ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ( Little Singapore)

ကထူးဆန္းFebruary 1, 20121min14013

၃၁-၁-၁၂ နေ့က စင်္ကာပူပြန်သည့် သူငယ်ချင်း အား မင်္ဂလာဒုံလေဆိပ် ပို့ပြီး အပြန် ပြည်လမ်း ၈မိုင်ရှိ IT လ္ဘက်ရည်ဆိုင် သို့ အဝင် ထွန်းမင်း နှင့် ပက်ပင်းသွားတိုးသည် ။ ဒီကောင်ကြီးနှင့် မတွေ့တာကြာပြီ။ သူက ဆောက်လုပ်ရေးကုမ္မဏီ တစ်ခုတွင် သူဌေး လူယုံ အဖြစ် အလုပ်လုပ်နေသူ ။ သူ့သူဌေးကလည်း ပေါက်ရောက်သူ တစ်ဦး ဖြစ်သောကြောင့်သူနှင့်တွေ့လျင် အမြဲတန်းစိတ်ဝင်စားစရာများကြားရလေ့ ရှိသည် ။ သူဌေး လူယုံဖြစ်နေသော်လည်း ဘယ်တော့မှ နှုတ်မလုံ ။ သိသမျှ ကြားသမျှကို အာဘောင်အာရင်းသန်သန်ဖြင့် ပြောတတ်သူ ။ တစ်ယောက်ထဲထိုင်နေသော သူကလည်း တွေ့တွေ့ခြင်းဝမ်းသာအားရ လှမ်းခေါ်သည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ထွန်းမင်း ။ ဟေ့ကောင် ကြီး ထူးဆန်း တစ်ယောက်ထဲလား ၊ဘယ်က မျက်စိလည်လာလည်း။
ထူးဆန်း ။ တစ်ယောက်ထဲဘဲ မင်းမြင်တယ် မဟုတ်လား ။ အဲ့ဒါ တစ်ယောက်ထဲပေါ့ကွ။ မင်းငြိမ်းချမ်း သိတယ်မဟုတ်လား ။ သူ့ကို လေယာဉ်ကွင်း ပို့ ပြီးပြန်လာတာကွ။ မင်းကော ။
ထွန်းမင်း ။ ငါလည်း ဘောစိ နေပြည်တော် သွားလို့ လေယာဉ်ကွင်းပို့ပြီး ပြန်လာတာ ကွ ။ နေပါဦး ငြိမ်းချမ်းဆိုတာ စကာင်္ပူရီယံကြီးလားကွ ။ ဒီကောင် စင်္ကာပူနိုင်ငံသားခံလိုက်တာ မကြာသေးဘူးဆို ။ ဘာလည်း ရန်ကုန်ပြန်လာလည်တာလား။
ထူးဆန်း ၊။ အေးလေကွာ .. ဒီကောင်ပေါ့ ။ သူ့ကုမ္မဏီ က ကိစ္စနဲ့ ရန်ကုန်လာပြီး ဒီနေ့ ပြန်သွားတာ ။ မပြန်ချင်ဘူးလုပ်နေတယ်လေ။ သူစလုံးသားခံလိုက်တာ နဲနဲစောသွားလားမသိဘူးပြောနေတယ် ။ မြန်မာပြည်ကြီး ပြောင်းလဲတော့မယ်ဆိုတော့ ပြောင်းလဲရင် ဒီမှာဘဲပြန်လာ လုပ်ချင်တယ် ပြောနေလို့ကွ။ ဒါနဲ့ မင်းဘောစိက နေပြည်တော် ဘာသွားလုပ်တာလည်း ။ အရင် ကားနဲ့ဘဲသွားနေကျ ကဘယ်လိုဖြစ်ပြီး လေယာဉ်နဲ့ ပြေးတာလည်း ။
ထွန်းမင်း ။ တင်ဒါသွားတင်တာလေကွာ ။ ဒီနေ့ နောက်ဆုံးရက်ဖြစ်လို့ အသည်းအသန် လေယာဉ်နဲ့ ပြေးလေရဲ့။ ဒို့မြို့တော်ရဲ့ သမိုင်းတရားခံ ဖြစ်အောင်လုပ်ဖို့ အပြေး သွားလေရဲ့။
ထူးဆန်း ။ မင်းဟာက အဆန်းပါလား ။ တင်ဒါနဲ့ မြို့တော် သမိုင်းတရားခံနဲ့ ဘာဆိုင်လို့လဲ ။ ဘာလဲ ရန်ကုန်မြို့ မှာကော ဆည်တွေ ဆောက် ၊ ကျောက်မီးသွေး လျှပ်စစ်ထုတ်စက်တွေ ဆောက်မလို့ လား .. ဟား ဟား
ထွန်းမင်း ။ နောက် သလိုနဲ့ အတည်ပြောတာ သူငယ်ချင်းရေ။ ဆည်ဆောက်မလို့ တော့မဟုတ်ဘူး ။ မြို့တော် အကျည်းတန် ဖြစ်အောင် သွားလုပ်မလို့။
ထူးဆန်း ။ ဟင်.. ဘယ်လို … ပြောစမ်းပါဦး ။
ထွန်းမင်း ။ နေစမ်းပါဦးကွာ ။ လ္ဘက်ရည် သောက်ပါရစေဦး ။
ထူးဆန်း ။ ဟေ့ကောင် မင်းသောက်ကျင့် မရုပ်နဲ့ ။ စိတ်ဝင်စားအောင်လုပ်ပြီး မှ ပဲလာများမနေနဲ့ ။ မပြောချင်နေ ။
ထွန်းမင်း ။ ဟား ဟား မင်းကတော့ စိတ်ကြီးဘဲ ။ ပြောမှာပေါ့ကွာ .။ ပြောချင်လွန်းလို့ အူယားနေတာ ။ ပြောဦးမှာ ။ပြောဦးမှာ ။ ဒီလိုကွ ။ ဒီနေ့ စစ်ထောက်ချုပ်ရုံးက မြေတွေ တင်ဒါလေလံတင်ရမှာ နောက်ဆုံးနေ့လေ။ အဲ့ဒီထဲက အရင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် နေရာ နဲ့ မော်တော်ယာဉ် တပ်ရင်း (၁) နေရာ ပါတယ် ကွာ။မင်းသိလား ။ အဲ့ဒီ့နေရာက တိရစာ္ဆန်ရုံနားကလေကွာ ။ အဲ့ဒါ ငါ့ ဘောစိ ငှါးဖို့ တင်ဒါသွားတင်တယ် ကွ။
ထူးဆန်း ။ အဲ့ဒါနဲ့ မင်း ဘောစိက သမိုင်းတရားခံ ဖြစ်ရောလားကွ ။ ကောင်းအောင် လုပ်မှာ မဟုတ်ဘူးလား။

ထွန်းမင်း ။ လောမကြီးနဲ့ ။ ငါပြောပြမယ် ။ သိတယ်မဟုတ်လား ။ ဒီခောတ် ဘောစိတွေလေ ။ သူတို့ အတွက် ကလွဲရင် ဘာ မှ ကြည့်တာမဟုတ်ဘူး ။ လူကြားကောင်းအောင်သာ တို်င်းပြည် ချစ်ပါတယ် အော်ပြနေတာ ။ အခွင့်အရေးရရင် ဘယ်လိုယူရမလဲကြည့်နေတာ။ ဖြစ်သင့်တာ သိလည်း သူတို့အတွက် မဟုတ်ရင် ဘာမှ မကြည့်ဘူး ။
ထူးဆန်း။ အဲ့ဒီတော့။
ထွန်းမင်း ။ အဲ့ဒီနေရာ ကြီးကကွာ ရှယ်ကောင်းတာ။ အခု အကွက်သုံးကွက် တင်ဒါခေါ်တယ် ။ တစ်ကွက်က ၉ ဒသမဝ၁၅ ဧက ၊ တစ်ကွက် က ၂၁ ဒသမ၉၂၅ ဧက ၊ နောက်တစ်ကွက် က ဧက ၂၂ ဒသမဝ၃၂ ရှိတယ်ကွား ။ သုံးကွက်ပေါင်းရင် ဧက ၅၂ လောက်ရှိတယ် ။
အဲ့ဒါ တပ်မြေရဲ့ တစ်ခြမ်းဘဲ ရှိသေးတယ် ။ နောက် ကျန်တစ်ခြမ်းသာပေါင်းလိုက်ရင် ဧက၁၀ဝ လောက်ရှိမယ် ။ မြို့နယ်တစ်ခုစာလောက်ဖြစ်နေပြီ။ အဲ့ဒီနေရာမှာ ကွာ သေသေခြာခြာ စီမံကိန်းနဲ့ လုပ်လိုက်ရင် ငါတို့ သမ္မတကြီးပြောတဲ့ စကာင်္ပူ လေး တစ်စိတ်တစ်ဒေသ ဖြစ်မသွားဘူးလား။
ထူးဆန်း ။ မင်းကလည်းကွာ ။ ငါတို့ မြေတွေ ဒီလောက်ပေါတာ ။ အဲ့ဒီ ဧက ၁၀ဝ မှာမှ သွားလုပ်ရမှာလားကွ ။ တစ်ခြားတောင်ဒဂုံ မြောက်ဒဂုံတွေ သွားဆောက်ပေါ့ကွ ။ ရန်ကုန်မှာမှဆောက်ခြင်တယ်ဆို ။
ထွန်းမင်း ။ ရော် တယ်ဒုံးဝေးပါလား ငါ့ကောင်ကြီး ထူးဆန်းရ ။ အဲ့ဒါ နေရာကကွာ တစ်ဘက်က ရွှေတိဂုံ ဘုရားလမ်း ၊ တစ်ဘက်က ဦးထောင်ဗိုလ်လမ်း ၊ တစ်ဘက် က တိရစာ္ဆန်ဥယာဉ် လမ်းကွာ ။ ရွှေတိဂုံ ဘုရားကြီးနဲ့ လည်း မနီးမဝေး ။ မြို့လည်နဲ့ လည်း မနီးမဝေး ။ မင်းဟာမင်း မြေကြီးက ကြိုက်သလောက်ရမယ် ။ ရွှေတိဂုံဘုရားကြီး က ကြိုက်သလောက်မရဘူးကွ ။ ကမာ္ဘကျော် မြန်မာတွေ အထွဋ်အမြတ်ထားတဲ့ နေရာ နား မှာ ရှိမှာ ။ အဲ့ဒီ ဗျုးမျိုးက ဘယ်နားသွားရှာမှာလဲ ငါ့ကောင် ရ ။ ရန်ကုန်မှာ ဒါထက်ကောင်းတဲ့ နေရာမရှိတော့ဘူး။ စင်္ကာပူ က အောချလမ်းလို့ ဆောက်လိုက်ရရင်ကွာ … စလုံးတွေ အောချသွားမယ် ။
ထူးဆန်း ။ အောချတ်လမ်းပြောစမ်းပါကွ ။ မင်းကလည်း ။ ပိန်းလိုက်တာ။
ထွန်းမင်း ။ အဟီး … အေး ဟုတ်တယ်… အောချတ် တို့ ၊ ချိုုင်းနားတောင်းတို့လို ဆောက်လိုက်ရရင်ကွာ .. မသေခင် ကြွားသွားနိုင်တာပေါ့ကွာ ..
ထူးဆန်း ။ နေစမ်းပါဦး ။ မင်းကလည်း ။ ဒါ အခု လေလံ ဆွဲတဲ့ သူတွေလည်း သူ့ ရတဲ့ အကွက် သူ တို့ အဲ့ဒီလို ဆောက်ခြင် ဆောက်မှာပေါ့ကွ။
ထွန်းမင်း ။ အဲ့ ဒါကြောင့် မင်းကို ဉာဏ်ရည်နိမ့်တဲ့ကောင် ။ ငပိန်းလို့ ခေါ်တာ သိလား ။ မျက်တောင်တစ်ဖျားဘဲမြင်တယ် ။ မျက်စိတစ်ဆုံးမမြင်ဘူး ။
ထူးဆန်း ။ ဟေ့ကောင် ဘာမှ မဆိုင်ဘူး ။ မင်းတို့ ဘောစိတွေလည်း ဆောက်မှာပေါ့ကွ။
ထွန်းမင်း ။ ငါပြောပြီးပြီ ။ သူတို့ က သူတို့ အတွက်ဘဲကြည့်တာ။ သူတို့ ဘယ်လို အမြတ်ရအောင်လုပ်ရမလဲဘဲ ကြည့်တာ။ တိုင်းပြည်မျက်နှာ သိပ်ကြည့်တာမဟုတ်ဘူး ။ မင်းတို့ငါတို့သာ အဲ့ဒီတိုင်းပြည်ချစ်ကြောင်းပြောရင်းနဲ့ မွဲနေတာ ။ မင်းစဉ်းစားကြည့်စမ်း ။ ငါ့ ဘောစိက တကွက်ရမယ် ။ မင်းဘောစိက တစ်ကွက်ရမယ် ။ ပြည်သူ့ အချစ်တော် ဟို အာလူးကြီးက တစ်ကွက်ရမယ် ဆိုပါတော့ ။ သူတို့ဘာလုပ်မလဲ ။ တစ်ကယ်တန်းပြောရင် သူတို့ လည်း လုပ်စရာ ဒီလောက် အရင်းအနှီး ရှိတာမဟုတ်ဘူး ။ အဲ့ဒီတော့ အဖြစ်ဆောက်ပြကြမယ် ။ ရသမျှနေရာ တစ်ပေရရ ၊ တစ်လက်မရရ ။ ရတဲ့ နေရာ ရောင်းစားလို့ ရအောင်လုပ်မယ် ။ အဲ့ဒီတော့…
ထူးဆန်း ။ အေး ရေးရေးတော့မြင်လာ ပြီ။ တွေးကြည့်လိုက်ဦးမယ် ။
ထွန်းမင်း ။ တွေးစမ်းပါ ။ တွေးစမ်းပါ ။
ထူးဆန်း ။ အေး ဟုတ်ပြီကွ ။ အဲ့ဒီတော့ ရတဲ့ သူ က ရတဲ့ သူ့ အကွက်ထဲမှာ လမ်းဆိုလည်း သွားလို့ ရယုံသာဆောက် ။ မြောင်းဆိုလည်း ရေ စီးယုံလေးသာ ဖောက် ။ ပလက်ဖောင်းမရှိတဲ့ လမ်း ။ ပန်းခြံမရှိတဲ့ နေရာ။ သံလွင်လမ်းက လမ်းကြားမြှောင်လေးတွေလို မြို့လည်မှာ ပေါ်လာနိုင်တာပေါ့ ။

ထွန်းမင်း ။ အေးပေါ့ ကွ ။ ငါ့ကောင်ကြီးတော်လာပြီ။ အဲ့ ဒါပါဘဲကွာ ။ဒါကြောင့် မြို့တော်ကို ဖျက်ဆီးဖို့၊ အကျည်းတန်အောင်လုပ်ဖို့၊ သမိုင်းတရားခံဖြစ်အောင် လုပ်ဖို့ သွားတယ်ပြောတာပေါ့ကွ။
ထူးဆန်း ။ မင်း ဘောစိက မသိဘူး လား ။
ထွန်းမင်း ။ ပြောပြီးပါရောလားကွာ ။ သူတို့ က သူတို့ အတွက်ဘဲ ကြည့်တာပါလို့ ။ မြင်လည်း သူတို့အတွက်ရ ပြီးတာဘဲ ဆိုပြီး ။
ထူးဆန်း ။ နေဦးကွ ။ ဒါက စစ်ထောက်ချုပ်ရုံးက ငှါးဖို့ တင်ဒါခေါ်တာဆိုတော့ သူတို့ ကော မမြင်ဘူးလား ။ သူတို့ လုပ်မှ ရမဲ့ ကိစ္စဘဲကွ။
ထွန်းမင်း ။ စစ်ထောက်ချုပ်ရုံးကတွေးမိ မမိတော့ ငါလည်းမသိဘူးကွ။ ဟဲဟဲ ကိုယ့်အတွေးနဲ့ ကိုယ်လေကွာ။ မင်းဘဲ ပြောပြောနေပြီး ။
ထူးဆန်း ။ ဒါဆိုဘယ်လိုဖြစ်သင့်လည်းကွ။
ထွန်းမင်း ။ ဖြစ်သင့်တာတော့ကွာ ၊ စစ်ထောက်ချုပ်ရုံးကနေ ဖြစ်နိုင်ရင် အခု တစ်ဝက်ဘဲ မဟုတ် ။ တစ်ကွက်လုံးကို Town Planning ပညာရှင်တွေကို အပ် ။ သေသေခြာခြာ လမ်းက ဘယ်မှာ ။ လမ်း အကျယ်က ဘယ်လောက် ။ ဘယ်နေရာမှ က အထပ်နိမ့် ဆောက် ။ ဘယ်နေရာက အထပ်မြင့် ဘယ်လောက်ဆောက်။ ဟိုတယ် က ဘယ်နေရာ ။ ရှော့ပင်းစင်တာ က ဘယ်နေရာ ။ အနားယူစရာ မြေကွက်လပ် ကဘယ်နေရာ။ နောင် MRT ဆောက်ရင် ရအောင် ဘူတာရုံအတွက် က ဘယ်နေရာ စသဖြင့် သေသေခြာခြာ ဆွဲပြီးမှ သူတို့ ပေးတဲ့ နေရာမှာ လိုခြင်တဲ့ အခြေခံ ဒီဇိုင်းနဲ့ ဆောက်ရမည်ဆိုပြီး ပုဂ္ဂလိက တွေကို ပြန် တင်ဒါခေါ် ၊ ဆောက်ဆိုရင် တော့ ဒို့ သမ္မတ ကြီးပြောတဲ့ စကာင်္ပူ ပုံစံလေး စောစောစီးစီး တစ်ကွက်ရမယ်ကွာ ။ နောက် တော့လည်း တတ်နိုင်ရင် တတ်နိုင်သလောက် Town Planning အရ အခြားနေရာများမှာလည်း ပြောင်းပြောင်းသွားပေါ့ကွာ ။။ ကြီးကြီးကျယ်ကျယ်ပြောရရင် မြေ ဒီအတိုင်းဘဲ ရောင်းစားတာမဟုတ်ဘဲ value added လုပ်ပြီး မှ ရောင်းတာပေါ့ကွာ။
အခု ဒီအတိုင်းပေးလိုက်လို့ကတော့ ဗြုတ်စဗြင်းတောင်း ဖြစ်သွားမယ် သူငယ်ချင်းရေ.
ဟူး ရင် မောလိုက်တာ ။
ထူးဆန်း ။ အင်း မင်းလည်းကိုယ့်အတွေးနဲ့ ကိုယ်ကို ကွ ။ အဲ့ဒီလိုဘဲ ဖြစ်သင့်ပါတယ် ကွာ ။ လေလံ ခဏရပ်ပြီး ပြန်စဉ်းစားသင့်တယ် ထင်တယ်ကွ။
ထွန်းမင်း ။ တစ်ခြား အကွက်တွေကို ပြောတာမဟုတ်ပါဘူးကွာ ။ အဲ့ ဒိ့ အကွက်ကြီးကိုပါဘဲ ။ Little Singapore လေးဖြစ်ချင်တယ်ကွာ သူငယ်ချင်းရေ။ စစ်ထောက်ချုပ်ကြီးရယ် ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လိူင်ရယ် တစ်ချက်လောက် ပြန်စဉ်းစားပါဦးလို့ ပြောချင်တယ် ။ Little thought mean so much တဲ့.။ ဟဲဟဲ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့ကွာ ။။။။။။။။။။။။ လ္ဘက်ရည် ဖိုးပေးပြီးသွားပြီ လစ်ပြီဟေ့။

13 comments

  • windtalker

    February 1, 2012 at 8:32 pm

    သူတို ့ဟာနဲ ့သူတို ့တော့ ဟုတ်နေတာဘဲ ။
    ကွက်လပ်ဖြည့်ပါ လို ့ဘဲ မန် ့ပါရစေ ခင်ဗျား ။

    • ကွက်လပ်ဖြည့်ပါ ဆိုတဲ့ဆေးကို ကိုပေသုံးနေတဲ့အတွက်
      ကြော်ငြာခြင်းအလို့ငှာ
      ကွက်လပ်ဖြည့်ပါလို့ မန့်ပါတယ်ဗျ …. 😛

      ကျွန်တော်ကတော့ ကယ်လ်ဆီယမ်ကွေကာပေါ့ဗျာ …. 😛

      • htoosan

        February 2, 2012 at 5:20 pm

        ဟုတ်တယ် ကိုပေရေ.ကွက်လပ်လေးက မှန်အောင် ဖြည့်နိုင်မှ အဓိပ္မါယ် ပြည့်ဝမယ်လေ။။
        မင်းကောင်ရေ .. မင်းကောင်ပြောချင်တာ မှန်တယ်ထင်တယ် .. အဲ့ဒီကနေ ဒီစကားလုံးနားထဲစွဲလာတာ ..TV ကြော်ငြာတွေမှာ အတော်ပျော်မွေ့တယ် ထင်တယ်နော့် .. 😀 ဘယ်သူ အားပေးသွားလည်းတော့ မသိဘူး နော် .. အနီနဲ့ မင်းကောင်ကို ချီးမြှောက်ပေးသွားတ ယ် … 😀
        အရီးလတ်ရေ .. ဘာဘဲပြောပြော ကျေးဇူးတင်တတ်အောင် ကြည့်ရင် လောကကြီးက ပိုပြီး ပျော်မွေ့စရာကောင်းလာ တာ အမှန်ပါ..
        အားပေးသူ ဘဖော ၊မမ၊ awra-cho ။ ကောင်းမြတ်သူ ၊Shwe Tike Soe ၊Arkar11တို့ကို ကျေးှဇူးပါ။

  • Khin Latt

    February 2, 2012 at 4:47 am

    ကိုထူးဆန်း ရေ – သေသေချာချာ တွေးပြီး ကိုဖတ်ခဲ့ပါတယ်။
    ပြောရရင် အားလုံးက ကိုယ့်အိမ်မက် ကို မက်ကြည့်နေကြကြပါတယ်။
    ဝမ်းနည်း စရာကတော့ – အခုလောလောဆယ်တော့ အများအတွက် စဉ်းစားပေးတဲ့ အိမ်မက်တွေက အကောင်အထည်ပေါ်တာ နည်းပြီး တစ်ဘို့ထဲ အတွက် အိမ်မက် တွေ က come true ဖြစ်နေဆဲ … 🙁

    အကောင်းမြင်စိတ် နဲ့ ဆိုရင်တော့ အိမ်မက်မက်လို့ ရခွင့် ရနေတာကို ဘဲ ကျေးဇူးတင်နေရသေး။

    အဲဒီနေရာသတင်းကတော့ … ဟိုးအရင်ထဲ က မျက်စိကျနေသူတွေ အများကြီး …
    အဝေမတဲ့လို့ ဘာမှမလုပ်ဘဲထားတာ ထင်ရဲ့။

  • Foreign Resident

    February 2, 2012 at 6:18 am

    Post လေးက အတွေးအခေါ်လေးရော ၊
    အပြုသဘောဆောင် ထောက်ပြချက်လေးရော ပါတယ် ။
    Bravo ပါ ကို htoosan ရေ ။

  • MaMa

    February 2, 2012 at 9:03 am

    ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ကိုထူးဆန်းရဲ့ ဘရန်းကတော့ ဂေဇက်ရဲ့ မျက်နှာစာမှာ လှပစွာ နေရာယူလာတာကို ဂုဏ်ပြုပါတယ်။

  • awra-cho

    February 2, 2012 at 9:57 am

    စာ ရေးကောင်းတဲ့သူတွေ ချီး (ချည်း)ပါပဲ လား။ အားပေးပါတယ်၊

  • ကောင်းမြတ်သူ

    February 2, 2012 at 10:47 am

    ဆရာတရုတ်ကြီးဆီ ကနည်းပညာနဲ့မြို့ကွက်တစ်ကွက် (၁၅)ရက် စီမံကိန်းတွေများထွက်လာမလားပဲ။ စဉ်းစားကြ…….စဉ်းစားကြ………

  • Shwe Tike Soe

    February 2, 2012 at 10:56 am

    အမလေး လေလံသွားစွဲတဲ့သူ ထက် တပည့်ဖြစ်နေတဲ့သူက Plan ဆွဲပြသွားတာ တော်တာ.. အဲဒီလူမျိုးကို ဆောက်လုပ်ရေးဝန်ကြီး ခံလိုက်လို.ကတော့ စင်္ကာပူကတော့ နေခဲ့တော့ပဲ နော… ဟဲဟဲ 😀
    တကယ်တန်း ပြောရရင် ပြောသွားတာကတော့ မြို.လယ်ခေါင်မှာ လုပ်စားကြတော့မယ်ပေါ့.. ရင်လေးစရာပါလား…

  • Arkar11

    February 2, 2012 at 11:15 am

    ဒီလိုပို့စ်မျိုးတွေတင်တာ သိပ်ကောင်းပါတယ်…ဒါမှ မဖြစ်သင့်တာတွေ မဖြစ်အောင်တားနိုင်မှာပါ…
    သက်ဆိုင်ရာလူကြီးမင်းတွေ ဖတ်ဖြစ်ပြီး ဆင်ခြင်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်… မနေ့က မဝေဝေ ရေးခဲ့သလိုပဲ ဌာနဆိုင်ရာတွေမှာ တကယ်တတ်ကျွမ်းတဲ့လူတွေ မရှိသလောက် ဖြစ်ကုန်ပြီ….အခုလို ပြည်သူတွေက ထောက်ပြဝေဖန်မှ ပြုပြင်မှုတွေဖြစ်လာပါ…ရေးတဲ့သူကိုလည်း အားပေးပါတယ်…များများသာတင်ပေးပါ…

  • Mလုလင်

    February 2, 2012 at 12:20 pm

    အားပေးပါတယ် ဗျာ။ လတ်တလော ဆို RC-2 ထဲက အဆောက်အအုံ တွေ အကြောင်းလေးလဲ ဆက် ပေးပါဦး။

  • စိန်ပေါက်ပေါက်

    February 2, 2012 at 1:22 pm

    အူးလေး..အူးလေး..
    လဘက်ရည်ဘိုးရှင်းပြီး ဆေးလိပ်ဘိုး ကျန်ခဲ့လို ့ လိုက်တောင်းတာပါခင်ည 😆
    ဖတ်ရင်းနဲ ့ လည်သွားလို ့…ဘာပေါရမှန်းတောင် တိဘူး အူးရေ
    သများတို ့မမြင်နိုင်တဲ့..အချက်လေးတွေ ပြောပေးတယ်လို ့ပဲ..မှတ်၏

  • htoosan

    February 2, 2012 at 5:26 pm

    Mလုလင် ရေ RC 2 အကြောင်းတော့ ကျွန်တော်မသိဘူးဗျ။ 🙄
    ဆေးလိပ်ဖိုးတော့ ဘေးနားက လာခိုးနားထောင်နေတဲ့ စားပွဲထိုး စိန်ပေါက်ဘဲ ဆိုင်ရှင်စိုက်ရော်လို်က်တော့.. လစ်ပြီလေ … ခွစ် ခွစ် ခွစ် …. 😀 😀

Leave a Reply