏မေတ္တာကို နားလည်ပါလျက် စိတ်က တခြားကို ညွှတ်နေမိတာမိုျးလည်း ကြုံတတ်၏။
ငယ်ရွယ်သူများမေတ္တာရေးကောင်းမွန်မည်။ ချစ်သူအတွက် ဘာမဆိုပုံပေးမိတာမျိုးကြုံမည်။ အချစ်အတွက် ဘာမဆို စွန့်စားဖို့စိတ်တွေပေါ်မည်။ ကိုယ့်ချစ်သူအဖြစ် ကိုယ်နှင့်ရင်းနှီးသူတစ်ဦးက ချစ်ခွင့်ပန်လာတာမျိုးလည်းကြုံမည်။ ချစ်သူအပေါ် သစ္စာရှိပါလေ။
ကျန်းမာရေးတွင် ခေါင်းကိုက်တာကြုံတတ်သည်။ ကျန်းမာရေးကောင်းပါသည်။ ယခုလတွင် မိရိုးဖလာထုံးတမ်းစဉ်လာတွေကို လိုက်နာဖို့ လိုအပ်ပါသည်။ မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးစွာ အထူးသင့်မြတ်စွာ နေထိုင်ပေးဖို့လည်းလိုအပ်ပါသည်။

ယတြာ – သင့်ဧည့်ခန်းတွင် ရေတံခွန်ပါသောပုံ၊ ပင်လယ်ပြင်ပုံတို့ ကပ်ချိတ်ထားလိုက်ပါ။ ညအိပ်ရာဝင်တိုင်း လောကသဘာဝကြီးထဲ လွပ်လပ်စွာ ရှင်သန်ခွင့်ရှိသော လူ့ဘဝ၏ အနှစ်အရသာကို ကျကျနနတွေးပြီးမှ အိပ်ပါ။
ထီကံစမ်းရန် – မွေးနေ့တွင် (၇) များများပါသော ထီလက်မှတ်ထိုးပါ။ အနည်းဆုံး (၇) နှစ်လုံးပါပါစေ။

—————————————————————————————————————————————————-

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

ဗုဒ္ဓဟူးနေ့သားသမီးများ

ဤလအတွင်း ငွေရေးကြေးရေးကို အကြောင်းပြု၍ စိတ်သောက ရောက်စရာကြုံရတတ်ပါသည်။ ငွေအလိမ်ခံရတတ်ပါသည်။ ငွေနှင့်ပတ်သက်၍ မည်သည့်ကတိစကားကိုမျှ မယုံပါနှင့်။ နားမယောင်ပါနှင့်။ ထို့ပြင် အသားထဲကလောက်ထွက်ဆိုသည့် အတိုင်းမိတ်ဆွေမကောင်းကြံစည်ခြင်းကို ခံရတတ်ပါသည်။ အထူးသတိပြုပါ။ သားသမီးကို အကြောင်းပြု၍ စိတ်ဆင်းရဲစရာများ ပေါ်တတ်ပါသည်။ ကျန်းမာရေးနှင့် ပတ်သက်၍ သွေးနှင့်ပတ်သက်သော ရောဂါများ ဖြစ်တတ်ပါသည်။ လူဝင်လူထွက် မကောင်းပါ။ ညအိမ်ဧည့်သည် လက်မခံပါနှင့်။ စက်၊ စိန် စသည့် အင်္ဂါနံနှင့်ပတ်သက်သော ကိစ္စများအတွက်မူ ဆောင်ရွက်ရန်အကောင်းဆုံးလ ဖြစ်ပါသည်။ အဝတ်အထည်များ မမျှော်လင့်ဘဲ ဝင်လာတတ်ပါသည်။ အဖိုးတန် စက်(သို့မဟုတ်)စိန်ထည်ပစ္စည်းဝင်မည်။ ကောင်းသည်။ ယခုကာလ နေအိမ်တွင်မပျော်ဘဲ ဖြစ်နေတတ်သည်။ အိမ်ကိုတရော်ကင်ပွန်းရေဖြင့် ဖြန်းပါ။ လာဘ်ရွှင်လာပါလိမ့်မည်။ အလုပ်အကိုင်လည်း တိုးတက်တော့မည့်အချိန်ပါ။ အဓိဌာန်တစ်ခုလောက် စွဲစွဲမြဲမြဲဝင်ကြည့်စမ်းပါ။ ဥပမာ-အရဟံဂုဏ်တော်တစ်ခုတည်းကို နေ့စဉ်ပုတီး (၉) ပတ်လောက် ပုံမှန်လေး စိပ်သွားကြည့်စမ်းပါ။ မုချထူးခြားစွာ တိုတက်လာပါလိမ့်မည်။
ယတြာ – တနင်္ဂနွေနေ့ သို့မဟုတ် အင်္ဂါနေ့၌ အုန်းသီးစိမ်းတစ်လုံးကို အဝလှပ်၍ အရည်များ သွန်ပစ်ပြီး ဆားအပြည့် သိပ်ပြီးလျှင် နံနက် ၅ နာရီခန့်၌ ညောင်ပင်ကြီးကြီးသို့သွား၍ ရုက္ခစိုးအား သင်၏ ဒုက္ခများ ပြေပျောက်အောင် ဆုတောင်းပါ။ ညနေပိုင်းတွင် လမ်းမှခွေးအား ပဲကြော်နှစ်ခုကြွေးပါ။ ကောင်းကျိုးချမ်းသာများ သင့်ထံရောက်လာပါလိမ့်မည်။
ထီကံစမ်းရန် (၁-၉-၃) ဂဏန်းတွေနှင့် ထီထိုးပြီး ထီလက်မှတ်တွေကို အိပ်ယာအနီးမှာထားလိုက်ပါ။

——————————————————————————————————————————————————-

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

စနေနေ့သားသမီးများ

ဤလအတွင်း သင်၏ လုပ်ငန်းတွင်း၌ စာရင်းဇယားကွာဟမှုများ ငွေကြေးလေလွင့်မှုများ ဖြစ်ပေါ်တတ်၏။ သင်၏ အထက်လူကြီးမှ သင့်အား အကြောင်းမဲ့ ငြိုငြင်မှုများ ခံစားရတတ်၏။ စပ်တူရှယ်ယာလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း လုပ်သူများ၊ စီးပွါးရေးသမားများ ဤလအတွင်း ထူးခြားစွာ ဝင်ငွေများရနေတတ်၏။ သင်၏ မွေးနေ့၌ ရဟန်းတစ်ပါးအား သစ်သီးဆွမ်း ဆက်ကပ်လိုက်ပါ။ ခက်ခဲနေသော ပြဿနာများသည် ကူညီဖြေရှင်းပေးမှုများကြောင့် ပြေလည်သွားပါမည်။ ဆွေမျိုး ညီအစ်ကိုမောင်နှမများနှင့်လည်း စိတ်သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေတတ်သည်။
ငယ်ရွယ်သူများ သင်ရည်ရွယ်ထားသောအချစ်ရေးနှင့် ပညာရေးသည် တစ်ပြိုင်နက်တည်း လွယ်လင့်တကူ အောင်မြင်မှု ရရှိလာပါလိမ့်မည်။ မတော်တဆ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိတတ်၏။ သတိပြုပါ။
သင့်အား အထူးမှာကြားလိုသည့်အချက်မှာ သင်ဘာကိုပင်လုပ်လုပ် သင်ဖြစ်ချင်တာတွေ အားလုံး ဖြစ်လာနိုင်ရန် သင့်ဘက်မှကံတရားက ရပ်တည်နေပေလိမ့်မည်။ ကံကောင်းနေတဲ့အချိန်ပါပဲ။ အိမ်တွင်းရေးမကြေလည်တာလောက်တော့ဖြစ်မယ်။
ယတြာ – မိမိနေအိမ်ရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား အလင်းတိုင် (၉)တိုင် ကပ်လှူပူဇော်ပါလေ။ အညံ့များ ပြေပျောက်၍ လိုအင်ဆန္ဒများ ပြည့်စုံလာပါလိမ့်မည်။
ထီကံစမ်းရန်-၉ဂဏန်းများများဖြင့်ထိုးပါ။ ကိုးနဝင်းအဓိဌာန်ဝင်ပါ။

—————————————————————————————————————————————————

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

ကြာသပတေးသားသမီးများ

ကံဇာတာကောင်းနေပါသည်။ ရတနာသုံးပါးကိုအထူးပူဇော်အားထုတ်မှုပြုသင့်ချိန်ပါ။ မိဘဆရာတွေကိုလည်း အထူး ကန်တော့ပေးပါ။ ကောင်းကြိုးထူးပါအံ့။

ထို့အပြင်ရိုးရာနတ်တွေကိုလည်း ပသပေးတာ၊ ဂါရဝပြုပေးတာ၊ အထူးအမျှဝေပေးတာမိုျးတွေ ပြုသင့်ချိန်ပါ။
ဤလအတွင်း ငွေရေးကြေးရေးခက်ခဲမည့် ပုံကြုံရသော်လည်း တကယ်တွင် အလိုလို အဆင်ပြေရပါလိမ့်မည်။ ငွေအတွက်နှင့် သောကမဖြစ်ပါနှင့်။ အလုပ်ကို စိတ်မဝင်စားဘဲ အလုပ်မှ ရွှေ့ပြောင်း၍ လုပ်ငန်းသစ်များလုပ်ကိုင်ရန် စိတ်ကူးမိနေပေလိမ့်မည်။ လောလောဆယ်၌ ရွှေ့ပြောင်းရန် မသင့်သေးပါ။ အင်္ဂါနံပစ္စည်းများဖြစ်သည့် စက်၊ စိန် ဝင်တတ်ပါသည်။ နတ်အုန်းသီးတင်သည့် အလေ့ရှိသူများ၏ နတ်အုန်းသီး အစို့ပေါက် တတ်ပါသည်။ ပေါက်လျှင် အဖိုးတန်ပစ္စည်း တစ်ခု ဝင်လာပါလိမ့်မည်။ အမှုဖြစ်တတ်၏။ အစားမှားခြင်း၊ အစာအဆိပ်သင့်ခြင်းများ ဖြစ်တတ်ပါသည်။ နိုင်ငံခြားခရီးသွားရန် စာရင်းပါပြီးမှ အပယ်ခံရခြင်းမျိုး ဖြစ်တတ်ပါသည်။ စကားများရတတ်ခြင်း၊ တပည့်တပန်း၊ သားသမီးနှင့် ပတ်သက်၍ စိတ်ညစ်ရတတ်ပါသည်။ မြေဝင်တတ်ပါသည်။ ပညာထူးတစ်ခုခု ရတတ်ပါသည်။ ငယ်ရွယ်သူများ ရုတ်တရက် အိမ်ထောင်ပြုရ တတ်သည်။ အနေအထိုင်အသွာအလာဆင်ခြင်ပါ။ စုတ်ရောလာဘ်ပါ ပွင့်လန်းနေ၏။ ကျန်းမာရေးကောင်းမည်။
ယတြာ – ဘုရားစင်ပေါ်မှာ စပယ်ပန်း ရှစ်ကုံးကို ပန်းမွေ့ယာခင်းလိုက်ပါ။ ပြီးလျှင် မေတ္တာသုတ်ပရိပ်တော်ကို ကျကျနန ရွတ်ပွါးပူဇော်ပါ။ သတ္တဝါတွေကို လေးလေးနက်နက် အမျှဝေပေးပါ။ နံနက်စောတိုင်းထိုသို့ ဆောင်ရွက်ပါ။ ထို့ပြင် ထန်းလျက် ၁၁လုံးကို လမ်း၌ တွေ့သော ခွေးကိုပစ်၍ ကျွေးလိုက်ပါ။ ကောင်းကျိုးချမ်းသာများ ရရှိလာပါလိမ့်မည်။
ထီကံစမ်းရန် (၃-၄-၅) ဂဏန်တွေနှင့် ထီထိုးပါ။ ထီပေါက်လျှင် ဆယ်ပုံတစ်ပုံလှူဖို့ အဓိဌာန်ပြုပါ။ ထီလက်မှတ်တွေ ကိုအဝတ်ဘီဒိုထဲမှာထည့်ထားပါ။

—————————————————————————————————————————————————

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

ရာဟုသားသမီးများ

ဤလတွင် ထီပေါက်သကဲ့သို့ ငွေများ အလုံးအရင်းနှင့် ဝင်လိမ့်မည်။ အလှူဒါနတွေမျာစွာပြုဖြစ်မည်။ ကံဇာတာ အလွန်ကောင်းနေသည့်လပါပဲ။ မျက်နှာပွင့်လန်းနေမည်။ ပြောဆိုသမျှအထူးအောင်မြင်နေမည်။ အိမ်ထောင်ရှင်များ လင်မယား ကတောက်ကဆဖြစ်တတ်သော်လည်း ပြဿနာမဖြစ်ပါ သို့သော် အိမ်တွင်းရေး အဆင်ပြေအောင်နေလျှင် ပိုပြီးလာဘ်ရွှင်နေမည်။ ငွေလည်းပိုဝင်လာမည်။ အိမ်ထောင်ရေးသစ္စာရှိရမည့် အချိန်ပါ။ နှလုံသားရေး မြစ်လက်တက်ပေါ် တတ်ချိန်ပါ။ ငယ်ရွယ်သူများအတွက် အချစ်ရေးကိစ္စများ ပြေလည်တတ်ပါသည်။ သို့သော် မျက်နှာအလွန်ပွင့်နေတတ်ချိန် ဖြစ်သဖြင့်ချစ်သူအပေါ်သစ္စာရှိဖို့လိုသည်။ စက်၊ စိန် စသည်တို့ကို အကြောင်းပြု၍ စိတ်ညစ်ရတတ်၏။ ထီပေါက်ကိန်းလည်းရှိ၍ ထီထိုးပါ။ စနေနေ့၌ထီထိုးပါ။ ရာထူးတိုးတတ်သည်။ လုပ်ငန်းလုပ်ကလည်း နာမည်ကြီးတတ်၏။ ရာထူးတိုးသော်လည်း တစ်ခါတစ်ရံ၌ အလုပ်၌ မပျော်ပိုက်သလိုလည်း ဖြစ်မည်။ ရွှေထွက်တတ်ပါသည်။ ဝမ်းဗိုက်ဥပါဒ်ပေးတတ်ပါသည်။ မိတ်ဆွေများ၊ သားသမီးများအတွက် စိတ်ညစ်ရတတ်ပါသည်။ မြေကိစ္စ စကားပြောရတတ်ပါသည်။ အိမ်ရှိဝါယာကြိုးရှော့ခ် ဖြစ်တတ်ပါသည်။ နားရသည်ဟုမရှိဘဲအလုပ်များခြင်း၊ ခရီးတိုများ တစ်ခုပြီးတစ်ခု ထွက်နေရပါ လိမ့်မည်။ နိုင်ငံခြားခရီးစီစဉ်ထားသူမျာယခုလမုချထွက်ရအံ့။ ကောင်း၏။ ပျော်ပျော်နေပါ။ ဘာသာရေးဖိလုပ်ပါ။ တစ်ချက်တည်းနှင့်တစ်သက်စာအတွက်ကောင်းစားခွင့်ကြုံနေသည့်ကာလ ပါ။

ယတြာ – တနင်္လာနေ့၌ တစ်ကြိမ်၊ စနေနေ့၌တစ်ကြိမ်၊ နန်းကြီးသုပ်ကို ဆွမ်းတော်ကပ်ပါ။ ထို့နောက်သင့်အိမ်မှ လွယ်အိတ်တစ်လုံးကို ပံ့သကူ ပစ်သကဲ့သို့ အကျအနထုပ်၍ လမ်းပေါ်၌ ပစ်ပါ။ ကောင်းကျိုးချမ်းသာများ သင့်ထံသို့ ရောက်လာပါလိမ့်မည်။ ယခုလမှစပြီး ကိုးနဝင်းမိုးလင်းမှသိမယ်ဆိုသည့် အဓိဌာန်ကို စွဲစွဲမြဲမြဲ ပွါးထုံသွားစမ်းပါ။ ကောင်းကျိုးချမ်းသာတွေမုချခံစားရပါအံ့။
ထီကံစမ်းရန် (၇-၁-၂) ဂဏန်းများဖြင့် ထီကံစမ်းပါ။ ပြီးလျှင်ထီလက်မှတ်တွေကို ဘုရားကျောင်းဆောင်ပေါ်မှာ တရိုတသေတင်ထားပါ။

—————————————————————————————————————————————————-

ခုနစ်ရက်သားသမီးများအတွက်

အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း

သက်နှင်းဆွေ-ပုပ္ပါး

2010 ဇွန်လအတွက်

သောကြာနေ့သားသမီးများ

ဤလအတွင်း မိမိအိမ်သားများနှင့်ပတ်သက်၍ စိတ်ညစ်စရာများ ပြဿနာများ ဖြေရှင်းပေးရတတ်၏။ အလုပ်တွင် မိမိမျှော်လင့်ထားသည်များ အလွဲလွဲအချော်ချော် ဖြစ်နေတတ်၏။ မြေဝယ်ခြင်း၊ နေရာသစ်တစ်ခုထပ်မံတိုးတက်ခြင်းများ ပြုလုပ်ရတတ်၏။ မိမိလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သော သင်တန်းတစ်ခု တက်ရောက်သင်ကြားခွင့် ရရှိတတ်၏။ အမှုအခင်းများ ဖြစ်နေသူများ အတွက် မိမိဘက်မှ အောင်မြင်မှု လမ်းစတွေ့ရတတ်၏။
ငယ်ရွယ်သူများ မိမိချစ်သူ၏ အသိုင်းအဝိုင်းမှ မိမိအပေါ် အထင်အမြင် လွဲမှားစွာဖြင့် ဆက်ဆံလာတတ်၏။ ပညာရေးတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသော်လည်း အကူအညီပေးမည့်သူတစ်ဦးဦး သင့်ထံသို့ ရောက်ရှိလာလိမ့်မည်။
သင့်အား အထူးမှာကြားလိုသည့်အချက်မှာ မည်သို့ပင် စိတ်ညစ်စရာများ ဖြစ်ပေါ်နေပါစေ သင်၏ ကံတရားက သင့်အား အကူအညီ ပေးလိမ့်မည်မှာ မုချမလွဲဖြစ်ပေ၏။ သိုကသော်အစစသည်းခံစိတ်ရှည်ပေးရမည့်ကာလပါ။ အတတ်နိုင်ဆုံးသီးသန့်နေသင့်သည်။ တန်ခိုးကြီးဘုရားစေတီတော်မျာသို့ မကြာခဏသွားပြီး ဘုရာဖူးကာကုသိုလ်ကံဆက်ပြုပေးသင့်သည်။ ကျန်းမာရေး၈ရုစိုက်ပါ။ ကုသိုလ်ကံမှေးမှိန်နေသည်။ ဘာသာရေးဖိလုပ်ပါလေ။
ယတြာ – ဘုန်းတော်ကြီးကျောင်းသို့ တံမြက်စည်း (၂) ချောင်းလှူဒါန်းလိုက်ပါ။ အညံ့များ ပြေပျောက်၍ လိုအင်ဆန္ဒများ ပြည့်စုံလာပါလိမ့်မည်။ အရဟံဂုဏ်တော်ကိုနေ့စဉ်ပုတီး(၇)ပတ်ပွားထုံသင့်သည်။
ထီကံစမ်းရန်-(၁-၆)ဂဏန်းများဖြင့်ထီကံစမ်းပါ။

အားလုံးသတ္တဝါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
အောင်အတိတ်အောင်နိမိတ် (သဘာဝဓမ္မလောကီယအတတ်ပညာ)
တိုက်၈၊ အခန်း ၁ဝ၂၊ ပထမထပ်၊ ကမ္ဘာအေးဘုရားလမ်းမကြီး (ကမ္ဘာအေးဘုရားရှေ့တည့်တည့်)
အမှတ် ၉ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊
ဖုံး-ဝ၁ ၇၃ဝ ၂၅၈၇၁

Forward Mail ကရလို့ ဗေဒင်ဝါသနာရှင်တွေအတွက် တင်ပေးလိုက်တာပါ…