Windows not genuine ကိုဖြေရှင်းကြရအောင်

sithuphyoJune 2, 20101min823

ကျနော်အခုတင်ပြမှာကတော့window not genuine ကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုပါ။
computer နောက်ခံbackground မှာ screen အဖဲကြီးနဲ့ပေါ်လာပြီးတော့ window not
genuine ဆိုပြီးတော့ပေါ်လာပါတယ်။အဲ့ဒါကဘာကြောင့်ဖြစ်ရလဲဆိုတော့automatic update ကိုပေးထားရင် ဖြစ်တတ်ပါတယ်။အဲ့ဒီချိန်မှာmicrosoft ရဲ့window genuine ဖြစ်မဖြစ်စောင့်ကြည့်တဲ့software လေးနဲ့တွေ့လို့ဖြစ်သွားတာပါ။ wgatray.exe ဆိုတဲ့software လေးပါ။ taskmanager ကနေပြီးတော ့wgatray.exe ကိုend processလုပ်ကြည့်ပါ။မရတော့ပါဘူး။ ဒါကြောင့် computerကို restartချပြီးsafemode နဲ့ ဝင်ပါ။ ပြီးရင်တော့ C:\Windows\System32. မှာwgatray.exe ကိုရှာပါ။တွေ့ရင်တော့delete လိုက်ပေါ့။C:\Windows\System32\dllcache. ကိုလည်းဖျက်ပစ်။အရှင်မထားနဲံ့ ဖျက်ပစ်။ပြီးရင် runထဲက နေregeditဆိုပြီးရိုက် ။HKEY_LOCAL_MACHINE\SOFTWARE\Microsoft\WindowsNT\Current Version\Winlogon\Notify ထိသွားပါ။notify ကိုထပ်ပြီးexpand လုပ်လိုက်ရင်wgalogonဆိုတာကိုတွေ့ လိမ့်မယ်။wgalogon ကိုright clickထောက်ပြီး delete လုပ်လိုက်ရုံဘဲ။ ဒါဆိုရင်ပွဲပြီးပြီ။ပွဲပြီးပြီဆိုတိုင်း automatic update ကိုသွား မလုပ်နဲ့နော်။ ပြီးရင်automatic updateကိုပိတ်ထားနော်။နောက်ပြီးတော့ microsoftကထုတ်တဲ့ windows updateတွေကို သွားပြီးတော့ မလုပ်နဲ့အုံးနော်။genuine စစ်တဲ့ဟာနဲ့မိသွားမယ်။ ကဲ ကျနော်ပြောတဲ့ အတိုင်းလုပ်ကြည့်ပေါ့ဗျာ။ genuineရှောင်တတ်တဲ့သူတွေကတော့ updateလုပ်ချင်လုပ်ပေါ့ဗျာ။ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်။

3 comments

  • heinminoo

    June 4, 2010 at 7:25 am

    အကိုပြောသလိုကျနော်လုပ်လိုက်တာ အဆင်ပြေသွားပါပီး ကျေးဇူးပါ

  • SoeLin

    August 24, 2010 at 6:47 am

    Thanks for sharing your knowledge.

  • kai

    August 24, 2010 at 7:37 am

    နောက်တနည်း..
    ဒါက အင်တာနက်ကနေ အပ်ဒိတ်လုပ်နေသူတွေလည်း အိုကေမယ်ထင်ပါတယ်။ စမ်းကြည့်နေတာ နှစ်ပေါက်နေပြီ အဆင်ပြေနေလို့ပါ။
    အောက်လင့်ကိုသွား..
    http://www.microsoft.com/genuine/selfhelp/pkuinstructions.aspx
    အဲဒီဆော့ဖ်ဝဲအင်စတောလုပ်။
    ပရော့ဒတ်ကီးတောင်းရင် ကွန်ပျူတာတလုံးလုံးက ဟာကို ကူးပြီးရိုက်ထည့်လိုက်ပါ။

    အခုနည်းက ရုံးကကွန်ပျူတာတွေထဲမှာဆို အဆင်ပြေပါတယ်။ ယူအက်စ်ကုမ်မဏီရုံးတွေမှာက တလုံးမဟုတ်တလုံးက တရားဝင် စတစ်ကာပါတာမို ့အဲဒါကို ယူသုံးတာပါပဲ။ (မှတ်ချက်။ ။ ယူအက်စ်တွင် ဝင်းဒိုးပီစီအားလုံး အိုအက်စ်စတစ်ကပ်ရမည်မှာ ဥပဒေဖြစ်သည်)
    ဆိုတော့ မြန်မာပြည်ကလူတွေ…သူများစတစ်ကာကပ်ထားတာတွေ့ရင် ဖုံးကင်မရာလေးနဲ့ရိုက်ပြီး မှတ်ထားလိုက်ပေါ့နော…။
    ပြီးမှ …ယူသုံးပေါ့။
    ဟုတ်ကဲ့..။ ထေရဝါဒငါးပါးသီလနဲ့ဆို ခိုးတာလို့ ယူဆစရာပါ။
    အဲဒီလိုဆိုတော့ မြန်မာဘုန်းတော်ကြီးတွေ သုံးနေတဲ့ ကွန်ပျူတာတွေအားလုံးလိုလို မိုက်ခရိုဆော့က ဆော့ဖ်ဝဲကို ယူသုံးနေတာ တရားဝင်ဟုတ်မဟုတ်ဆန်းစစ်ကြည့်ဖို့ပါပဲ..။
    မတတ်နိုင်ဘူး…။ တတောလုံးကြွေ..။

Leave a Reply