၅၀၀ဝ တန် ဖုန်းကဒ်နှင့် ၃သိန်းတန် ဂျီအက်စ်အမ်ဖုန်းများအပေါ် ပြည်သူအမြင်

KokyikyawFebruary 1, 20121min10423

ရွှေပြည်တံခွန်ကုမ္ပဏီဆိုက်က္ကားဆရာ၊ ဈေးသည်၊ ဆင်းရဲသားအားလုံး အသုံးပြုနိုင်ရေးအတွက် ၅၀၀ဝ တန် ဂျီအက်စ်အမ် ဖုန်းကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဌာနမှ 2012 ခုနှစ် မတ်လတွင် စတင် အကောင်အထည်ဖော်ရောင်းချပေးမည့် ဂျီအက်စ်အမ်(၃)သိန်းတန်ဖုန်းများမှာ ပြည်သူများမှ ဝယ်ယူရေး မျှော်လင့်ထားသော်လည်း ထို ၅၀၀ဝ တန်ဖုန်းကြောင့် ဇဝေဇဝါဖြစ်ခဲ့ရပါသည်။
ပြည်သူများအနေဖြင့် ၃-သိန်းဂျီအက်စ်အမ်ဖုန်းအား ၅၀၀ဝ တန်ဖုန်းသတင်းမကြားခင်က ဝယ်ယူဖို့ ဆုံးဖြတ်ထားသူများမှာလည်း ယခုတော့ ၅၀၀ဝ တန်ကြောင့် ၃-သိန်းတန်ကို ဝယ်ရမလိုလို၊ ၅၀၀ဝ တန်ကိုစောင့်ရမလိုလိုပါပဲ။ ယခင်က ၃-သိန်းတန်ဖုန်း (၄)သန်းရောင်းမည်ဟု ဆက်သွယ်ရေးမှ ဆိုခဲ့လျှင် အမှန်တကယ် ဝယ်ယူမည့်သူမှာ ယခင်က ၄သန်းရှိလျှင်တောင်မှ ယခုဆိုလျှင် ၂-သန်းရှိပါ့မလားလို့တောင် သံသယဖြစ်ရတော့မည်။ စာရေးသူကိုယ်တိုင်ပင် ၃-သန်းတန်ဖုန်းဝယ်ယူဖို့ ဆုံးဖြတ်ထားသော်လည်း ၅၀၀ဝ တန်ဖုန်းကြောင့် ၃-သိန်းတန် မဝယ်ပဲ ၅၀၀ဝ တန်ဖုန်းစောင့်မည်ဟု စဉ်းစားထားသည်။ ပြည်သူများလည်း ထိုသို့ပင်စဉ်းစားလိမ့်မည်ဟု ထင်သည်။ ဒါကြောင့် ဆက်သွယ်ရေးအနေနဲ့လည်း ၅၀၀ဝ တန်ဖုန်းကိစ္စမှာ ဆက်သွယ်ရေးနည်းပညာ အရရော၊ ဥပဒေအရပါ တရားမဝင်ဖြစ်တယ်လို့ ဆိုပေမယ့် ၎င်းဖုန်းမှာ သမ္မတရုံးသို့ တင်ထားပြီးဖြစ်သည်ဟုဆိုထားသည်။ ဒါကြောင့်လည်း ရန်ကုန်မြို့၌ဆက်သွယ်ရေးမှ တာဝန်ရှိသူများနှင့် ရွှေပြည်တံခွန်မှတာဝန်ရှိသူများ ဆွေးနွေးပွဲလုပ်ခဲ့သည်။ ရွှေပြည်တံခွန်မှလည်း ဆက်လုပ်ဆောင်ရွက်မည်ဟုဆိုထားသည်။ ပြည်သူတိုင်းအသုံးပြနိုင်ရမည်ဟု ဆိုထားသည်။
ဒါကြောင့် ရွှေပြည်တံခွန်မှ ထုတ်လုပ်မည့် ၅၀၀ဝ တန်ဖုန်းအား ဆက်လက် လုပ်ကိုင်မည်။ အမှန်တကယ် ပြည်သူများအသုံးပြနိုင်ရမည်ဆိုလျှင် တိကျသော ဆုံးဖြတ်ချက်များ ပေးဖို့လိုလိမ့်မည် ဒါမှသာ မတ်လအတွင်း ဖြန့်ဝေမည့် ၃-သိန်းတန်ဖုန်းကို သုံးစွဲ မည်သူတွေအနေဖြင့် ဝယ်ရန် မဝယ်ရန် ဆုံးဖြတ်ရပေမည်။ ဆက်သွယ်ရေးမှလည်ူး အတိအလင်း ကြော်ညာသင့်ပါတယ်နော်။

23 comments

  • Loverlay True

    February 1, 2012 at 12:16 pm

    ဟုတ်ပါ့..
    တခုခုတော့…ဆုံးဖြတ်သင့်ပါတယ်…
    ၅၀၀ဝတန်တကယ်ဖြစ်လာမလား..ဖြစ်မလာဘူးလားဆိုတာကိုအတိအလင်း
    ပြောစေလိုပါ၏… ။

  • Lwin Aung

    February 1, 2012 at 12:31 pm

    I don’t understand, Why don’t allow to do him. If he can do, it is very very big problem for telecommunication and their partners.

  • the best

    February 1, 2012 at 2:18 pm

    အဲ့သည် ၅၀၀ဝ တန်တကယ်ဖြစ်လာမလား..ဖြစ်မလာဘူးလားဆိုတာထက် ပြည်သူတွေ တာမကြိုက်ကြတာကတော့
    ၁။ ပြည်သူတွေရဲ့ ဂုတ်သွေး စုတ်ယူစားသုံးနေကြတာတွေ ၊ မြန်မာပြည်သူတွေ မတရား ခံနေကြရ တာတွေ၊
    ၂။ ဆက်သွယ်ရေးဝန်ထမ်းတွေ အကျင့်ပျက် လုပ်စားနေကြတာတွေ၊
    ၃။ ဖုန်းတွေ ဆက်မရ ခေါ်မရ တာတွေ ၊ အင်တာနက်လိုင်းတွေ ကွန်နရှင် မရ တာတွေ၊
    အဲဒီလို ခံစားချက်မျိုးရှိနေကြလို့ တော်တော်တင်း နေတာပါ။ ဒါကြောင့်လည်း ရွှေပြည်တံခွန်ကုမ္မဏီ ကို မြန်မာပြည်သူတွေက မျှော်လင့်အားပေး နေတာပါ။ ခင်ဗျားတို့ ဆက်သွယ်ရေးဝန်ထမ်းတွေ ပြည်သူ့ဆန္ဒ္ဒ္ဒကို အမြဲအလေးထားရင် မြန်မာပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ အားပေးကြ မှာပါ။ ပြည်သူတွေကိုမျှော်လင့်ချက်လေးပေးလိုက်ပါ။ အမြန်ဆုံး အကျင့်ပျက် လုပ်စားနေကြတာတွေ ပြင် လိုက်ပါ။ ဘာလို့ လက်နှေးနေရတာလဲ ၊ ပြည်သူတွေအတွက် လုပ် ပေး ဖို့ အချိန်တန်နေပါပြီ ။
    အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။

  • စိန်ပေါက်ပေါက်

    February 1, 2012 at 4:01 pm

    ကြာတယ်ကွာ
    အေးလဘေးဆက်သွယ်ရေး
    ဘောပွဲရှုံးတဲ့နေ ့..ညစ်နေတဲ့နေ ့
    ချီးထုပ်နဲ ့ကို သွားပေါက်မယ်..
    ရှုပ်တယ်..
    အေလဘေး ပျက်တွယ်ရေး

    • ကြောင် လတ်လေး

      February 1, 2012 at 7:31 pm

      စိန်ပေါက်ပေါက်ရယ်….ဂလောက် သောက်ညင်ကပ်နေရင်လည်း ချီးထုတ်လောက်နဲ့တော့ ပေါက်မနေပါနဲ့ဟယ်။
      ချီး ပုံး ကြီး ကို တာဝါတိုင်ပေါ်ထမ်းတက်သွားပြီး အပေါ်ကနေ တစ်ရုံးလုံးကိုလောင်းချလိုက်ပါတော့ဟယ်။
      ခွစ်ခွစ်ခွစ်

  • john thang

    February 1, 2012 at 4:04 pm

    မြန်မာပြည်သူ/သားများ ခဗျား

    အနှစ် ၂ဝ ကျော် hand phone ဆိုတာဘာလဲလိုမေးရမလိုတောင်ဖြစ်ခဲ့ကြသေးတာဘဲ။ နည်းနည်းသီးခံပြီးစောင့်နေကြပါ။ မြန်မာ့ဆက်သွယ်ရေးက အတည်ပြုချက်လည်းမလိုပါဘူး။

    ကုန်…..ကုန်ပြောမယ်ဗျာ ….. သူတို့ရောင်းမယ့် ၃သိန်းဖုန်းတွေကိုဘယ်သူမှ မဝယ်ဘဲနေလိုက်ရင် သူတို့လဲ
    ဘယ်တတ်နိုင်မလဲ။ မဟုတ်ဘူးလားဗျာ………………………………………………………

    • Thel Nu Aye

      February 1, 2012 at 4:50 pm

      မထင်ပါဘူးရှင်။ ရောင်းရင် ၅၀၀ဝ ကနောက်မှ။ အခုရတုန်းဝယ်မှဆိုပြီးဝယ်ကြအုံးမှာပဲ။

  • Harumoto

    February 1, 2012 at 4:15 pm

    စဉ်းစားမနေနဲ့
    ၃သိန်းတန် ဖုံးကို အငှားစနစ်နဲ့ ကိုင်..
    ၅ထောင်တန် ထွက်လာရင် ၃သိန်းတန်ကို ပြန်အပ်..
    ၅ထောင်တန် ဖုံး ၁ဝလုံးဝယ်အုံး…
    ပိုလာတဲ့ပိုက်ဆံ ဘာလုပ်မလဲ စဉ်းစား..
    ၃သိန်းတန် ဖုံးအတွက် တင်ထားတဲ့ စပေါ်တော့
    ရအောင် ပြန်တောင်းဘို့ တော့လိုတယ်နော်…
    စကားမစပ်..၁၅သိန်းတန် ဖုံးရဲ့ စပေါ်ငွေလဲ ပြန်တောင်းတတ်ရင် ရမှာ…

    • Thel Nu Aye

      February 1, 2012 at 8:55 pm

      ရှေ့ပိုစ့်မှာပြောပြီးပါပကော။ ဖုန်းမသုံးချင်ရင်ပြန်အပ်။ ပိုက်ပိုက်ကိုတော့ရှေ့လူဆီသွားတောင်းပါဆိုနေ။ ရှေ့လူယူသွားတာ နောက်လူကတိဝူးရယ်။

      • ကြောင်လတ်လေး

        February 1, 2012 at 9:57 pm

        ၁၀။ ဌာနမှလက်ရှိပြဌာန်းထားသည့် နည်းဥပဒေများကို ငှားရမ်းသုံးစွဲသူက လိုက်နာရမည်။ ငှားရမ်းသုံးစွဲသူက CDMA တယ်လီဖုန်းကို ပြန်လည်အပ်နှံလိုလျှင်သော်လည်းကောင်း ။ ဌာနက အကြောင်းတစ်ခုခုကြောင့်ငှားရမ်းသုံးစွဲသူ၏ CDMA တယ်လီဖုန်း အသုံးပြုခွင့်ကိုရပ်စဲလိုလျှင်သော်လည်းကောင်း၊ဤပဋိဉာဉ်စာချုပ်ကို ရပ်စဲနိုင်သည်။ ဤပဋိဉာဉ်စာချုပ်ရပ်စဲသည့်အချိန်တွင် CDMA SIM Cardကိုထုတ်ယူသွားစဉ်ကအတိုင်းငှားရမ်းသုံးစွဲသူကဌာနသို့ ပြန်လည်ပေးအပ်ရမည်။ငှားရမ်းသုံးစွဲသူအနေနှင့် လျော်ကြေး တစ်စုံတစ်ရာဖြစ်စေ၊ငှားရမ်းခ ပြန်လည်ထုတ်ပေးရန်ဖြစ်စေ၊ တောင်းခံပိုင်ခွင့်မရှိပါ။

        ဆက်သွယ်ရေးရဲ့တယ်လီဖုန်းစာချုပ် ကို( ၁၅သိန်းတန် မိုဘိုင်းဖုန်းဝယ်ကိုင်ထားဖူးသူများ) သေချာပြန်ဖတ် ကြည့်ကြစေလိုပါတယ်။
        အချက် ၁၅ ချက်ရှိပါတယ်။ သုံးစွဲသူအခွင့်အရေးအပြည့်အဝရှိနေတာကို တွေ့မြင်ရပါမယ်။ ခွစ်ခွစ်ခွစ်…..

  • three colors

    February 1, 2012 at 4:52 pm

    ၅၀၀ဝ ဖုန်းက ဘာမှမဖြစ်နိုင်စရာ မရှိပါ၊
    ကမ္ဘောဒီးယားမှာတောင် ၃ ဒေါ ်လာပဲရှိတာ၊
    လုပ်နိုင်တဲ့ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲနဲ့တောင် ကျေညာထားတာပဲ၊
    မဖြစ်နိုင်သေးပါဘူးပြောတာ ကဖျက်ယဖျက် လုပ်လို့ပဲဖြစ်မယ်၊
    GSM စပေါ ်တုံးကမှတ်မိသေးတယ်၊ဦးဆုံး ၅သိန်းနဲ့မဲနှိူက်ပြီး နောက်တခါထပ်ချပေးတော့ကျ ကျမလာတဲ့အပြင် (တခြားနိုင်ငံတွေမှာနဲ့ဆန့်ကျင်ဘက်)၁ဝသိန်း၊၁၅သိန်း တက် သွားခဲ့တာ၊
    အခု အရေအတွက်များလာရင် ကျလာမှာပါဆိုတာ ဆက်သွယ်ရေးကြီးကို ဘယ်လိုယုံရမလဲ၊

  • uncle kyaw

    February 1, 2012 at 6:46 pm

    ဘာပဲပြောပြော…ဘောပဲပြာပြာ..
    ပွဲကတော့ လန့်သွားပြီဗျို့…ဖျာတွေ ကိုယ်စီ ကိုင်ပြီး ခင်းဖို့စောင့်နေကြသူများကလည်း အလုအယက် ခင်းဖို့ နေရာကောင်းလေး ရှာနေကြလေရဲ့ …ငါးထောင် မဟုတ်ပဲ ..ငါးသောင်းနဲ့ ဖြန့်ရင် ကို ကြိူးဖုန်းကို တစ်ခါမှ ကိုယ်တိုင်နှိပ် ပြီးမဆက်ဖူးသေးတဲ့ ကျေးလက်ပြည်သူတွေ ရဲ့ မျက်စေ့တွေ နားတွေ ပွင့်လာနိုင်ပါတယ်ဗျာ…သူများတွေဆီ အလကား လောက်နီးနီးဈေးနဲ့ ပေးေရောင်းနေတာ သိရင် ဒါကို ဖြစ်အောင်လုပ်သင့်တယ်လေ..နယ်စပ်တွေမှာ ကိုယ့်နိုင်ငံက ပိုက်ဆံတွေ ယိုထွက်နေတယ်ဆိုတာလည်း ကြားမိတော့ …တောက်..ဒီဘဝ ..အာဏာ ခပ်ပါးပါးလေးများ…ရှိလိုက်ပါတော့လား..ဟင်း..

    • နေဝန်းနီ

      February 1, 2012 at 10:10 pm

      အန်ကယ်ကျော်ရေ့ အဲခါကျရင် တူမောင်ကိုမေ့မထားနဲ့ဦးနော်…။ ဘူးမသီးခင် အရီး တော်ထားလိုက်သည်………..။

  • m naing

    February 2, 2012 at 9:07 am

    How to force the Myanmar Telecom to refund our deposit money of kyat 25,00,000?
    They co-operated with the crony businessmen to monopolize this business sucked our neck-blood.
    We want to stop the leasing term of previous telephone, which we rent from MTC.
    We had to signed on the deed of rent for that.
    If someone know the legal manner to sue MTC, Pls let me know.

  • sunny123

    February 2, 2012 at 9:28 am

    အခု ကျနော်ကိုင်ထားတဲ.ကမ္ဘောဒီးယားက ph sim card ရဲ. ဈေးနှူန်းက မြန်မာငွေ ၅၁၅.၆ ကျပ်ဘဲ ကျ တယ်ယုံလား???မယုံရင် သံရူံးကိုမေးလေ……

  • titanmandalay

    February 2, 2012 at 10:27 am

    ယခုအချိန်တွင် မိုဘိုင်းဖုံးဆိုတဲ့အရာဟာ ဇိမ်ခံပစ်စည်းတစ်ခုမဟုတ်တော့ပါ
    ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ထဲမှာ ပါဝင်နေပါတယ်
    ပြည်သူတွေရဲ့ လိုအပ်ချက် မျှော်လင့်ချက်တွေကို စီးပွားရေးဈေးကွက်မှာ ကျားကွက်ရွှေ့သလို မကစားကြပါနဲ့။
    ရွှေပြည်တံခွန် ကလည်း နည်းပညာရှိတာသေချာနေရင် ဘာဆက်လုပ်မှာလဲ
    ဆက်သွယ်ရေး ကလည်း ပြည်သူတွေကို ငဲ့ညှာပြီးတော့ ခွင့်ပြုပေးသင့်ပါတယ်

  • Wai Phyo

    February 2, 2012 at 10:31 am

    ပြည်သူတွေက ခုပေါ်လာမယ့် သုံးသိန်းဖုန်းတွေ ကို မဝယ်ဘူးဗျာ အဲလိုဆိုရင် သူတို့ ဘာတတ်နိုင်မလဲ ………ကိုယ်ကျိုးကြည့်တဲ့ ဆက်သွယ်ရေးက ဆန်ကုန်မြေလေးတွေနဲ့ နိုင်ငံက ရသမျျှအကုန်ယူတဲ့ ထိပ်ဖူး(ထိပ်သီး )ကောင်တွေကို ပိုက်ဆံမပေးပဲ အများအကျိုးကိုကြည့်တဲ့သူကိုပဲ အားပေးသင့်တယ်

  • eipu

    February 2, 2012 at 11:08 am

    ၅၀၀ဝန်ဖုန်းမြန်မြန်လေး approve ရဖို့ကိုဘဲမျှော်လင့်ပါတယ်။

  • DEPARKO DEPARKO

    February 2, 2012 at 12:35 pm

    အဓိကပြသနာက လုပ်ငန်းတစ်ခုလုပ်တိုင်း (ပါမစ်ခွင့်ပြုချက်)အဲဒီအပေါ်မှာ ရာခိုင်နှုန်းနဲ့(နာမည်ခံ အခွင့်ထူးခံလူတန်းစားများ) ခွဲဝေယူနေတဲ့သူတွေကြောင့်ပါ စားရမှာလဲသဲနဲ့တစ်ရှပ်ရှပ် ပစ်လိုက်ရမှာလည်းအဆီနဲ့တဝင်းဝင်းဆိုတော့ စဉ်းစားတာကြည့်ကြတော့ ဒီတော့ ခဏစောင့်ကြပါ

  • ဘယ်ဖုန်းလဲ ဝယ်တော့ဘူး။မြန်မာပြည်မှာ ဖုန်းပြောရတာ နားတွေ သိပ်ပူတာဘဲ။CDMA တွေကြောင့်သေမယ်
    ထင်တယ်ဗျာ။

  • Thanlwinoo

    February 2, 2012 at 5:38 pm

    ကမ႓ာ့ဈေးအကြီးဆုံး မြန်မာ့တန်ဖိုးနည်း (၃)သိန်းဖုန်း အလိုမရှိ..။
    ကျပ် ၅၀၀ဝ နဲ့ ပြည်သူတွေဖုန်းကိုင်နိုင်အောင် ဆောင်ရွက်ပေးမယ့် ပါတီကို လာမယ့်ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးကြပါစို့..။
    ၅၀၀ဝ ဖုန်းပေးမဲ့ သမ္မတ ဒို့သမ္မတ..၊
    ၅၀၀ဝ ဖုန်းပေးမဲ့ အစိုးရ ဒို့အစိုးရ..၊
    ၅၀၀ဝ ဖုန်းပေးမဲ့ လွှတ်တော် ဒို့လွှတ်တော်…လို့ ကြွေးကြော်ရင်မကောင်းဘူးလား….? ။

    (ပြည်သူတွေအကျိုးအတွက် ပြည်သူ့ကိုယ်စားလှယ်များက ဆက်သွယ်ရေးကို နိုင်ငံတော်မှသာ လက်ဝါးကြီးအုပ် ဆောင်ရွက်ရန်ဆိုတာကိုပြင်၊ (တဆင့်ခံမထားဘဲ)အပြည်ပြည်ဆိုင်ရာက မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများကို ဖိတ်ခေါ်၊ ဈေးကွက်မှာ အပြိုင်အဆိုင်ဆောင်ရွက်စေခြင်းဖြင့် အကောင်းဆုံး Service တွေကို အချိုသာဆုံးဈေးနှုန်းနဲ့ ရရှိအောင် စီမံပေးရုံပါဘဲ..)

  • uncle kyaw

    February 2, 2012 at 6:59 pm

    ဖုန်း….အား (၂၀၀ဝ ပြည့်နှစ်များဆီမှ ခုမှ နာကျင်စွာ အော်လိုက်သည်)။
    ဖုန်း….အင့် ( ၂၀၀၂-၂၀၀၄ )
    ဖုန်း….အောင်မလေး (၂၀၁၀-၂၀၁၁)
    ဖုန်း….ဖုန်း ..ဖုန်း ..(အဆက်မပြတ်ရိုက်နေတာတောင် အမှတ်မရှိလဲ ခံပေါ့) တုံးတိန်းဆိုလား ..နှိတိန်းခွဲဆိုလား

  • “”အမှန်တကယ် ဝယ်ယူမည့်သူမှာ ယခင်က ၄သန်းရှိလျှင်တောင်မှ ယခုဆိုလျှင် ၂-သန်းရှိပါ့မလားလို့တောင် သံသယဖြစ်ရတော့မည်။ စာရေးသူကိုယ်တိုင်ပင် ၃-သန်းတန်ဖုန်းဝယ်ယူဖို့ ဆုံးဖြတ်ထားသော်လည်း ၅၀၀ဝ တန်ဖုန်းကြောင့် ၃-သိန်းတန် မဝယ်ပဲ ၅၀၀ဝ တန်ဖုန်းစောင့်မည်ဟု စဉ်းစားထားသည်။ ပြည်သူများလည်း ထိုသို့ပင်စဉ်းစားလိမ့်မည်ဟု ထင်သည်””

    ဆိုတော့ ကျနော်၏အမြင်မှာကတော့ တော်တော်များများက ဖုန်းကိစ္စကိုအရမ်းကို အရူးအမူးဖြစ်နေသလားလို ့ပါ။
    ဒီကိစ္စဟာ political trick ဖြစ်သွားနိုင်ပါတယ်။စဉ်းစားကြစေလိုပါတယ်။

Leave a Reply