ရှယ်ပေးပါဆိုတဲ့ တိုင်စာလိုလို တောစာလိုလိုများ

လင်းဝေFebruary 1, 20121min13411

ပွင့်အံထွက်လာသော အမှန်များလား ဘာလားတော့မသိပါဘူးကွယ်။
အခုတလော ဒါမျိုးတွေ ကြားရတာများလာသလိုပဲ။
ဘယ်သူ့ဆီ ဘယ်လိုတိုင်နေကြတာမှန်းတော့ နားတောင်မလည်တော့ဘူး။
ကြားရသမျှကတော့ နားဝ ရင်ဝ မချောင်တာအမှန်ပါပဲ။

ဖတ်ကြည့်ကြပေါ့။

ပထမစာ က မြိတ်သားတစ်ဦး ဆီကပါ။

ဦးနေဇော်နိုင်

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျွန်တော်တို့ ဘိတ်မြို့ သူမြို့ သား

တွေအင်မတန်မှ စိတ်ချမ်းနေကြရပါတယ်။ ဘာကြောင့်လဲ့ဆိုတော့ ကျွန်တော်တို့ တနင်္သာရီဝန်ကြီးချုပ် ဗိုလ်ချုပ်

ခင်ဇော် ထုတ်ပယ်ခံလိုက်ရလို့ပါ။ အမှန်တရားပေါ်လာအောင် ရဲဝံ့စွာမကြောက်မရွံ့ ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့

ပြည်နယ်လွှတ်တော် အမတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦးဟာ ပြည်နယ်အကျိုးဆိုလို့ ဘာတစ်ခုမှမလုပ်ခဲ့သူပါ။သူ့လို အရက်ကြိုက်

၊မိန်းမကြိုက်တဲ့သူ၊ အောက်လက်ငယ်သားတွေနဲ့အခြားပြည်နယ်အမတ်တွေကို ခြိမ်းခြောက် ဆဲဆို ဟောက်ငမ်း

တဲ့သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကြောင်းပြပြီး ပြည်သူပိုင် ဥယျာဉ်ခြံမြေတွေကို မတရားသိမ်း၊

ဗမာစကားတောင်မတတ်တဲ့ တရုတ်၊ကုလားတွေလက်ထဲ ဈေးကောင်းကောင်းနဲ့ ရောင်းစားခဲ့သူဖြစ်တဲ့အတွက်

သူပြုတ်တဲ့အခါကျွန်တော်တို့ ဘိတ်တစ်မြို့လုံးက ရဟန်းရှုင်လူ အကုန်လုံးနဲ့ ကလေးရောခွေးပါမကျန် ဝမ်းသာ

ပျော်ရွှင်နေကြပါတယ်။ ယခင်တိုင်မှူး ဗိုလ်ချုပ်ခင်ဇော်ဦး လက်ထက်တုန်းကဆိုရင် ဗိုလ်ချုပ်ကြီးခင်ဇော် (ယခုထုတ်ပယ်ခံရသူ) ဘိတ်မြို့ကိုလာစစ်ဆေးသည့်အခါတိုင်း ကျွေးမွေး စရိတ်တွေ ၊ တစ်ခေါက်ကို ဂေါက်စက်

တစ်စက်စီ ဝယ်ပေးရတာတွေ၊ တစ်ဖက်နိုင်ငံက ပြည့်တန်ဆာမတွေကိုခေါ်ပြီး ဘိတ်မြို့ နားက ဆားကျွန်းမှာ ပျော်ပါတဲ့ စရိတ်တွေကအစ သူသောက်တဲ့ သိန်းကျော်တန် နိုင်ငံခြားဖြစ်အရက်တွေက အဆုံး ကျွန်တော်တို့

မြို့ ခံ စီးပွားရေးသမားတွေကစုပေါင်းပြီး ဗိုလ်ချုပ်ခင်ဇော်ဦးအမိန့်နဲ့ ဒီမကောင်းဆိုးဝါးကြီးကိုပူဇော်ရပါတယ်။

အခုလို နိုင်ငံတော်သမ္မတကြီးက အမှန်အတိုင်းရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အပြင် သမ္မတကြီးနှင့်

ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းပြီး တိုင်းပြည်အကျိုးကို ဆထက်တံပိုးတိုးအောင် ထမ်းဆောင်နိုင်ပါစေ။

ကိုနေဇော်နိုင် နဲ့ ဒီဗွီဘီ ရုပ်သံ အဖွဲ့သားတွေအားလုံးကိုလည်း ကျန်းမာပျော်ရွှင်စေဖို့ မေတ္တာပို့သလိုက်ပါတယ်။

ဘိတ်သားတစ်ဦး

နောက်တစ်စောင်ကတော့ တပ်မတော်သားမိသားစုဝင်ဆိုလားပဲ။
ကိုယ့်ဆီကို ထပ်ပို့ပေးတဲ့သူကတော့ ဒီစာ နှစ်စောင်လုံး ကို တစ်ခါတည်း ပို့တော့ နားတောင် နည်းနည်းမျက်စိလည်သွားတယ်။

သို့

ဒီဗွီဘီမှတစ်ဆင့်

နိုင်ငံတော်သမ္မ္မ္မ္မ္မ္မ္မ္မတကြီးဦးသိန်းစိန် နှင့် ဗိုလ်ချပ်ကြီးမင်းအောင်လှိုင်ကို ပြောပေးပါ

ကျေးဇူးပြုပြီး ကျွန်မတို့ တပ်မတော်သား မိသားစုတွေရဲ့ ဒုက္ခကိုကယ်တင်ပါဦး။ ကျွန်မတို့ ရှမ်းပြည်နယ်အရှေ့

ပိုင်းမှာ ယခင်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး လက်ထက်တုန်းကတောင် အခုလောက် အခြေအနေ မဆိုးပါ ။ လွန်ခဲ့

သော ၁ နှစ်ကစတင်ပြီးလက်ရှိတိုင်မှူး ဗိုလ်ချုပ်သန်းထွန်းဦး ပြောင်းလာပြီးနောက်ပိုင်း တပ်မိသားစုများ၏အခြေ

နေမှာ အလွန်ဆိုးဝါးလာခဲ့ပါပြီ။တိုင်းမှူးကတော်ဒေါ်သီတာသည် လက်အောက်ခံတပ်များမှ တစ်တပ်ကို ငွေသား

သိန်း (၂၀) ကျော်စီ အတင်းတောင်းသွားပါတယ်။ ၄ လပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးတွေကို ကန်တော့ဖို့

အကြောင်းပြပြီးတောင်းသွားပါတယ်။ တိုင်းက ဂျီဝမ်း လို့ခေါ်တဲ့ ဗိုလ်မှူးကြီးကတော် ကတစ်ဆင့် တောင်းသွား

တာပါ။မကြာခဏအကြောင်းအမျိုးမျိုးပြပြီး တပ်လာလာ စစ်ပြီး ပိုက်ဆံတောင်းပါတယ်။ တစ်တိုင်းလုံးမှာ ရှိတဲ့

တပ်တွေလည်းမွဲပြာကျနေပါပြီ။ ပေးစရာမရှိတော့ဘူးလို့ ငြီးမိတော့ တိုင်းအတွင်းမှာရှိတဲ့ တရားမဝင်စိုက်ထားတဲ့

ဘိန်းခင်းတွေကနေ ပိုက်ဆံသွားတောင်းလို့ ပြောပါတယ်။ လွန်ခဲ့သောနှစ်က တိုင်မှူးကတော်သည်တာချီလိတ်

မှတစ်ဆင့်ယိုးဒယားမယ်ဆိုင်သို့သွားပြီး ရန်ကုန်သို့ super custom အစီးတစ်ရာကျော်မှောင်ခိုချရာ နောက်ဆုံး

အခေါက်မှာ မိသွားပါတယ်။ ပြဿနာတတ်လာတော ့ သူ့ယောင်္ကျား တိုင်းမှူးဗိုလ်ချုပ်သန်းထွန်းဦးက သူ့

ကိုယ်ရေးအရာရှိ ဗိုလ်ကြီးမင်းဇာအောင်ကို နာမည်ခံခိုင်ပြီး တရားသူကြီးနှင့် ပေါင်းကာ ထောင်တစ်နှစ်သာချပြီး

မြို့ပေါ်မှာပဲ ပေါ်ပေါ်ထင်ထင် နေနေပါတယ်။ အခုလို ပြည်သူ့အစိုးရ ခေတ်မှာ အခုလို ဝိသမလောဘ အရာရှိများ

ကို စစ်ဆေးအရေးယူပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

တပ်မတော်သားဇနီးတစ်ဦး

သို့ …. ဒီဗွီဘီ မှ တစ်ဆင့် တဲ့။
ဖြစ်ပုံများ….. ကောင်းကြသေးရဲ့လား။

11 comments

  • စိန်ပေါက်ပေါက်

    February 1, 2012 at 6:31 pm

    တိုင်စာလား..ပစ်စာလား..ဘာစာလဲတော့ မသိဘူး..
    ဒါပေသိ.
    ဒီလိုစာတွေလဲ ဖွရင် ဖွသလောက် တာသွားတယ်ခင်ည
    မယုံရင် အူးလင်းမြွေကြီး ညက မာဆတ်သွားတာ အစမ်းတိုင်ပြရမလား
    😆

    • ဗိုလ်ချုပ်ခင်ဇော်ကတော့ အပုပ်နံ့တွေလှိုင်လွန်းတာကြောင့် …….
      နောက်ထပ် တိုင်စာလိုလို ပစ်စာလိုလို ဖတ်ချင်ပေးပါသေးရဲ့ ကိုလင်းဝေရေ

      ဒါနဲ့စကားမစပ်
      ညက မာဆတ်သွားတာ ကပေါက်ဖော်နဲ့ မဟုတ်လား ….. 😛
      အဲဒါကြောင့် သူကြီးက သူ့တူမကို ကပေါက်ဖော်နဲ့ သဘောမတူတော့ဘူးတဲ့ဗျ … 🙂

      • စိန်ပေါက်ပေါက်

        February 1, 2012 at 6:54 pm

        အောင်လမာ
        နာ့အူးလေးတော် အူးခိုင်က သူ ့တူတော်လောင်းလေးနာ့ကိုယုံပြီးသား
        မယုံမေးကြည့် ဂလုံေ*G;ဇိ
        😀

  • water-melon

    February 1, 2012 at 7:29 pm

    ဟဲ့ဟဲ့ တူဂျီးတူမထိကြည့်နာနဲ့တွေ့မယ်
    အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး အကုန်တရားတယ်
    ငါ့ဟဲ့ ယောက်ျား ( အခြောက်လေသံနှင့်ပြောပါ )

  • htoosan

    February 1, 2012 at 7:34 pm

    အားမနာပါနဲ့ တိုင်စာ လို့သာ တိတိကျကျရေး ။။။ :mrgreen: မြှောက်ပေးတာ…. 😀

  • windtalker

    February 1, 2012 at 7:51 pm

    အမ်တူဒီဂေဇက် ပွင့်လင်းစွာပြော ။
    မပြုတ်ခင် အဝနှံနေရော့လား ၊ အဲ့လင်မယားနှယ် ။

  • htet way

    February 1, 2012 at 7:53 pm

    တိုင်စာဆိုရင်လည်း တိတိကျကျတိုင်ပစ်လိုက်ပေါ့ဗျာ။
    တိုင်စာရေးစားတဲ့ လူတွေ တိုင်စားတဲ့ လူတွေလည်းရှိတယ်နော်..။
    သူတို့ အလုပ်က တွက်ခြေပိုကိုက်တယ်

  • “ ယခင်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး လက်ထက်တုန်းကတောင် အခုလောက် အခြေအနေ မဆိုးပါ ။ လွန်ခဲ့
    သော ၁ နှစ်ကစတင်ပြီးလက်ရှိတိုင်မှူး ဗိုလ်ချုပ်သန်းထွန်းဦး ပြောင်းလာပြီးနောက်ပိုင်း တပ်မိသားစုများ၏အခြေ
    နေမှာ အလွန်ဆိုးဝါးလာခဲ့ပါပြီ။”

    အမလေးဗျာ နည်းနည်းလေးဘဲလွဲတာပါဗျ။အနော်က သန်းထွဋ်ဦး၊ဟို လဒက သန်းထွန်းဦး။တော်ပါသေးတယ်။

  • thit min

    February 1, 2012 at 8:45 pm

    ကိုလင်းဝေစာဖတ်ရတာ ကျနော်ကတော့ ထိပ်ပြောင်နေတဲ့ ဦးနေဇော်နိုင် ကြီး ရဲ့ မျက်နှာကြီး ကိုဘဲ မြင်နေတယ်ဗျ။

  • kokothandar

    February 3, 2012 at 8:58 am

    ခဏနေအုံးလေ သူလာပေးတာလေးတွေကို လက္ခံရပြီးရင် နေရာရွှေ့ပေးဖို့စဉ်းစားပေးမယ်
    ဒီကောင်လေးက အရှာအဖွေတော်သား လူကြီးအပေါ်သိတတ်တာလဲ အချိန်ကိုမှန်လို့ တပည့်ကောင်းလေးပါ

  • etone

    February 3, 2012 at 11:10 am

    တနင်္သာရီဘက်မှာ တင်္နလာနံ နာမည်တွေ အကျိုးပေးကောင်းသဗျို့ …
    ဘာတဲ့ … ခင် ………………… ဇော် ….. 😆

Leave a Reply