ရွာထဲမှ အပျိုဂျီးမမများအတွက်ပါ……. ဦးရာလူစနစ်နဲ့နော်.. အမြန်ဆုံး လာရောက်ဆက်သွယ်နိုင်ပြီ…..

ThuyazawFebruary 2, 20121min17922

မျက်စိတော့ သိပ်ကောင်းဝူး…….. ပုလင်းဖင်ပေါ့နော်…….. ဒါပေမယ့် အချစ်စ်တော့ရှိပါတင်ချင့်

တားတားက KFC ဆိုသိပ်ကြိုက်တာ…… ဟီး လှတယ်မဟုတ်လား…………

တားတားက ဖိုက်တာပါ

Rapper ကို စိတ်ဝင်စားသူအတွက် တားတားတို့နှစ်ယောက်ချိတယ်……………ရို့……. ရို့……..အာဟာအာဟာ

ကဲရွာထဲက အပျိုဂျီးမမတို့ရေ ရွေးလိုက်နော်………ပြီးရင် Thuyazaw21451 ထံတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း……… လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း…..သတင်းကောင်းပါးအပ်ပါသည်. …….

22 comments

  • Rose Minn

    February 2, 2012 at 3:54 pm

    အမလေး လှချက်တော်။ ရင်ခုန်အုံးမယ် ဒါကြီးတွေများ။ ရွေးလိုက်ပြီ ပယ်တဲ့ထဲမှာ။ ရှောင် ကင်း။ ရှောင်ကင်း 😀 😛

      • thuyazaw21451

        February 2, 2012 at 4:06 pm

        မရှောင်ချင်ဘူးဆိုလဲ ညီလေး KING အတွက် တတိယမြောက်ပုံထဲမှ ကိုကိုအား လျှောက်လွှာ မလိုပဲပို့ပေးမည်ဖြစ်ကြောင်း…………..ဒန်တန်တန်

    • thuyazaw21451

      February 2, 2012 at 4:19 pm

      ရှောင်လို့မရတော့ပါဘူး အစ်မ Rose Minn ခင်ဗျား…….. အစ်မက အရင်ဆုံး ရောက်လာတဲ့သူ ဖြစ်တဲ့အတွက် သူတို့ထဲက တစ်ယောက်ယောက်တော့ အသေချာကံထူးမှာပါ…….. ကျေးဇူးတင်ပါတယ်………..

  • etone

    February 2, 2012 at 3:59 pm

    အဲ … လှလိုက်တာ .. ဒီည အိပ်လို့ရမယ်တောင် မထင်ဘူး .. ။

    လိုချင်လွန်းလို့ ဘယ်မှာ လျှောက်လွှာရေးပြီး လျှောက်ထားရမလဲ သိချင်ပါတယ် …

    (ရှောက်သီးဆေးပြားရောင်းခိုင်းရမယ် .. ဒါပြဲ )

    • thuyazaw21451

      February 2, 2012 at 4:02 pm

      မ etone ရေ ဆက်သွယ်ရန်လိပ်စာကတော့ Thuyazaw21451@ဘာမေးလ်ညာမေးလ်ဒေါ့ကွန်းမှာ မှာယူနိုင်ပါတယ်.. ဒီညအိပ်မပျော်ဘူးဆိုရင် အပျင်းတော်ပြေဖို့ သူတို့ထဲက တစ်ယောက်ယောက်ကို အသံဗြဲကြီးဖြင့် အိမ်ရှေ့မှ ဘင်ဂျိုလာတီးခိုင်းပေးမည်ဖြစ်ကြောင်း……….

  • kyeemite

    February 2, 2012 at 4:11 pm

    ရွာထဲမှာတော့လုပွဲတွေ..သတ်ပွဲတွေဖြစ်ကုန်တော့မှာဘဲ ကိုသူရဇော်ရေ..

    • thuyazaw21451

      February 2, 2012 at 4:13 pm

      အဲဒီအတွက် kyeemite စိုးရိမ်တော်မမူပါနဲ့…… သူတို့ကို ရွာထဲကဘယ်နေရာမှာ ထားတယ်ဆိုတာ ပြောပြမထားပါဘူး………သူတို့ရှိတဲ့နေရာမှာလဲ လုံခြုံရေးအထူးတင်းကြပ်ထားပါတယ်…………. ပလို့ဂျိ 😀

  • htet way

    February 2, 2012 at 4:30 pm

    ရွာသူတွေကို တင်းကြပ်ထားမှ
    ဒီလိုချောတာဆိုတော့…..အင်း နိုင်ငံခြားလက်ထဲတော့ အပါမခံနိုင်ဘူးကွယ်

  • MaMa

    February 2, 2012 at 4:39 pm

    အပေါ်ဆုံးပုံက ရွာထဲက လူပျိုဂျီးတွေအတွက် ဖြစ်မယ်ထင်တယ် ဝတ်စားထားပုံကြည့်ရတာ 😆

  • Thanlwinoo

    February 2, 2012 at 4:39 pm

    ရွာသားတွေထဲက ဘယ်သူတွေတုံးဗျ…။ နာမည်လေးတွေပါ ပူးတွဲတင်ပေးပါ..။

  • water-melon

    February 2, 2012 at 5:06 pm

    ်ိ်ဒို့ရွာထဲက စိန်ပေါက်နဲ့ ပေပေလောက်မလှလို့ စိတ်မဝင်စားဘူး
    သွားလူဆိုး 😀

    • စိန်ပေါက်ပေါက်

      February 3, 2012 at 10:47 am

      အလဲ့.
      အူးဖျဲသီးက မျက်မှန်နဲ ့ ဂါဝန်နဲ ့
      တယ်မိပါလားဂျာ
      😆

  • ကိုသူရဇော်ရေ ဖိုက်တာရယ်၊ရက်ပ်ပါရယ် အားလုံးမိုက်ပါတယ်။သွားကျိုးလေးရောပေါ့။
    အမလေးဗျာ စာရင်းပေးရအုံးမှာလား။မလွယ်ကြောပါလား။

  • Wai Phyo

    February 3, 2012 at 9:55 am

    ကောင်မတွေ ငါအရင် ဦးထားတာနော် ဟွန့် လာလုလို့ကတော့ အကုန်တိပစ်မယ် လည်ပင်းတွေကို

    • thuyazaw21451

      February 3, 2012 at 10:17 am

      Wai Phyo ရေ မလုပါနဲ့………. နောက်ထပ်နောက်ထပ်တွေ ကျန်နေပါသေးတယ်……. ဒီတစ်ခေါက် အဆင်မပြေ နောက်တစ်ခေါက်ပေါ့နော်………..

  • Shwe Tike Soe

    February 3, 2012 at 10:23 am

    ဟယ်ချစ်စရာလေးတွေတော့.. ပန်.လေးကို ကြိုက်တယ်… ဟိဟိ အော့ 😀

    • thuyazaw21451

      February 3, 2012 at 10:51 am

      Shwe Tike Soe ရေ အန်ဖက်တွေပြန်ရှင်းသွားလိုက်ပါနော်……….. သူတို့လေးတွေက အဲ့ဒီအနံ့တွေလဲ မခံနို်င်ကြဘူးလေ………. ဟီး (ရုပ်ကြမ်းကြီးနဲ့နွဲ့နေ)တဲ့သူတွေပါလို့ဆို……. 😀

  • ကိုသူရဇော်က ခဲရာခဲဆစ်ရှာပေးတာဆိုတော့ ရွာထဲက အပျိုကြီးမမများ
    ဦးရာလူစနစ်ကိုမေ့မနေကြပါနဲ ့။စာရင်းသားအမြန်ပေးပါတော့။

    မှတ်ချက်။။လိပ်စာလဲပါဘူး။

    • thuyazaw21451

      February 3, 2012 at 11:09 am

      လိပ်စာက Thuyazaw21451@ဘာမေးလ်ညာမေးလ်ဒေါ့ကွန်းပါ…………. လိပ်စာပေးထားပါတယ်……….. အခြားဟာဆိုရင်တော့ ကန်စွန်းရွက်၊ ပေါင်မုန့်များလည်း ကျွေးနိုင်ပါတယ်………….

  • manawphyulay

    February 4, 2012 at 10:12 am

    စိတ်ဆင်းရဲလိုက်တာ ဘိုးဘွားရိပ်သာမှာပဲ နေရာတစ်နေရာတောင်းပြီး တရားရိပ်ခိုတော့မယ်… 🙁

    • thuyazaw21451

      February 4, 2012 at 10:30 am

      ဘိုးဘွားရိပ်သာထိလိုက်လာမယ်တဲ့ခင်ဗျ….အခုလေးပဲဖုန်းဆက်ပါတယ်…..

Leave a Reply