သံပြိုင်ဆို မေတ္တာသမားတေး

htet wayFebruary 1, 20121min1528

မေတ္တာပေးခဲ့တယ်
ဘယ်လူလူမျိုးမျိုးပဲဖြစ်ဖြစ်
ဆွတ်ဆွတ်ဖြူတဲ့ အကြင်နာနဲ့
အေးစေကြောင်းစေတနာနဲ့
မေတ္တာဝေခဲ့တယ်။

ဒီကိစ္စ
ဖြူတာမည်းတာနဲ့ မပက်သက်ဘူး
ဆင်းရဲတာချမ်းသာတာမခွဲခြားဘူး
ကိုယ်ကလည်းမေတ္တာရချင်တယ်
တကယ်လည်းမေတ္တာငတ်နေခဲ့တာကိုး

ကမ္ဘာကြီးမှာလူတွေနေကြ
အဲ့ဒီကမ္ဘာရွာထဲ အာရှတိုက်လည်းပါဝင်
အာရှတိုက်ထဲ မြန်မာနိုင်ငံရှိတယ်
အားလုံးအတူတူ
ငြိမ်းစေတဲ့ အေးအရိပ်မှာ
ချွေးသိပ်သော အနားယူဖို့
မေတ္တာတရားလိုအပ်တယ်

ဝိုင်းဝိုင်းလည်နေတဲ့ ဓါတ်ပုံမော်ဒယ်ကောင်မလေးကိုမေးကြည့်မိပါတယ်
ညီမလေးကို မေတ္တာထားသူများတယ် .. တဲ့
တကယ့်မေတ္တာဟုတ်ရဲ့လားကွယ်
အချစ်ကပူလောင်တယ်။

ကျွန်ိတော်တို့ အောက်ဆီဂျင်ကိုရှုကြတယ်
အသက်ရှင်ရပ်တည်ဖို့
ဘယ်ကရရ မေတ္တာလေညှင်းရှု ရှိုက်ချင်တယ်
တိုက်ကြီးပေါ်ကပဲဖြစ်ဖြစ်
တဲကုတ်ကလေးကပဲဖြစ်ဖြစ်
တောနေလူတန်းစားကပဲဖြစ်ဖြစ်
ကျွန်တော်မေတ္တာလိုချင်တယ်
အေးငြိမ်တဲ့ ဓါတ်တွေ….
တည်ငြိမ်တဲ့ အတွယ်ကင်းတဲ့ မေတ္တာတွေ

ကမ္ဘာမြေမှာ
မေတ္တာတရားတွေနဲ့ လင်းနေကြောင်း
ငြိမ်းနေတဲ့ စိတ်တွေရဲ့ တကိုယ်တော်ခရီးအကြောင်း
ကျွန်တော် တေးဆိုလိုက်မိတယ်…။

8 comments

  • water-melon

    February 1, 2012 at 10:41 am

    မေတ္တာကမ္ဘာခြား မထားလိုကွယ်
    သစ္စာပြုံးစကားလေးများသာကွယ်

    “မေတ္တာတရား
    သစ္စာထား
    အပြစ်မနာ
    ဂရုဏာ
    လူ့ဘုံကား”
    ကောင်းတယ် ကိုထက်ဝေးရေ မေတ္တာဆိုတာ လူတိုင်းရင်ထဲမှာ ထားသင့်တယ်
    မြန်မာပြည်ကြီး မတိုးတက်တာ
    တစ်ကိုယ်ကောင်းဆန်
    ကိုယ်ကောင်းရန်
    သူ့ကျိုးယုတ်
    ကိုယ့်ပုဆိုးထုတ်
    😀

  • htet way

    February 1, 2012 at 12:22 pm

    မေတ္တာဟာအေးချမ်းတယ် အချစ်ကပူလောင်တယ် အလွမ်းက
    လူကို နွမ်းစေတယ်၊
    ကဲ ဆရာတို့ မေတ္တာပေးလို့ မေတ္တာရချင်တယ်။
    တစ်ချို့ကတော့ မေတ္တာကို နားမလည်ရှာဘူး။

  • etone

    February 1, 2012 at 2:05 pm

    မေတ္တာဆိုတာမျိုးက ထားလျှင် ထားတတ်သလို အထားခံရတဲ့လူရော ၊ ထားတဲ့ လူကိုပါ … အေးမြစေတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ် …။

    တစ်ခါတစ်လေကျတော့လည်း … ပေးလိုက်တဲ့ မေတ္တာကိုတောင် ဝေဒနာလို့ ထင်သူတွေရှိသေးတဲ့အခါ .. ရင်နာရတာမျိုးလည်းကြုံဖူးတယ် … ။ ဒီတော့ … မေတ္တာတရားထဲ ဥပက္ခာလေးပါ ကပ်ထည့်ပေးလိုက်လျှင် … စိတ်အေးချမ်းမယ်လို ့ထင်ပါတယ် ။

  • htet way

    February 1, 2012 at 7:43 pm

    မှန်ပါတယ် ဆရာမ
    တချို့ အတ္တသိပ်ကြီးတဲ့ လူတွေကို ကျွန်တော်တွေ့နေရပါတယ်။
    မေတ္တာရဲ့ အေးမြမူကို မသိတာလား
    ကိုယ့်မနောကို ပဲ မသတ်နိုင်တာလား
    ဆရာမရယ် ..ဥပေက္ခာ တရားကိုပဲ ကိုင်တွယ် ဖြေသိပ်နေရပါတယ်။

  • နေဝန်းနီ

    February 1, 2012 at 10:31 pm

    ကောက်စိုက်သမလေးတွေ …..သံပြိုင် သီဆို ထမီတိုတို ရွှဲလို့စို ရွှဲလို့စို….
    ဘာမှန်းတော့ မသိဘူး သံပြိုင်ဆို ဆိုတာပါလို့…။ မှတ်မိတဲ့သီချင်းဝင်ဆိုသွားတာ….။

  • ကြောင်ကြီး

    February 2, 2012 at 12:13 pm

    မေတ္တာဆိုတာ
    ချစ်တာကို
    ခေါ်သတဲ့၊
    စစ်တာမစစ်တာ
    မသိချင်ဘာ
    အချစ်မပါ
    အိမ်ထောင်ရေး
    ငွေရှိဖို့သာ
    ဒို့အရေး၊
    တွေး ငေး ဆွေး
    အကြွေးက
    မနေဘူး
    မသာရဲ့၊
    သိတတ်ရင်
    ကြည့်ကျက်ထွင်
    ဂွင်ရှာပေတော့
    ငွေရမှပြန်လာခဲ့
    ပုံ..
    သဂျီးဦးခိုင်..။

  • htet way

    February 2, 2012 at 5:01 pm

    ဘရားသားရေ ..ဇေပါတယ် ငွေပါရင် မစပါ
    အကိုရေ ငွေပါရင် မေတ္တာတရားတွေမဲ့ တာပဲ

Leave a Reply