ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့်စားပေါ့ကွာ ဆိုတဲ့ ဆင်းရဲသားတွေစားစရာမရှိတာကို မရှိတာထက်မသိတာခက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းပါ။

ဒီလိုပါဘဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကားဆိုတဲ့ယာဉ်ကို ကိုယ်ပိုင်စီးဘို့ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။ တချိန်က ဆိုရှယ်လစ်စနစ်ကြောင့် ကားဟာ ဇိမ်ခံပစ္စည်းထဲပါနေတာကြောင့် အကောက်ခွန်ကြီးမြင့်မှုကြောင့် သာမန်လူတန်းစားဟာ ကားပိုင်ဆိုင်ဘို့ကို ညအိပ်ရာဝင် စိတ်ကူးယဉ် အိမ်မက်အဖြစ် တမ်းတခဲ့ရပါတယ်။ တပ်မတော်အစိုးရလက်ထက် မှာလဲ မော်တော်ကားဈေးနှုန်းတွေဟာ ကြောက်ခမန်းလိလိ ကြီးမားလွန်တာကြောင့် သာမန်လူတန်းစားအဖို့ ကားမပြောနဲ့ ဘီးတစ်လုံးတောင် ၀ယ်နိုင်ဘို့မလွယ်ပါဘူး။ ကားတစ်စီးရဲ့တန်ဘိုး နိုင်ငံတစ်ကာမှာ  ဒေါ်လာ ၃၀၀၀(မြန်မာငွေကာလပေါက်ဈေး ၂၄သိန်း) လောက်ရှိတဲ့ကားဟာ မြန်မာပြည်က ကားဈေးကွက်မှာ သိန်း၃၀၀ လောက်ပေါက်နေလေတော့ ၀ိသမလောဘသားတွေရယ် အကောက်ခွန်ဝန်ထမ်းတွေရယ် ပွဲစားတွေရယ်ကြောင့် ကားဈေးတွေဟာ အဓိပ္ပါယ်မရှိ ကြီးမြင့်လွန်းနေတာကြောင့်(သိန်းထောင်သောင်းချီသောကားများ) ဘယ်သူ့ကို အပြစ်ပြောရမှန်း မသိအောင်ကိုပါဘဲ၊ ဒါပေမဲ့ ဒီနေ့ အစိုးရသစ်လက်ထက်မှာ စီးပွါးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကားသစ်တွေ တင်သွင်းခွင့်ပြုတာရယ် ကားဟောင်းတွေအပ်နှံခွင့်ကို ကားသစ်တင်သွင်းခွင့်ပြုတာတွေကြောင့် ကားဟောင်းတွေရဲ့ဈေးဟာ မထင်မှတ်ဘဲ နှစ်ဆကနေ သုံးဆ ငါးဆအထိ ခုန်တက်သွားတယ် ဒီကထဲက အကျင့်ပျက်လပ်စားမှု အဓိပ္ပါယ်မရှိတဲ့ ကားဟောင်းတွေဈေးခုန်တက်ပြီး အရောင်းအ၀ယ်လောကမှာ ရှုပ်ထွေးပွေလီတဲ့ မသမာမှုတွေဖြစ်လာရော တကယ်ဆိုရင် သူ့ဟာသူ ကားအဟောင်းတွေ ဖျက်ချင်ဖျက် မဖျက်ချင်လို့ အိမ်ထဲမှာဘဲသိမ်းထားထား လုပ်သင့်တာက အိုမင်းပြီး လမ်းပေါ်မသွားသင့်တဲ့ကားတွေ နိုင်ငံတကာမှာသတ်မှတ်ထားသလို လမ်းပေါ်ပြေးဆွဲခွင့် ရုပ်သိမ်းပြီး ကားအသစ်တွေကို သတ်မှတ်တဲ့အခွန်နှုန်းထားနဲ့ ကြိုက်သလောက်(ငွေဖြူ/ငွေမဲ မသတ်မှတ်ဘဲ) သွင်းပလေ့စေ အဲဒီမှာ ဒေါ်လာသုံးထောင်လောက်ပေါက်တဲ့ကားဟာ အကောက်ခွန်အပြီး အများဆုံး ခြေက်ထောင်(သိန်၅၀ခန့်ပေါ့) အခုတော့ ကြားလို့မှမကောင်း မြင်လို့မှမသင့်တော် လမ်းပေါ်တောင်မပြေးနိုင်တော့တဲ့ ကားစုပ်တွေဟာ ပွဲစားတွေ ၀ိသမလောဘသားတွေ ကောင်းမှုကြောင့် ကြယ်ငါးပွင့်သင်္ဘောတွေရော အရပ်ဘက်သင်္ဘောတွေရော မိန့်မိန့်ကြီးစီးလို့ ပင်လယ်ခရီးသွားနေတာတွေ နိုင်ငံခြားသားတွေက တအံ့တသြနဲ့ ငေးမောကြည့်ရှုနေကြကြောင်း မောင်းတီးလိုက်ရပါတယ်။

ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..