၅၀၀ဝ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့

kanjosanFebruary 2, 20121min1034

ရွှေပြည်တံခွန်ကုမ္ပဏီက ထုတ်လုပ်မည့် မိုဘိုင်းဖုန်းစနစ်မှာ ၎င်းတို့ထုတ်လုပ်သည့် မိုဘိုင်းဖုန်းနက်ဝါ့ခ်အချင်းချင်းသာ ပြောဆိုနိုင်သည့် (ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသည့် မည်သည့်ဖုန်း ကိုမျှ ဆက်သွယ်နိုင်ခြင်းမရှိသည့်စနစ်) တစ်ခုဖြစ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။

မှန်တာပေါ့ဗျာ
သူပိုင် Net Work ဖြစ်လို့ဆက်သွယ်ရေးကဖုန်းကို ဘယ်ခေါ်လို့ရမလဲ အဲလိုဘဲ ဆက်သွယ်ရေးက ဖုန်းက လဲ ၅၀၀ဝတန်ဖုန်းနက်ဝက်ကို ဆက်လို့ရမှာမဟုတ်ဘူး ဘာဖြစ်လာမလဲကြိုပြောလိုက်မယ် နောက်ပိုင်းမှာ လူတွေက ၂သိန်းခွဲတန်ဆက်သွယ်ရေးဖုန်းကိုဘယ်သူမှမသုံးတော့ဘူ ခေတ်မမှီတဲ့ စနစ်တွေ နဲ့ မကြားရတဲ့ နက်ဝပ်ဖြစ်နေလို့ လူတိုင်း ၅၀၀ဝ တန်အသစ်တလုံးဝယ်သုံးကြမယ်
အဲဒီတော့ ငွေ ၂သိန်းခွဲ ၃သိန်း ကိုပလုံမဖြစ်ချင်ရင် အဲဒီ၂သိန်းခွဲတန်ကို ဝယ်မသုံးနဲ့ပေါ့ အခု နော်ဝေ က အဲဒီလို မိုဘိုင်းဖုန်းအော်ပရေတာ လုပ်ဖို့စဝင်လာတော့မယ် စပြောနေပြီ နောက်ပိုင်း ပိုများလာရင် (အခုတောင် ၁၅သိန်းတန်ဖုန်းက နမူနာပါ) အလကားကိုတောင်မှ အပြိုင်အဆိုင် ရောင်းရမှာ နက်ဝက်တခုနဲ့တခု ချိတ်ဆက်ဖို့က အော်ပရေတာတွေက သူ့နက်ဝက်ကိုယ့်နက်ဝက်သုံးခပြောပြီး ပြောကြရတာဘဲလေ
MPT က အမှန်မှာ သူကိုယ်တိုင်ဆားဗစ်ပေးဖို့မလိုဘူး အခုလို ကုန်မနီတွေက ဆားဗစ်ပေးတာကို ကောင်းလား ဆိုးလား ထိန်းကြောင်းပေးရမှာ အခုက ဒိုင်လူကြိးက ကိုယ်တိုင်ဝင်ကန်နေတာဆိုတော့ ဘယ်လိုလုပ်မှာလဲ အခု တကယ်ကန်နိုင်တဲ့အသင်းတွေကို ဘေးထွက်ထိုင်ခိုင်းပြိး ဒိုင်လူကြီးဘောလုံးကန်နေတဲ့ ပွဲကိုကြည့်နေရသလိုဘဲ မိုနိုပိုလီလုပ်လာတာလဲ ကြာပြီ ထပ်ပြီး လုပ်ဖို့တည်ဆဲဥပဒေအရမဖြစ်နိုင်သေးပါဘူးလုပ်နေတုန်းဘဲ
အမှန်က အခု ဖုန်းရောင်းဖို့လုပ်တဲ့ကုန်မနီက ၅၀၀ဝ ဆိုတာ လဲ မနဲပါဘူး များတောင်နေပါတယ် မြန်မာပြည်ပတ်ပတ်လယ်က မြန်မာပြည်ထက်ဆင်းရဲတဲ့တိုင်းပြည်တွေမှာ တောင် အထမ်းသမား ဟန်းဖုန်းဝယ်ကိုင်နိုင်တယ် အခု ဆက်သွယ်ရေး ဝန်ကြိး ဌာန တခုလုံးက ဝန်ထမ်းတွေကိုယ်တိုင် ကိုင်နိုင်ပြီလား ဝန်ထမ်းတွေကိုင်နိုင်ပြီလား အစိုးရ က လုပ်နေတာ ကို အစိုး၇ဝန်ထမ်းတွေကိုယ်တိုင်အားလုံးမကိုင်နိုင်ရင် အဲဒီအလုပ်ကိုလုပ်ကိုမနေနဲ့ရှက်စရာကြိး အခုက အပေါ်ဆုံးက လူတွေက တသက်လုံးစားမလောက်တဲ့လက်ဆောင်တွေကိုပြန်အမ်းရမှာ စိုးလို့ ဆင်အကောင်လိုက်မြိုပြီး ဆင်ခြေထုတ်ပြလိုက် ဆင်လက်ထုတ်ပြလိုက်လုပ်နေကြတာ တာဝါ တတိုင်ကို ၁၈ ဘီးတစီးစာဘဲရှိတယ် အားလုံးအပြိးအစီးတတိုင် နဲ့Power Source က ကွန်တိန်နာတလုံးဘဲရှိတယ် ကမ်ဘောဒီယားမှာ ထိုင်းကနေ ကုန်းလမ်းက နေ ဖြတ်သယ်ပြိး တာဝါတွေထောင်သွားတာ Net Work တခုလုံးကို နှစ်ဝက်တွင်း ပြိးတယ် မြန်မာပြည်က ကျယ်လို့ ဆိုရင် ၈လပေါ့ ထိုင်းမှာလဲရော အင်ဒီယားရော ကမ်ဘောဒီယားရော သူများပိုင်တဲ့ Net Work သုံးချင်ရင် အပြန်အလှန်စာချုပ်ပြီး အပြန်အလှန်သုံးကြတာဘဲ
အစတုံးကထိုင်းမှာ လိုင်းဖုန်းကုန်မနီကသူ့ပိုင်နက်ဝက်ကိုသုံးဖို့ ဈေးကြီးတောင်းတယ် အခုဘယ်သူမှလိုင်းဖုန်းမသုံးကြတော့ ဘူး သူ့နက်ဝက်ကို သုံးမဲ့လူလဲမရှိတော့ဘူး
အခုအလကားလိုက်ဆင်ပေးနေရတယ် အခုအသစ်ဆင်မဲ့နက်ဝက်က MPT ဖုန်းကို ခေါ်ချင်ရင် MPT ကိုငွေပေးရမှာဘဲ အဲလိုဘဲMPT ကလဲ ၅၀၀ဝ တန်နက်ဝက်ဖုန်းကို ခေါ်ချင်ရင် သူ့ဆားဗစ်ပေးထားတဲ့နံပါတ်တွေတွက် ၅၀၀ဝ တန်ဖုန်းကို ပြန်ပေးရမှာဘဲ အပြန်အလှန်ခေါ်ရင် နောက်ပိုင်းမှာ ဈေးသက်သာတဲ့ ၅၀၀ဝ တန်ကို ကိုင်ရင် MPT ဖုန်းက အလိုလို Obsolete ဖြစ်ပြီး ကြိုးဖုန်းလို ဈေးကွက်ထဲက ထွက်သွားရမှာဘဲ
ဒီလိုနည်းပညာတွေ ခုန်ပျံကျော်တက်နေတဲ့အချိန်မှာ ဘာလို့ဒီ အဟောင်းအမြင်း Backbone ကြီးကို တွယ်ကပ်ထားမှာလဲ မလုပ်သင့်ပါဘူး လူတိုင်းက တခုခုသိချင်ရင် Google ထဲမှာ click လုပ်ပြီးရှာလို့ရတဲ့အချိန်မှာ ဟောင်းဆွေးနေတဲ့ဥပဒေစာအုပ်ကိုကိုင်ပြိးဘဲ မဖြစ်နိုင်ဘူးပြောလို့ရမယ် နည်းပညာအရမဖြစ်နိုင်ဘူးဆိုတဲ့လူတွေ ကို တော့ မြန်မာပြည်ကနေ တာချီလိပ်လောက် မူဆယ်ရွေလီလောက်ဘဲသွားကြည့်ကြပါလို့ပြောချင်ပါတယ် ဆင်းကတ်တကဒ်ကို ထိုင်းတွေက မြန်မာတွေကို အလကားပေးနေတာ ချစ်လို့ သနားလို့တော့မဟုတ်တာသေချာပါတယ်

Credit To: Blogger mgmgsann said at thithtoolwin.com

 

 

4 comments

  • win win

    February 3, 2012 at 5:08 pm

    သိပ်မှန်တယ်ဗျာ။ ဆက်သွယ်ရေးလူကြီးတွေ ဖင်ပိတ်ငြင်းနေတယ်။ ဝိုုင်းဝန်းတောင်းဆိုုမှ ရမယ်။

  • Maung Dae`

    February 3, 2012 at 7:09 pm

    ကျွန်တော်သိချင်တာကတော့ ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ Background ပဲဗျ.. ကျွန်တော်ကပဲ ဗဟုသုတ နည်းလို့လားတော့မသိဘူး.. ဒီကုမ္ပဏီကို အခုမှကြားဖူးတယ်.. ကျွန်တော်ကြားတာတော့ သူတို့နောက်မှာ သန်းကြွယ်သူဌေးကြီး ဆိုရော့စ် ရှိနေတယ်လို့ကြားတယ်.. အစိုးရအဖွဲ့က ဆိုရော့စ်ကိုမနှစ်သက်ကြဘူး.. အထူးသဖြင့် မလေးရှား စင်ကာပူ နိုင်ငံတွေဆို ဆိုရော့စ် ရဲ့ ငွေကစားတဲ့ဒဏ်ကို တော်တော်ခံလိုက်ရတယ်.. မလေးရှားက မဟာသီယာ ဆို သူ့ကို တော်တော်မုန်းတယ်ဆိုပဲ..
    အဲ့သည်တော့ အစိုးရဘက်က ဘူးပိတ်ငြင်းနေတာကလည်း နိုင်ငံရေး လှည့်ကွက် လေးတွေပါမလားလို့..

  • Mr. MarGa

    February 3, 2012 at 7:43 pm

    ဖြစ်သင့်တာက
    ဆက်သွယ်ရေးက ချုပ်ထားရမှာလေ ဘယ်သူပဲနောက်မှာရှိနေနေပါ
    ပူးပေါင်းပြီးလုပ်ရင် ပိုကောင်းတာပေါ့
    သူ.ဟာသူ network လုပ်လဲ လုပ်ပစေပေါ့
    ဈေးနှုန်းလဲ သင့်နေတာပဲ
    အဲဒီထဲက ပြန်ခွဲယူလေ percentage နဲ.
    ငါးထောင်ထက်ပိုတောင်းပြီးယူချင်လဲယူလေ
    နောက်ပိုင်းမှာ ပြဿနာ တွေ ဝင်ထိန်းပေးပေါ့
    ရှင်းရှင်းလေးကို စွတ်ငြင်းနေတာ

Leave a Reply