တချိန်က (၁၉၈၈မတိုင်မှီ) တပ်မတော်( ကြည်း/ ရေ / လေ ) တပ်သားသစ် စုဆောင်းရေးစခန်းများမှာတပ်သားသစ်လျှောက်သူ၊ မိဘညီအစ်ကိုမောင်နှမများ၊ ဈေးသည်များ ပြည့်နေခဲ့ပါတယ်၊ ဆေးအဆင့်မှီလို့ မျက်နှာမကောင်းစွာနဲ့ ခေါင်းငိုက်စိုက်ချ ပြန်သွားသူတွေ အသက်၊ အရပ်အမြင့်၊ ကျန်းမာရေးကန့်သတ်ချက်တွေ မပြည့်မှီလို့ တောင်းပန်တိုးရှိုးသံတွေ အခုတော့ယုံတမ်းစကားလိုဖြစ်နေပါပြီ။
တချိန်ကတပ်သားသစ်တစ်ယောက်အတွက် အရပ် ၅ပေ၃လက်မအနည်းဆုံး၊ ကိုယ်အလေးချိန် ၁၁၀ ပေါင်(တစ်ချို့ဆိုအလေးချိန်မပြည့်မှာဆိုးလို့ ငှက်ပျောသီးတစ်ဝစားရတယ်) လိပ်ခေါင်း၊အစာအိမ်၊သွေးတိုး၊ ကာလသားရောဂါ၊ အရေပြားရောဂါ၊ မျက်စိ၊ အားလုံးကိုစနစ်တကျဆေးစစ်ပြီးဆေးကျရင် စစ်သားလုပ်ဘို့မစဉ်းစားနဲ့တော့။
တပ်သားသစ်စုဆောင်းရေးထဲမှာတပ်မတော်ရေဟာတချိန်က ၀င်ဘို့အခက်ဆုံး သူခေါ်တဲ့အချိန်ကိုတချိန်လုံးစုံစမ်းနေရတယ် (အခုခေတ်လိုကြော်ညာပြီးမခေါ်ပါ လက်တို့ပြီးခေါ်တဲ့ခေတ်) လျှောက်လွာပုံစံကိုအပြေးအလွှား လုယက်ဝယ်ရတယ်။ လျှောက်လွာကလဲသတ်မှတ်အစောင်ရေနဲ့ ရောင်းတာလျှောက်လွှာ အစောင်၃၀၀၀ လောက်ဟာ ပြိုက်ကနဲဘဲ ၀ယ်လို့မရတဲ့သူတွေက အိမ်ပြန်ပေတော့ နောက်တစ်ကြိမ်အခေါ်စောင့်ပေတော့ (ယုံချင်ယုံမယုံရင်ပုံပြင်လို့သာမှတ်) လျှောက်လွှာကိုအသေးစိတ်ဖြည့်စွက်ပြီးရင် အိမ်ပြန် ခေါ်စာစောင့်ပေတော့ ခေါ်စာရောက်လာရင် (လျှောက်လွှာ ၁၅၀၀ခန့်သာကျန်) ဆေးစစ်ဘို့ အရင်လုပ်ရတယ် ဖင်ကုန်းချောင်းဆိုး၊မျက်စိကာလာဗလိုင်းဖြစ်မဖြစ်၊တစ်ကိုယ်လုံးအနုလုံပဋိလုံစစ်ပြီးဆေးအဆင့်မှီတဲ့သူတွေ ဘောကွင်းကိုချီတက်ရတယ် ပြီးဘောကွင်းမှာ၁၀ယောက်စီတန်းစီပြီး ကွင်း၃ပါတ်ပြေးရတယ် ထိတ်ဆုံးပန်းဝင်တဲ့နှစ်ယောက်ယူပြီးကျန်တာအိမ်ပြန်ပေတော့ နောက်ဆုံးဆန်ကာတင် အယောက် ၈၀ လောက်ဟာစိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းကိုစာတွေ့ ရေးဖြေ/ လူတွေ့ စစ်ဆေးပြီးအောင်မြင်မှ ရေတပ်သားဖြစ်ခွင့်ရတယ်၊ ဒီတော့ သင်တန်းကျောင်းဆိုတာလဲပြောစရာကိုမလိုတော့ဘူး စစ်သားစိတ်ဝင်အောင် ကြမ်းကြမ်းတမ်းတမ်းလေ့ကျင့်ပုံတွေတော့ မဖေါ်ပြတော့ပါဘူးစံချိန်မှီစစ်သားကောင်းတစ်ယောက်ဖြစ်အောင်ကိုလေ့ကျင့်ပေးတာ
အခုတော့ ပြောင်းပြန်ဖြစ်ကုန်ပါပြီ (က)အုပ်စုဝင်(အနိမ့်ဆုံး ၁၀ တန်းအောင်) ဘွဲ့ရတစ်ယောက်ကိုစုဆောင်းရရှိဘို့ ငွေ ကျပ် ရှစ်သိန်းလောက်အနည်းဆုံးကုန်တယ် တပ်သားသစ် ၀ယ်ယူရေးအဖွဲ့တွေဟာအသဲအမဲ လုယက်ဝယ်ယူနေရတယ် အဓိကကတော့ တပ်သားသစ်စုဆောင်းရရှိမှု မရှိတော့တဲ့အတွက် တပ်မတော်(ရေ) ရဲ့ တိုးချဲ့တည်ဆောက် လာတဲ့ စစ်ရေယာဉ်တွေ ၊(ဖရီဂီတ်၊ကော်ဘတ်၊ဒုံးတင်၊အမြန်တိုက်ခိုက်ရေးရေယာဉ်များ)၊ ၀ယ်ယူဖြည့်တင်းခဲ့တဲ့စစ်ရေယာဉ်ကြီးတွေမှာ တာဝန်ထမ်းဆောင်ဘို့ တပ်သားသစ်တွေမရမကစုဆောင်းခိုင်းရာကနေတပ်မှူးနဲ့ စစ်ရေယာဉ်မှူးတွေကို တစ်လတစ်ယောက် မဖြစ်မနေစုဆောင်းရမယ်ဆိုတော့ တပ်သားသစ်ဈေးနှုန်းဟာ တရိပ်ရိပ်တက်လာပြီးအခုဆိုရင် ပေါက်ဈေးရှစ်သိန်းကျော်နေပါပြီ လူပွဲစားတွေဟာလဲခြေချင်းလိမ်လို့ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ အဲဒီလို ၀င်မဲ့ကောင်ကို ၅ သိန်းလောက်ပေး၊ ဆေးအောင်ဘို့ ငွေပေးပြီးလုပ်တာကနေတပ်မတော်(ရေ) ထဲမှာစိတ်ဓါတ်မကောင်းတဲ့သူ၊ကျမ်းမာရေးချို့တဲ့သူမျက်စေ့မကောင်းနားလေးစိတ်ရောဂါရှိ၊ ကျပ်မပြည့်သူ၊ အကျင့်စာရိတ္တမကောင်းသူ၊မိဘလက်မခံ၊ရပ်ရွာမှလက်မခံ၊အော့ကြောလန်တွေ များလာနေလေတော့ ခေတ်မှီတပ်မတော် လက်နက်စနစ်တွေ ဒုံးစနစ်တွေ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ကျွန်တော်တို့ ဘယ်လိုစခန်းသွားကြမလဲ။
ညစ်ထေးလာနေတဲ့ တပ်မတော်ကိုသန့်စင်ဘို့ အမြန်လိုအပ်နေပြီ ဖြစ်ကြောင်း မောင်းတီးလိုက်ရပါတယ်ခင်ဗျား
ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..