သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း

ဘီလူးအင်း ………
ဘီလူးအင်း ဆိုတာ လောကီ ပညာရပ် ဖြစ်တဲ့ အင်း အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ အင်းကွက် ရေးတယ်၊ အင်းကွက် ဆွဲတယ် ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ အင်းရေးတဲ့အခါမှာ အရာဝတ္ထု တစ်မျိုးမျိုးပေါ်မှာ ရေးကြပါတယ်။ တစ်ချို့က စက္ကူ စာရွက်ပေါ်မှာ၊ တစ်ချို့က သစ်သား ပျဉ်ချပ်ပေါ်မှာ၊ တစ်ချို့က နံရံပေါ်မှာ စသည်ဖြင့် ရေးကြလေ့ ရှိပါတယ်။ အခု ဘီလူးအင်း ကိုတော့ သိမ်ဝင်တဲ့အခါမှာထားတဲ့ သပိတ်ရဲ့ ကွဲသွားတဲ့ အပိုင်းအစ တစ်ခုပေါ်မှာ ရေးဆွဲ ထားခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရား သာသနာမှာ ကိုရင် အဖြစ်ကနေ အသက်ပြည့်လို့ ရဟန်း အဖြစ်ကို ပြောင်းတဲ့အခါမျိုးမှာ သိမ်မှာ သွားပြီး ရဟန်း အဖြစ်ကို သမုတ်ကြရတယ်လို့ ကြားဖူးပါတယ်။ အဲဒီလို မြင့်မြတ်တဲ့ ရဟန်းအဖြစ်ကို သမုတ်ပေးတဲ့၊ ရဟန်း အဖြစ်ကို ရောက်စေတဲ့ သိမ်တော်တွေကို ပြုလုပ်တဲ့အခါ၊ တနည်းအားဖြင့် သိမ်သမုတ်တဲ့အခါ အခုနောက်ပိုင်း စိတ်ပုတီးတွေကို ထည့်သွင်း ထားလေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေက အထက်က စိတ်ပုတီး လိုမျိုး သိမ်ဝင် ပစ္စည်းတွေကို ဆောင်ထားတဲ့သူဟာ အန္တရာယ်တွေ ကင်းရှင်း စေတယ်လို့ ယုံကြည် လက်ခံထားကြပါတယ်။ သိမ်ဝင် ပစ္စည်းတွေကို အိမ်မှာ ဆောင်ထားရင် မီးဘေး ကင်းရှင်း စေတယ်လို့လည်း ဆိုကြပါတယ်။ ပြီးတော့ သိမ်သမုတ် တာကို ကြုံကြိုက်ဖို့ကလည်း ခဲယဉ်းပါတယ်။

အခု ကျွန်တော် တင်ပြမယ့် အဖြစ်အပျက်လေးက သိမ်ဝင် ပစ္စည်းဖြစ်တဲ့ သပိတ်ကွဲပေါ်မှာ နက္ခတ်နဲ့ ယှဉ်ပြီး ရေးဆွဲခဲ့တဲ့ ဘီလူး အင်းကွက် အသက်ဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာဦးကျောင်း ဆရာတော်ဟာ ဘုရားသာသနာဝင် ရဟန်း တစ်ပါးပင် ဖြစ်လင့်ကစား လောကုတ္တရာ ပညာရပ်ထက် လောကီ ပညာရပ်ကို ပိုပြီး အားသန်တယ်လို့ ဆိုရမလားပဲ။ ဆရာတော်ဟာ ဗေဒင် ပညာကို လေ့လာလိုက်စားတယ်။ အင်းတွေကိုလည်း ရေးတယ်။ ဆရာတော် ရေးခဲ့တဲ့ နာမည်ကြီး အင်းတွေထဲမှာ သူခိုး ဖမ်းတဲ့ အင်းကတော့ အထင်ရှားဆုံးပါပဲ။

ကိုယ် အပြင်သွားစရာ ရှိလို့ အခန်းတံခါးကို သော့ခတ်ထားစရာ မလိုဘူး။ သူခိုးအင်းကို ထားခဲ့လိုက်ရင် ဘယ်သူခိုးမှ မခိုးနိုင်ဘူး။ အဲဒီလောက်ထိ အစွမ်းထက်တယ် …. တဲ့။ ဒါကတော့ သူခိုး ဖမ်းတဲ့ အင်းတဲ့ အစွမ်းထက်ပုံပါပဲ။ ဘီလူးအင်းကိုတော့ နက္ခတ်ကြုံကြိုက်တုန်းမှာ ရွာဦးကျောင်း ဆရာတော်က သိမ်ဝင် သပိတ်ကွဲပေါ်မှာ ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ ဘီလူးအင်းဟာ ညဘက် ရောက်တာနဲ့ အသက်ဝင်တော့တာပါပဲ။ အသက်ဝင်တယ်ဆိုတာက ညဘက်ရောက်တာနဲ့ ဘီလူးကြီးတစ်ကောင် ရောက်ရောက် တာလာပါပဲ။

ဘီလူးအင်းကို ဆရာတော်ရဲ့ အခန်းထဲမှာ ထားတာပါ။ ဘီလူးအင်း ရှိကြောင်းကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဆရာတော်က အစောင့်အရှောက် သဘောမျိုးနဲ့ ဘီလူးအင်းကို ရေးခဲ့တာ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီ ဘီလူးအင်း အကြောင်းကို သိဖို့အတွက် ဖန်တာလာတဲ့ အဖြစ်က ဒီလိုပါ ။

တစ်ခါက ဆရာတော်ဟာ အရေးကြီး ကိစ္စတစ်ခုရှိလို့ မြို့ပေါ်ကို တက်သွားပါတယ်။ အဲဒီအခါ ဆရာတော်ရဲ့အောက် ဝါအကြီးဆုံးဖြစ်တဲ့ ရဟန်းတစ်ပါးက ဆရာတော် ကျိန်းစက်တော်မူတဲ့ အခန်းထဲမှာ ဝင်ပြီး ကျိန်းစက်ပါတော့တယ်။ အဲဒီ ရဟန်းကို ကျွန်တော်တို့ ရွာကလူတွေက ဦးဇင်းဘိုခိုင် လို့ ခေါ်ကြပါတယ်။ သူ့ရဲ့ ငယ်နာမည် ဘိုခိုင်ကို အစွဲပြုပြီး ဦးဇင်း ဖြစ်တဲ့အခါ ဦးဇင်းဘိုခိုင် လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ ဦးဇင်းဘိုခိုင် က အကြောက်အရွံ့ မရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ တော်ရုံတန်ရုံနဲ့ ဆရာတော်ရဲ့ အခန်းထဲကို ဝင်ဖို့ မရဲကြပါဘူး။ မဝင်ရဲခြင်းရဲ့ အကြောင်းကလည်း ဆရာတော်ကို ကြောက်ခြင်းထက် ဆရာတော်ရဲ့ အင်းတွေကို ကြောက်လို့၊ ဆရာတော်ရဲ့ လောကီ ပညာနဲ့ ဖန်တီးထားတဲ့ မမြင်နိုင်တဲ့ အရာတွေကို တွေးကြောက်လို့ ပါပဲ။

ဦးဇင်းဘိုခိုင် ဟာ ဆရာတော် မရှိတာနဲ့ ဆရာတော်ရဲ့ အခန်းတွင်း ဝင်ရောက် ကျိန်းစက်ခဲ့ပါတယ်။ အဲဒီညက ကျောင်းမှာ ကျောင်းသားတွေ အိပ်တာ များတဲ့အတွက် ဦးဇင်းဘိုခိုင်က သူ့နေရာကို အခြား ဦးဇင်းတစ်ပါးကို ပေးလိုက်ရတဲ့အတွက် ဆရာတော် အခန်းတွင်း ဝင်ရောက် ကျိန်းစက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဦးဇင်းဘိုခိုင် ကျိန်းစက်နေတဲ့ အခါမှာ လည်ပင်းကို ညစ်လိုက်သလို ခံစားလိုက်ရတာနဲ့ မျက်လုံးကိုလည်း ဖွင့်ကြည့်လိုက်ရော မည်းမည်း အကောင်ကြီး တစ်ကောင်က သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရပါတော့တယ်။

ဦးဇင်းဘိုခိုင်ကလည်း ကြောက်တတ်တဲ့လူ မဟုတ်တော့ အဲဒီ အကောင်ကြီးကို ပြန်ချပါတော့တယ်။ ဆရာတော်ရဲ့ အခန်းထဲမှာ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ အသံတွေ ထွက်လာပါတော့တယ်။ အဲဒီ အသံတွေကြောင့် အိပ်ပျော်နေကြတဲ့ ဦးဇင်းတွေ၊ ကိုရင်တွေ၊ ကျောင်းသားတွေ နိုးလာပြီး ဆရာတော် အခန်းဆီကို ပြေးကြပါတော့တယ်။ အခန်းတံခါးကို ဝုန်းခနဲ ဖွင့်လိုက်တော့ အကောင်ကြီးကို မတွေ့တော့ဘဲ ဦးဇင်းဘိုခိုင် ကိုသာ တွေ့ရပါတော့တယ်။ အဲဒီညအဖို့ ဦးဇင်းဘိုခိုင်လည်း အခန်းထဲမှာ ထပ်ပြီး မကျိန်းစက်တော့ဘဲ အပြင်မှာပဲ ကျိန်းစက်ခဲ့ပါတယ်။

မနက်လည်း မိုးလင်းရော ဦးဇင်းဘိုခိုင် တစ်ယောက် အကျိုးအကြောင်းကို စုံစမ်းပါတော့တယ်။ ဆရာတော် ကလည်း မရှိတော့ ကျန်တဲ့ ဦးဇင်းတွေ၊ ကိုရင်တွေ၊ ကျောင်းသားတွေကို မေးရတာပေါ့။ အဲဒီလို မေးတဲ့အခါ ကိုရင်တွေထဲမှာ ဉာဏ်လျင်ပြီး၊ ပါးပါးနပ်နပ်ရှိတဲ့ ကိုရင်ပေသီး က ပြောပါတယ်။ တပည့်တော် တစ်ညက ဆရာတော် ရွာကြွသွားတဲ့အခိုက် အခန်းထဲ ဝင်ပြီး ထန်းလျက်ခဲ ခိုးစားဖို့ ချောင်းတုန်းက အဲဒီ အကောင်ကြီးကို မြင်ဖူးခဲ့ကြောင်း၊ ဆရာတော်ကို အကောင်ကြီးတွေ အကြောင်းကို တိုးတိုးတိတ်တိတ် မေးလျောက်တုန်းက ဆရာတော်မှ အဲဒါ ဘီလူးအင်း ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဦးဇင်းဘိုခိုင် ကို ကိုရင်ပေသီးက လျောက်ထားပါတယ်။

ဦးဇင်းဘိုခိုင်က အကြောင်းလည်း သိရော ဆရာတော်ရဲ့ အခန်းကို ဝင်မွှေပါတော့တယ်။ ဘီလူးအင်း ကို လိုက်ရှာတယ်။ အင်းအကြောင်းကို ဆရာတော်ဆီက သင်ယူနေတဲ့ ဦးဇင်း တစ်ပါးရဲ့ အကူအညီနဲ့ သိမ်ဝင် သပိတ်ကွဲနဲ့ ရေးထားတဲ့ ဘီလူးအင်းကို တွေ့သွားပါတော့တယ်။ ဘီလူးအင်းကိုလည်း တွေ့ရော ဦးဇင်းဘိုခိုင် က ညက သူ့ကို နှိပ်ကွက်ခဲ့တဲ့ အငြိုးတွေနဲ့ ဘီလူးအင်းကို လက်စားချေဖို့ လှုပ်ရှားပါတော့တယ်။ ဆရာတော် ပြန်လာရင်တော့ အကျိုးသင့် အကြောင်းသင့် လျောက်ပြလိုက်မယ်၊ အခုတော့ ဒင်းကို နုတ်နုတ် ဆင်းပစ်လိုက်တော့မယ် ဆိုပြီး ဘီလူးအင်းချပ်ကို ငရုတ်ဆုံထဲထည့်ထောင်းပြီး ‘ကဲ … ငါ့ကို နှိပ်စက်ခဲ့တဲ့ ဘီလူး သွားပေတော့’ ဆိုပြီး ကြေညက်သွားတဲ့ ဘီလူးအင်းချပ်ကို ကျောင်းရဲ့ အပြင်မှာ မြေမြှုပ်ပစ်လိုက်ပါတော့တယ်။

အဲဒီညအဖို့ ဦးဇင်းဘိုခိုင် ဆရာတော်ရဲ့ အခန်းတွင်း ဝင်ပြီး ကျိန်းစက်ခဲ့ပေမယ့် အကောင်ကြီး ပေါ်မလာတော့ပါဘူး။ သိမ်ဝင် သပိတ်ကွဲနဲ့ ရေးခဲ့တဲ့၊ အသက်ဝင်ခဲ့တဲ့ ဘီလူးအင်း ဟာ ဦးဇင်းဘိုခိုင်ရဲ့ လက်စွမ်းကြောင့် မြေအောက် ရောက်သွားခဲ့ရပါတယ်။ ဆရာတော်လည်း ခရီးက ပြန်ရောက်ရော ဦးဇင်းဘိုခိုင်က ဘီလူးအင်း ကို ဖျက်ဆီး ပစ်လိုက်ကြောင်း လျောက်ထားပါတယ်။ အဲဒီအခါ ဆရာတော်က အင်း … ကိုယ်တော်က တပည့်တော် အခန်းထဲ ဝင်ကျိန်း ခဲ့တာကိုး။ အဲဒီ ဘီလူးက တပည့်တော် မဟုတ်တော့ ကိုယ်တော့်ကို ရန်မူတော့တာပေါ့။ ကိုယ်တော် မကြောက်တတ်လို့ တော်ရော့တယ်။ နို့မဟုတ် ကိုယ်တော် သေနိုင်လောက်တယ်။ အေးကွယ် .. ကိုယ်တော်လို လူမျိုးကို သွားပြီး ရန်စတာဆိုတော့ အင်း … ဘယ်လို ပြောရလဲ။ ကောင်းပါတယ်ပေါ့ … ဟူ၍ ဆရာတော်က ဦးဇင်းဘိုခိုင်ကို ပြောကြားခဲ့ပါတော့တယ်။ အဲဒီ နောက်ပိုင်းမှာ ဆရာတော်ဟာ ခရီးထွက်တိုင်း အခန်းတံခါးကို သော့ခတ်ထားခဲ့ပြီး သော့ကိုပါ တစ်ပါတည်း ယူသွားတဲ့အပြင်၊ ဘယ်သူမှ သူ့အခန်းတွင်း မဝင်ရန် အမိန့်တော် ရှိခဲ့ပါတော့တယ်။

ဒါကတော့ ရွာဦးကျောင်းဆရာတော် သိမ်ဝင် သပိတ်ကွဲပေါ်မှာ ရေးဆွဲခဲ့ပြီး နက္ခတ်လည်း ကြုံကြိုက်ခဲ့လို့ အသက်ဝင်ခဲ့တဲ့ ဘီလူးအင်း အကြောင်း ကျွန်တော် ကြားဖူးတဲ့အတိုင်း ပြန်လည် ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက ဘီလူးအင်းဟာ ကျွန်တော်တို့ ရွာထဲမှာ ဟိုးဟိုးကျော်သွားတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတော့တယ် ………… ။

ကြိုးစားလျက် ……
အံစာတုံး

40 comments

  • water-melon

    February 1, 2012 at 12:22 pm

    ဒါမျိုးပြောတာပေါ့ လူမိုက်ရင် သရဲတောင်ပြေးရတယ်
    ကိုပေမိုက်ရင် မာဆွတ်က တောင်မလေးတွေပြေးရတယ်
    ကိုပေါက်ဖော် မိုက်ရင် ကြောတော့ဘူး
    ကျွန်တော် မိုက်ရင် 😀

  • စိန်ပေါက်ပေါက်

    February 1, 2012 at 12:32 pm

    ဖျဲသီး မိုက်ရင် မယ်ချောက်ဖုတ်တောင် ပြေးရတယ်ဟေ့..
    အံဇာတုံးမိုက်ရင် ဖွားသီလရှင်တောင် ပြေးရတယ်ဟေ့..
    စိန်ပေါက်ပေါက်မိုက်ရင် သဂျီးတူမတောင်ပြေးရတယ်ဟေ့..
    ဟေ့..ဟေ့..

    • ကပေါက်ဖော်၏ အဆို သုံးခုတွင်
      ၂ ခုအား မသိသော်လည်း
      အဆို ၁ ခုအား ကန့်ကွက်၍ ပြင်ဆင်ပေးပါရန် တင်ပြအပ်ပါသည်
      စိန်ပေါက်ပေါက်မိုက်ရင် သဂျီးတူမတောင်ပြေးရတယ်ဟေ့.. …. အစား ….
      စိန်ပေါက်ပေါက်မိုက်ရင် ဖြိုးတို့အုပ်စု ပြေးရတယ်ဟေ့ ဟု ပြင်ဆင်ပေးပါရန် အဆိုပြုပါသည်

      ပုံ
      လိင်တူချစ်သူများမဲဆန္ဒနယ်မှ လွှတ်တော်အမတ် မိုက်ကယ်ဂျော်နီအောင်ပု ကိုယ်စား … 😛
      ………………………………………………………………………………………………….
      အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး …. ဟောဟဲ ဟောဟဲ
      အားပေးနေဒယ်ဗျို့ … ဒီတစ်ခွန်းပြောဖို့ နာမည်ခေါ်ရတာ မောလိုက်တာဗျာ …. 😛
      ခင်မင်စွာဖြင့်
      KING

    • နှာကိုယ်တော် မောင်မောင်ဇာ

      February 1, 2012 at 1:08 pm

      ဖားကတ္တင်း မိုက်ရင်ကော ဘူထွက်ပြေးသလဲချင့်..?

        • နှာကိုယ်တော် မောင်မောင်ဇာ

          February 1, 2012 at 1:27 pm

          ဘယ့်နှယ့် သဂျီးက ပါလာရတာတုန်း ….
          အင်း ..သမီးတောင်းတဲ့လူနဲ့ တူမ ချမ်းသာမပေးတဲ့လူနဲ့…
          သဂျီးတော့ ကုန်ဘာဘီ ကုန်ဘာဘီ ဒို့အမျိုးဒွေတော့ ကုန်ဘာဘီ ….ကိန်းပဲ..
          အာဟိ …

          ပုံ
          သဂျီးခယ်မ မွမွ ပေးမှ လူပြန်ဖြစ်မယ့် ဖားမင်းသားလေး ဂီ…

  • kai

    February 1, 2012 at 12:36 pm

    အဲဒီမြန်မာအင်းတွေကို.. တက်တူးထိုးရင်ကောင်းမယ်ထင်တယ်..။
    တော်တော်လှတယ်..။

    • မြန်မာ အင်းတွေထက် ထိုင်း စမ အင်းကွက်တွေက ပိုလှတယ် ထင်တယ် သူကြီးရဲ့ … ။
      http://thihan-mygallery.blogspot.com/2010/02/blog-post_17.html
      ဒါနဲ့ အင်းကွက် တွေကို အင်္ဂလိပ်လို ဘယ်လို ခေါ်သတုန်းဗျ။ Google မှာ အင်းကွက် ပုံတွေလိုချင်လို့ လိုက်ရှာတာ မြန်မာလို ရိုက်ရှာရတော့ သိပ်ပြီး အားမရဘူးဗျာ။ အဲဒါလေး တစ်ဆိတ်လောက် ပြောပြပေးပါဦးနော် .. ။ Please … 😀

  • နှာကိုယ်တော် မောင်မောင်ဇာ

    February 1, 2012 at 1:03 pm

    ဘီလူး အင်း သာမက ညွှန်းဆိုတဲ့ ယပက်လက် အင်းတွေပါ အားပေးသွားပါကြောင်း
    ဘိုလို ဆိုရင်တော့ ..ouija အွီးဂျား အင်းချပ်လို့ အကြမ်းဖျင်းခေါ်သလားလို့ ….
    symbols of witchcraft ဆိုရင်တော့ ဟယ်လိပ္ပေါတာ နဲ့ နီးစပ်သွားမလားပဲ….

    သည်အတွေးလေး ဖြစ်မိကြောင်းကိုတော့ သဂျီး အရင်ဦးအောင် မန့်ဦးမှ….
    ပြောရရင်တော့ ရောမ က ခေါမ ကို တကယ်ပဲ စစ်နိုင်ခဲ့သလား…
    ဗမာက ယိုးဒယားကို တကယ်ပဲ စစ်နိုင်ခဲ့သလား…
    အင်း …….။

    ခင်တဲ့…

  • aungnng87

    February 1, 2012 at 1:21 pm

    အိပ်ယာဝင်ပုံပြင်လေးကိုဖတ်ရသလိုဘဲ။ ဒါမျိုးတွေခုခေတ်မှာရှိသေးလား။ ရှိသေးရင်အင်းရေးခိုင်းချင်လို့။ ဟင်းဟင်း….

  • windtalker

    February 1, 2012 at 1:26 pm

    ဘီလူးအင်း
    ဘလင်းအူး
    ကမြင်းဖူး
    ပုလင်းထူး
    ဟင်းခူးပြီး
    အားရပါးရသာ
    တွယ်ပစ်လိုက်ချင်တော့တယ် ။
    ……………………..

    • ကိုပေ တို့ကတော့ တွယ်တာတောင် ရိုးရိုးတွယ်တာ မဟုတ်ဘူး၊ အားရပါရ တွယ်ပစ်မယ် ဆိုပါလား … ။
      အဲဒါကြောင့် ဖရဲက ပြောတာထင်တယ်။
      “ကိုပေမိုက်ရင် မာဆွတ်က တောင်မလေးတွေပြေးရတယ်” လို့ ….
      😀 😀

      • windtalker

        February 1, 2012 at 1:49 pm

        တူနွှဲပျော်ဖို ့
        ဖိတ်ခေါ်ပါတယ်နော
        ဟီဟိ

        • ကိုပေရေ ..
          အခုလို ကိုပေတို့၊ ကိုဘလက်တို့၊ ဖရဲ တို့ စတဲ့ စတဲ့ လူတွေနဲ့ ရင်းနှီးခွင့် ရခဲ့တာဟာ ကိုပေါက်ဖော် ကြောင့်လို့ ပြောရမယ်ဗျို့ …
          ကိုပေါက်ဖော်ကို ကျေးဇူးတင်တဲ့ အကြောင်းကို ကိုလည်း ပို့စ်တစ်ခုအနေနဲ့ တင်သွားဖို့ ရေးထားတယ်ဗျ။
          အဲဒါ တင်ရင် ကောင်းမလား ….. သိဘူး 😀 😀

        • စိန်ပေါက်ပေါက်

          February 1, 2012 at 2:59 pm

          ကြုံတဲ့လူက ဖဲ့နေကြတာပါဘဲဗျာ
          အဲလိုလိုက်လိုက်စတတ်လို ့.တစ်ခုခုပြောပြီး အေးဆေးနှပ်နေလို ့မရဘူး
          ကိုယ့်ကို ဘသူက အနောက်က လိုက်ဖဲ့မလဲ ကျောမလုံဘူး
          မန်းလေးသား ဖျဲသီးနဲ ့ အီးပေ အဆိုးဆုံး
          အနောက်ကနေ တန်းဆီပြီး သများကို လိုက်လိုက်ဖဲ့နေတာ..
          အေးချမ်းမေဖစ်တော့မယ်..
          အဲတာ တဂျီးမကောင်းတာ
          😀

  • water-melon

    February 1, 2012 at 2:01 pm

    ဟုတ်တယ် ကိုမဟာရာဇာ အံစာတုံး
    ကိုပေါက်ဖော်က တကယ်ခင်ဖို့ကောင်းတဲ့ အစ်ကိုဗျ
    သူရဲ့ကွန့်မန့်တိုင်းက ပျော်စရာကောင်းတယ်
    ပို့စ်တွေဖတ်ရတာ ကိုပေါက်ဖော်၊ကိုပေ စသည့်တို့မရှိရင်ပျင်းခြောက်ခြောက်ကြီးဗျ
    သူစလိုက်ကိုယ်စလိုက်နဲ့ဆိုတော့
    မန်းလေးဂဇတ်ကို ချစ်တယ်ဗျိ့ 😛 😛

  • kai

    February 1, 2012 at 2:02 pm

    မှားပါတယ်..
    ဂီဂီပြောလို့သေချာပြန်ကြည့်တာ.. ယိုးဒယားအင်းဖြစ်နေတာကိုး..
    မြန်မာအင်းတွေကတော့ တော်တော်မသပ်မရပ်နဲ့..။
    တခါက.. ကားမှန်မှာအလှကပ်မလို့..Adobe Illustrator နဲ့ပြန်ဆွဲကြည့်တာ.. စာလုံးက.. ဘာအက္ခရာမှန်းမသိဘူး..။
    ကူးတဲ့စာအုပ်က.. ဘလောက်တုံးနဲ့ရိုက်ထားတဲ့စာအုပ်…။

  • water-melon

    February 1, 2012 at 2:17 pm

    သူကြီး အင်းပုံလိုချင်လို့လား
    မြန်မာပြည်မှာ အရင်ကကျော်ကြားခဲ့ ဘားမဲ့ဆရာတော် အင်းစာအုပ် ၃ အုုပ်ရှိတယ်
    အင်းတွေကတော့ အစုံဘဲ
    ကြောက်လို့မလုပ်ရဲဘူး
    လိုချင်ပြော 😀

    • kai

      February 1, 2012 at 3:37 pm

      လိုချင်တယ်..
      ကျုပ်ဆီမှာ တအုပ်ပဲရှိတာ…။

      ဘယ်လိုပို့ပေးမှာလည်းဟင်င်င်….။
      စကင်န်ဆွဲပို့ပေးမလား…။

      • nature

        February 2, 2012 at 3:49 pm

        သူကြီးဆီက ပီယဆေးစာအုပ်နဲ့လဲမယ်။ 🙂

        • kai

          February 2, 2012 at 4:20 pm

          မှတ်မိသားနော…။
          အံ့ဖွယ်….

          စာအုပ်ကိုလိုချင်တာပေါ့..။ ကျုပ်က.. မြန်မာ့ရိုးရာဒီဇိုင်းတွေ စုတာဝါသနာပါလို့လေ…။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2012 at 3:14 pm

    ဒီခေတ်မှာ သပိတ်အကွဲရဘို့ကတော့ တယ်မလွယ်ဘူး
    ဒီခေတ် သပိတ်တွေက တူနဲ့ထုရင်တောင် ပိန်သွားတာဘဲရှိမယ်
    လူတွေ ဘာကိုဘယ်လိုခံယူချက်နဲ့လုပ်ကြသလဲမသိတဲ့ မြသပိတ်ဆိုတာကြီးကလည်း
    ဘယ်သူမှ သိမ်မတက်တဲ့အတွက် သပိတ်ကွဲရရန်လမ်းမမြင်
    သပိတ်ကွဲပါဆိုပြီးလာပြလျှင်လည်း ယုံစရာမရှိ
    အလွန်စိတ်ဝင်စားတာလေးတစ်ခုကတော့
    ဆရာတော်ကြီး သက်တော်ထင်ရှားရှိသေးလားဗျ
    ပညာလေးဘာလေးသင်ပြီး ဂိုဒေါင်လုံခြုံရေးဘစ်ဇနစ်လေးဘာလေးလုပ်စားမလို့ပါ
    ကျုပ်ကတော့ ဂါထာမန်တန်တွေမှာ အိပ်စပတ်

    • ဆူး

      February 2, 2012 at 10:34 am

      ကော်သပိတ်တွေ ဖိုင်ဘာ သပိတ်တွေ ရှိတယ်လေ..
      ကိုရင်တွေ အသုံးကြမ်းလို့ ခဏခဏ လွတ်ကျရင် ကွဲတာပဲ..
      ယ ပလက်မှာသာ စတီးသပိတ်သုံးကြတာ ဒီမှာ အဲလောက် မသုံးနိုင်ကြသေးဘူး။

  • etone

    February 1, 2012 at 3:25 pm

    စော်ကားတာတော့ မဟုတ်ပေမယ့် … ဘီလူးက ဘယ်နှယ့် လက်တွေအများကြီးဖြစ်နေရသလဲနော် .. သူများ ဘာသာကနေဆင်းသက်လာတဲ့ပုံကို အတုခိုးထားသယောင်ယောင် … ။

    အမှန်တိုင်းပြောရလျှင် လောကီပညာရပ်တွေ ရှိပေမယ့် … ကိုယ့်အနီးနား ပတ်ဝန်းကျင် မျက်စိရှေ့မှာတင် ဖြစ်ပျက်ကြတာမဟုတ်တော့လေ … သိလိုစိတ်တော့ပြင်းပျပေမယ့် မစူးစမ်းရဲပါဘူး .. မတော်လည်ပင်းလာညှစ်လို့ … 🙁 🙁

    • etone ရေ ..
      ပုံထဲက ဘီလူးက ထိုင်း ဘက်ကပါ။ ဘီလူးဆိုတာထက် ရာမ ဇာတ်တော်ထဲမှာပါတဲ့ မျောက်မင်း ပုံဆိုရင် ပိုမှန်လိမ့်မယ် ထင်တယ်။ ကျွန်တော်လည်း အဲဒီပုံလေးနဲ့ ကောင်းမယ်ထင်တာနဲ့ အခြား ဆိုက်ကယူပြီး ထည့်လိုက်တာပါ။ ကျွန်တော် သူကြီးကို ညွှန်းထားတဲ့ လင့်ကို သွားကြည့်ရင် အဲဒီလို ပုံတွေကို တွေ့နိုင်ပါတယ် etone ရေ …

  • nature

    February 1, 2012 at 6:33 pm

    တခုမေးမယ်နော်။ ထန်းလျှက်ခိုးစားတုန်းက ဘီလူးနဲ့တွေ့တယ်။ အင်း သွားရှာတော့ ဘီလူးနဲ့မတွေ့ဘူးဆိုတော့ နေ့နဲ့ည ကွာလို့လား ။ ဘာကွာသလဲသိချင်ပါတယ်။ သူကြီး အင်း စာအုပ်တွေလိုချင်လား။ တကယ်ပို့ပေးရမလား။

    • nature ရေ …
      ” အဲဒီ ဘီလူးအင်းဟာ ညဘက် ရောက်တာနဲ့ အသက်ဝင်တော့တာပါပဲ။ ” …
      ဒီစာကြောင်းလေးကို သတိမထားမိဘူး ထင်ပါတယ်။
      အစအဆုံး သေချာပြန်ဖတ်ကြည့်စေချင်ပါတယ်။

  • ကြောင်ကြီး

    February 2, 2012 at 9:57 am

    သဂျီးကို အာဠာဝက ဘီလူးအင်းရှိရင် ပေးလိုက်ကြပါဗျာ။ သူ့ကို ဘီလူးစီးတာ မြင်ချင်လို့…။ မစီးလည်းစီးတယ်ဆိုပြီး ဆေးကြိမ်လုံးနဲ့ ဝင်ရိုက်မယ်…။

    • ကြက်ဖင် ( အကယ်ဒမီ )

      February 2, 2012 at 10:12 am

      ဟားဟားဟား
      ဆေးကြိမ်လုံးက ပရုပ်ဆီလူးလို့ရတယ်
      ခြောက်လုံးပြျူးနဲ့ပြန်ပြစ်မယ်

  • ဆူး

    February 2, 2012 at 10:31 am

    အဲဒီ ဘီလူးရုပ်က ယပလက် ဘီလူးကြီး။
    မြန်မာ ဘီလူးက မျက်လုံးပြူးပြတဲ့ အနေအထားနဲ့ ခေါင်း က အဲလို ဂတုံးကေ မဟုတ်ဘူး။

    ပြောသာ ပြောရတာ.. တကယ်တမ်း အစွမ်းအစ ရှိလို့ လုပ်နိုင်မယ် ဆိုရင် အင်းကို ရေးနိုင်ထွင်နိုင်တဲ့ သူ မဖြစ်ချင်ဘူး ဖျက်နိုင်တဲ့ သူ ဖြစ်ချင်တယ်။

    ယိုးဒယားမှာ လူတိုင်း အင်းနဲ့ မကင်းကြဘူး.. လူတွေ ဆွဲ ထားကြတဲ့ တို့လို တွဲလောင်းတွေက အကုန် အင်းတွေချည်းပဲ.. တက္ကစီမှာခေါင်မိုးတွေမှာ အင်းတွေ ရေးထားကြတယ်။
    အဲဒီ အစွမ်းတွေ ဖျက်ကြည့်ချင်တယ်။ တော်ကြာ အင်းက အကောင်က နေစရာ မရှိဖြစ်သွားမှာ စိုးလို့.. ဟိဟိ.. စိတ်ကူးယဉ်ကြည့်တာ ပြောပါတယ်။

    ဇတ်လမ်းထဲက ဦးဇင်းဘိုခိုင် က ဆုံ ထဲ ထည့်ထောင်းလိုက်တာ ဆိုတော့ ပုံမှန်အားဖြင့် အင်းဆွဲတဲ့ လူကို ပြန်ခိုက်တတ်တယ်။ အဲဒီ ဘီလူး နေစရာ မရှိလို့သော်လည်းကောင်း သူခံလိုက်ရတဲ့ အတွက်သော်လည်းကောင်း ဘာလို့လဲတော့ မသိဘူး.. အင်းပျက်ရင် အင်းဆွဲတဲ့ လူ ပြန်ထိတယ်။
    သမာဓိ အား အရမ်းကောင်းလွန်းနေလို့ ဘာမှ မဖြစ်တာလည်း ဖြစ်နိုင်သလို နောက်တခု ထပ်ဆွဲပြီးတော့ ဖြေသိမ့်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ယေဘူယျ ကြားဖူးတာ မှန်းကြည့်တာပါ။

  • AKKO

    February 2, 2012 at 11:46 am

    ဒီအရုပ်တွေရေးရုံနဲ့ ဒီလို ထူးခြားတယ်ဆိုတာ ယုံကြည်လက်ခံစိတ်နဲ့များဆိုင်နေမလားပဲ ။
    အရုပ်တွေက စွမ်းတာလား ၊ ရေးတဲ့ လူက စွမ်းတာလား ၊ စီရင်တဲ့ နေရာက စွမ်းတာလား ၊ ဘာလား ၊ ညာလား နဲ့ သိချင်စိတ်တွေ တဖွားဖွားဖြစ်မိပါတော့တယ် ။ :question:

    • AKKO ရေ ..
      အင်း ဆိုတာ နက္ခတ်နဲ့ ကြုံတဲ့အခါ အစွမ်းထက်တယ်လို့ ကြားဖူးပါတယ်။
      အသက်သွင်းတဲ့ အင်းတွေဆိုရင် နက္ခတ်နဲ့ ယှဉ်ပြီး ရေးရတာဆိုပဲ ….

  • ကိုအံစာတုံးရေ အင်းကွက်တွေအကြောင်း သိခွင့်ရလို ့ကျေးဇူးပါဗျာ။
    တော်တော်အစွမ်းထက်ပါတယ်ဗျာ။လိုချင်တယ် ဘီလူးအင်းတော့။

  • kyeemite

    February 2, 2012 at 1:41 pm

    စာတွေကယိုးဒယားစာတွေဆိုတော့..ယိုးဒယားအင်းဖြစ်မယ်ထင်တယ်..ယိုးဒယားအင်းတော့မသိပေါင်..
    ယိုးဒယားဟင်းတော့ကြိုက်တယ်…စပ်စပ်ကလေး…

  • fatty

    February 2, 2012 at 5:03 pm

    ဒီမှာတော့ စန်းကောင်းတဲ့အင်းရှိတယ်။ အခုခေတ်အခေါ်နဲ့ဆိုရင် ဆော်ကြည်အင်းပေါ့
    အဲဒီအင်းထလာပြီဆိုရင်မလွယ်ဘူး အနားမှာ ပုလင်းလွတ် ဗူးလွတ်တောင်ထားလို့မရဘူးတဲ့
    ဘာလို့လဲတော့မသိပါဘူး ….. ။

  • nature

    February 2, 2012 at 7:54 pm

    မဟုတ်မှ လွဲရော။ ကိုဖက်တီးရဲ့အင်းက ခြင်္သေ့အင်းများလား။ ဒီအင်းက တရွက်ထဲဆိုမစွမ်းဘူး။ အထပ်လိုက်ကိုင်ရင် တော်တော်လေးအစွမ်းထက်တယ်ပြောတယ်။ 🙂

  • aye.kk

    February 3, 2012 at 8:31 am

    အရင်တုံးက..
    အင်းအကြောင်းလေ့လာရင်း..
    ဆရာတော်တစ်ပါးကသိတာနဲ့တားမြစ်ခဲ့တော့..စွန့်လွတ်ခဲ့ပါတယ်။
    အခုတော့…သက်ပြင်းချတဲ့“အင်း”…တခုသာလုပ်တတ်ပါတယ်။(စတာပါ၊စိတ်မဆိုးနဲ့နော်)

Leave a Reply