ဇာတ်သိမ်း

KingFebruary 1, 20121min23716

 

ဇာတ်သိမ်းဆိုတာ

တစ်ခန်းရပ်လိုပါ

ဒီနေရာမှာရပ်လိုက်ပေမယ့်

ဟိုတစ်ဖက်မှာ

တစ်ခြားဇာတ်ရုပ်နဲ့ ထွက်ပေါ်လာမှာပဲ

ငါမရှိတဲ့

နင့်နှလုံးသားမှာ

အဖော်ပြုမယ့်သူက နည်းမှမနည်း

ငါတောင် ဂျူနီယာဖြစ်ပေမယ့်

တစ်ခြားတစ်ဖက်မှာ

အများစုရဲ့ စီနီယာပေါ့

ဒီအထာကို

ရီတာပေါ့လို့ မပြောနိုင်

ဝေဒနာကိုကြိတ်

ဒဏ်ရာကိုပိတ်လို့

ငှက်တစ်ကောင်နဲ့အတူ ငါပျံသန်းလိုက်တယ်

တိမ်ပေါ်မှာ အရုပ်ရေး

အရှုပ်အထွေးကင်းတဲ့

ရွာပြင်မှာ

ဖူးစာကို ဦးရာလို့မသတ်မှတ်

မင်းအတွက်နဲ့ ငါဟာ မျက်ရည်စက်လက်

ဒိအတွက်နဲ့

အချစ်ကို ဇာတ်သိမ်းတော့မယ်

နောက်ထပ်…..

ချစ်ရမည့်သူ မပေါ်သ၍ပေါ့ …………

အကျဉ်းထောင်က (နှလုံးသားမြို့)

မင်းကောင်

 

 

16 comments

  • pooch

    February 1, 2012 at 11:56 pm

    ပုံလေးက ကဗျာဆန်တယ် ။ တမျိုးလေးပဲ ။ စကားပြောတယ်။ သစ်ခြောက်ပင်ကြီး တကိုယ်ထဲ အထီးကျန်ခြောက်သွေ့နေတယ် ဆိုမှပဲ ဘေးဘီက ကြိုးတန်းတွေက လာရှုပ်ထားသေးတယ်။ လွတ်လွတ်လပ်လပ်နေခွင့်မပေးသလိုပဲ။

    ခုတလော မြင်လိုက်ရင်ထောင်ထဲက မထွက်တာချည်းပဲ ။ ကိုယ့်ဟာကိုယ်ပိတ်လှောင်ထားရင်တော့ ဘယ်တော့မှာ လွတ်မြောက်မှာ မဟုတ်ဖူး။ လောကကြီးမှာလည်း အချစ်ထက်အရေးပါတာတွေ အများကြီး ရှိပါတယ်။ ခံစားသင့်သလောက်ပဲ ခံစားပါ။ ထားခံခဲ့ရတာဆိုရင်လည်း သူ့ထက်ပိုကောင်းတဲ့သူကိုရှာဖို့ အခွင့်အရေးပေးခဲ့တာပဲ ဆိုပြီး ကျေးဇူးတင်စိတ်မွေးလိုက်ပါ။

    တယောက်နဲ့မှ အဆင်မပြေဘူးဆိုရင်လည်း တကိုယ်ထဲ နားအေးပါးအေး နေရတာကို
    ကျေးဇူးတင်လိုက်ပါ။ :mrgreen:

    • Khin Latt

      February 2, 2012 at 4:32 am

      You are absolutely right … Pooch. I agree. 🙂

      • zarlay

        February 2, 2012 at 12:44 pm

        အရေးအသားက လေးစားလောက်ပါပေတယ်နော်

  • Khin Latt

    February 2, 2012 at 4:31 am

    တယ်ဟုတ်ပါလား။ ကဗျာစပ်လဲ ရသကိုး။
    အရမ်းကောင်းပါတယ်။
    မင်း ဇာတ်သိမ်းဖို့ တကယ်ဘဲ ကြိုးစားတာ ဆို ရင်တော့ ဒီ ကဗျာ ကို သူ့ကို ပေးမဖတ်နဲ့။
    မဟုတ်ရင် စိတ်လည်ပြီး ပြန်လာနေဦးမယ်။ jk 😉

    ~~ အရှုပ်အထွေးကင်းတဲ့ ရွာပြင်မှာ ~~~
    ဆိုတော့
    ရွာတွင်း မှာတော့ ရှုပ်ထွေး နေတယ်လို့ မောင်ကင်း က ဆိုလိုချင်တာလား။ 😀

  • Moe Z

    February 2, 2012 at 8:45 am

    ဘဘကင်းရဲ့ ၁၀၁ကြိမ်မြောက်ဇာတ်သိမ်းပါဗျို့ 😀

  • MaMa

    February 2, 2012 at 9:29 am

    သေသေချာချာလည်း ဖတ်ကြဦးနော်။
    (ဟိုတစ်ဖက်မှာ တစ်ခြားဇာတ်ရုပ်နဲ့ ထွက်ပေါ်လာမှာပဲ) ဆိုတာ…..
    တခြားလူလို့ ထင်မနေကြနဲ့။
    “ကျွန်ုပ် မောင်ကင်းကိုယ်တိုင်ပင် ဖြစ်တော့ သကိုး” လို့…….
    မြင်မိသလိုပဲ 😆

  • ငါတောင် ဂျူနီယာဖြစ်ပေမယ့်

    တစ်ခြားတစ်ဖက်မှာ

    အများစုရဲ့ စီနီယာပေါ့
    (သွယ်ဝိုက်ပြောနေသလိုဘဲနော်)

  • water-melon

    February 2, 2012 at 10:11 am

    ရေရေလည်လည်လန်းတယ်ဗျ
    ဒို့ရွာထဲက မော်ဒန်ကဗျာဆရာကြီးဘဲ
    သင်ပေးပါအုန်းနော့ 😀

  • htet way

    February 2, 2012 at 11:22 am

    အပြာနုရောင် အိပ်မက်တို့ ကြက်ပျောက်ငှက်ပျောက် လွတ်မြောက်ထွက်ပြေး
    ဘေးမဲ့ ပေးလိုက်ပြီ။

  • amatmin

    February 2, 2012 at 12:59 pm

    ဇာတ်သိမ်းမလှတဲ့ ကိုကင်းကိုနမူနာယူပြီး.
    ဇာတ်သိမ်းလှဖို့~~ အချစ်တခု~~ ရှာဖွေနေဦးမယ်.. 🙂

  • စိန်ပေါက်ပေါက်

    February 2, 2012 at 1:07 pm

    အူးကင်း..အူးကင်း..
    ဇာတ်သိမ်းပြီဆိုတော့ နေကြာစေ့ခွံတွေ…ဆီးသီးစေ့တွေ.ကျွတ်ကျွတ်အိတ်တွေ လိုက်ကောက်နေရမှာပေါ့နော် 🙄

    အူးကင်းက တဖြည်းဖြည်း ကဗျာစပ်တာ ဂျွတ်လာပြီ
    သများလဲ ဝမ်းဒေးကျရင် အူးကင်းလို ဂျွတ်အောင် ကျိုးစားဦးမယ်..

  • @ pooch
    အားပေးစကားပြောတဲ့အတွက်ကျေးဇူးပါဗျ
    ပုံလေးက ကဗျာဆန်တယ် ။ တမျိုးလေးပဲ ။ စကားပြောတယ်။ သစ်ခြောက်ပင်ကြီး တကိုယ်ထဲ အထီးကျန်ခြောက်သွေ့နေတယ် ဆိုမှပဲ ဘေးဘီက ကြိုးတန်းတွေက လာရှုပ်ထားသေးတယ်။ လွတ်လွတ်လပ်လပ်နေခွင့်မပေးသလိုပဲ။ အဲဒီပုံက ရှမ်းပြည်နယ် ဟိုပုံးမြို့ကနေ မွေတော်ကက္ကူဘုရား အသွား လမ်းမတစ်နေရာက ပုံလေးပါဗျ …. ကြိုးတန်းတွေက လာရှုပ်နေတယ်ဆိုတာက သမုဒယ သံယောဇဉ်တွေပါ ဘယ်လိုပဲ ခြောက်သွေ့ပြီး အထီးကျန် နေတယ်ဆိုပေမယ့် သံယောဇဉ် နှောင်ကြိုးတွေကြောင့် ဘဝမှာ ရှုပ်နေအုံးမှာပါ ….
    ————————————————————————————————————–
    @ ဇာလေး
    ကျေးဇူးအထူးတင်ရှိပါတယ်ဗျ
    ————————————————————————————————————–
    @ အရီးလေးရေ
    မင်း ဇာတ်သိမ်းဖို့ တကယ်ဘဲ ကြိုးစားတာ ဆို ရင်တော့ ဒီ ကဗျာ ကို သူ့ကို ပေးမဖတ်နဲ့။
    မဟုတ်ရင် စိတ်လည်ပြီး ပြန်လာနေဦးမယ်။
    ဟုတ်ကဲ့ပါဗျ မပေးပါဘူး … ကျွန်တော်က ထွေးပြီးသားတံတွေး ပြန်မြိုလေ့မရှိပါဘူးဗျ (မှတ်ချက်။ တံတွေးတင်သာ ကျန်သည့်အရာများမပါ … 😛 )
    ရွာတွင်းမှာ ရှုပ်ထွေးနေတယ်လို့ မပြောပါဘူး …. လူစည်မှကောင်းတာကိုး ဒါပေမယ့် နည်းနည်းတော့ မျက်စိလည်ပြီး ရှုပ်နေသလိုပဲ ….. ရွာထဲက အပျိုချောတွေကို သေချာထိန်းသိမ်းဖို့ ကလသားခေါင်းကြီး ကိုကြောင်ကြီးနဲ့ စီမံချက်ရေးရလိမ့်မယ် …. တော်ကြာ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေ ကြောင့် သူဂျီးတူမ သူများလက်ဦးရင် ရင်ကွဲရလိမ့်မယ် …. 😛
    (မှတ်ချက်။ ဤဟာကို အတည်မှတ်၍ သူကြီးမင်းမှ တူမချီးမြှင့်မည်ဆိုပါကလည်း မငြင်းဝံ့ပါကြောင်း … 🙂 )
    ————————————————————————————————————–
    @ မြေးမလေး
    ဘာတွေ လျှောက်ပြောနေတာလဲ …. ရွာထဲက အပျိုချောတွေများ သနားစိတ်ကလေးများ ဝင်လာမလားလို့လေ … 😛
    ————————————————————————————————————–
    @ မမ
    ဘာမှ မပြောတော့ဘူး ရီပြလိုက်မယ် … 🙂
    ————————————————————————————————————–
    @ လေးပေါက်ကလည်း
    အဲဒါက အဲသလိုပေါ့ဗျာ … 🙂
    ————————————————————————————————————–
    @ ဖရဲသီးရေ
    ဆရာကြီး မဟုတ်ရပါဘူးဗျာ …. ရွာထဲက ဆရာ့ ဆရာများ ကဗျာကို ဖတ်ရင်းနဲ့ စိတ်ကူးပေါက်ရာ ရေးမိလိုက်တာပါ … 😛
    ————————————————————————————————————–
    @ ကိုထက်ဝေးရေ
    အစ်ကိုရဲ့ စာသားလေးကို နှစ်ခြိုက်မိပါရဲ့ဗျာ
    အပြာနုရောင် အိပ်မက်တို့ ကြက်ပျောက်ငှက်ပျောက် လွတ်မြောက်ထွက်ပြေး
    ဘေးမဲ့ ပေးလိုက်ပြီ။

    ————————————————————————————————————–
    @ အမတ်မင်းရေ
    အချစ်သစ်တွေ့ရင် ရှယ်ပေးပါလားဗျ …. 😛
    ————————————————————————————————————–
    @ ကပေါက်ဖော်ရေ
    လိုက်ကောက်မလို့ပဲ ဒါပေမယ့် ကပေက ကပေါက်ဖော်ဆီမှာ သူက ပါမစ်ရထားတယ်ဆိုပြီး နှင်လိုက်လို့ အခု သူ့ရဲ့အကျန်ကို ကောက်သင်းကောက်ဖို့ ချောင်းနေပါတယ်ဗျ … 😛 .. ကပေါက်ဖော်က လန်းပြီးသားပဲ ဘယ်အချိန်ချိန်စပ်စပ် ကစ်ချက်က 9 လောက်ရှိတော့ ဂျွတ်နေမှာက အမှန်ပါပဲဗျ
    ————————————————————————————————————–
    အားလုံးကို ခင်မင်စွာဖြင့်
    မင်းကောင်

  • mandalarthu

    February 2, 2012 at 3:03 pm

    ကောင်းလိုက်တဲ ့ ကဗျာလေး ဲ…စာသားနဲ ့ရေးဖွဲ ့မှုက ခံစားချက်ကို သရုပ်ပေါ်လွင်လွန်းလှတယ်။
    ကိုကငိးေ၇…ဒီနေရာမှာတခန်းရပ်ပေမယ် ့ဟိုတဖက်မှာ ပေါ်လာဦးမှာပါဘဲ…..
    သံသရာဆိုတာ အရှည်ကြီးမို ့ပါ။..

  • ကိုကင်းရေ …
    ကြိုက်သဗျာ … ။ ကဗျာလေးကို … ။
    ခိုက်သဗျာ … ။ ကာရန် ယူထားတာလေးကို …. ။

    ကိုယ့်အတွက် အချစ်ဦး ဖြစ်ပေမယ့် သူ့အတွက် မထူးဆန်းတဲ့ အချစ်တစ်ခု ဆိုတော့ …
    တော်တော်တော့ ခံရခက်မှာပေါ့နော …… ။
    (အထက်ပါ စာသည် ကျွန်ုပ်၏ ထင်မြင်ချက်သာ ဖြစ်ပါသည် မစ္စတာ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING ခင်ဗျား ….။ မှားက ခွေးလွှတ်ပေးပါရန် )
    😀 😀 😀

  • blackchaw

    February 2, 2012 at 9:48 pm

    ကိုကင်းရေ။
    အဲဒီ ဇာတ်သိမ်း ဆိုတဲ့ နာမည်နဲ့ ကျွန်တော်လည်း ကဗျာလေးတစ်ပုဒ်ရေးခဲ့ဘူးတယ်။
    အောက်မှာပါတဲ့ Related posts မှာပါတဲ့
    ဇာတ်သိမ်း (ကဗျာ) ဆိုတာ ကျွန်တော့် ကဗျာလေးပါ။
    အောင်လည်းအောင်မြင်ခဲ့ပါတယ်။
    ကွန်းမန့် တစ်ခုမှ မရခဲ့တဲ့အထိကို အောင်မြင်ခဲ့တာပါ။
    ခင်ဗျား ဖတ်ပြီး ကွန်းမန့်လေး ချီးမြှင့်ပေးရင် ကျွန်တော် တော်တော် ပျော်မှာဗျ။
    ကဲ ကျွန်တော် စောင့်နေမယ်ဗျာ။

  • ကြောင်ကြီး

    February 3, 2012 at 11:53 am

    ချစ်ရတဲ့သူ မပေါ်ရင် အလစ်မှာ ဆွဲချွတ်ကြည့်ကွာ၊ ပြီးမှဘွာတေးလုပ်…။

Leave a Reply