အပိုင်းအစတွေပဲ ရမယ်ဆို ….

AKKOFebruary 2, 20121min31917

စာအုပ်စင်ရှင်းရင်း မှတ်မှတ်ရရ သိမ်းထားခဲ့မိသော စာရွက်များကြားမှ နိုင်ငံခြားမှ မှုခင်းဖြစ်ရပ်တစ်ခုအကြောင်းကို အသေးစိတ်လေ့လာဖော်ထုတ်ခဲ့ပုံလေး အကြောင်းနဲ့ တရားခံဖြစ်သူက လူသတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခေါင်းတခြား ၊ ကိုယ်တခြား ၊ အင်္ဂါအစိတ်ပိုင်းလိုက် ဖြတ်တောက်ကာ နေရာခွဲ၍ မြှုပ်နှံခဲ့တဲ့အကြောင်းနဲ့ ဖော်ထုတ်ပုံအဆင့်ဆင့်ကို သတင်းအနေနဲ့ ရေးသားဖော်ပြပေးထားတာလေးဖတ်မိပြီး သဘောကျကာ လက်ရှိအလုပ်နဲ့ ဆက်စပ်နေတာလည်းပါတာကြောင့် ရွာသူရွာသားများ ဗဟုသုတရရန် အလို့ငှာ အစိတ်အပိုင်းတွေတွေ့ရုံနဲ့ ဆေးပညာနဲ့ မှုခင်းဖော်ထုတ်ပုံ ဘယ်လိုဆက်စပ်တွေးတောတယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ် ။

 

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

 

Multilated body ဆိုတာ လူ့ခန္ဓာကိုယ်ကို မမှတ်မိအောင် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆိုလိုပါတယ် ။ အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ထားတယ် ဆိုပေမယ့် အရိုးတွေမှာတော့ အသားတွေ ၊ တစ်ရှူးတွေ ၊ ကြွက်သားတွေ ၊ အရေပြားတွေကပ်လျှက် ရှိနေတတ်ပါသေးတယ် ။
Fragmentary remains ဆိုတာကတော့ ခန္ဓာကိုယ်က ဖြတ်ထားတဲ့ အပိုင်းကို ဆိုလိုပါတယ် ။
ဒီလို case တွေကို စစ်ဆေးဖို့ ရလာတဲ့ အပိုင်းတွေရဲ့ ပုံစံနဲ့ အခြေနေပေါ် မူတည်ပြီး ရလာဒ်တွေကနေ မေးလာတဲ့သံသယတွေကို အဖြေထုတ်ပေးရပါတယ် ။ အဓိကကတော့ ရလာတဲ့ အစိတ်ပိုင်းတွေဟာ လူရဲ့ အစိတ်ပိုင်းတွေလား ။ တိရိစာ္ဆန်ရဲ့ အစိတ်အပိုင်းတွေပဲလားဆိုတာမျိုး စဉ်းစားခွဲခြားရပါတယ် ။ လူလို့ ယူဆလျှင်လည်း အသက်ကိုခန့်မှန်းတာမျိုး ၊ ယောကျာ်း ၊ မိန်းမ ၊ အရပ်အနေထားကို ခန့်မှန်းတာမျိုးလုပ်ရပါတယ် ။ ဒါ့ပြင် သေဆုံးသူရဲ့ လူမျိုး ၊ ထူးခြားသော သွင်ပြင် လက္ခဏာတွေ ရှိမရှိ ၊ သေးဆုံးရတဲ့ အကြောင်းရင်း၊ သေဆုံးရတဲ့ အချိန်တွေကိုပါ ဆက်စပ်တွေးတောပြီး ဖော်ထုတ်ပေးရပါတယ် ။
လူရဲ့ အစိတ်ပိုင်းလား ၊ တိရိစာ္ဆန်ရဲ့ အစိတ်ပိုင်းလား ဆိုတာကတော့ ခန္ဓာဗေဒအသိ (Anatomical Knowledge) နဲ့ ခွဲလို့ရပါတယ် ။ သံသယရှိလျှင်တော့ Forensic Science Laboratory/ မှုခင်းသိပ္ပံဓါတ်ခွဲခန်း ပို့ပြီး precipitin test နဲ့ ခွဲလို့ရပါသေးတယ် ။ Anti-globulin inhibition test ကတော့ precipitin test ထက်ပိုပြီး sensitive ဖြစ်တယ် ။ ပိုပြီးလည်း ကျွမ်းကျင်ဖို့ လိုသေးတယ် ။ ဒီ test နှစ်ခုစလုံးကတော့ လူသားလား သတ္တဝါလား ခွဲခြားတာပါ ။

 
အစိတ်အပိုင်းတွေကတော့ အများကြီးဆိုပေမယ့် လူတစ်ယောက်ထဲကနေရတာလား ၊ လူဘယ်နှစ်ယောက်ရဲ့ အစိတ်ပိုင်းလဲဆိုတာကိုတော့( fit together )ရတဲ့ အပိုင်းတွေကို ဆက်ကြည့်ရတာပါပဲ ။ သွေးအုပ်စုတို့ ၊ DNA တို့ကို စစ်ပြီးမှ အမျိုးစားတူလျှင် ဟုတ်တယ်လို့ ကောက်ချက်ချရပါတယ် ။
အသက်အရွယ်ကို ခန့်မှန်းတဲ့အခါ ၊ စစ်တဲ့အခါမှာတော့ epiphyses လို့ခေါ်တဲ့ အရိုးဆက်တဲ့အခြေနေ၊ သွားရဲ့ အောက်မေးရိုး အခြေနေ၊ လည်ပင်းရိုးနု နဲ့ ရင်ညွှန့်ရိုးနုတို့ကို calcification ဘယ်လောက်ဆက်လဲ တိုင်းတာတဲ့ အခြေနေ ၊ မြီးညှောင့်ရိုးအခြေနေ ၊ ခေါင်းရိုးဘယ်လောက်ဆက်သလဲ ဆိုတဲ့ အခြေနေ ၊ တင်ပါးဆုံရိုးရဲ့ အရိုးဆက်တဲ့ အခြေနေ ၊ အဆစ်တွေ (joint)တွေရဲ့ ပြောင်းလဲမှု ၊ ဆံပင်အရောင် ၊ မုတ်ဆိတ်မွှေးနဲ့ ဆီးခုံမွှေးပေါက်တဲ့ အခြေနေတွေကို ခြုံကြည့်ပြီး ဆုံးဖြတ်ပေးရပါတယ် ။
Sex / အထီး ၊ အမ ခွဲခြား ပြတာကတော့ ဆီးကျိတ်နဲ့ ကိုယ်ဝန်မရှိတဲ့ သားအိမ်ရခဲ့လျှင်တော့ ခွဲလို့လွယ်ပါတယ် ။ ဦးခေါင်းပိုင်းနဲ့ တင်ပါးဆုံ (pelvis) တို့ကို ရလျှင်လည်း ခွဲခြားလို့ရပါသေးတယ် ။ Nuclear sexing or sexing root sheath cells of head hair ဆိုတဲ့ နည်းနဲ့လည်း ခွဲလို့ရသေးတယ် ။
အရပ်ခန့်မှန်းတာကတော့ ရရှိလာတဲ့ အရိုးရှည် ( long bones)တွေကို ပြန်တွက်တဲ့ နည်းတွေနဲ့ ပြန်တွက်ပြီးမှ ခန့်မှန်းကြတယ် ။ မြန်မာပြည်က အရိုးတွေကိုတော့ ” taik and sann ” ဖော်မြူလာနဲ့တွက်ကြပြီး ခန့်မှန်းတာများတယ် ။

 
လူမျိုး ( race) ကို ခန့်မှန်းလျှင်တော့ ဆံပင် ၊ အသားရောင်နဲ့ ကြည့်ပြီး ယေဘုယျခန့်မှန်းကြပါတယ် ။ ဥပမာ နိုင်ငံခြားသားဆိုလျှင် ဆံပင်ရွှေရောင်လိုမျိုး နဲ့ မြန်မာပြည်သားဆိုလျှင်တော့ အနက်ရောင် စသဖြင့်ပေါ့ ။ ဒါ့ပြင် နှာတံပြားလား ၊ ပေါ်လား ထည့်စဉ်းစားရတယ် ။ နှာတံပြားလျှင် တရုတ်လို့လည်း ယူဆနိုင်တယ် ။ ခေါင်းပိုင်းနဲ့ မျက်နှာပိုင်းကို ခြုံငုံကြည့်လျှင် မွန်ဂိုဆိုလျှင် မျက်နှာဝိုင်းကြီးကြီးတွေ ရှိကြတယ် ။

 
Identity ခွဲခြားတာကတော့ လက်ဗွေတို့ ၊ သွားတို့ ၊ ပိုင်ဆိုင်တဲ့ အရာတွေနဲ့ ခွဲတယ် ။ နားလည်လွယ်အောင် ဥပမာပေးရလျှင် မောင်လှက စိန်လက်စွပ် စွတ်ထားတယ်ဆိုလျှင် စိန်လက်စွပ်စွတ်ထားတဲ့ လက်က မောင်လှလို့ ယူဆတာမျိုးပါ ။ သိတဲ့ လူရှိလျှင်တော့ ခေါ်ပြီး confirm လုပ်ခိုင်းတာမျိုးလည်း ထည့်သွင်းလုပ်ကြရတာပေါ့ ။ မှဲ့ ၊ တက်တူး ၊ အမာရွက်ကိုကြည့်ပြီး ခန့်မှန်းတာမျိုး ၊ ခြေလက်တွေ ပြတ်ထားဖူးလား ဆိုတာတွေကိုလည်းစစ်ဆေးပြီး ထည့်သွင်း ခန့်မှန်းရတယ် ခြေလက်တွေ ကျိုးခဲ့ဖူးလားဆိုတာမျိုးတွေကိုတော့ ပုံမှန်မဟုတ်ပဲ ခြေလက်တွေ ကောက်နေတဲ့ပုံကို ကြည့်ပြီး ဘယ်သူ့ရဲ့ သွင်ပြင်နဲ့ ကိုယ်ညီလဲ ဆက်စပ်တွေးခေါ်ရပါတယ် ။ နောက်ပြီး ရောဂါတစ်ခုခု ရှိနေတဲ့ ၊ ရှိခဲ့ဖူးတဲ့ လူမျိုးပေါ့ ။ သူတို့ကို ခွဲစိတ်ကြည့်တာနဲ့ သည်းခြေကျောက်ရှိတဲ့သူ ၊ ကျောက်ကပ်ကျောက်ရှိတဲ့ သူ ၊ အူအတတ်ဖြတ်ထားတဲ့ သူ ၊ သားအိမ်အလုံးရှိတဲ့ လူတို့ ဆိုလျှင်တော့ ခွဲစိတ်ရင်းတွေ့ရှိတဲ့ အဖြေပေါ် ဆက်စပ်တွေးတောပြီး ဖြစ်နိုင်ခြေရှိတဲ့ လူကို ခန့်မှန်းရပါတယ် ။ တိုက်စစ်စရာတွေကတော့ အများကြီးပဲပေါ့ ၊ သွေးတို့ ၊ DNA တို့အပြင် မသေခင်ရိုက်ထားတဲ့ ဓါတ်မှန်နဲ့ တိုက်စစ်လို့လည်း ရသေးတယ် ။ စစ်ဆေးမှုတွေ အများကြီး ပြုလုပ်ပြီးမှ သေဆုံးသူရဲ့ အကြမ်းဖျင်းပုံရိပ်ကို ပုံဖော်နိုင်မှာပါ ။ သေဆုံးသူအမျိုးမျိုးရှိပါတယ် ။ ခန္ဓာကိုယ်မစုံပဲ သေတဲ့ လူတွေလည်းရှိပါတယ် သို့သော် အထက်ပါ အချက်တွေကို သုံးပြီး မှုခင်းဖော်ထုတ်မှုအတွက် ဆေးပညာနဲ့ ပူးပေါင်းကာ အကြံပေး ၊ ခန့်မှန်းတွက်ဆပေးရပါတယ် ။

 

အမှုဖော်ထုတ်ရာမှာ အရေးပေးလေ့လာရမယ့် အချက်နောက်တစ်ခုရှိပါတယ် ။ ဘာကြောင့်သေဆုံးရခြင်းဆိုတာကို လေ့လာတာပါ ။ ဘယ်လို လေ့လာသလဲဆိုလျှင်ဖြင့် သေဆုံးရတဲ့ အထူးသွင်ပြင်( special feature) တွေကတော့ ခန္ဓာဗေဒနည်းပညာအားကိုးနဲ့ ဖြတ်ရာ၊ ဒဏ်ရာ ၊ ပေါက်ပြဲရာတွေကို ကြည့်ရပါတယ် ။ အကောင်(animals) တွေကိုက်တာကြောင့်လား ၊ သမရိုးကျသေတာမျိုးလား ၊ အဆိပ်မိတာမျိုးလားဆိုတာမျိုးတွေလည်း ထည့်သွင်းစဉ်းစားရတာပေါ့ ။ လတ်လတ်ဆတ်ဆတ်သေတာပဲဖြစ်ဖြစ် ၊ ပုပ်သိုးနေတာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆေးပညာဘက်က အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးဖော်ထုတ်ပေးရပါတယ် ။ အပိုင်းပြတ်အနေနဲ့ သဲလွန်စအစိတ်ပိုင်းတွေရလာမယ်ဆိုလည်း အကောင်းနဲ့အပုပ်ခွဲပြီး စစ်ဆေးရတာတွေလုပ်ရပါတယ် ။ အဲ့ဒီအပိုင်းတွေကို ကြည့်ပြီး ( violence )ကြောင့်ရတဲ့ ဒဏ်ရာတွေ ဟုတ်မဟုတ် စစ်ဆေးတာမျိုးလည်း ပြုလုပ်ရပါတယ် ။

 

ပေါက်ပြဲဒဏ်ရာနဲ့ တခြားဒဏ်ရာတွေရနေခဲ့တယ်ဆိုလည်း ဒဏ်ရာအမျိုးစားနဲ့ အနေထားကို အပြန်လှန်ကြည့်ပြီး သေပြီးမှရတဲ့ ဒဏ်ရာလား ၊ မသေခင်ရတဲ့ဒဏ်ရာလားဆိုတာမျိုးတွေ ချင့်ချိန်ပေးရပါတယ် ။ ခန္ဓာကိုယ်ဖြတ်ထားပြီးသား အပိုင်းတွေကတော့ အပုပ်မြန်တာကြောင့် သေပြီးမှ ပြတ်တာလား ၊ ပြတ်ပြီးမှ သေတာလားဆိုတာကတော့ ခန့်မှန်းရခက်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သဲလွန်စ ( clues)လေးတွေရှိပါတယ် ။ ခေါင်းကို အရိုက်ခံရလျှင် ဦးခေါင်းခွံကျိုးနေတာမျိုး ၊ လည်ပင်ညှစ်သတ်ခံထားရလျှင် လည်ပင်ရိုးတိမ်းလွဲနေတာမျိုး ၊ လည်ပင်းရိုးကျိုးနေတာမျိုး တွေ့နိုင်ပြီး ၊ ဓါးနဲ့ ခုတ်ထားလျှင်လည်း အရိုးမှာ ဓါးခုတ်ရာတွေ တွေ့နိုင်တယ် ။ ဒါ့ပြင် အဆိတ်ခတ်သတ်ထားလျှင်လည်း ဓါတုဗေဒဝန်ရုံးကို လိုအပ်တဲ့ (သွေး ၊ ဆီး ၊ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ)ကို ပေးပို့စစ်ဆေးရပါတယ် ။

ကင်ဆာလိုမျိုးရောဂါအခြေနေရှိမရှိကိုလည်း ထည့်သွင်း စဉ်းစားရပါတယ် ။ ရှိနေခဲ့တဲ့ လူနာဆိုလည်း အထောက်ထားအပြည့်စုံနဲ့ တကယ်ကင်ဆာဖြစ်ခဲ့ မဖြစ်ခဲ့ ပြန်စစ်ဆေးရပါတယ် ။
သေတဲ့ အချိန်ကို ခန့်မှန်းရတာတော့ မလွယ်ကူပါဘူး ။ အနီးစပ်ဆုံး တွေးခေါ်ခန့်မှန်းရတာမျိုးပါ ။ တစ်ကိုယ်လုံးမှာ ပုပ်နေတဲ့ အနေထားနဲ့ နေရာကိုကြည့်ပြီး တွက်ဆရပါတယ် ။ နောက်ပြီးအလောင်းတည်ရှိတဲ့ နေရာ၊ ရာသီဥတု၊ အပူချိန် ၊ စိုထိုင်းစနဲ့ မြေကြီး ၊ရေ စတဲ့ အချက်တွေပေါ်လည်း မူတည်ပြီး တွေးခေါ်ရတာမျိုးပါ ။ အရိုးတွေက ခြောက်သွေ့ပြီး ကြွတ်ဆတ်နေမယ် မြေကြီးတွေနဲ့လည်း ကပ်နေမယ်ဆို တော်တော်ကြာနေတဲ့အရိုး (ancient bones)တွေလို့ပြောလို့ရပါတယ် ။ အသားတွေ ၊အရွတ်တွေ၊ရိုးတွင်းချဉ်ဆီတွေ ၊ အရိုးနုတွေနဲ့ တွဲပြီးတွေ့ရတဲ့ အရိုးတွေကတော့ လတ်တလောအရိုး ၊ လတ်ဆတ်တဲ့ အရိုး (recent bones) တွေပါပဲ ။ Drilling လုပ်ကြည့်လျှင် small of burning bone ရပါတယ် ။

အချုပ်အားဖြင့်ဆိုရလျှင် စစ်ဆေးရာမှာ အရေးကြီး သတိထားရမှာတွေက planned removal ရှာတဲ့ အခါ ဘာမှ မကျန်စေဖို့နဲ့ ။ plots အကွက်ကျ ဆက်စပ် စဉ်းစာ း ၊ Experts ကျွမ်းကျင်မှုတွေလည်း လိုအပ်ပါသေးတယ် ။ difficulties with foetal bones ဆိုတဲ့အတိုင်းကလေးအရိုးတွေဆို စစ်ဆေးရခက်ပါတဲ့ဆိုတဲ့ အချက်လည်းပါပါသေးတယ်ဆိုတဲ့ အကြောင်းကို စာဖတ်သူ ရွာသူ ၊ ရွာသားများအတွက် ဗဟုသုတအနေနဲ့ အကြမ်းဖျဉ်းသာ ပြောပြပေးလိုက်ပါတယ် ။
ဝေဖန်မှု ၊ အကြံပေးမှုများကိုလည်း စိတ်ကြိုက်ပြုလုပ်နိုင်သလို ၊ သိလိုသည့်အကြောင်းရာများကို ဆွေးနွေးခြင်းနှင့် မေးမြန်းခြင်းတို့ကိုလည်း လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။

17 comments

  • water-melon

    February 2, 2012 at 6:17 pm

    ဟုတ်တယ်
    ကျွန်တော်ကြည့်နေကျ CSI လာ့ဗီးဂတ်၊မိုင်ယာမီ၊NY
    အဲဒီဇာတ်ကားထဲမှာဆို လူသတ်တာ ပိုးဆိုးပက်စက်သတ်တာ
    သေနတ်ပစ်ရတာနဲ့၊ မြန်မာပြည်မှာ မတွေ့ဘူးတဲ့ လူသတ်နည်းအစုံပါတယ်
    သူတို့က အမှုစစ်ရင်မိုက်တယ်ဗျ
    လက်ဗွေငှာန၊ မျိုးစုံဘဲငှာနတွေကအများကြီးဘဲ
    စက်နဲ့စစ်တာများတယ်၊ဦးနှောက်လည်း သုံးရတယ်ဗျ။ဗဟုသုတလည်းရတယ်
    မြန်မာပြည်မှာရောရှိလားဟင် 🙁

  • ဒေါက်တာရေ ကျနော်လဲ final part I က ဥပဒေရေးရာဆေးပညာကိုသွားသတိရမိပါတယ်။
    ဘာလို ့လဲဆိုတော့ နောက်ဆုံးနှစ်အပိုင်း(က)မှာ ကျနော်က forensic တစ်ခုဘဲအောင်တယ်
    လေ။ကျန်တဲ့ pathology ရယ် PSM ရယ်က ဆပ်ပလီထိတယ်လေ။သတိတရဖြစ်သွားပါတယ်။
    ကျေးဇူးပါနော်။

  • Khin Latt

    February 3, 2012 at 4:31 am

    အစ ဖတ်ပြီး အူတုန် အသဲတုန် ဖြစ်လို့ ဆက် မဖတ်ခဲ့ ဘူး တုံတုံ့ ဆေးခန်း ပိုင်ရှင်ရေ။
    စုံထောက် လုပ်ချင်သူ ရွာသူ/သား များတော့ နှစ်သက်ကြမှာပါ။ 😉

    • etone

      February 3, 2012 at 10:11 am

      အဟီး .. အရီးလတ်ကို etone က မေတ္တာထားတဲ့ အနေနဲ့ … ကြည့်တာနဲ့ ဝိတ်ကျ လှပစေဖို့ ပို့စကဒ်လှလှလေးတွေပို့ပေးလိုက်ပါမယ် .. လိပ်စာပေးလိုက်ပါ .. အဟဲ :mrgreen:

      ဖွီး ….. ပြောမယ့်သာပြောရတာ … အပိုင်းတွေ ၊ အဆက်တွေ ၊ အတောက်တွေပုံမြင်လျှင် … အန်ထွက်ချင်တယ် … ။ လူ့ကိုယ်ခန္ဓာထဲက အ စိတ်ပိုင်းတွေ ၊ ကလီစာတွေ မြင်ဖူးတယ်ရှိအောင် သူလစ်တုန်း ဖုန်းထဲက ခိုးကြည့်မိပါတယ် ညအိပ်လို့တောင် မပျော်ဘူး ။ မကြောက်တတ်ပေမယ့် အရမ်းတော့ ရွံတတ်တယ် …. ။ တွဲတွဲ ချွဲချွဲ စိမ်းစိမ်း စိုစို ပျော့အိအိ နဲ့ အဖတ်ဖတ်တွေ … ဖီ…. အံချင်ဘီ 😡

  • aye.kk

    February 3, 2012 at 7:03 am

    ဒေါက်တာ,….
    ဆေးပညာကိုဝါသနာပါလို့ဖတ်ရှုမှတ်သားသွားပါတယ်..
    ကျေးဇူးလည်းတင်ပါတယ်ဆရာ။စကားမစပ်သိချင်တာလေးရှိလို့မေးပါရစေဆရာ..
    သေတဲ့လူ့ရဲ ့ဆံပင်ဟာအသက်အရွယ်ကိုပိုင်းခြားကာ..
    အတိအကျဖော်ပြနိုင်တယ်လို့သိထားဘူးပါတယ်၊အဲဒါကဟုတ်ပါသလားဆရာ..
    ဘယ်လိုခွဲခြားလဲဆိုတာသိထားတာလေးမေ့သွားလို့ပြောပြပေးစေချင်ပါတယ်..
    ကိုင်ရိုလက္ခဏာပညာအရ…..
    ဥပစ္ဆေတကံနဲ့သေဆုံးသူတွေရဲ ့လက်ဖဝါးပြင်တွေရဲ ့
    စနေဂြိုလ်ခုံအောက်တည့်တည့်ကတွေ ့ရှိရတဲ့
    ကြက်ခြေခတ်အမှတ်အသားကိုလည်း၊
    ဆေးပညာမထွန်းကားစဉ်ကထည့်သွင်းအသုံးပြုခဲ့ကြောင်းသိရှိထားဘူးပါတယ်..
    အဲဒါကမှန်ကန်နေတယ်လို့ငယ်ငယ်ကဖတ်ထားဘူးတာကရော၊မှန်ကန်ပါရဲ ့လားဆရာ..
    အဖေကဘာသာပြန်တဲ့သူတွေက၊မူရင်းအတိုင်းမပြန်ဆိုနိုင်ဘဲရေးသားခဲ့ရင်၊ရေးသားသူရဲ့ ့စာကိုဖတ်မိတဲ့သူကအဆိပ်ဖြစ်စေပါတယ်တဲ့။
    ကျမကစိတ်ဝင်စားလို့အဖေ့ကိုမေးဘူးတော့၊မူရင်းရေးတဲ့စာရေးဆရာရဲ့ ့စာအုပ်ကိုမဖတ်ရှုရတော့မသိနိုင်ပါလို့ပြောပြခဲ့ဘူးလို့ပါဆရာ..
    ဆရာသိထားတာရှိရင်လည်းပြောပြပေးစေချင်ပါတယ်ဆရာ၊ကျေးဇူးတင်ပါတယ်ဆရာ။

  • aye.kk

    February 3, 2012 at 7:08 am

    ဥပစ္ဆေဒကလို့ဖတ်ပေးပါဆရာ၊သတ်ပုံအရေးမှားသွားလို့ပါ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 11:14 am

    စိတ်ဝင်စားပါ၏
    မြန်မာနိုင်ငံတော့ မရှိလောက်ဘူးထင်တယ်နော့
    အတုံးတုံးခုတ်ဖြတ်သတ်တာလေ

    အကယ်၍ တစ်စစီသတ်ဖြတ်လှီးခုတ်ထားတဲ့ အလောင်းအား အမှုမှန် မဖေါ်ထုတ်နိုင်ခဲ့သည်ရှိသော်..
    ကျနုပ်စိန်ပေါက်ပေါက်အား အမှု အပ်နိုင်ပါသည်..ရုပ်လုံးဖော်ပေးပါမည်..

    (မှတ်ချက်။ ။အလောင်းဘေးနားတွင် သေဆုံးသူ မှတ်ပုံတင်ပါရှိရန်လိုသည် )

    • Moe Z

      February 3, 2012 at 11:29 am

      ရှိပါ့ စစ်သားလူထွက်တစ်ယောက် မူးပြီး သူနဲ့ရန်ငြိုးရှိတဲ့သူတစ်ယောက်ကို သတ်ပြီးအပိုင်းပိုင်းခုတ်၊ ဆာလာအိတ်ထဲထည့်ပစ်တာ သိပ်တောင်မကြာသေးဘူး ကရင်ပြည်နယ်ဘက်မှာပဲ သတိနဲ့နေနော် 😀

      • စိန်ပေါက်ပေါက်

        February 3, 2012 at 12:03 pm

        ဟယ်..
        မတွေ ့တာကြာလို ့..အန်တီဇိက ပါးကြီး အတော်တောင် ဖောင်းလာပါပကောလား..
        နှာခေါင်းကြီးကလဲ ဂျင်ပေါက်လို ့ရတယ်..
        ချွန်နေတာဘဲ

        ဧကန္တတော့..
        ကွိ.ကွိ.. 😆

        • Moe Z

          February 3, 2012 at 12:13 pm

          ရွာထဲကလူတွေနဲ့ အပြင်မှာမတွေ့ဖူးတော့ မြင်ဖူးပါစေတော့ဆိုပြီး အရဲစွန့်ပြီးတင်လိုက်တာ သများအားနည်းချက်ကို မဝေဖန်ပါနဲ့ လမ်းမှာတွေ့ရင်ခေါ်နော် 😀

        • အဲဒါ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးနော်
          ကပေါက်ဖော်
          သူ့ဖာသာ သူဖြစ်တာ ….. 😆
          ————————————————————————————
          ဒေါက်တာခင်ဗျ
          သဘာဝအတိုင်း ကိုယ်ဝန်မရအောင် ဘယ်လိုရှောင်ရပါ့မလဲခင်ဗျ …
          (ဤကား လူပျိုကြီး ဖရဲ ကိုယ်စား မေးမြန်းခြင်း ဖြစ်၏) … 😛

    • etone

      February 3, 2012 at 12:01 pm

      ကပေါက်ဖော်ရေ … မကြားမိလို့သာ မရှိဘူးထင်တာ .. တော်ကြာသေပြန်ပြီ .. တော်ကြာသေပြန်ပြီချည်း …နဲ့ .. ဟောတယောက် ဟောတယောက်ချည်းပဲ … ။ ထွီးးးးးးးးးးးး မြင်ယောင်ပြန်ပြီ ငါနှယ့် … 😥

  • ကြောင်ကြီး

    February 3, 2012 at 11:31 am

    မှုခင်းဆရာဝန် ဥနှောက်ခြောက်အောင် လူ့အသွေးအသားတွေနဲ့ ကြောင်အသွေးအသား ရောထားရင် ဘယ်နှယ်နေမတုန်း စမ်းကြည့်ချင်တယ်။။။

    • etone

      February 4, 2012 at 11:51 am

      အပေါ်မှာ ခွဲနည်း နှစ်မျိုးပါတယ်လေ …ဦးကြောင် ….. သေချာလည်း ကြည့်ဝူး … 🙄

  • AKKO

    February 3, 2012 at 4:35 pm

    ဖရဲသီးလေးရေ မြန်မာပြည်မှာ စစ်လို ့ရတဲ ့ဟာရှိသလို စစ်လို ့မရသေးတာသေးလည်းရှိသေးတယ်။ perfect တော့ မဖြစ်သေးပါဘူး။ နိုင်ငံခြားလို တော့ အကုန်မရသေးပါဘူး။
    အတိသဉ္ဇာ နာဂရ ချစ်သူရေ forensic အောင်တာ တော်တာပေါ့။ စစ်ဆေးတက္ကသိုလ်က ဘွဲ ့လွန်တက်တဲ ့ညီလေး၁ယောက် ပြောတုန်းက သူတုန်းကဆို forensic ကိုနားမလည်ဘူးတဲ ့။ သင်တဲ ့ဆရာတွေက ကောင်းပါတယ်လို ့တောင် ပြောတာကို သတိရမိတယ်။
    အမေလတ်ကလည်း စာတွေပဲပါတာ။ ဆက်ဖတ်လိုက်တာမဟုတ်ဘူး။
    aye.kkရေ သေတဲ့လူရဲ ့ဆံပင် အရောင်ကိုကြည့်ပြီးယေဘူယျအားဖြင့်ပြောနိုင်ပါတယ်။ဆံပင်အနက်ဆို လူငယ်ပိုင်းအသက်အရွယ်ပေါ့။ greyဆိုရင် လူလတ်ပိုင်းပေါ့။ white ဆိုရင် အသက်ကြီးပိုင်းလေ။ အသက်ကတော့ ခန်းမှန်းခြေပဲ ပြောတာပါ။ ဥပမာ ဆံပင်ဖြူနဲ ့တွေ ့တဲ ့အလောင်းဆိုရင် အသက်၅၀၊၆ဝခန် ့လို ့ပြောရတယ်။ အတိအကျ ဘယ်နနှစ်ဆိုပြီး မပြောနိုင်ဘူး။ အသက်ကို ဆံပင်၁ခုတည်းကြည့်ပြီး မပြောဘဲ တခြားသွင်ပြင်လက္ခဏာတွေကြည့်ပြီး မှ ပြောတာ ပိုကောင်းတာပေါ့။
    ခြွင်းချက်တွေလည်း ရှိပါတယ်။ဥပစ္ဆေဒကကံနဲ့သေဆုံးသူတွေရဲ ့လက်ဖဝါးပြင်တွေရဲ ့
    စနေဂြိုလ်ခုံအောက်တည့်တည့်ကတွေ ့ရှိရတဲ့ကြက်ခြေခတ်အမှတ်အသားကို အခုမကြည့်တော့ဘူး။ ဒဏ်ရာတွေရှိမရှိပဲ အဓိကကြည့်ရတာ။ ဓါးခုတ်တာကို လက်နဲ ့ဆုပ်ပြီးကာကွယ်မိရင် လက်ဖဝါးမှာ ပြတ်ရှဒဏ်ရာတွေ ့ရမယ်။ ဒါဆိုရင် ထက်သောလက်နက်သုံးတယ်ဆိုတာ ပြောနိုင်တယ်။
    ပေါက်ပေါက်လေးရေ အတုံးတုံးဖြတ်ထားတဲ ့case တွေ တို ့နိုင်ငံမှာ ရှိပါတယ်။ သက်ဆိုင်ရာမှာ စုံစမ်းကြည့်ပေါ့။
    ဖတ်ရှုသူများကို ကျေးဇူးအထူးပင် တင်ပါသည်။

  • KMN

    February 4, 2012 at 1:56 pm

    ဆေးပညာရဲ့တိုးတက်မှုကတော့ အံ့မခန်းပါပဲ။ AKKO ရဲ့အခုလို ဗဟုသုတဖြန့်ဝေပေးမှုအတွက် အထူးကျေးဇူးပါဗျာ။

  • AKKO

    February 8, 2012 at 4:44 pm

    နောင်လည်းအားပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။ ကိုယ်ရဲ ့စေတနာစာတလုံးဟာ စာဖတ်သူရဲ ့အကျိုးတစုံတရာရရှိခဲ ့မယ်ဆိုလျှင် အချိန်ကုန်၊လူပမ်း ရေးရကျိုးနပ်ပါပြီ။

Leave a Reply