မြန်မာ မီနီ ကို ဈေးကွက်မှာ ကြွက်စုတ် တဲ့ တရုပ်ချယ်ရီ QQ 3 ကိုကြူကြူသင်းတဲ့
ခုတော့ မြင်လို့မှမကောင်း…
မြန်မာ မီနီ
အရှိန်မထိန်းနိုင်ပဲ လမ်းလယ်က သစ်ပင်ကိုဝင်တိုက်မိတဲ့ မီနီဆလွန်းကား
ဇန္နဝါရီလ ၃၁ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးအတိုင်း တောင်မှ မြောက်သို့မောင်းလာတဲ့ ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ မြန်မာ မီနီဆလွန်းကားဟာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းပေါ်က ရေတမာပင်ကို ဝင်တိုက်တာကြောင့် သစ်ပင် ထက်ပိုင်းပြတ်ပြီး ကားလဲ ပျက်စီးသွားပါတယ် ။ ကားပေါ်မှာ ယာဉ်မောင်း တစ်ဦးသာပါလာပြီး ၊ ထိခိုက် ပွန်းပဲ့ရုံသာ ဒဏ်ရာရခဲ့ပါတယ်လို့ သတင်းရရှိပါတယ်။
credit to burma VJ media network

နွေဦး

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....