တိုင်းရင်းဆေးဆရာတစ်ယောက်ရဲ့ ဝေဒနာခရီးကြမ်း (နိဂုံး)

htet wayFebruary 2, 20121min14126

ကိုနေးချားရေ တခါသားက ကျွန်တော်ဟာ ဆေးဝါးသုသေသနလို့ ဆိုရမလားရှင်နာဂသိန်ဆေးကြမ်းထဲက အပင်တွေကို ရှာဖွေလေ့လာခဲ့ဖူးပါတယ်။
နောက်ရုက္ခမူဆေးဆိုပြီးအပင်တွေနဲ့လည်းအဂ္ဂိရထိုးတာတွေလုပ်ခဲ့ ဖူးတယ်။ ဓါတ်ဆးလည်းချက်ခဲ့ ဖုတ်ခဲ့ဖူးပါတယ်။တိုင်းရင်းဆေးအပေါ်းမှာ ကျွန်တာ်စွဲလမ်းမူပိုခဲ့ပါတယ်။
သွေးလေးဘက်နာရောဂါက တိုင်းရင်းဆေးနည်းအရ သောက်ဆေးလိမ်းဆေး စည်းဆေး ကြပ်ထုပ်ဆေးတွေနဲ့ ရောဂါကုရင် ဆေးဖိုးလည်း ကုန်ကျပါတယ်၊ အချိန်လည်းကြာပါတယ်။ ဒါပေမယ့် ကျွန်တော် အနစ်နာခံပြီး ရောဂါသည်က တောင်းဆိုရင် ကုပေးခဲ့ပါတယ်။ ကိုယ့်အတွက်ကျန်ဖို့နေနေသာသာ အိတ်စိုက်ရတယ်။ ခက်တာက
လူနာက တိုင်းရင်းဆေးဆို ရင် ဈေးမရှိဘူးတန်ဖိုးမရှိဘူးဆိုပြီး အထင်သေးတတ်ကြပါတယ် ။အကြောလိမ်းဆေးမှာသုံးတဲ့ မင်သော်ကို ရန်ကုန်မှာတစ်ကျပ်သား ၇၀၀၊
အိမ်မဲမှာ ၁၀၀ဝပါ။မုန့်ညင်းဆီ တစ်ဆယ်ကျပ်သားကို ရန်ကုန်မှာ၄၀၀၊ အိမ်မဲမှာ ၈၀ဝပါ ၊ဆေးတစ်ဖုံဖေါ်ရင် ၃ဝကျပ်သားဆိုရင် ၁၉၀၀ဝကျပ်ကျပါတယ်။
နောက်တန်ဖိုးကို ဆေးအပေါ်မှာ မထားတာတင်မက လူအပေါ်မှာ ပါ မထားပါဘူး။ဆေးဆရာအိမ်မှာသွားကုရင် ဆရာစောင့်အုံးနော်။ရေချိုးအုံးမယ်။
ဒါတောင်ဖုန်းကြိုဆက်ပြီးပြောထားပေလို့ ပဲ။ နောက်ရှိသေးတယ် ဆရာဈေးကမများဘူးလားဆိုတာကတစ်မျိုးပါ။အမျိုးမျိုးကြုံတွေ့နေရပါတယ်။ ခင်ဗျားကပြောမယ် ဒါဆိုလည်းမလုပ်နဲ့ ဆရာရယ်ပေါ့ ဟုတ်ကဲ့ . ရှာဖွေထားတဲ့ ကျီးပေါင်း ရောဂါ ဆေးနည်းလေးနဲ့ ရောဂါအကြောင်းသိမူလေးတွေရယ် တစ်နေ့တော့ ဖြစ်နိုးဆိုတာနဲ့
ဝါသနာလည်းပါ စေတနာလည်းရှိ နောက် ဝမ်းရေးလည်းပါတယ်ပေါ့ဗျာ။
ရန်ကုန်ကို တစ်ခေါက်လာရတာကမလွယ်ပါဘူး။အိတ်ထဲ ငွေ ၄၀၀၀ဝလောက်မရှိရင် ဆေးလာကုဖို့ မလွယ်ပါဘူး စားစရိတ် ၊နေစရိတ်၊ သွားလာစရိတ် တွေရှိပါတယ်။
တခါတလေမှာ တက္ကစီစီးရတာတွေလည်းရှိပါတယ်။ဆေးဖေါ်စပ်ရတာတွေနဲ့ မလွယ်လှပါဘူး။ကိုယ်ကို လေးစားတဲ့ လူနာတွေတစ်ချို့ရှိသလို အလုပ်သမားလိုဆက်ဆံတာတွေလည်ူကြုံရပါတယ်။ကျွန်တော်ကို က သည်းခံမူရယ် ခွင့်လွတ်တတ်မူရယ်ကို လေ့ကျင့်ထားပြီး နာလည်မူပေးရပါတယ်။
တစ်ချို့ဆို လုံးဝကျေးဇူးတရားနားမလည်ပါဘူး ဆက်ဆံတာကအစ မောက်မာပါတယ်။မလေးစားရင်နေပါ ကိုယ်ကျန်းမာရေး ကို စောင့်ရှောက် ကုသပေးတဲ့ လူကိုတော့ အထိုက်အလျှောက် ဆက်ဆံသင့်ပါတယ်။
ကိုနေးချားရေ ခင်ဗျားက တိုင်းရင်းဆေးဝါသနာရှိတာ ကျွန်တော်တောင်အံ့ဩမိပါတယ်။ တစ်နေ့က ကလေး တစ်နှစ်နဲ့ လေးလသားလေး စက်ဘီးခြင်းထဲထည့်စီး
ရင်း ထွက်ကျသွားတာ တံတောင်ဆစ်လေးကွာဟသွားတယ်။ကလေးအမေက အိမ်ကို ရေးကြီးသုတ်ပျာ ပြေးဝင်လာပြီး ထိုင်စကားပြောနေတဲ့ ကျွန်တော်
လက်ထဲ ကလေးကိုရော့..ဆိုပြီးထည့်ပါတယ် ကလေးကလည်းအာပြဲအောင်ငိုနေတယ်။။ကျွန်တော် စစ်ဆေးပြီး ကုသပေးလိုက်ပါတယ်။ငွေကိုလည်း ဆေးဖိုးလောက်ပဲယူလိုက်တယ်
သို့သော်ပေါ့ဆရာရယ်..ဒီမှာလည်း စာနာလို့ သက်သာအောင်လုပ်ပေးလိုက်တယ် ဆေးဖိုးနည်းတော့ ဟ ဘယ်လိုလဲ နင်တို့ ဆရာက နာမည်ကြီးဆို ဟုတ်ရဲ့လား
ငါ့မြေးလက်ကကောင်းပါ့မလား။လက်တစ်ချောင်းကျိုးတာ ယူတာက မုန့်ဖိုးလောက်။ဒီလိုဝေဖန်ခံရပြန်ပါတယ်။တစ်ချို့ဆို ခါးကုန်းလို့ မရတာ ကြာပြီ လမ်းကိုလူတွဲနဲ့ လျှောက်ရတယ်။ ကျွန်တော်နဲ့ ကုပြီးမကြာဘူး ခါးကုန်းနိုင်တယ် လက်လွတ်လမ်းလျှောက်နိုင်တယ်။သို့သော်ဆရာနဲ့တွေ့ရင် မကောင်းသေးဘူးဆရာရယ်…တဲ့
ကျွန်တော်ကမေးပါတယ် အဒေါ် အစက ခါးကုန်လို့ရလား၊ မရပါဘူး အခုရော..ရတယ် အရင်က လမ်းလျှောက်ရင် လူတွဲနဲ့ သွားရတယ်မလား…ဟုတ်ပါတယ် အခုရော
ကိုယ်ဘာသာသွားနိုင်ပြီမလား၊ ဟုတ်ပါတယ် ဒါဆို သက်သာလား လုံးဝမကောင်းသေးဘူးအောက်ပိုင်းကလေးနေတယ်။ ဒီလို တစ်ဝက်တစ်ပျက်မှာလည်း ပြောခံရပါတယ်။
အဆိုးဆုံးကတော့ ကျွန်တော်ကို အိမ်လာဖို့ ချိန်းပြီး လျှောက်သွားနေတယ် နောက်ကျမှာစိုးလို့ ကားငှားလာရတဲ့ လူက အိမ်ရှေ့မှာစောင့်နေရတယ်။ကျွန်တော်မှာလည်း နောက်နေရာတွေသွားရအုံးမယ်လေ။တော်တော်နဲ့ မလာဘူး။ ဒီလိုလည်းရှိပါတယ်ဆရာရေ။
ကျွန်တော် ဇက်ကျီးပေါင်းလူနာ၁၂ယောက် ၊ဒူးဆစ်ကျီးပေါင်းလူနာ ၃ဦး ခြေကျိုးနှစ်ဦး လက်ကျိုးတစ်ဦးဒူးဆစ် ဟတာတစ်ဦး၊ဒူးဆစ် အတက်တစ်ဦး ရန်ကုန်မှာ ဒီဇင်ဘာလ ၂ဝကနေ ဇန်နဝါရီလကုန်ထိကုသပြီးစီးခဲ့ပါပြီ။သွေးလေးဘက်နာတစ်ဦးကတော့ ၆ဝရာနုန်းသက်သာပါတယ် ဒါကလည်းဆေး ဆက်စားရင် ကောင်းမှာပါ။
ဇက်ရိုးကျီးပေါင်းတွေကတော့ ဆရာပြောသလို ဓါတ်မှန်ပြန်ရိုက်ခိုင်းပါတယ် ကျီးပေါင်းမရှိဆိုတဲ့ အဖြေရမှ ဆေးကုသမူရပ်ပါတယ်။ အားလုံးကောင်းသွားပါပြီ။
ကိုနေးချားရေ.. ကျွန်တော်က တိုင်းရင်းဆေးကို ဖက်တွယ်ခဲ့ပါတယ်။အထင်လည်းကြီးခဲ့ပါတယ် ဒါပေမယ့်ဆရာရေ သန်းဖေလေးသီချင်းထဲကလို တောမှာပွင့်တဲ့ ပန်း
တောမှာပဲ လန်းဆန်းစေချင်တယ် ဆိုတဲ့ အတိုင်း ကျွန်တော်တောမှာပဲ နေပါတော့မယ် ကျွန်တော်ခရီးကကြမ်းလွန်းပါတယ် နောက်ဆုတ်တာမဟုတ်ဘူး ရပ်နေတာပါ။
ကျွန်တော်ရပ်နေလိုက်ပါပြီ။အခု စာရေးနေတုန်းမှာပဲ ဖုန်းဝင်လာပါတယ် ။ရန်ကုန်က ဇက်ကျီးပေါင်းလူနာတစ်ယောက် ဆက်သွယ်ပါတယ်။ကျွန်တော် မလာဖြစ်တော့ဘူး
ဆရာရေ။ ကျွန်တာ်ရပ်နေပါပြီ။ ကျွန်တော်လမ်းမှာကျွန်တော် ရပ်နေပါတယ် နောက်ပြန်မလှည့်ဘူး။ ဆရာရေ ..နောက်ပြန်မလှည့်ရင် ကျွန်တော်မရှုံးသေးပါဘူးနော်။

26 comments

  • ဦးဦးပါလေရာ

    February 3, 2012 at 12:53 am

    ဒါကတော့ တင်းတင်းမာမာ ကန့်ကွက်ရမှာပဲ..။
    ဘယ့်နှယ်ဗျာ… လက်တွေ့ ပျောက်ကင်းသက်သာအောင်ကုနိုင်တဲ့ဆေးဆရာလေး
    ရန်ကုန်မလာတော့ဘူးတဲ့လား။

    အဆင်ပြေမယ့်နည်းလမ်းရှာကြည့်ပါဦး ဆေးဆရာရယ်
    ဥပမာ ကုသခကို သင့်တော်အောင်တိုးယူမယ်…
    ကိုယ့်နေရာလာကုရမယ်…
    စသဖြင့်ပေါ့။

    ပွင့်ပွင့်လင်းလင်းပြောရရင် အခုခေတ် တိုင်းရင်းဆေးဆရာတွေထဲမှာ
    သိပ်မဟုတ်တာ သိပ်မစွမ်းတာပဲများတယ်။
    အဲဒါကြောင့် အထင်သေးခံရတာကို ခြေဖျက်ဘို့က
    ကိုထက်ဝေးတို့လို တကယ်ကုနိုင်သူတွေရှိမှ….နော။

  • padonmar

    February 3, 2012 at 3:37 am

    ဆရာထက်
    နယ်မှာနေမှန်းသိကြတာပဲ၊ခရီးစားရိတ်(ခြေကြွခဆိုပါတော့)ခံမှ ကျွန်တော် ရန်ကုန်လာလို့ရမယ် ဆိုတာပြောကြည့်ပါလား လို့ အကြံပေးချင်ပါတယ်။
    ခရီးစားရိတ် နဲ့ ဆေးဖိုးဝါးခ ခွဲပြောပါလား၊
    ကြေးစကားပြောရာရောက်ပေမယ့် မပြောရင်လည်း ရေရှည်ရပ်တည်ဖို့ မလွယ်ဘူးလေ။
    နာမည်မထွက်သေးခင်တော့ သည်းခံရပါမယ်လို့ ပြောရင်း အားပေးသွားပါတယ်။

  • Khin Latt

    February 3, 2012 at 4:08 am

    ဆရာထက်ရေ – ဆက်လျှောက်ပါလို့ တိုက်တွန်းပါတယ်။
    အောင်မြင်မှုဆိုတာက တော့ မရခင် ဒီလို အရှုံးတွေ နဲ့တွေ့ရတာပါဘဲ။
    ဆရာထက် တစ်ဦးထဲ ဘဲ ဒီလို ဖြစ်တာ မဟုတ်ပါဘူး။
    အဓိကကတော့ အားမနာဖို့ပါဘဲ။
    ဆရာထက်မှာလဲ ဘဝ ရပ်တည်ရေး အတွက်လိုသေးတာဘဲ။
    ဒီတော့ ဆေးကုရာမှာ အောက်ကြေး နဲ့တော့ ဘယ်ရပါ့မလဲ။ တန်တာတန်ကြေး ကတော့ ရှိရမှာပါ။
    ဒီတော့ ရပ်နေတာ အချိန်ကုန်ပါတယ်။
    ပြန်ပြီးရင်ဆိုင်ပါ။ ကြုံတာတွေကို ကျွန်မတို့ ကိုလဲ ဆက် မျှပါဦးရှင့်။

  • AKKO

    February 3, 2012 at 9:41 am

    ဆရာထက်ဝေးရေ လူနာတွေအမျိုးစုံနဲ့ ကြုံခဲ့ရပုံပဲ ။ တစ်ချို့ကျတော့လည်း စိတ်ကသိကအောက်ဖြစ်အောင် အတော်လေးလုပ်တတ်ကြတယ် ။
    ပိုက်ဆံနည်းနည်းများသွားတော့လည်း ဈေးကြီးလို့ ၊ နည်းယူတော့လည်း အပေါစားလို့ထင်တတ်တဲ့ လူနာတွေက ဒုနဲ့ဒေးပါပဲ ။
    ဘယ်လို အခက်ခဲရှိရှိ ကိုယ်ယုံကြည်ချက်ရှိတယ်ဆို ရှေ့ဆက်သွားပါလို့ပဲ အားပေးခဲ့ပါတယ် ။

  • kyeemite

    February 3, 2012 at 9:44 am

    ဆရာထက်ပြောပြတာတွေကိုခံစားနားလည်ပေးလို့ရပါတယ်..လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ကာ..
    ဆရာထက်ပြောသလို တွေံကြုံရနိုင်ပါတယ်..ဒါပေမဲ့ ဆရာထက်လိုနာမည်နဲ့ လိုက်အောင်ထက်တဲ့လူကတော့
    မရပ်ပြစ်သင့်ပါဘူးဗျာ..အပေါ်က ဦးဦးပါလေရာ။ပဒုံမာ။အရီးခင်လတ် တို့အကြံပေးသလို..ခပ်တင်းတင်းလေး
    ကြိုးစာကြည့်စေချင်ပါတယ်..ကိုယ်ကုလို့ တကယ်ပြောက်သွားရင် ဘယ်သူမဆိုဆရာ့တန်ဘိုးနားလည်လာမှာ
    ပါ လို့ တိုက်တွန်းအားပေးလိုက်ရပါကြောင်း….
    ခင်မင်လေးစားစွာဖြင့်..
    ကြီးမိုက်

  • Shwe Tike Soe

    February 3, 2012 at 10:14 am

    ဆရာရယ်.. ရပ်တော့မထားပါနဲ. ဆက်လုပ်ပါလားဗျာ.. ကိုထက်ဝေ ပညာတွေကို ဒီလိုပဲအလဟသဖြစ်ခံတော့မလို.လား..
    ဘာပဲဖြစ်ဖြစ် ခေတ်မှီဖွံ.ဖြိုးနေတဲ့ ကျွန်တော်တို.နိုင်ငံမှာ တိုင်းရင်းဆေးကိုလဲ ခေတ်နဲအညီ လေ့လာစမ်းစစ်ပြီး လုပ်လို.ရပါတယ်ဗျ.
    ဆက်လုပ်ဖို.အားပေးပါတယ်…. ရပ်မနေပါနဲ..
    ဒါမှမဟုတ် ကိုထက်ဝေရဲ. ပညာကို လက်ဆင့်ကမ်းပါလား.. တပည့်တွေမွေးပြီး ဆရာကိုယ်တိုင် မလာရင် တပည့်လွှတ်လိုက်ပေါ့..
    ဘယ်သူဘာပြောပြော ကိုထက်ဝေ ဆက်လုပ်ပါ…………… 😀

  • ဆူး

    February 3, 2012 at 10:41 am

    နေရာတိုင်းမှာ ပညာရှင်ဆိုတာ လိုအပ်ပါတယ်။
    လူတွေရဲ့ စိတ်ဓါတ်က တိုင်းရင်းဆေးဆို အထင်မကြီးတတ်ကြပဲ သက်သာချင်လို့ ကုကြတာများတယ်ထင်တယ်။

    ဆရာထက် ရဲ့ စေတနာ နားလည်ပြီး စိတ်ထားကောင်းတဲ့ လူမမာတွေနဲ့ အမြဲ တွေ့ဆုံပါစေလို့ ဆုတောင်းပါတယ်နော်။

    နိဂုံး ချုပ်ဖို့ စောပါသေးတယ်။ ပြေးလမ်းပေါ်မှာ ရှိနေတာ.. တော်တော် ရောက်နေပြီးမှ မပြေးပဲ ရပ်လိုက်ရင် ပန်းတိုင် ပိုဝေးသွားလိမ့်မယ်။ စေတနာ ထားတဲ့ အကျိုးရလာဒ် အသီးအပွင့်ကိုတော့ မကြာခင် စားသုံးရမှာပါ။
    နာမည်ကြော်ကြားပြီး အောင်မြင်တဲ့ ဆေးဆရာ တယောက် ဖြစ်ဖို့ မနေ့က ထက် ဒီနေ့ ပိုနီးလာပါပြီ။
    ကြိုးစားပါ.. အားတင်းထားပါ။

  • အဲလိုလဲ မဟုတ်ရပါဘူးကိုထက်ဝေးရေ။ကြိုးစားပြီးရပ်တည်ပါဗျာ။အကိုပြောသလိုပေါ့

    ကိုယ်ကို လေးစားတဲ့ လူနာတွေတစ်ချို့ရှိသလို အလုပ်သမားလိုဆက်ဆံတာတွေလည်ူကြုံရပါတယ်။ကျွန်တော်ကို က သည်းခံမူရယ် ခွင့်လွတ်တတ်မူရယ်ကို လေ့ကျင့်ထားပြီး နာလည်မူပေးရပါတယ်။

    အဲတိုင်းလေးဘဲဆက်နေကြည့်ပါအုံး။အားပေးလျှက်ပါဗျာ။

  • htet way

    February 3, 2012 at 10:54 am

    အခုလို ခံစားစာနာအားပေးကြတော့ ကျွန်တော်မျက်ရည်ဝဲအောင် ပီတိဖြစ်ရပါတယ်။
    ကျွန်တော်က တိုင်းရင်းဆေးပညာကို ခက်ခက်ခဲခဲသင်ယူခဲ့ရတာပါ။
    အဲ့ ဒီကာလက အဖေကဆုံးပါး၊ အမေအိုကြီးနဲ့နေရတဲ့ အချိန်မှာ ရန်ကုန်မှာ
    သင်တန်းတက်ခဲ့ရပါတယ်။ နောက် ဖခင်ကတိုင်းရင်းဆေးဆရာကြီးဆိုတော့ ငယ်ငယ်
    ကတည်းက အရိုးကျိုး၊အရိုးဆက်ပညာကို မျက်မြင်တွေ့ရ၊ဝိုင်းကူရတာပါ။ အိမ်မှာဆို အဆောင်တွေဆောက်ပြီး လူနာထားရပါတယ်။
    ကျွန်တော်က အဖေမရှိကတည်းက အဖေရှိတယ်ထင်ပြီး ရပ်ဝေးကလာရတဲ့ လူနာ(အရိုးကျိုး)
    တွေကို ဆက်လက်ကုခဲ့ရပါတယ်။ဒီမှာတင် အရိုးကျီးပေါင်းရောဂါကို သုသေသနလုပ်ပြီး
    စာတမ်းတင်လို့ ၂၀၀၃ခုနှစ်မှာ ပညာကို လှူဒါန်းခဲ့ပါတယ်။လက်တွေ့လည်း တိုင်းရင်းဆေး
    ဆရာတွေ ကို ပြသခဲ့ပါတယ်။ နောက် လူနာပေါင်းရာချီပြီးကုသအောင်မြင်ခဲ့တယ်။
    ပုသိမ်၊ လပွတ္တာမြို့မြောင်းမြ၊ အိမ်မဲမြို့နယ်၊ ကျောင်းကုန်မြို့နယ်၊ဝါးခယ်မမြို့ တို့မှာကျွန်တော်ကုသပေးလို့
    ပျောက်ကင်း တဲ့ လူနာတွေမနည်းပါဘူး၊ နောက်၂၀၀၆ခုနှစ်မှာ ရန်ကုန်မှာ တော်တော်များများကုသပေးခဲ့တယ်။တောင်တွင်းကြီး၊မော်လမြိုင်၊ရေးမြို့ အစဉ်ရွာထိပါဝင်ခဲ့ပါတယ်။
    အခုကျွန်တော်ကုသပေးခဲ့တဲ့ လူနာတွေဟာလုံးဝကိုပျောက်ကင်းခဲ့တာပါ။
    ကျွန်တော် က လည်းငွေကို အဓိက မထားခဲပါဘူး။
    ကျွန်တော်မိတ်ဆွေ စာရေးဆရာတစ်ယောက်ပြောသလို စာရေးဆရာဆို ဆင်းရဲမှာပဲ..တဲ့ အခုလည်း
    တိုင်းရင်းဆေးဆရာဆို ဆင်းရဲမှာပဲ…။ဟုတ်ပါတယ်ခင်ဗျား။ဆင်းရဲတော့ ရှေ့ဆက်ရတာ ခက်ခဲပါတယ်၊ အားတင်းရပါတယ်။
    အခုလို စာနာနားလည်ပေးတဲ့ ဆရာ ဦးဦးပါလေရာ၊ဒေါက်တာ ပဒုံမ္မာ၊ဒေါက်တာAKKo၊ဆရာ ကြီးမိုက်၊ဆရာ ရွှေတိုက်စိုး၊ဆရာမ ခင်လတ်ဆရာမဆူး၊ ဆရာနာဂရချစ်သူတို့ကို နှလုံးသားထဲမှတ်တမ်းတင် လေးစား
    ဂုဏ်ယူမိပါကြောင်း။

  • linnlinnn

    February 3, 2012 at 11:36 am

    ဆရာကိုထက်ဝေး ရန်ကုန်မြေကိုခြေမချတော့ဘူးဆိုတော့.. စိတ်မကောင်းဝမ်းနည်းရပါတယ်။ ကျမမှာ မေးစရာနဲနဲရှိပါတယ်ရှင့်… ကျမသူငယ်ချင်းတစ်ယောက်က ဒူးနာတဲ့ဝေဒနာခံစားနေရပါတယ်။ အသက်ကတော့ (38) နှစ်ပါ။ သူ့မှာ ဂုတ်ကျီးပေါင်းလည်း ရှိပါတယ်။ သူက နဲနဲတော့ဝပါတယ်။ သူဒူးနာတာက ဝလို့လား.. ဒါမှမဟုတ် ရောဂါကြောင့်လားဆိုတာတော့ သေသေချာချာ မသိပါဘူး။ ဖြစ်နေတာကတော့ တစ်နှစ်ကျော်ကျော်လောက်တော့ ရှိပါပြီ.. ကားအတက်အဆင်း.. လှေကားအတက်အဆင်းတွေ.. အထိုင်အထတွေမှာ တော်တော်အခက်ခဲဖြစ်နေရပါတယ်။
    ဒီပေါ်ကနေ ဆရာပြန်ဖြေဖို့အခက်အခဲရှိမယ်ဆိုရင် ဆရာကိုထက်ဝေးက ရန်ကုန်မြေကိုမလာတော့ဘူးဆိုတော့..ဆရာနေတဲ့ အိမ်မဲမြို့ကိုပဲ လာကုပါရစေရှင်။ ကျမတို့က ကုမ္မဏီဝန်ထမ်းများဖြစ်တဲ့အတွက် ဆရာ့ဆီကို ပိတ်ရက် တနင်္ဂနွေတစ်ရက်လာမယ်ဆိုရင်ရော အဆင်ပြေပါသလားရှင်။

  • ကြောင်ကြီး

    February 3, 2012 at 12:01 pm

    ကျနော်က ကြောင်တကောင်ပါ။ ကျနော့်ကို လေပေါ်ပျံဝဲနိုင်အောင် အတောင်ပံတပ်ပေးနိုင်ရင် ဆရာ့ကို ကြောင်အကြီးကြီးတကောင် အလေးချိန်နဲ့ညီမျှတဲ့ ရွှေစင်တုံးကြီး ညဏ်ပူဇော်ပါ့မယ်။။

    • etone

      February 3, 2012 at 2:13 pm

      ခေါင်းမှာ ပန်ကာကြီးကြီးတပ်ပြီး … ရှစ်ထပ်တိုက်ပေါ်က ခုန်ချကြည့်ပါ ဦးကြောင် :mrgreen:

      ှဆရာထက်ရေ … နေရာတိုင်းမှာ အတိုက်အခံ အဆင်မပြေတာမျိုးလေးတွေရှိတတ်တာပါပဲ … ။ လူနာတွေ ဘယ်လိုပဲ မသိတတ်တတ် အကောင်းဆုံး လုပ်ပေးခဲ့တယ်မို့လား … ဒါဆို လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်သွားယုံပါ ။ ကျန်တာတွေ မတွေးပဲ လမ်းဆက်လျှောက်ပါလို့ အားပေးပါတယ်နော် ။

    • etone

      February 3, 2012 at 2:22 pm

      ခေါင်းမှာ ပန်ကာကြီးကြီးတပ်ပြီး … ရှစ်ထပ်တိုက်ပေါ်က ခုန်ချကြည့်ပါ ဦးကြောင် :mrgreen:

      ှဆရာထက်ရေ … နေရာတိုင်းမှာ အတိုက်အခံ အဆင်မပြေတာမျိုးလေးတွေရှိတတ်တာပါပဲ … ။ လူနာတွေ ဘယ်လိုပဲ မသိတတ်တတ် အကောင်းဆုံး လုပ်ပေးခဲ့တယ်မို့လား … ဒါဆို လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်သွားယုံပါ ။ ကျန်တာတွေ မတွေးပဲ လမ်းဆက်လျှောက်ပါလို့ အားပေးပါတယ်နော် ။

  • htet way

    February 3, 2012 at 3:00 pm

    ဆရာမလင်းလင်းခင်ဗျား
    ဝလွန်းသူတွေဟာ ဝိတ်ကြောင့် အထိုင်အထခက်တတ်ပါတယ်။
    ဝတိုင်းလည်း ဒူးနာတာမဟုတ်ပါဘူး။ဒူးဆစ်ကျီးပေါင်းလက္ခဏာကတော့
    အတက်အဆင်းလုပ်ရာတွင် ခက်ခဲခြင်း၊ ဆောင်ကြောင့် ကြာကြာမထိုင်နိုင်ခြင်း၊
    ဒူးကွေးဆန့်ရာမှာ နာကျင်ခြင်း၊ ကွေးဆန့်ရာမှာ အသံမြည်ခြင်း နဲ့ ကြာကြာရပ်
    ကြာကြာလမ်းလျှောက်ရာမှာ နာကျင်ခြင်းပါခင်ဗျား။
    ဝိတ်လျှော့ပါ။ ဒူးဆစ်ကို ကြပ်ထုပ်ထိုးပေးပါ။နောက်လေ့ကျင့်ခန်းလုပ်ပေးပါလို့
    အကြံပေးချင်ပါတယ်။ဝေဒနာရှင်ကိုယ်တိုင်ဆွေးနွေးချင်ရင်တော့ 0973234101ကို
    ဆက်မေးပါခင်ဗျား။
    ဆရာမetoneရဲ့ အားပေးစကားကို လေးစားပါတယ် စာနာစိတ်နဲ့ ပြောတဲ့ အတွက်လည်း
    ဂုဏ်ယူကျေးဇူးတင်မိပါတယ်။ဆရာကြောင်ကြီးက စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ
    ဟာသလေးပြောပေးတာလည်းကျေးဇူးတင်ပါတယ်။
    ကျွန်တော်လည်း အားမာန်တင်းနေပါကြောင်း။

    • linnlinnn

      February 3, 2012 at 3:43 pm

      ဆရာထက်ဝေးရှင့် ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့.. ကျမသူငယ်ချင်း ဆရာ့ကိုဖုန်းဆက်ပါလိမ့်မယ်.သူခံစားနေရတာတွေက ဆရာပြောတဲ့အတိုင်းပါပဲ…

      ဆရာရေ သိပ်လည်းစိတ်ဓါတ်မကျပါနဲ့ရှင်။ ကိုယ့်ရဲ့တိုင်းရင်းဆေးကိုမှ ယုံယုံကြည်ကြည်ရှိသူများလည်းရှိပါတယ် ။ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်ကို ကြားဖူးမှာပါ… ဘယ်လိုပဲနေနေ လူတွေအမြင်မှာ အပြစ်ပြောစရာစကားက ရှိပြီးသားပါ.. အဲဒီတော့ သူလဲသူ့အလုပ်သူလုပ်..ကိုယ်လဲ ကိုယ်အလုပ်ကိုလုပ်ကြတာပေါ့… ဆရာရေ
      etone ပြောသလိုပဲ..ကျန်တာတွေ မတွေးပဲ လမ်းဆက်လျှောက်ပါလို့ အားပေးပါတယ်နော် ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 4:02 pm

    ဆရာ့ပညာအစွမ်း..
    တစ်နိုင်ငံလုံးအပြင် တစ်ကမ္ဘာလုံးသိအောင် ကြိုးစားစေချင်ပါရဲ့ဗျာ..
    စွမ်းသထက်စွမ်းလာအောင်ကြိုးစားပြီး တစ်နိုင်ငံလုံး လှည့်ပြီး ဆေးကုပါနော
    အားပေးပါတယ်..

  • nature

    February 3, 2012 at 5:54 pm

    ရှားပါးအဖိုးတန်တဲ့ မန်းဂေဇက်ရဲ့ တိုင်းရင်းဆေးဆရာထက်ရေ-
    ကျွန်တော်ငယ်ငယ်ကတည်းက တိုင်းရင်းဆေးနဲ့ အကျိုးပေးခဲ့တာပါ။ ငယ်ငယ်တုန်းက ပန်းနာဖြစ်တာ အမိုင်နို ထိုးဆေး ၁နေ့ ၂ကြိမ်ထိုးတာ အမြစ်ပြတ်မပျောက်ခဲ့ပါဘူး။ နောက်ပိုင်းမှာ တိုင်းရင်းဆေးမြီးတို တွေနဲ့ကုခဲ့ပါတယ်။ ကြံမီးဖုတ်၊ ငှက်ပျောသီး မီးဖုတ် ၊ ကျီးကန်းသားနဲ့ ရှိန်းခို စားတာမပျောက်ခဲ့ပါဘူး။ နောက်ဆုံး ရဲယိုရွက်ကို ဆားနဲ့ထောင်းပြီး အရည်ကို ညအိပ်ခါနီးတိုင်း ၆လလောက်သောက်တာလုံးဝ အမြစ်ပြတ်ပျောက်သွားခဲ့ပါတယ်။

    ကျွန်တော့်အမျိုး၁ယောက်ဆို လေဖြတ်လို့ပါးရွဲ့သွားတာ ဆေးရုံကြီးတခုမှ ကုတာ ၁ဝသိန်းကျော်ကုန်တာ မသက်သာလို့ တိုင်းရင်းဆေးနဲ့ကုတာ သောင်းဂဏန်းလောက်နဲ့ပဲပျောက်သွားတယ်။ လေဖြတ်တာကို တိုင်းရင်းဆေးနဲ့သက်သာသွားတာ ကိုယ်တွေ့ဆို ၂ယောက်ရှိတယ်။

    ဆရာထက်ပေးတဲ့ဆေးက ကျွန်တော်နဲ့တော်တော့်ကို ကိုက်တယ်။ နဂိုကဝမ်းအရမ်းချုပ်တာ အခုသိသိသာသာ ဝမ်းမှန်ပြီနေလို့ကောင်းတယ်။
    ရန်ကုန်မှာလည်းတိုင်းရင်းဆေးသင်တန်းလေးတွေဖွင့်ရင်ကောင်းမယ်နော်။

  • htet way

    February 3, 2012 at 8:35 pm

    ဖွင့်ဖို့တော့ နိုင်ငံတော်က လုပ်မှာပါ။
    ဆရာနေးချားရဲ့ တိုင်းရင်းဆေးအပေါ်သဘောထားအမြင်ကို လေးစားပါတယ်။
    ဆရာပြောတဲ့ ဆေးနည်းက လူတိုင်းမသိနိုင်ဘူး
    ပန်းနာရင်ကြပ်ရောဂါသည်တွေ သိအောင်ဆောင်ရွက်စေချင်ပါတယ် ။
    ကျွန်တော်လည်းဖြန့်ဝေပါ့မယ်။
    သမ္ဘာန်တစ်စင်းလိုပေါ့ ခတ်တက်နှစ်တက် နဲ့ သွားရင်ခရီးပိုတွင်ပါတယ်။
    တိုင်းရင်းရော အနောက်တိုင်းရောသွားသင့်ပါတယ်။
    ကျွန်တော်လည်း ဆရာဆီလာလယ်ပါအုံးမယ်။
    ခင်မင်လေးစားစွာဖြင့်….

  • fatty

    February 3, 2012 at 8:41 pm

    ဆရာထက်ကိုကျနော်သိထားသောပညာရပ်ဖြင့်အကူအညီပေးလိုပါသည်။
    ရာသီခွင်၏ဂြိုလ်များကိုပြန်စစ်ပါ။ ခဏ ယာယီသဘောသာဖြစ်ပါသည်။ နားလည်သူနှင့်တိုင်ပင်ကြည့်ပါ။
    အမြဲတန်းအဲလိုဖြစ်မနေပါ။ ဖြစ်နေတဲ့ခဏမှာရပ်တန့်နေလျှင်အချိန်ပုတ်သွားပါလိမ့်မည်။
    အနဲဆုံးလေ့လာမှုတခုထပ်ပြီးပြုလုပ်နေပါ။

  • htet way

    February 3, 2012 at 8:58 pm

    ကျေးဇူးပါ ဆရာဖက်
    ဆရာရေ ဇာတာပြန်စစ်ရမယ်ထင်တယ်။

  • nature

    February 3, 2012 at 9:08 pm

    ဆရာထက်ရဲ့ မွေးနေ့သက္ကရာဇ်ကို ဆရာဖက်တီးဆီ PM ပို့ပေးလိုက်ပါလား။

  • htet way

    February 4, 2012 at 10:15 am

    ဆရာဖက်တီးရဲ့ အီးမေးကို သိချင်ပါတယ်
    သိရင်ပြောကြပါကွယ်ကျေးဇူးဆပ်ပါမယ်။

  • Novy

    February 4, 2012 at 10:39 am

    ဆရာထက်ဝေးရေ…
    ဒီလောက်ထိတောင် လှမ်းလာပြီးမှာ ဘာကြောင့် ရပ်လိုက်ရမှာလဲ
    ဆူးခင်းတဲ့ လမ်းတွေကို လျှောက်လာခဲ့ ပြီး ပြီး ပန်းခင်းတဲ့လမ်းကို
    ရာက်ခါနီးမှာ အားမလျှော့လိုက်ပါနဲ့
    မုန်တိုင်းပြီးရင် လေပြေလာပါလိမ့်မယ်

  • htet way

    February 4, 2012 at 3:33 pm

    ဦးကြောင်ကို ကျေးဇူးဆပ်ပါမယ် လက်ကျိုးခြေကျိုးရင် အခမဲ့ ကုပေးမည် ဖြစ်ကြောင်း
    အောင်ကြူကိုတော့ မဆက်သွယ်ချင်ပါ။
    ကျွန်တော် ဆက်လျှောက်ချင်အောင် ဝိုင်းဝန်းအားပေးတဲ့ ဆရာ၊ဆရာမတွေကို
    ကျေးဇူးပါခင်ဗျား။လောလောဆယ်က ရန်ကုန်မှာလက်စမပြတ်တာ တစ်ယောက်ကျန်တာတော့ နက်ဖြန်သွားရောက်ကုသပေးပါ့မယ်။ ဆရာကထားသွားတယ်ဆိုပြီး အပြစ်ပြောတာတော့ မခံချင်ပါ။
    ရှေ့ဆက်ရမှာတော့ ဝန်လေးနေမိပါကြောင်း။သို့သော် အားတင်းထားပါ့မယ်

  • ayethaw tarsan

    May 1, 2013 at 3:42 pm

    ဆရာက အိမ်မဲကလား။သမီးကို မှတ်မိလား။ဝေယံ ကို သိတယ်မလား။ဟိဟိ ဆရာရေးတာတွေ ခုမှ ပို သတိထားမိတာ အမျိုးတွေဆိုတော. လေ ။အိမ်မဲက ဆိုတော. ။အားပေးပါတယ်။တိုင်းရင်းဆေးကို အများသိအောင် တဖက်တလမ်းက ကြိုးစားပေးတာ ။တိုင်းရင်းဆေးဆရာ တွေ ကိုယ်စား ကျေးဇူးတင်ပါတယ် ။နောက်လဲ အားပေးပါ.မယ် ဆရာ။ ဆေးနည်းလေးတွေ ဝေမျှပေးရင်ပို ကောင်းမယ် ။သမီးတို.က ဆေးနည်းလေးတွေ ကို ဖုန်းနဲ. လူနာတွေကို ညွှန်ပေးရတာမလို.ပါ။ သမီးတို.က တိုင်းရင်းဆေး အကြောင်းသိအောင် လူတွေ ပိုသိအောင် ကြိုးစားနေကြတဲ.သူတွေ မလို.ပါဆရာ။တဖက်တလမ်းက လူနာတွေကို ကူညီပေးချင်လို.ပါ။ ကျေးဇူတင်ပါတယ်ရှင်။

Leave a Reply