ငါတို့ကောင်လေးတွေ တော်တော်ပိန်းတယ် ဆိုတာဒီ Blog ဖတ်ပြီး သိသင့်တယ်ထင်တယ်

moesatrainJune 2, 20101min1136

-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို

ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။

—-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမာ္ဘမှာနေချင်လို့ပါ။

—-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ….
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မဝယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

—-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုုင်းတာလဲဆိုတာကို….
ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။

—-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ.
ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ
ကောင်မလေးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ကောင်လေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ…
ကောင်မလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ ကောင်မလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ….
ကောင်မလေးတွေသိတယ် ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ
ကောင်မလေးတွေက ကောင်လေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင် သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေစိတ်ကောက်ရတာလဲ….
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ… ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေ စိတ်လဲမကောက်ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ…
ကောင်မလေးခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ကောင်လေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ ကောင်မလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေအရင်ရည်းစားကို မေးမေးေနေတာလဲဆိုတာ…
ကောင်မလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေလို့ပါ။

—-ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေကကောင်လေးရဲ့ရှင်းပြချက်တွေကို နားထောင်ပေးတာလဲ….
ကောင်မလေးတွေ စိတ်မတိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ ရှင်းပြချက်ထဲကနေ သူအရေးကြီးတာလား တခြားသူအရေးကြီးတာလားဆိုတာကို သိချင်လို့ သေချာနားထောင်ပေးနေတာပါ။

6 comments

  • etone

    June 3, 2010 at 3:12 am

    အင်းလေ ။ ကောင်လေးတွေက တော်တော်ပိန်းတာကိုး 😛

  • khaung shan

    July 31, 2010 at 8:55 am

    ကိုယ့်ကိုကိုယ် .. ဘာလို့ရည်းစားမရ ရတာလဲ ..ခုမှ စဉ်းစားမိတယ် ။ ကျေးဇူး ..

  • Yin Nyine Nway

    August 1, 2010 at 8:59 am

    ကိုယ့်ကို ကိုယ်ပိန်းမှန်း အခုမှ သိလား …အဟီး 🙂

  • maypearl

    August 5, 2010 at 11:02 am

    ဒါပေမယ့်ခုခေတ်ကောင်လေးတွေကလည်ပါတယ်

  • မန်း ရိပ်

    August 13, 2010 at 10:30 am

    ကဲ အပြောခံနေရပြီ
    အမှန်က ပိန်းတယ်လို့ပြောတာမဟုတ်ဘူး ကောင်မလေးတွေရဲ့အားနည်းချက်ကို ဖောှပြထားတာပဲ

  • bluerose

    March 9, 2012 at 2:21 pm

    ကောင်လေးတွေကလည်းပိန်းလိုက်တာလွန်ရော
    လက်တွေ့မှာလည်းအဲလိုငပိန်းတွေပဲတွေ့နေရတယ်နော်

Leave a Reply