“အဟောင်းတွေကိုပြန်သစ်စေတဲ့ မန်းလေးက…………….”

1 အဟောင်းပုံကြီးလေ လမ်းဘေးမှာပုံထားတာ
2 ဒီလောက်အများကြီးရအောင်အတော်စုယူရမှာနော်
3 ဟောင်းပြန်သစ် လုပ်သားတွေပေါ့
4 တက်တက်ကြွကြွအလုပ်လုပ်နေကြတာပါ
5 ဒါကလဲ အဟောင်းတွေပါဘဲ
6 အသစ်ပြန်လုပ်ဘို့ အဆင့်သင့်စောင့်နေသူလေ
8 မကုန်နိုင်တဲ့ အမိူက်ကလာတဲ့ ကုန်ကြမ်း
9 ဒါကတော့မန်းလေးကန်တော်ကြီးနားမှာတွေ့တာပါ
“အဟောင်းတွေကိုပြန်သစ်စေတဲ့ မန်းလေးက…………….”

 

တစ်ရက်မိတ်ဆွေတစ်ယောက် မန်းလေးစက်မူ့မြို့သစ်ထဲက ဘုန်းကြီးကျောင်းမှာလုပ်ပါတယ်။

သူပြောတဲ့ကျောင်းနာမယ်က “ဘုံပျံတောရ”။

ကိုယ်ကလဲ စက်မူ့သွားနေကျ ဒီကျောင်းအမည်ကိုလဲသိနေတော့ အေးလာခဲ့မယ်ပေါ့။

တကယ်သွားလဲသွားရော “ဘုံပျံတောရ”ဆိုတာက ကျောင်းကြီးတစ်ခုလုံးနာမည်ဖြစ်နေပါတယ်။

အဲဒီထဲကမှ ကျောင်းတိုက်ခွဲလေးတွေအများကြီး။

ဒါနဲ့သူ့ကိုဖုန်းဆက်မေးတော့ မှသူက နာမည်ပြော။

ကိုယ်အမှားပါ ဖိတ်စာကို အဆုံးထိ မဖတ်ခဲ့မိတာလေ။

သူပြောတော့ အဟုတ်တစ်ကယ်ရှာပြန်တော့ ကျောင်းမတွေ့။

လမ်းမှာတွေ့သူကိုမေးပြီးသူပြောတဲ့အတိုင်းသွားတော့ လမ်းပိတ်ကြီးဖြစ်နေပါတယ်။

နောက်ဟိုဝင်ဒီထွက်နဲ့လမ်းတွေမှားသွားရင်းကနေ

မန်းလေးမြို့က အမိူက်အဟောင်းအစုတ်တွေထဲက နေအကောင်းဖြစ်စေတဲ့

ပစ္စည်းများဖြစ်အောင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကြီးကို ဘွားကနဲတွေ့လိုက်ရပါတယ်။.

လမ်းဘေးမှာ ပုံထားတဲ့ပစ္စည်းကြည့်ရုံနဲ့တင်လုပ်ငန်းကြီးတယ်ဆိုတာသိနိုင်ပါတယ်။

အလားကားလွင့်ပစ်ရတာကို လူသုံးကုန်ပစ္စည်းဖြစ်အောင်ဖန်တီးတာကိုတော့

လုံးဝကို လေးစားမိပါတယ်။

တကယ်လို့သာ ဒီလိုအဟောင်းကိုပြန်သစ်တဲ့လုပ်ငန်းကိုအခုလိုလမ်းဘေးမှာ

ဖြစ်သလိုလုပ်နေတာကနေ စက်ရုံအလုပ်ရုံလုပ်ငန်းလို စနစ်တစ်ကျလုပ်နိုင်မယ်

ဆိုရင်ပိုကောင်းမယ်လို့တွေ့းမိပါတယ်။

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(2-2-2012)

16 comments

  • ဒီလိုအဟောင်းတွေကို ပြန်ပြီးသစ်အောင်လုပ်သလို
    ကျနော်တို့ရဲ့စိတ်အဟောင်းတွေကိုရော ဘယ်လိုပြန်သစ်အောင်လုပ်ရင်
    ကောင်းမလဲလို့ ပေါက်ကရတွေးမိပါသေးတယ်ဗျာ။

  • water-melon

    February 2, 2012 at 10:04 am

    ကျနော်တို့ရဲ့စိတ်အဟောင်းတွေကိုရော အသစ်ဖြစ်အောင်လုပ်လို့ရရင်တော်တော်ကောင်းမှာနော့
    စိတ်သစ်အောင်လုပ်လို့ရရင် ထိပ်ဆုံးကရအောင်ပြေးမယ်ဗျ
    ဒီလောက်များရင် ဒိုင်ဖြစ်မယ်ထင်တယ်။

  • Diamond Key

    February 2, 2012 at 10:49 am

    ကိုပေါက်ရေ…. များလှချီလား အသစ်ပြောင်းမယ့် အဟောင်းတွေ 😛
    အနားကပ် မရိုက်နဲ့ အုံးနော်………… မှားပြီး အိတ်ထဲ ထည့်နေအုံးမယ် :mrgreen:

    • Moe Z

      February 2, 2012 at 10:52 am

      လေးပေါက်ရေ အဲဒါကိုစိန်သော့က လေးပေါက်ကိုဟောင်းနေပြီလို့ သွယ်ဝိုက်ပြီးပြောလိုက်တာသိလား 😛

  • စိန်ပေါက်ပေါက်

    February 2, 2012 at 11:16 am

    သူရို ့က ဂရုနဲ ့လုပ်ကြတာ
    သများငယ်ငယ်က
    သားရေဖိနပ်တို ့..ဘီယာပုလင်းအခွံတို ့..ဒန်အိုးဒန်ပိန်တို ့..ဗလာစာအုပ်တို ့ကို တစ်အူးတီးမူပိုင် လိုက်လိုက်ရောင်းတာ
    ညှင်း.ညှင်း..
    😀

    • water-melon

      February 2, 2012 at 8:33 pm

      အယ် ဒါဆို ပေါက်ဖော်လေးက ဒန်ဝယ်သည်ကြေးဝယ်သည်လေးပေါ့
      ဝက်ခေါက်ဆိုင်မဖွင့်ခင်ရောင်းတာလား
      ဒါဆိုလာဝယ်ပါအုန်း တေးအိုးရောင်းချင်လို့ 😀

  • DEPARKO DEPARKO

    February 2, 2012 at 11:39 am

    ရန်ကုန်မြို့ မှာလဲ အဲဒီလိုအဖွဲ့တွေရှိရင်ကောင်းမယ် အခုတော့ ပလပ်စတစ်ကောက်တဲ့သူတောင်မရှိတော့လို့ နေရာတော်တော်များများမှာ အင်းမပြောတော့ပါဘူး

  • ဟုတ်တယ် မိုးဇက်ရဲ့
    ငါက ကိုသော့ကို အကိုကြီးလို့ ယောင်ပြီးခေါ်မိတာကို
    စိတ်ခုနေလို့ အဟောင်းကြီးလို့ပြောတာနေမှာနော်။

    • windtalker

      February 3, 2012 at 10:08 pm

      မှတ်သားထားဦးမှဘဲ ။ အခေါ်အဝေါ် အသစ်လေး တွေ အလန်းလေးတွေ

  • MaMa

    February 2, 2012 at 2:51 pm

    ကိုပေါက်ရဲ့ အဟောင်းတွေကြားထဲမှာ ပေါ်လာတဲ့ စိတ်ကူးအသစ်ကလေးကတော့ ကောင်းပါ့။

  • kyeemite

    February 2, 2012 at 3:27 pm

    ကိုပေါက်(မန္တလေး) says:

    ဒီလိုအဟောင်းတွေကို ပြန်ပြီးသစ်အောင်လုပ်သလို
    ကျနော်တို့ရဲ့စိတ်အဟောင်းတွေကိုရော ဘယ်လိုပြန်သစ်အောင်လုပ်ရင်
    ကောင်းမလဲလို့ ပေါက်ကရတွေးမိပါသေးတယ်ဗျာ။

    ကိုပေါက်ရဲ့အတွေးကိုတွေ့လိုက်တော့…ငယ်ငယ်ကကြားဘူးတဲ့သီချင်းလေးသွားသတိရတယ်..
    အဆိုတော်က ဘလိုင်းထီးဆိုင်ထင်ပါရဲ့….ဘာတဲ့….
    ဆံပင်အလှပြင်တဲ့ဆိုင်။မျက်နှာအလှပြင်တဲ့ဆိုင်
    အဟောင်းအညစ်ကို အကောင်းအသစ်ဖြစ်အောင်
    လုပ်တဲ့ဆိုင်တွေ အများကြီးရှိတယ်….
    ဘဝအလှပြင်ဆိုင်ကိုတော့ ရှာလို့မတွေ့ဘူး..ငါ့ဘဝကိုငါပြင်ချင်တယ်..ဘယ်လောက်ဘဲပေးရပေးရပေါ့…
    ဟဲဟဲ..အခုထိမှတ်မိနေတာလေးပါ…
    လေးစားပါတယ်ကိုပေါက်ရေ…

  • ဟုတ်ပါတယ် ကိုကြီးမိုက်ရေ
    အဲဒီသီချင်းက ဘလိုင်းထီးဆိုင်ဆိုထားတာပါ။
    မန်းလေးမှာသူလို့ အလင်းမရတဲ့ အဆိုတော်ကြီးတစ်ယောက်ရှိခဲ့ဘူးပါတယ်။
    သူ့သီချင်းကို လူပေါင်းများစွာပြန်ဆိုပေမယ့် သူ့ကိုတော့ မေ့နေကြတာများပါတယ်။
    “ကြံကြံဖန်ဖန် ရန်ကုန်သူ မန်းလေးသွားလို့ အသားမဲပြန်သတဲ့ဆူ” ဆိုတဲ့
    ရန်ကုန်သူ (သို့မဟုတ်)ရွှေဘိုသနပ်ခါးသီချင်းမူရင်းဆိုခဲ့သူပါ။
    အဆိုတော်ကြီး မန္တလာမြင့်ပါ။
    ကျနော်ကလေးဘဝအရွယ်မှာ လမ်းသီချင်းလေးဆိုရင်းလမ်းတကာလျှောက်သွား
    နေတဲ့ အဲဒီအမေကြီးကို အဆိုတော်ကြျီးမှန်းမသိခဲ့ရပါဘူး။
    ဒါလေးကလဲတိုက်ဆိုင်သွားလို့ပြောပြတာပါ။
    ရှေးဟောင်းနှောင်းဖြစ်လေးပေါ့။

  • ရွှေ မင်း သား

    February 2, 2012 at 8:59 pm

    လေးပေါက်ရေ …
    ဒီတိုင်းဆိုရင် အဟောင်းဈေးကွက်က မသေးလောက်ဘူးနော်
    ခိုင်မာတဲ့ ဈေးကွက် တစ်ခုတော့ ရှိလို့နေမှာ။

  • fatty

    February 2, 2012 at 9:20 pm

    ပရီဘောဂအဟောင်းတွေ အောက်ဈေးနဲ့ဝယ် ပြန်ရှိုင်း ပြန်ရောင်းတဲ့
    အလုပ်ကလည်းမဆိုးဘူးဗျ … ။

  • aye.kk

    February 3, 2012 at 1:37 am

    ကိုပေါက်,ရေ…
    အမှိုက်ပုံကြီးကိုတွေ ့တော့..
    အောက်ချေတစ်ခုလုံးကစိတ်ဓတ်တွေအတိုင်းမြင်မိတယ်..
    အရမ်းဟောင်းကာစုတ်ပြတ်သတ်နေပြီ၊ဘယ်လိုဖယ်ရှားကာရပါ့ဦးမလဲလို့တွေးမိတယ်..။

  • ရင် နင့် အောင်

    February 3, 2012 at 3:15 pm

    မန်းလေးမှာကတော့ အရင်က ပုလင်းဝန်း လည်း အဲလိုပါပဲ။ ပုလင်းအဟောင်းတွေ စုပုံထား။ recycle usage လုပ်တယ်ပေါ့။
    ိdocumentary ရိုက်တာလေး လေးစားပါတယ်။ နောက်ပိုင်းမှာ ရှိဖို့ မသေချာတော့တဲ့ မြင်ကွင်းတွေကို သမိုင်းမဟုတ်ရင်တောင် မှတ်တမ်းကျန်ခဲ့ဖို့သင့်တယ်။

Leave a Reply