နာဂစ်နဲ့ မီးသွေး

DEPARKO DEPARKOFebruary 2, 20121min831

ကျွန်တော်ဟာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတော့သိပ် နားမလည်ပါဘူး ဒါပေမည့် မြစ်ဝကျွန်းပေါ်တစ်လျှောက် ခရီးသွားရပါများတော့ သတိထားမိလာတာတစ်ခု ရှိလာတယ်၊ အဲဒါက ဒေသခံတစ်ချို့ ဒီရေရောက်တောတွေကို စည်းမဲ့ကမ်းမဲ့ ခုတ်ပြီး ထင်း/မီးသွေးအဖြစ် အသွင်ပြောင်းနေတဲ့အချက်ဘဲ၊
ကျွမ်းကျင်တဲ့ပညာရှင်တွေအဆိုအရ ဒီရေရောက်တောတွေဟာ သဘာဝပါတ်ဝန်းကျင်ကို အကျိုးပြုရုံတင်မကဘူး ဆူနာမီလို ရေလှိုင်းဒါဏ်တွေကိုပါ ခံနိုင်တယ်တ ဲ့။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီရေရောက်တော တော်တော်များများဟာ ပညာမဲ့ အသိပညာနည်းပြီး ဆင်းရဲတဲ့အတွက် ဝမ်းစာအတွက် ထင်းနဲ့ မီးသွေးဖုတ်ဖို့ သစ်တွေအတွက် လွယ်လွယ်ရတဲ့ ဒီရေတောတွေကို ခုတ်ရင်းနဲ့ မြစ်ဝကျွန်းပေါ် နေရာတော်တော်များများမှာ ပြောင်တလင်းခါနေပါပြီ၊
နာဂစ်မှုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပင်လယ်ကမ်းစပ်ဒေသတစ်ချို့မှာ သိန်းနဲ့ချီသေဆုံးပြီး ဆုံးရှုံးမှုလဲ မမျှော်မှန်းနိုင်အောင် များပြားခဲ့ရတယ် လယ်မြေဧကပေါင်းများစွာဟာ ပင်လယ်ရေဖုံးလွှမ်းခြင်းကိုခံရပြီး နဂိုအခြေအနေ ပြန်ရောက်ဖို့ နှစ်ပေါင်းများစွာ အရှိန်ယူရဦးမယ်။ ဒါဟာ သဘာဝဘေးတင်မကဘူး လူသားတွေရဲ့ စည်ကမ်းမဲ့မှုအပေါ် ဂေဟစနစ်ပျက်ယွင်းလာလို့ သဘာဝတရားရဲ့ဒါဏ်ခတ်မှုလဲပါတယ်။
တစ်ချိန်က ဘိုကလေးမီးသွေးဆိုတာ ကျွန်တာ်တို့ အောက်ပိုင်းဒေသမှာ မသိတဲ့သူခပ်ရှားရှားပါ မီးသွေးတိန်တိန်မည်ရင် ဘိုကလေးမီးသွေးဆိုပြီး နာမည်ရပါတယ်။
အခု ဘိုကလေးမီးသွေးဟာ ကောင်းကောင်းမထွက်တော့သလို မြိတ်ဘက်ကနေ တရားမဝင့်တဝင်
ကုန်လှေကြီးများနဲ့ (တစ်စီးလျှင် အချိန်၆၀ဝင်အိတ်၅၀၀ဝခန့်ပါ)အပြည့်အမောက် ရန်ကုန်မြို့ရဲ့ ပေါက်ကွဲထွက်လာတဲ့ လူဦးရေရဲ့ လိုအပ်မှုကိုအလျှင်မှီအောင် တစ်နေ့ကို နှစ်စီးကနေသုံးစီး အပြိုင်အဆိုင်အလုအယက် ရန်ကုန်မြို့ကိုသွင်းနေတာ သတိထားမိပါတယ်။
ဘိုကလေးမီးသွေးမထွက်တော့တာရှင်းပါတယ် မီးသွေးဖုတ်စရာ ထင်းမရှိတော့လို့ပါ အခု တင်္နသာရီတိုင်းဖက်ပြန်လှည့်ပြန်ပြီ၊ ဘိတ်သားတွေဒုက္ခရောက်မည့်အလှည့်ပေါ့။
သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့ဘာတို့ အသာထားပြီး မီးသွေးဖုတ်ဘို့က ဘယ်သူုကမှ သစ်ပင်မစိုက်ကြပါဘူး ထင်း/ မီးသွေးအစားထိုးလောင်စာနဲ့ ဒေသခံတွေရဲ့ဘဝ ဆင်းရဲမွဲတေမှု လျှော့ကျမှ၊ သဘာဝပါတ်ဝန်းကျင်နဲ့သဘာဝဘေးအ န ္တ ရာယ်ဆက်စပ်မှုကို ပညာပေးစည်းရုံး ဝိသမလောဘသားတွေရဲ့ ငါ့ဘို့တစ်ခုတည်းကြည့်ပြီး ကိုယ်ကျိုးရှာနေမှုတွေကို အရေးယူနိုင်မှသာ ဒုတိယနာဂစ်ဖြစ်ခဲ့ရင်တောင် အခြေအနေမဆိုးနိုင်ကြောင်း မောင်းတီးလိုက်ရပါတယ်ခင်ဗျား။

ဒီပါကို

One comment

  • ဦးအုန်း တို ့ဆီကို တင်ပြပေးနိုင်ရင်သိပ်ကောင်းမှာပါ။ကျေးဇူးပါဗျာ။

    သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးတို့ဘာတို့ အသာထားပြီး မီးသွေးဖုတ်ဘို့က
    ဘယ်သူုကမှ သစ်ပင်မစိုက်ကြပါဘူး ထင်း/ မီးသွေးအစားထိုးလောင်စာနဲ့
    ဒေသခံတွေရဲ့ဘဝ ဆင်းရဲမွဲတေမှု လျှော့ကျမှ၊ သဘာဝပါတ်ဝန်းကျင်နဲ့သဘာဝ
    ဘေးအ န ္တ ရာယ်ဆက်စပ်မှုကို ပညာပေးစည်းရုံး ဝိသမလောဘသားတွေရဲ့
    ငါ့ဘို့တစ်ခုတည်းကြည့်ပြီး ကိုယ်ကျိုးရှာနေမှုတွေကို အရေးယူနိုင်မှသာ
    ဒုတိယနာဂစ်ဖြစ်ခဲ့ရင်တောင် အခြေအနေမဆိုးနိုင်ကြောင်း မောင်းတီးလိုက်ရပါတယ်ခင်ဗျား။

Leave a Reply