clean government ၊လာဘ်စားမှူပပျောက်ရေး၊တရားစီရင်မှူဖြောင့်မှန်ရေး၊လူကုန်ကူးမှူပပျောက်ရေး၊အားကစားအဆင့်မြင့်မားရေး….စသည့်စသည့်အားလုံးဟာ ကုန်ဈေးနှူန်းကျဆင်းဘို့ပေါ်မှာမှူတည်ပါတယ်၊ဒါကိုအကြံပေးအရာရှိမင်းများ အကြံပေးနိုင်မှ အောင်မြင်ပါမယ်၊ ဒါကိုသက်သာစေနိုင်တာက လူအများ အလုပ်အကိုင်ရရှိစေဘို့ပါဘဲ၊ဒီအတွင်းမှာ ကုန်ဈေးနှူန်းလဲကျရင်တော့အဆင်ပြေဆုံးပါဘဲ၊တက်စေတဲ့အရာမှန်သမျှကို အစိုးရက ဖယ်ရှားနိုင်ရပါမယ်၊

ကျွန်တော်သိသလောက် လောင်စာပေါ်မှူတည်ပြီးဈေးနှူန်းတက်ခဲ့တယ်၊ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်စရိတ်တွေ၊ဘတ်စ်ကားခတွေ တက်သွားလို့ပါ၊

CNGသုံးတဲ့စရိတ်က သက်သာသော်လဲ CNGကားခများကိုလျော့ချ မပေးပဲထားသဖြင့်လူအများ စရိတ်ထောင်းနေကြရသည်၊

မီတာခ တက်တော့ဈေးကတက်သည်၊ မီတာထိန်းသိမ်းခ ဆိုတာက အဆမတန်များနေလို့မီတာခမတတ်နိုင်လို့လုံးဝမသုံးတဲ့အိမ်လဲ တလ တထောင်ပေးရသည်။

ယခင်က ဒေါ်လာတက်ရင် ဈေးလိုက်တက်သည်၊ယခု ဒေါ်လာကျတော့ပြန် မကျ၊

ကုန်သည်များဟာ တဦးနဲ့တဦး ဦးနာအောက်နဲ့ ဧရာဝတီ ကုမ္ပဏီဖြစ်ရမဲ့အစား အသင်းဖွဲ့ပြီး ဈေးနှူန်းတည်ငြိမ်အောင် လုပ်သယောင်ယောင်နဲ့ ဈေးညှိ သတ်မှတ် နေ

ကြသည်၊

သယ်ယူစရိတ်ကြီးနေတဲ့အထဲ မလိုတဲ့ဂိတ်ကြေးများကြောင့်ပို ပို ဈေးတက်သွားသည်၊

…စသည်စသည် ကဲ့သို့သောအခြားအချက်များကို လုပ်ဆောင်ပေးပါက နဲနဲတော့ ထူးခြားမည် ထင်မိပါသည်၊သင် ကော၊ ဘယ်အချက်များ စဉ်းစားလို့ရပါသလဲ???

About three colors

has written 9 post in this Website..