ကျွန်တော့်အမေ မသေခင်က ကျွန်တော့်ကိုဆုံးမခဲ့တဲ့စကား ဘာလုပ်လုပ် အကျိုးရှိအောင်လုပ် အရည်မရ အဖတ်မရ အလုပ် ဘယ်တော့မှမလုပ်လေနဲ့
တံတားဦးက ကွမ်းနုဝါ ငန်းမြာကဆေး အစရှိတဲ့ ရှေးခေတ်စာဆိုတွေဖွဲ့နွဲ့ခဲ့ရတဲ့ ကွမ်းပါ၊ မြန်မာ့ယဉ်ကျေးမှုအရ၊ အလှူ၊ သာရေး၊နာရေး၊ မင်္ဂလာဆောင်၊ဧည့်ခံပွဲ၊ ကင်ပွန်းတတ်၊သူမပါရင်မပြီး၊ပွဲတင်ရင်တောင် ကွမ်း၊ဆေး၊လက်ဘက်၊ပါစမြဲပါ၊ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဘာလုပ်လုပ် အလွန်အကျွံလုပ်တတ်တဲ့အကျင့်ရယ် စည်းမရှိကမ်းမရှိ ပြုမူတတ်တဲ့ အကျင့်ဆိုးတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ လမ်းမတွေဟာ ကွမ်းတံတွေးတွေနဲ့ ရဲရဲနီနေပါတယ်။
အိန္ဒိယနိုင်ငံက တင်သွင်းတဲ့ ဆေးမျိုးစုံနဲ့ ကွမ်းကိုအလွန်အကျွံစားမိလို့ အသက်ပျောက်ရတဲ့ဖြစ်စဉ်တွေလဲ မကြာခဏဆိုသလို ကြားနေရပါတယ်၊ ဒီနေ့ ကမ္ဘာပေါ်မှာ ဆေးလိပ်၊ဆေးရွက်ကြီးတိုက်ဖျက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ကွမ်း(ဆေးမျိုးစုံ)စားခြင်းဟာနေရာအနှံ့အပြား လူတော်တော်များများ(အမျိုးသမီးများနှင့် ကလေးသူငယ်များပါ) စွဲလမ်းနှစ်ချိုက်နေတာကိုတွေ့ရပါတယ်၊ ကွမ်းစားတဲ့နိုင်ငံကလဲ နဲနေလေတော့ ကွမ်းထဲပါတဲ့ဆေး(ဆေးရွက်ကြီး) ကြောင့် ရနိုင်တဲ့ကင်ဆာလိုရောဂါ၊တီဘီရောဂါ၊အခြားရောဂါတွေကို စနစ်တကျ သုသေသနလုပ်ပြီး ထုတ်ပြန်တာမရှိလေတော့ ကွမ်းစားတာ ဖက်၇ှင်တစ်ခုလို ကွမ်းတံတွေးတွေကို စည်းမရှိ ကမ်းမရှိ ကားလမ်းမပေါ် ထွေးချနေကြတာ (ကားပေါ်မှ ထွေးချလို့ လမ်းပေါ်လျှောက်နေသူတွေ မကြာခန ဒုက္ခရောက်ကြရ) နေရာအနှံ့ အုတ်နံရံတွေ ပြောင်တဲ့နေရာမှန်သမျှ ကွမ်းတံတွေးနဲ့မလွတ်ပါဘူး။ နိုင်ငံခြားသား ဧည်သည်တွေ မကြာခဏ နှာခေါင်းရှုံ့ ဓါတ်ပုံရိုက် မှတ်တမ်းယူနေလဲ ခတ်တည်တည်ပါဘဲ ရှက်ရကောင်းမှန်းလဲမသိကြပါဘူး ဘယ်သူမှကွမ်းတံတွေးထွေးဘို့ ခွက်တော့မဆောင်ကြပါဘူး၊ ဒီမှာကျွန်တော်တွေးမိတာ အဲဒီကွမ်းတံတွေးတွေ အပူရှိန်ကြောင့် ခြောက်၊ကားမောင်းတဲ့အရှိန်ကြောင့် လေထုထဲ (ဆေးရွက်ကြီးမှုန့်၊ ထုံး၊ကွမ်းသီးမှုန့်၊ဆေးမျိုးစုံ) ပျံ့လွင့်နေမှုကြောင့် ကလေးတွေ၊လူတွေ၊ရောဂါမရနိုင်ဘူးလားလို့ပါ၊
အဲဒီ အရည်လဲမရ အဖတ်လည်းမရတဲ့ ကွမ်းကိုစွဲလမ်းနှစ်ချိုက်နေကြတဲ့ သူတွေကို ကျွန်တော်တောင်းပန်ချင်ပါတယ် ၊ ကိုယ်ဖါသာကိုယ်ကြိုက်လို့စားတာ စားကြပါ ပါတ်ဝန်းကျင်ကိုတော့ အရောင်မဆိုးကြပါနဲ့လို့၊
ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..