က ကာ ကား

DEPARKO DEPARKOJanuary 31, 20121min1378

ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့်စားပေါ့ကွာ ဆိုတဲ့ ဆင်းရဲသားတွေစားစရာမရှိတာကို မရှိတာထက်မသိတာခက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းပါ။

ဒီလိုပါဘဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကားဆိုတဲ့ယာဉ်ကို ကိုယ်ပိုင်စီးဘို့ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။ တချိန်က ဆိုရှယ်လစ်စနစ်ကြောင့် ကားဟာ ဇိမ်ခံပစ္စည်းထဲပါနေတာကြောင့် အကောက်ခွန်ကြီးမြင့်မှုကြောင့် သာမန်လူတန်းစားဟာ ကားပိုင်ဆိုင်ဘို့ကို ညအိပ်ရာဝင် စိတ်ကူးယဉ် အိမ်မက်အဖြစ် တမ်းတခဲ့ရပါတယ်။ တပ်မတော်အစိုးရလက်ထက် မှာလဲ မော်တော်ကားဈေးနှုန်းတွေဟာ ကြောက်ခမန်းလိလိ ကြီးမားလွန်တာကြောင့် သာမန်လူတန်းစားအဖို့ ကားမပြောနဲ့ ဘီးတစ်လုံးတောင် ဝယ်နိုင်ဘို့မလွယ်ပါဘူး။ ကားတစ်စီးရဲ့တန်ဘိုး နိုင်ငံတစ်ကာမှာ  ဒေါ်လာ ၃၀၀၀(မြန်မာငွေကာလပေါက်ဈေး ၂၄သိန်း) လောက်ရှိတဲ့ကားဟာ မြန်မာပြည်က ကားဈေးကွက်မှာ သိန်း၃၀ဝ လောက်ပေါက်နေလေတော့ ဝိသမလောဘသားတွေရယ် အကောက်ခွန်ဝန်ထမ်းတွေရယ် ပွဲစားတွေရယ်ကြောင့် ကားဈေးတွေဟာ အဓိပ္ပါယ်မရှိ ကြီးမြင့်လွန်းနေတာကြောင့်(သိန်းထောင်သောင်းချီသောကားများ) ဘယ်သူ့ကို အပြစ်ပြောရမှန်း မသိအောင်ကိုပါဘဲ၊ ဒါပေမဲ့ ဒီနေ့ အစိုးရသစ်လက်ထက်မှာ စီးပွါးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကားသစ်တွေ တင်သွင်းခွင့်ပြုတာရယ် ကားဟောင်းတွေအပ်နှံခွင့်ကို ကားသစ်တင်သွင်းခွင့်ပြုတာတွေကြောင့် ကားဟောင်းတွေရဲ့ဈေးဟာ မထင်မှတ်ဘဲ နှစ်ဆကနေ သုံးဆ ငါးဆအထိ ခုန်တက်သွားတယ် ဒီကထဲက အကျင့်ပျက်လပ်စားမှု အဓိပ္ပါယ်မရှိတဲ့ ကားဟောင်းတွေဈေးခုန်တက်ပြီး အရောင်းအဝယ်လောကမှာ ရှုပ်ထွေးပွေလီတဲ့ မသမာမှုတွေဖြစ်လာရော တကယ်ဆိုရင် သူ့ဟာသူ ကားအဟောင်းတွေ ဖျက်ချင်ဖျက် မဖျက်ချင်လို့ အိမ်ထဲမှာဘဲသိမ်းထားထား လုပ်သင့်တာက အိုမင်းပြီး လမ်းပေါ်မသွားသင့်တဲ့ကားတွေ နိုင်ငံတကာမှာသတ်မှတ်ထားသလို လမ်းပေါ်ပြေးဆွဲခွင့် ရုပ်သိမ်းပြီး ကားအသစ်တွေကို သတ်မှတ်တဲ့အခွန်နှုန်းထားနဲ့ ကြိုက်သလောက်(ငွေဖြူ/ငွေမဲ မသတ်မှတ်ဘဲ) သွင်းပလေ့စေ အဲဒီမှာ ဒေါ်လာသုံးထောင်လောက်ပေါက်တဲ့ကားဟာ အကောက်ခွန်အပြီး အများဆုံး ခြေက်ထောင်(သိန်၅ဝခန့်ပေါ့) အခုတော့ ကြားလို့မှမကောင်း မြင်လို့မှမသင့်တော် လမ်းပေါ်တောင်မပြေးနိုင်တော့တဲ့ ကားစုပ်တွေဟာ ပွဲစားတွေ ဝိသမလောဘသားတွေ ကောင်းမှုကြောင့် ကြယ်ငါးပွင့်သင်္ဘောတွေရော အရပ်ဘက်သင်္ဘောတွေရော မိန့်မိန့်ကြီးစီးလို့ ပင်လယ်ခရီးသွားနေတာတွေ နိုင်ငံခြားသားတွေက တအံ့တဩနဲ့ ငေးမောကြည့်ရှုနေကြကြောင်း မောင်းတီးလိုက်ရပါတယ်။

ဒီပါကို

8 comments

  • water-melon

    January 31, 2012 at 6:58 pm

    ကားဟောင်းလဲ မဝယ်နိုင်
    ကားအသစ်လဲ မစီးနိုင်
    နောက်ဆုံးတော့လဲ ဘုရားပွဲ ချားပေါ်က ကားဘဲတက်စီးတာကောင်းတယ်။

  • ဖိုးအာလူး

    January 31, 2012 at 7:35 pm

    မပြောပါနဲ့ အကိုလေးရာ . . စိတ်နာလွန်းလို့ . . စိတ်ဓါတ်လဲ ကျတယ် . .
    ဝမ်းလဲ နည်းတယ် . . လိမ်စား ၊ ညာစား တွေ လက်အောက်မှာ နေ နေ ရတဲ့
    အကိုလေးတို့ ကျုပ်တို့ အားလုံးသော ဘဝ စိတ်ညစ်စရာ များလှပါဘိ ဗျား . .

  • unclegyi1974

    January 31, 2012 at 10:00 pm

    မောင်ဒီပါရဲ့
    ကားဟောင်းလေးတွေဈေးတက်တာကားဝယ်စီးမယ့်သူတွေဘက်ကမကောင်းပေမဲ့
    ကားဟောင်းပိုင်ရှင်လေးတွေအတွက်တော့ကောင်းပါတယ်ကွယ်
    အတော်များများကားဟောင်းပိုင်ရှင်များကကားဟောင်းလေးတွေဒီအတိုင်း
    ပယ်လိုက်ရင်ကားပြန်ဝယ်ဖို့မတတ်နိုင်ကြပါဖူး
    အခုလိုကားဟောင်းလေးတွေဈေးရတော့နံပါတ်အနိမ့်ကားလေးတွေပြန်ဝယ်ပြီးလုပ်ကိုင်
    စားနိုင်သေးတာပေါ့ကွယ်
    အားလုံးပြီးပြည့်စုံဖို့ကခက်ပါတယ်လေ

  • Thel Nu Aye

    January 31, 2012 at 10:20 pm

    ကားကဂျပန်မှာဝယ်ရင် ယန်း ၃၀၀၀၀ဝ လောက်ဆို၂၀၀၂ ကောင်းကောင်းရနေပြီ။ မြန်မာငွေဆို ၃၃ သိန်းပေါ့။ သို့သော် ဒီလဲရောက်ရော နံပါတ်လဲထုတ်ပြီးရော ကုန်ကျစရိတ်စုစုပေါင်း သိန်း ၁၅ဝ လောက်
    ( ကားဟောင်းဖိုးမပါ၊ ကားသစ်ဖိုးသက်သက် )ကျသွားပါရောလား။ လူကကားကိုစီးတာလား ကားက လူကိုစီးတာလား ဘာလဲမသိတော့ပါဘူး။ ဟိုဘက် ကဝန်ဆောင်ခ၊ ဒီဘက်ကဝန်ဆောင်ခ၊ နိုင်ငံတော် ကိုဝန်ဆောင်ခ၊ အကောက်ခွန်ဝန်ဆောင်ခနဲ့သိန်း ၁၂ဝ လောက်ပိုပေး လိုက်ရကြောင်းပါ။

  • ကြောင် လတ်လေး

    February 1, 2012 at 8:38 am

    အော် အမိမြန်မာနိုင်ငံတော်ကြီးတောင် အဖ တရုပ်ကြီးကြောင့် ကိုယ်ဝန်တောင်ဆောင်နေရပါပေါ့လား။

    မသဲနုအေး ရေ……….နောက်တာနော်၊စိတ်ဆိုးနဲ့..ခွစ်ခွစ်

    • Thel Nu Aye

      February 1, 2012 at 3:04 pm

      ကြောင်လတ်လေးရေ အမိမြန်မာနိုင်ငံတော်ကြီးတောင် အဖ တရုပ်ကြီးကြောင့် ကိုယ်ဝန်တောင်ဆောင်နေရလို့ သိန်း ၁၂ဝ နဲ့ရတာ။ မွေးဖွားစရိတ်ပါဆိုမလွယ်ဘူးမှတ်တယ်။ ဒန်ဒန့်ဒန်။

  • kyeemite

    February 1, 2012 at 11:47 am

    ဒေါ်မြတ်လေးလေသံနဲ့ပြောရရင်…ပြောကို မပြောချင်တော့ဘူး။

  • DEPARKO DEPARKO

    February 2, 2012 at 10:53 am

    ကျွန်တော်လည်း အမြင်မတော်လွန်းလို့ပြောရတာပါ နယ်မြို့တွေကနေ ရန်ကုန်မြို့ကြီးကို ဖျက်သိမ်းမည့် ကားတွေကို ငွေကြေးမြောက်များစွာအကုန်ခံပြီးသယ်နေရတဲ့အတွက် ဆင်းရဲတဲ့ ပြည်သူတွေရဲ့ ပိုက်ဆံတွေ အဟောသိကံ ဖြစ်နေရတာ ရင်နာလွန်းလို့ပါ

Leave a Reply