စဉ်းစားကြစေလိုပါတယ် ( ၈ ) ( ဝန်ထမ်းလစာ )

Foreign ResidentFebruary 3, 20121min26848

စဉ်းစားကြစေလိုပါတယ် ( ၈ )

 

ဒီ Post ကတော့

” Thanlwinoo ” ရေးထားတဲ့

” တိုးမြှင့်ပေးသင့်ပြီဖြစ်သော အရပ်ဘက်ဝန်ထမ်းလစာ ” ဆိုတဲ့ Post လေး

ကိုဖတ်မိပြီး တွေးမိတာ အဖြေရှာကြည့်မိတာ လေးတွေပါ ။

 

ပထမဦးဆုံး အနေနှင့် ဝန်ထမ်း လစာတွေ နည်းတာလည်း အမှန်ပါပဲ ။

 

ဒါပေမယ့် ၂၀၁၁ ဘဏ္ဍာရေးနှစ် မှာ

နိုင်ငံတော် အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ၂၂၀ဝ ဘီလျံ ကျပ် ပြခဲ့ပါတယ် ။

လွယ်လွယ်ပြောရရင်တော့ မနှစ်က နိုင်ငံတော် အစိုးရ ရဲ့ ရသုံး မှန်းခြေ ငွေစာရင်းမှာ

မြန်မာငွေ ကျပ် သိန်းပေါင်း ၂၂ဝ သိန်း ၊ အရှုံးပြ / လိုငွေပြ ခဲ့တယ်ပေါ့ ။

 

ဒါ နှစ်စဉ် ရှုံးနေတာနော် ၊ ဒီနှစ် ပိုတောင်များသေးတယ်လို့ ပြောပါတယ် ။

 

ဒီ ဖေဖေါ်ဝါရီ လဆန်းမှာပဲ

ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းရဲ့ ကြေငြာချက်အရ

နိုင်ငံတော် မှာ လက်ရှိ အကြွေး ဒေါ်လာ သန်း ၁၁၀၀ဝ

(  မြန်မာငွေ ကျပ် သိန်းပေါင်း ၈၈ဝ သိန်း ) တင်ရှိနေပါတယ် ။

 

လွယ်လွယ်ပြောရရင်တော့ သန်း ၅ဝ ခန့် ရှိမယ့်

မြန်မာနိုင်ငံသား တစ်ဦးချင်းစီ တစ်ဦးချင်းစီတိုင်း မှာ

နိုင်ငံခြားကို ပြန်ဆပ်ရမယ့် အကြွေး ( ကျပ် ၁၈ သိန်း ) ခန့် စီ ရှိနေပါတယ် ။

( မွှေးကင်းစ ကလေးက အစ ၊ သူတောင်းစား အဆုံး ၊ နိုင်ငံသား အားလုံးမှာ )

 

ဟီဟိ ၊ အဘ ကတော့ မြန်မာနိုင်ငံသား ဖြစ်နေမိတဲ့အတွက်

ကိုယ့်မှာ တင်နေသလို / တာဝန် ရှိနေသလို ဖြစ်နေတဲ့

မြန်မာနိုင်ငံသား တစ်ဦးချင်းစီ တိုင်းက နိုင်ငံခြားကို ပြန်ဆပ်ရမယ့် အကြွေး

အဘ ကိုယ်တာ Quota အကြွေး ( ကျပ် ၁၈ သိန်း ) ကို ဆပ်နိုင်ပါတယ်ကွယ် ။

 

ဒါကြောင့် ၊ အဲဒီ အခြေအနေကို သိပ်ဆိုးတယ်လို့တော့ အဘ မထင်ပါဘူးကွယ် ။

ဒါပေမယ့် ၊ သိပ်ကောင်းနေတဲ့ အခြေအနေ မဟုတ်တာတော့ သေချာပါတယ် ။

 

အဲလို အခြေအနေ မှာ

အစိုးရဝန်ထမ်း တွေ လစာ ထပ် တိုးစေချင်ရင်တော့

အစိုးရဝန်ထမ်း အနဲဆုံး ၃ ပုံ ၂ ပုံ ကို အလုပ် ဖြုတ်ပြစ်မှ ရမယ် ။

 

ကျန်ခဲ့တဲ့ အစိုးရဝန်ထမ်း တွေက အလုပ်ကို လက်ရှိထက် သုံးဆ ပိုလုပ်ပေးရမယ် ။

ကျန်ခဲ့တဲ့ အစိုးရဝန်ထမ်း တွေရဲ့ လစာ ကို ၂ ဆ တိုးပေးလိုက်မယ် ။

အလုပ် ဖြုတ်ပြစ်ခံရတဲ့ ဝန်ထမ်း တွေကို ပင်စင် / နစ်နာကြေးလည်း ပေးရအုန်းမှာကိုး ။

 

အဲတာကို ဘယ်လို သဘောရလဲဟင် ။

အပျော်သဘော ဆွေးနွေး ကြည့်တာပါ ။

 

မြို့မေတ္တာ ခံယူမယ့် ၊

 

အဘ F R ။

48 comments

  • Thel Nu Aye

    February 3, 2012 at 9:15 am

    အင်းအဘ ပြောတော့လဲဟုတ်သလိုလိုပဲ။ ဒီအကြွေးဘယ်သူ့မှာတာဝန်ရှိလဲလို့တော့မမေးချင်တော့ပါဘူး။ အဘပြောသလိုပဲကိုယ်လဲဒီနိုင်ငံသားဖြစ်နေတာကိုး။ ကိုယ်လဲတာဝန်မကင်းဘူးပဲဆိုပါတော့။ အဲတော့ကာဝန်ထမ်းလစာတိုးရေးဟာနိုင်ငံသားတိုင်း အကြွးဆပ်ပေးပြီးမှရနိုင်မယ်ဆိုတော့ကာ။ လွယ်တော့မလွယ်ဘူးပဲနော့။ ဒါပေမဲ့အဘပြောသလိုလူတိုင်း ၁၈ သိန်းမလုပ်ပဲ အဆင့်လိုက်ခွဲ လိုက်ရင်ကော။ သူဋ္ဌေး၊ လူလတ်တန်းစား၊ သာမာန်ဝန်ထမ်း နဲ့အောက်ခြေဆင်းရဲသား။ ခွဲလိုက်ပြီးတော့ အဲဒီသူဋ္ဌေးဆိုတဲ့လူတွေကိုပိုဆပ်ခိုင်းလိုက်ပေါ့။ သူဋ္ဌေးဆိုတဲ့လူတွေမသိချင်ယောင်ဆောင်နေတာများပြီ။ သူတို့မှာအဓိကတာဝန်ရှိတယ်။ အဓိကကတော့သူတို့ကိုထိုက်သင့်တဲ့အခွန်တိတိကျကျဆောင် ခိုင်းရင်အကြွေးတဝက်ကြေနိုင်ပါတယ်။ ဝေစားမျှစားလုပ်ခဲ့ပြီးမသိချင်ယောင်ဆောင်နေတာတွေကိုရပ်
    တန်းကရပ်ခိုင်းသင့်ပြီ။ နောက်ဗိုလ်ချုပ်အမည်ခံစီးပွားရေးသမားတွေ။ ဒါတွေနဲ့တင် တိုင်းပြည်အကြွေးတော်တော်ကြေနိုင်ပါတယ်။ ပြည်သူကဘာမှစားရတာမဟုတ်ဘူး။ လူလတ်တန်းစားက ၈ သိန်း သို့မဟုတ် ၅ သိန်းလောက် တာဝန်ယူ။ သာမာန်ဝန်ထမ်းက လုပ်အားနဲ့ တာဝန် ယူ။ ပြောချင်တာက အဘပြောတဲ့ ”ကျန်ခဲ့တဲ့ အစိုးရဝန်ထမ်း တွေက အလုပ်ကို လက်ရှိထက် သုံးဆ ပိုလုပ်ပေးရမယ် ။” ဆိုတာကို လက်ရှိဝန်ထမ်းတွေ လက်ရှိလုပ်နေတာထက် နှစ်ဆလောက် ပဲပိုလုပ်ပေးစေချင်ပါတယ်။ လစာတော့ မတိုးဘူးပေါ့နော်။ လခမတိုးခင်အကြွေးဆပ်ပေးတဲ့ အနေနဲ့လုပ်အားလေးနှစ်ဆတိုး ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမလားလို့။လခမလောက်လို့အောက် ဆိုက်ရှာ၊ လခနဲလို့အလုပ်ကောင်းကောင်းမလုပ်။ ဆိုတာတွေကိုပြုပြင်။ တိုင်းပြည်အတွက်ဆိုတဲ့ စိတ်မွေးပြီးပညာပြတာတွေရှောင်ပြီးအားသွန်ခွန်စိုက်စေတနာ နဲ့လုပ်မယ်ဆိုရင် တိုင်းပြည်တိုး တက်ပြီးအကြွေး လဲမြန်မြန်ကြေတော့လစာလဲမြန်မြန်တိုး တာပေါ့။ အောက်ခြေဆင်းရဲသားတွေ ကတော့လဲ တတ်နိုင်တဲ့လုပ်အားနဲ့ပဲအုပ်တချက်သဲတပွင့် တက်ညီလက်ညီကြိုးစားကြ မယ်ဆိုရင်ဒို့တိုင်းပြည်ဆင်းရဲတွင်းကနေအမြန်ဆုံးလွတ်နိုင်တာပေါ့။

  • Thanlwinoo

    February 3, 2012 at 9:17 am

    အဘဖောခင်ဗျား..,

    စာရေးဆရာ Maurice Collis ရဲ့ Into Hidden Burma စာအုပ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀-၉ဝ လောက် ကိုလိုနီခေတ်မြန်မာနိုင်ငံမှာ အရေးပိုင်လုပ်တဲ့ အတွေ့အကြုံရေးထားတာ ဖတ်ဖူးပါတယ်..။

    သူတို့အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို အုပ်ချုပ်ရာမှာ လူအများကြီးမသုံးဘဲ ခရိုင်အဆင့်ရာထူးဘဲ အင်္ဂလိပ်ထားပါတယ်..။ ကျောက်ဖြူခရိုင်တစ်ခုလုံးမှာ အရေးပိုင် သူနဲ့ အရပ်သားတစ်ယောက်၊ မြောင်းမြခရိုင်မှာလည်း သူနဲ့ ရာဇဝတ်ဝန်(ရဲအရာရှိ) ၂ယောက်ဘဲ အင်္ဂလိပ်ရှိတယ်..။

    အရာရှိတွေကို လစာငွေနဲ့ နေအိမ်အဆောင်အယောင် ကောင်းကောင်းပေးထားပြီး သူတို့ကလည်း ICS များအဖြစ် အစိုးရတာဝန်ကို အကောင်းဆုံးထမ်းဆောင်ကြပါတယ်..။ လာဘ်ပေးလာဘ်ယူ မရှိသလောက်နည်းပါတယ်..။ အောက်ခြေတိုင်းရင်းသားဝန်ထမ်းများကတော့ လစာနည်းတဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ရှိပါတယ်..။ သူတို့လူမျိုးတွေကို အကျင့်မပျက်အောင် လုပ်ထားတာပါ..။

    စစ်အသုံးစရိတ်အနေနဲု့လည်း မြန်မာပြည်သိမ်းစစ်ပွဲနဲ့ တိုင်းရင်းသားပုန်ကန်မှုတွေကို နှိမ်နင်းပြီးတာနဲ့ စစ်တပ်ကို ချက်ချင်းရုပ်သိမ်းလိုက်တဲ့အတွက် စစ်တပ်ကုန်ကျစရိတ်မရှိတော့လို့ မြို့ပြအုပ်ချုပ်ရေးဘက်မှာ လိုအပ်သလိုသုံးနိုင်ပါတယ်..။

    သူတို့အနေနဲ့ မြန်မာပြည်ကို ငြိမ်ဝပ်ပိပြားအောင်၊ စီးပွားရေးဖွံ့ဖြိုးလာအောင်၊ အခွန်များများရအောင် ဆောင်ရွက်ခဲ့ရာမှာ အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ်နဲ့ စွမ်းဆောင်ရေကောင်းကောင်း လုပ်ခဲ့ကြလို့ပါ..။

    ဒီနေ့ခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လိုသလောက်ဘဲ အတော်ဆုံး လူနည်းနည်းနဲ့၊ လစာကောင်းကောင်း၊ Facility ကောင်းကောင်းပေးပြီး ဖွဲ့စည်းနိုင်ရင် ဝန်ထမ်းတွေအတွက်ကော၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော ပိုကောင်းမယ်လို့ ထင်ပါတယ်..။

  • kyeemite

    February 3, 2012 at 9:27 am

    မှန်ပါတယ်အဘရေ…မြန်မာပြည်မှာရှိတဲ့ အစိုးရဋ္ဌာနများမှာ ဝန်ထမ်းအင်အားဖေါင်းပွနေတာအမှန်ပါ..
    ဒါကြောင့်လဲခေတအဆက်ဆက်အစိုးရ အရှုံးပေါ်ခဲ့တာပေါ့..Lean manufacturing မဖြစ်ဘူးပေါ့ဗျာ..
    အဘပြောတဲ့အကြံအတိုင်းဋ္ဌာနတိုင်းကို Lean ဖြစ်အောင်လုပ်လိုက်ရင် ဝန်ထမ်းတွေလဲ လစာလောက်လောက်ငငနဲ့ အစိုးရလဲ ကြွေးမြီနဲနဲနဲ့ ကျိုးစားလိုက်ကြမယ်ဆိုရင်..
    ကျုပ်တို့ရဲ့ တိုးတက်မှု့ရပ်တန့်နေတဲ့ နိုင်ငံတော်ကြီးဟာ……လျှင်မြန်စွာတိုးတက်လာမည်ဟု
    ယုံကြည်ကြောင်းပါဗျာ..

  • manawphyulay

    February 3, 2012 at 9:28 am

    ခုတစ်လော အင်တာနက်မသုံးဖြစ်လို့ ဘယ်စာမှမဖတ်ဖြစ်ဘူးဖြစ်နေတယ်။ သုံးတော့လည်း ကွန်နက်ရှင်က အလွန်တရာ နှေးကွေးလေးလံနေသဖြင့် အဆင်မပြေဖြစ်နေတော့ စဉ်းစားချင်တာတွေတောင် မစဉ်းစားရသေးဘူးဖြစ်နေတယ်။ ခုတောင် အဘစာတွေကူးသွားတယ် အဘရေ နောက်မှ ကော့မန့်ပေးတော့မယ်။

  • Shwe Tike Soe

    February 3, 2012 at 9:50 am

    ဟုတ်ပါ အဘရယ် ပြောမှ ပဲ ကိုယ်လစာတိုးတောင်ချင်ရင် သူများ စီးပွားရေးထိခိုက်တော့မယ်နော်… အဟင့် တိုးမတောင်းလို.လဲမရဘူးလေ… လောက်မှမလောက်တာ..
    ကျွန်တော်တို.တော့ ကံကောင်းလို.အလုပ်ရတယ်.. ကံဆိုးချင်တော့ FEC နဲ.ရတယ်.. Exchange Rate နဲ.ရေတိမ်နစ်နေတယ်..ဟိဟိ

  • Swal Taw Ywet

    February 3, 2012 at 9:54 am

    Very Good Point of view.
    ( Bravo uncle F R )
    In these days, I saw on TV ( Discovery Channel )-HISTORY,
    ” Post war condition of England “.
    They ( British ) reduced their usage of materials and foods, they worked hard as double and exported more and more to solve the problem of debt by WW 2.
    They got success by following the discipline. It was admirable.
    So… There is a will, there is a way.

    With respect,
    Swal Taw Ywet.

  • weiwei

    February 3, 2012 at 10:14 am

    အလုပ်လက်မဲ့ဦးရေများအောင် အကြံပေးထားလို့ အဘ အဆိုကို ကန့်ကွက်ပါတယ် …

    တကယ်တော့ လက်ရှိအလုပ်တွေမှာ ဝန်ထမ်းတွေ မပိုနေပါဘူး … လိုတောင်လိုနေပါသေးတယ် … အခုအစိုးရလက်ထက်မှာတော့ ဝန်ထမ်းများများခန့်ပေးဖို့ ခွင့်ပြုထားတယ် … ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အစီအစဉ်ထဲက တစ်ခုပေါ့ …

    • weiwei

      February 3, 2012 at 1:50 pm

      ွှရီစရာတော့ကောင်းတယ် … ကျွန်မရေးလိုက်တာက ဝန်ကြီးနဲ့တွေ့ဆုံပွဲတုန်းက ဝန်ကြီးပြောခဲ့တဲ့စကားကို ဒီအတိုင်းပြန်ရေးလိုက်တာ … 😛 😛
      ကြည့်ရတာတော့ လိမ်ပြောသွားတာနဲ့ တူတယ်နော် …. 🙂 🙂

  • ဦးဦးပါလေရာ

    February 3, 2012 at 10:17 am

    “…အစိုးရဝန်ထမ်း အနဲဆုံး ၃ ပုံ ၂ ပုံ ကို အလုပ် ဖြုတ်ပြစ်မှ ရမယ် ။
    ကျန်ခဲ့တဲ့ အစိုးရဝန်ထမ်း တွေက အလုပ်ကို လက်ရှိထက် သုံးဆ ပိုလုပ်ပေးရမယ် ။…”

    နောက်တခါ ကိုဖေါရင်း မြန်မာပြည်ပြန်လာရင် ဆိုင်ကယ်စီးခမောက်လေးတော့ ဆောင်းထားပါဗျာ
    စိုးရိမ်မကင်းဖြစ်မိလို့ပါ …. 😀 😀

    —–
    လက်ရှိမြင်နေရတဲ့ ဘဏ္ဍာရေးအခြေအနေက ဘာမှမလုပ်ရသေးတဲ့ အခြေအနေပါနော..
    ရှေ့လျှောက် ဒါ့ထက် အများကြီး ဆိုးတော့မှာပါ …
    လက်ရှိကြွေး ဒေါ်လာ ၁၁ ဘီလျံဆိုတာက မြန်မာပြည်ကို တရုတ်ကလွဲရင် ဘယ်သူမှ ငွေမချေး အကြွေးမရောင်းတဲ့အခြေအနေမို့ပါ။
    အခု ဆန်ရှင်တွေ လျှော့လိုက်ပြီးရင် သူ့ထက်ငါ ဝိုင်းချေးပေးကြတော့မှာပါ။
    ၁၁ ဘီလျံဆိုတာ သာမန်အားဖြင့် ဘာမှ သိပ်မများပါဘူး။ ကိုယ့်နိုင်ငံရဲ့စီးပွားရေးကိုက အလွန့်အလွန်အားနည်းနေလို့ ကိုယ့်အတွက်တော့ တော်တော်များနေတာပါ။

    လက်ရှိ အစိုးရဘတ်ဂျက်လိုငွေ ဆိုတာကလဲ ကနဦးလျာထားချက်ပါ။ ပြီးတော့ အဲဒီထဲမှာ တဒေါ်လာကို နှုံးဟောင်းနဲ့တွက်ထားတဲ့ ကိန်းဂဏန်းတွေပါနေပါတယ်။
    တကယ်စင်စစ်မှာ ဒါ့ထက်နှစ်ဆတော့ အသာလေးဖြစ်သွားနိုင်ပါတယ်။

    ဆိုတော့ ဘယ့်နှယ်လုပ်ကြမလဲ ???

    တကယ်ဖြစ်နိုင်တဲ့ တကယ်ဖြစ်သင့်တဲ့
    ပိုရှာဘို့နည်းလမ်းတွေ နဲ့
    လျှော့သုံးဖို့နည်းလမ်းတွေ
    စဉ်းစားကြည့်မိတယ်…။

    ကိုဖေါရင်းရဲ့ အထင်မြင်ချက်လေးတွေလဲ ဖတ်ချင်ပါသးတယ်…။

  • ba gyi

    February 3, 2012 at 10:27 am

    ကိုကြီးဖေါရေ၊ တစ်ချို့ကလည်း သည်လိုဖြစ်ရတာတွေသည်၊ တုင်းပြည်ဝင်ငွေအပေါ် ကိုယ်ကျိုးရှာခဲ့ကြသောလူတစ်စု၏၊ကိုယ့်အကျိုးစီးပါွးရေးဇောင်းပေးဆောင်ရွက်သည့်၊လွဲမှားသောဘတ် ဂျက်အသုံးတွေကြောင့်လို ့ပြောကြပါ သည်။
    သည်အပေါ်မှာအောက်ခြေဝန်ထမ်းတွေ၊ပြည်သူတွေ ခံရမှာပါပဲ၊
    အစိုးရမှ အရှုံးခံလုပ်ပေးရတယ်ဆိုတာ ဟိုး ဦးနေဝင်းလက်ထက်မှာ၊လောင်စာဆီ၊ဆန် စသဖြင့် ရှိခဲ့ပါတယ်
    ဒါလည်း ပြည်သူအများပိုင် ဘတ်ဂျက်မှ ပြည်သူအတွက် အခြေခံ ကုန်တွေသုံးနိုင်ဘို့ လုပ်ပေးရတာ အစိုးရ
    တာဝန်ပါ။ သည်လိုမလုပ်ပေးရအောင်၊တိုင်းပြည်စီးပွါးရေးမှန်မှန်ကန်ကန်တိုးတက်ပြီး၊လူတော်တော်များများအတွက်
    ထိုက်တန်သောလစာ၊အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးရမှာ အစိုးရတာဝန်ပါ။
    ဒါတွေဖန်တီးနိုင်သောနိုင်ငံရေးအခြေအနေကို တိုင်းပြည်တစ်ကယ်ချစ်ရင် ချက်ချင်း အမှန်အကန်ပြောင်း
    လဲပေးရမှာ တိုင်းပြည်ချစ်သောအစိုးရတိုင်ရဲ့ကျင့်ဝတ်ပါ။
    ငွေကလေးရလာလိုက် ၊ ဝိုင်းသုံးလိုက်ကြ ဆို လန်ကွတ်တီတောင်ကျန်မှာမဟုတ်ပါဘူး။
    ဒါကြောင့် ယခုလွှတ်တော်မှာ၊ဘတ်ဂျက်ခွဲဝေမှု ကိုလုပ်နေတယ်ဆိုတော့၊ နည်းကတော့ဟုတ်နေပါတယ်၊
    သဘာဝကျဘို့တော့ စောင့်ကြည့်ရမှာပါ၊
    လောလောဆယ်၊ ယခင်လို ဝန်ကြီးအသစ်တစ်ယောက်တက်လာ၊ဘတ်ဂျက်တစ်ခုပြ၊ဖြုန်းလိုက်ကြ ယူလိုက်ကြ၊ နောက်တစ်ယောက်တက်လာ၊ အဲသည်လုပ်ပြီးတာကိုပဲ ပြန်ဖျက်၊ပြန်အသစ်စလုပ်လိုက်ကြ
    ဖြုန်းလိုက်ကြ၊ယူလိုက်ကြ၊ ဆိုတာတွေလုံးဝ အဲသည်လူတွေမှာတာဝန်ရှိတယ်၊ ဘတ်ဂျက်ဖြုန်းသူတွေပါ။
    တစ်ခါတည်းအစအဆုံစဉ်းစားပြီး သေချာမှလုပ်တာမဟုတ်ပဲ၊ နိုင်ငံတော်ဘတ်ဂျက် ဒို့ဘတ်ဂျက်ဖြစ်နေ တာတွေ၊ ကို အရေးယူလျှင်၊မှန်ကန်သောအသုံးဖြစ်မှာပါ။
    အချို့စက်ရုံတွေပိတ်ထားရတယ်၊ ပြီးတော့အဲလိုစက်ရုံအသစ်တွေတည်ပြီး၊ဝန်ထမ်းသစ်တွေခန့်ပြန်ရော၊
    ယခင်ဝန်ထမ်းဟောင်တွေက စက်ရုံဟောင်းမှာအလုပ်ကမရှိ၊ပြုတ်မှာလား၊ အစားသွင်မှာလား၊စိတ်သောက
    ရောက်နေကြရတာတွေ၊ အလွန်သိမ်ဖျင်း၊ဘတ်ဂျက်ဖြုန်းသောလုပ်ရပ်တွေပါ။
    လောလောဆယ်၊ကျော်စွာအမိုးနီးယားစက်ရုံ ဟာ ဥပမာတစ်ခုပါ၊ အဲသည်အစားထိုးစက်ရုံသစ်တွေကို
    ပုသိမ်၊ မှော်ဘီမြောင်းတစ်ကာတွေမှာတည်ပြီး၊ဝန်ထမ်းသစ်တွေခန့်၊ ကျော်စွာမှ ဝန်ထမ်းဟောင်းတွေ
    ဘယ်လိုပြန်သုံးမယ်မသိဖြစ်နေတာ၊ ဘယ်လောက်ဘရုတ်သုတ်ခနိုင်သလည်းဗျား။
    အဲတော့ လုပ်ငန်းတွေအားလုံးနီးပါးပုဂ္ဂလိကကိုအပ်၊ ဝန်ထမ်းတွေစိတ်ကျိုက်ရွေးပြန်ခန့်၊ တစ်ချို့ပင်စင်၊
    လျှော်ကြေးပေး၊ နောက်ထပ်အခွင့်အလမ်းအလုပ်တွေရရှိနိုင်အောင်လုပ်ပေး၊ အိုဗျာရှုပ်တယ်၊အစိုးရအဖွဲ့ကိုပါ ပုဂ္ဂလိကပေးလိုက်ပါတော့ဗျား၊ လွှတ်တော်မှာသာ ပြည်သူရွေး တဲ့သူတွေ ထား။ ကဲမှတ်ကရော။ကျုပ်လွန်ရင်ခွင့်လွှတ်ဗျာ၊ တစ်ကယ်မွန်းကြပ်လာတယ်ဗျာ။

  • Foreign Resident

    February 3, 2012 at 10:33 am

    အဘ သာဆိုရင်
    ပထမဦးဆုံး အငယ် အသစ်တွေကို အနားပေးမယ် ။
    လုပ်သက် ( ၁ဝ ) နှစ်အောက်ဆိုရင် ပင်စင် မပေးရဘူး ။ Graduty ပဲပေးရတယ် ။
    နိုင်ငံတော်လည်း ပင်စင် စရိတ် နှင့် Burden မဖြစ်တော့ဘူး ။
    လူငယ်တွေ ဆိုတော့လည်း နောက်အလုပ် ရှာရလွယ်တယ်လေ ။

    ” ဒီအကြွေးဘယ်သူ့မှာတာဝန်ရှိလဲလို့တော့မမေးချင်တော့ပါဘူး ”
    အော် Thel Nu Aye ရယ်
    အဖေက အကြွေးယူထားမိရင် ၊ သားသမီးက ဆပ်ရမှာပေါ့ ။
    ဆိုးမွေ ဆိုတာ အဲဒါကိုခေါ်တာ ။

    • Thel Nu Aye

      February 3, 2012 at 11:19 am

      ဒါပေါ့လေ။ အဘရယ်။ ခံရတော့မှာပေါ့။ မိဘမကောင်းသားသမီးခေါင်းဆိုတာဒါမျိုးပြောတာဖြစ်မယ်။ ထားဝယ်စကားနဲ့ပြောရရင်တော့ ခံ ခံ ခံ ပေါ့။ ( ခံ = ဟုတ်တယ် )

  • ကိုFR ကြီးပြောသလိုဆိုတော့

    ဒီ ဖေဖေါ်ဝါရီ လဆန်းမှာပဲ
    ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းရဲ့ ကြေငြာချက်အရ
    နိုင်ငံတော် မှာ လက်ရှိ အကြွေး ဒေါ်လာ သန်း ၁၁၀၀၀
    (  မြန်မာငွေ ကျပ် သိန်းပေါင်း ၈၈ဝ သိန်း ) တင်ရှိနေပါတယ် ။
     
    လွယ်လွယ်ပြောရရင်တော့ သန်း ၅ဝ ခန့် ရှိမယ့်
    မြန်မာနိုင်ငံသား တစ်ဦးချင်းစီ တစ်ဦးချင်းစီတိုင်း မှာ
    နိုင်ငံခြားကို ပြန်ဆပ်ရမယ့် အကြွေး ( ကျပ် ၁၈ သိန်း ) ခန့် စီ ရှိနေပါတယ် ။

    မလွယ်ကြောပါလားဗျာ။အကျင့်ပျက်ဝန်ထမ်းတွေအားလုံးကို အလုပ်ဖြုတ်သင့်ပါကြောင်း။
    အထက်အရာရှိများပါ အပါအဝင်ဖြစ်၏။

  • awra-cho

    February 3, 2012 at 11:28 am

    တစ်ယောက် အကြွေး (၁၈) သိန်း မရှိ လောက်ပါဘူး၊ အရံငွေ တွေ ရှိပါသေးတယ်၊ နိုင်ငံ တစ်ခုအန နဲ့
    ဒီလောက်က မများသေးဘူးထင်ပါတယ်၊ ဝန်ထမ်းက ပိုတဲ့နေရာ ပိုပါတယ်။(တစ်ကယ် အလုပ်မလုပ် ပဲ
    လစာ ယူနေတဲ့သူတွေ အများကြီးပါ၊ ဖွဲ့စည်းပုံက တော့ ဘယ်ဌာန မှ မပြည့် သေးဘူးထင်ပါတယ်) အဓိက က
    ဝန်ကြီးဌာန ဖောင်းပွ နေတာပါ။ မန်နေ့ဂျ်မန့် ကောင်းရင် အကုန် ပြေလည် သွားနိုင်ပါတယ်၊ လစာကတော့ တိုးပေးသင့်ပါပြီ၊ စာပို့ခတောင် နိုင်ငံတကာ နဲ့ ယှဉ်တောင်းပြီး လစာကျတော့ မယှဉ်လို့ သင့်တော် ပါ့မလား၊
    သမ္မတ ကြီး စဉ်းစားမိသ လား မသိ ကြောင်းပါ။( ဟေ.. လစာ က အဲ လောက်ပဲ ရတာလား။ ငါက တိုးပြီးပြီ
    ထင်နေတာ) ဆိုရင်တော့ တေပြီဆရာပဲ ဗျို့

  • စိန်ပေါက်ပေါက်

    February 3, 2012 at 11:53 am

    အဘားရေ
    အလုပ်လက်မဲ့တွေဖြစ်ကုန်ပါဦးမယ်..

    ကျနော်က အစိုးရဝန်မထမ်းပါဘူးဗျာ
    ဒါပေသိ..

    အလုပ်အကိုင်ရှားပါးနေတာမို ့.သူသူကိုယ်ကိုယ် မလုပ်ချင်လဲ ရရာအလုပ် လုပ်နေကြတာဖြစ်ပါတယ် အဘားရေ
    အဘားက သများတို ့လို အလုပ်သမားမဟုတ်၊
    အဘားက ကပ္ပတိန်၊ဘောဇိမိုလို ့ အလုပ်ခေတ္တမရှိတာ ပြဿနာမရှိပေမဲ့
    သများတို ့အလုပ်ပြုတ်လို ့.အလုပ်မသစ်ခင် ကြားကာလမှာ ဖွတ်ကလိဒင်္ဂ ါးပြတ် ဘီယာငတ် ဘီအီးအကြွေးတက်
    မိန်းမနဲ ့ကွိုင်တတ်..သားသမီးအကြည်ငြိုပျက်..အိုး..များကြီးမိုလို ့..

    ဝန်ထမ်းလျှော့ချတာထက်
    ပိုကောင်းမဲ့အကြံအဉာဏ်လေး ထပ်စဉ်းစားစေချင်ပါတယ် အဘားရေ့

    သများက သဂျီးတူမိုလို ့
    အလုပ်မရှိလဲ သဂျီးတူမက ကျွေးထားနိုင်သော်ငြား
    ဝန်ထမ်းဘဝနဲ ့ တစ်ကယ့်အဆင်မပြေတဲ့လူတွေရှိတဲ့အတွက် ဝန်ထမ်းလျှော့ချရေး လုပ်ဖြစ်လျင်တောင်
    မသဒါရေစာတွေစားပြီး ဗိုက်ဖေါင်း၊အူစို၊ တိုက်ကြီးကြီးမှာ ဇိမ်နဲ ့ အကန်တော့ခံပစ္စည်းတွေယူနေတဲ့လူတွေကိုသာ
    အရင် ဖြုတ်ပေးစေချင်ပါဂျောင်း

    ပုံ/
    သများ-(သဂျီးတူရီး)
    မည်သူမှ အနီမပေးရ
    😆

  • kemothet

    February 3, 2012 at 12:36 pm

    something wrong….(လက်ရှိ အကြွေး ဒေါ်လာ သန်း ၁၁၀၀၀
    လွယ်လွယ်ပြောရရင်တော့ သန်း ၅ဝ ခန့် ရှိမယ့်
    မြန်မာနိုင်ငံသား တစ်ဦးချင်းစီ တစ်ဦးချင်းစီတိုင်း မှာ
    နိုင်ငံခြားကို ပြန်ဆပ်ရမယ့် အကြွေး ( ကျပ် ၁၈ သိန်း ) ခန့် )
    not 1800000kyats….
    may be 180000kyats…(if 1$=800kyats)
    11billians = 11000000000
    am i wrong!!!!?
    thanks……..
    …………………………..

    • Foreign Resident

      February 3, 2012 at 4:19 pm

      Sorry ပါဗျာ ။
      ဟုတ်ပါတယ် လူတစ်ဦးကို အကြွေး တစ်သိန်း ရှစ်သောင်း စီပဲ ရှိပါတယ် ။
      တော်သေးတာပေါ့ ။ 😛

      • TNA

        February 6, 2012 at 11:43 am

        တော်သေးတာပေါ့။ ဒါဆိုသူဋ္ဌေးတွေပဲဆပ်ခိုင်းလို့ရနေပြီ။

  • kai

    February 3, 2012 at 12:40 pm

    ယူအက်စ်ကတော့… အခုရွေးကောက်ပွဲကာလ..Big Government ဆိုတာ တော်တော်အပြောများနေတယ်..။
    ဝန်ထမ်းများပြီး.. အစိုးရက.. အကြီးကြီးပေါ့..။

    မြန်မာပြည်မှာ ဝန်ထမ်းက.. များလွန်းတယ်လို့တော့.. သိပ်မထင်ပါဘူး..။

    အဓိက….ပြဿနာက..အလုပ်လုပ်ရမဲ့သူတွေက.. အလုပ်မလုပ်ပဲ.. တိုင်းပြည်အရင်းအမြစ်တွေ.. ထိုင်သုံးဖြုန်းစားသောက်နေသူတွေများနေတာလို့ ထင်ပါတယ်..။
    သားသုံးသားတဲ့..။ စစ်သား၊ ဘုရားသား၊ ကျောင်းသား..
    တိုးတက်တဲ့နိုင်ငံတွေမှာ.. ကျောင်းသားလည်း..ကုန်ထုတ်လုပ်မှုရှိတယ်..။ အလုပ်လုပ်ကြရတယ်..။
    မြန်မာပြည်မှာတော့..
    သုံးဖြုန်းစားသောက်ယုံတင်မပြီး.. မှားယွင်းတဲ့အယူဆွေး..အယူဟောင်းတွေကိုပါ..လူထုထဲ.. တည်တံ့ ပြန့်ပွားအောင်…သား၂မျိုးက..(ဝမ်းတူးရိုက်ပြီး) ဖိရိုက်သွင်းပေးနေတော့ကာ…

    ဒီအတိုင်းသာသွား…ရှေးစွန်းစွဲတွေဖက်တွယ်ထား…
    … ဘေးကပ်ရက်..အိမ်နီးချင်းတွေမှီဖို့.. ၁ဝဆယ်ချောင်းထောင်ပြရုံတင်မက…
    ခြေ၁ဝချောင်းပါ ထောင်ပြရလိမ့်မယ်..
    စောင့်လိုက်ဦးဟေ့.. အနှစ်၂၀.. အနှစ်၂၀..

    ဆိုတော့…
    ၁) ဘာသာ၊သာသနာရေးအာဏာပိုင်အဖွဲ့အစည်းတွေ..အရင်ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်..။
    ၂) ဘာသာရေး၊ နိုင်ငံရေးနဲ့ပါတ်သက်ပြီး ..အစွန်းရောက်နေတာတွေ.. .အရင်ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်..။
    ၃) သာသနာရေး၊ စစ်ရေးအရိပ်မှီပြီး.. ဥပဒေအပေါ်ရောက်နေသူတွေ/ရောက်နေတာတွေကို.. အရင်စိစစ်ပြုပြင်ရမယ်..

    ဘာသာရေးက..နိုင်ငံရေးပဲ..
    တိုင်းပြည်ကိုထိန်းကြောင်းမောင်းနှင်နေတာပဲ..
    တိုင်းပြည်တပြည်… ဆိုး-ကောင်းရဲ့.. အဓိက.. သော့ချက်ပဲ…။ ဒါက.. ဟိုးအနှစ်၂၀၀ဝကျော်ကတည်းက အခုထိ. ကမ္ဘာသမိုင်းကြည့်ရင်လည်း… တသမတ်ထဲပဲ… . မပြောင်းလည်းသေးဘူး..။

    ဒီခေတ်.. ဒီအချိန်.. အမေရိကားကို ဘယ်လိုမောင်းနှင်နေသလည်း…ဘယ်လိုတွေးပြသလည်း.. တိုက်တိုက်ဆိုင်ဆိုင်…
    ဒီနေ့ပဲ…သမ္မတအိုဘားမားဘာပြောလိုက်လည်း…
    အောက်မှာ.. ဖတ်ကြည့်ကြပါနော…။

    At prayer breakfast and with birth-control decision, Obama riles religious conservatives

    By David Nakamura and Michelle Boorstein, Thursday, February 2, 5:53 PM

    President Obama drew on the Bible and his interpretation of the Christian faith Thursday to deliver a sharp, if tacit, critique of his chief Republican rival’s economic program, speaking at a forum that in the past has been largely free of electoral politics.

    Speaking to about 3,000 people at the annual National Prayer Breakfast, Obama emphasized the importance of his Christian beliefs in his politics and personal life, arguing that his efforts to raise taxes on the wealthiest Americans, promote health insurance reform, help families with college tuition and send troops to prevent human rights abuses in Uganda were grounded in his faith.

    President Obama, speaking at the National Prayer Breakfast, said his policy arguments stem from his interpretation of his Christian faith.

    President Obama, speaking at the National Prayer Breakfast, said his policy arguments stem from his interpretation of his Christian faith.

    “I think to myself, if I’m willing to give something up as somebody who’s been extraordinarily blessed, and give up some of the tax breaks that I enjoy, I actually think that’s going to make economic sense,” Obama told the audience. “But for me, as a Christian, it also coincides with Jesus’s teaching that ‘for unto whom much is given, much shall be required.’ ”

    Obama’s remarks injected religion, a politically treacherous issue for him and for Republican front-runner Mitt Romney, into the center of the presidential race. His willingness to do so suggested a new confidence in his evolving reelection message that restoring fairness to the American economy is crucial to its long-term success.

    http://www.washingtonpost.com/local/at-prayer-breakfast-and-with-birth-control-decision-obama-riles-religious-conservatives/2012/02/02/gIQAgy1blQ_story.html

  • ကြောင်ကြီး

    February 3, 2012 at 12:47 pm

    အိုက်လိုပြောဂျေးဆို ကြောင်ကြီးလည်း ဝင်နှောက်အုံးမယ်။
    ဒေါ်လာသန်း၁၁၀၀ဝ အကြွေးရှိတယ်။ နှစ်စဉ်အတိုးက ဘယ်လောက်ရှိမလဲ ၃ရာခိုင်နှုန်းကျော်ကျော်လေးထား။ ဒါဆိုဆို တနှစ်ကို အတိုး ဒေါ်လာသန်း ၃၆၀၊ တလကို ဒေါ်လာသန်း ၃၀၊ နေ့စဉ် အတိုး တနေ့ဒေါ်လာ၁သန်း ပေးနေရတယ်။ မြန်မာငွေနဲ့ဆို ကျပ်ငွေသန်း၈၀ဝကျော် မစားရမသောက်ရ ပေးနေရတာ။ အခုဟာက ဝါဇီပုံနှိပ်စက်ကနေ ထုတ်လို့ရတဲ ့ ကျပ်ငွေမဟုတ်ဘူးနော်၊ အမေရိကန်ဒေါ်လာ အစစ်ပေးရတာ။ ချေးငွေဆိုတာ တိုးရင်းပေါင်းသွားတယ်။ မဆပ်လေ အရင်းတက်လေ အတိုးပိုများသွားလေပဲ။ ဒီကြားတယ် တိုင်းပြည်လုပ်ငန်းတေါက အရှုံးပြနေတယ်ဆိုတော့ အရင်းမပြောနဲ့ အတိုးတောင် မဆပ်နိုင်ဘူး။ ဘာလုပ်ကြမလဲ…လွယ်ပါတယ်။။။ မရှိရင် ခိုးစား၊ မရင် လုစားပေါ့..ဒါပဲရှိတယ်။ ညူကလီးယားဗုံး တိုက်ချင်းပစ်ဒုံးပျံရအောင်ထွင်၊ ပြီးတော့ အာဆီယံနိုင်ငံတွေကို ပစ်မယ်ဖောက်မယ် တကဲကဲလုပ်၊ တရုတ်ကြီးပါမချန်နဲ့။ သူတို့အနာမခံနိုင်ရင် ဆက်ကြေးပေးဖို့ လာညှိလိမ့်မယ်။

  • kai

    February 3, 2012 at 12:55 pm

    ကြားထဲမလည်း…ကုမ်ပဏီတခုက… မြှောက်ပေးတိုင်း. အင်ဖရာအခိုင်မရှိပဲ.. ဖုံးတလုံး၅ထောင်နဲ့ရဖို့.. ဝိုင်းတွန်းနေကြလေရဲ့…

    လူထုထဲက..လူအနည်းစုလို့ထင်ပါတယ်..။ ကျန်လူ သန်း၄ဝကျော်လောက်က.. သိတောင်သိမှာမဟုတ်..။

    ဒါပေမဲ့..မီဒီယာအားရှိတော့.. ဒီလိုဝိုင်းတွန်းနေတာနဲ့.. မရှိတဲ့..မလောက်တဲ့.. ငွေအရင်းအမြစ်ကို.. ပညာရေး..ကျမ်းမာရေးထဲမသုံးနိုင်ပဲ.. ဖုံးတလိုင်း၅ထောင်နဲ့ရဖို့.. သွားမြုတ်ထည့်လိုက်ရဦးမယ်..

    အနိစ္စ..။ဒုက္ခ…

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 3, 2012 at 1:41 pm

      သဂျီးမင်းခင်ဗျား
      ဒီရွာထဲရှိတာဘဲ ဘာတဲ့ မြွေတွင်းထဲက မျက်လုံးအလင်းရောင်တွေကို
      ပတ္တမြားတွေထင်ပြီး တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းကြတဲ့ပုံလိုပါဘဲ
      ကိုယ်က လင်ယူသားမွေး ကိလေသာထလို့ဝမှ
      ဟဲ့တာ ပြီးတော့ပျီးတာဘဲ ဆိုပြီးတရားလာမချနဲ့
      ပညာရေးလဲမလိုခြင်ဘူး ( ရုံးစာရေးလခ ရှမ်းပြည်မှာ တစ်ပတ်နဲ့ရဒယ် )
      ကျမ္မာရေးလဲ ဂရုစိုက်ဘူး ( ကိုးပါးဆေးရှိတယ် ) 😀
      တယ်လဖုန်းဘဲယူမယ်
      ဒါဗျဲ

    • ရွာစားကျော်

      February 3, 2012 at 1:58 pm

      တဂျီးရေ
      http://myanmargazette.net/98228/business-economy
      ဒီပို့စ် ဖတ်ပီး တော့ မန့်ပေးပါအုံး

      လိုင်းမကောင်းလို့လား ဆင်ဆာပဲဖြတ်ထားလားမသိ
      ကိုယ့်ပို့စ်မှာကို မန့်မရဘူးဖြစ်နေတယ်

    • htoosan

      February 3, 2012 at 3:57 pm

      သူကြီးရေ .. sim card အလကားတောင် ပေးပါ့မယ်ဆိုပြီး proposal တင်ထားသူတောင် ရှိပါတယ် ဆိုတော့ ကျွန်တော်တော့ ရွှေပြည်တံခွန်ကို ယုံကြည်နေသေးတယ် ။ ယှဉ်ပြိုင်သူတွေ များတဲ့ အကြားမှာ နှာတစ်ဖျား အသာယူ ဘို့ ကြိုးစားနေတယ်လို့ ထင်တယ် ။ နော်ဝေးက ကမာ္ဘ့ အကြီးဆုံး တယ်လီကွန်း ကုမ္မဏီကလည်း ချည်းကပ်နေလေရဲ့။ ဒီကုမ္မဏီရိုက်စားလုပ်မှာ လိမ်သွားမှာ စိုးရင် အာမခံတင်ထားခို်င်းလိုက်လေ။
      လူတစ်သန်း X (ဖုံး ဘိုး ၅၀၀ဝ ၊ ဖုံးခေါ်ဆိုခ ကဒ် ၁၀၀၀ဝ = ၁၅၀၀ဝ ကျပ်) သန်း ၁၅၀၀ဝ = ဒေါ်လှ ၂ဝ သန် ငွေသား အာမခံတင်ထား ။ ပြီးလုပ် ။ မရရင် ဒီငွေတွေ ဝယ်ထားသူတွေကို ပြန်အမ်း ။ သူ့ ဖုန်းနဲ့ မှ လို့ လုပ်လာရင်တော့ တစ်မျိုးပြန်တွေးကောင်း တွေးရပေမဲ့ ၊ အဲ့ဒါတွေ အတွက်ပါ ပေါင်း ပြီး အာမခံတင်ထားပေါ့ဗျာ။

      ဘဖောရေ .. ဖုန်းဘက်ကို လမ်းလွဲသွားတာတော့ ဝမ်းနည်းပါတယ် ။
      ကျွန်တော့် အမြင်ကတော့ အလွယ်တစ်ကူ လစာတိုးပေးတာ မှန်ကန်တဲ့ လမ်းအနေနဲ့ မမြင်ပါဘူး ။ လစာ တိုးလိုက်တာနဲ့ ဈေးနုုုန်းတွေ လိုက်တက်လာဦးမှာမို့ ထူးမခြားနားပါ ။
      ဝန်ထမ်းတွေ ဖြုတ်ပြစ်တာလည်း မှန်ကန်တဲ့ လမ်းလို့တော့ မယူဆပေမဲ့ လုပ်သင့်ရင် တော့ လုပ်ရမှာပါ ။ အဓီက ကတော့ နိုင်ငံ ဝင်ငွေ တိုးအောင် ရှာဖို့ပါ ။
      နိုင်ငံ ဝင်ငွေ တိုးလာပြီးရင် နိုင်လာမှ သက်ဆိုင်ရာဈေးတွေ ကျအောင်ချရမယ်လို့ထင်မိပါတယ် ။ ဝင်ငွေတိုးအောင် ရှာဖို့ က Human Resource က အရေးကြီးနေသေးတယ်လေ ။ ဖြုတ်ပစ်ဖို့တော့ လောလော ဆယ် မထောက်ခံပါဘူး ။

      • kai

        February 3, 2012 at 4:40 pm

        ရွှေပြည်တံခွန်အကြောင်း..မသိပါဘူး..
        နံပါတ်နဲ့ကိုယ်ပိုင်… လိုင်းဝယ်တာလား..။ သူတို့ကိုယ်ပိုင်ဖုံးနံပါတ်အသစ်နဲ့.. စံနစ်သစ်နဲ့.. ဖုံးကုမ်ပဏီကြိးဖြစ်ချင်တာလား..။
        ပြည်သူပိုင် အင်ဖရာစရပ်ချာကို ဖြတ်သုံးပြီး.. ကြားကနှမ်းဖြူးစားချင်တာလား..

        ဒါပေမဲ့.. အစိုးရတရပ်..တိုင်းပြည်တခုမှာ.. အခြေခံစည်းကမ်းတော့ရှိတယ်..။
        ဆက်သွယ်ရေးအင်ဖရာစရပ်ချာနဲ့..စာတိုက်ကို.. ပုဂ္ဂလိကလက်ထဲ.. လွှဲမအပ်ရဘူး…။ နိုင်ငံသားတဦးချင်းဆီရဲ့.. ပုဂ္ဂလိကအခွင့်အရေးကို အစိုးရကပဲကာကွယ်ပေးနိုင်တာမို့ပါ..။

        ယူအက်စ်လိုနိုင်ငံမှာ… ကုမ်ကဏီတွေအင်မတန်ရင့်ကျက်မှအပ်ကြတယ်ဆိုပေမဲ့.. အစိုးရက..ချုပ်ကိုင်ထားရတာပါပဲ..။ စီမီဂါးဗားမန့်..အစိုးရတဝက်တွေပေါ့…။
        ကြီးလွန်းပြီး..ပြည်သူတွေကိုအနိုင်ကျင့်လာလို့.. အစိုးရက..အင်တိုင်ထရပ်ဥပဒေနဲ့..အစိတ်စိတ်ခွဲထုတ်ပစ်လိုက်ရတာလည်း ရှိဖူးတယ်..။
        ဒါက ..တချက်…။

        မြန်မာပြည်လိုတိုင်းပြည်မျိုးမှာ… ဆက်သွယ်ရေးအင်ဖရပ်စရပ်ချာကို.. (ဘာမှခိုင်ခိုင်မာမာမလုပ်ထားတာတောင်.).. ဒေါ်လာနဲ့တွက်ရင်.. ဘီလီယန်ပေါင်းများစွာရင်းနှီးမြုတ်နှံခဲ့ပြီးလောက်ပါပြီ…။
        ထပ်ထည့်ဖို့လည်း.. နောက်.. အနှစ်၄-၅ဝအတွင်း.. ဘီလီယန်ရာချီကုန်ရဦးမှာပါ..။
        ဒါကို.. ပုဂ္ဂလိကဆီက.. ဘယ်လိုအာမခံတောင်းရမလည်းတော့မသိ…။ 🙁

      • Foreign Resident

        February 3, 2012 at 5:31 pm

        ကို htoosan ရေ
        စဉ်းစားကြစေလိုပါတယ် ( ၉ ) မှာ
        အဘ အမြင်ကို ပြန်ဖြေထားပါတယ်ကွယ် ။
        လူကြိုက်တော့ နဲမှာ သေချာတယ် ။

        သူကြီးမင်း Kai လဲ ဝင်အားပေးပါအုန်း ။

  • aungnng87

    February 3, 2012 at 1:05 pm

    တခုလောက်ဝင်ပြောကြည့်မယ်နော်။ အဲသလိုလစာတွေတိုးပေးရင်တော့ စင်ကာပူတို့ ဂျပန်တို့ကိုရီးယားတို့တော့မပြောပါဘူး။မလေးရှားတို့ထိုင်းတို့မှာအလုပ်လုပ်နေတဲ့သူတွေတော့ အများကြီးပြည်တော်ပြန်လာနိုင်တယ်။ အခုလိုငွေဈေးကကျနေပုံနဲ့ ပြည်တွင်းမှာလစာတွေကတိုးမှာဆိုရင်တော့၊ ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းနည်းနေလို့ကတော့ဇယားရှုပ်ကြဦးမယ်။

  • kyeemite

    February 3, 2012 at 1:05 pm

    weiwei says:

    အလုပ်လက်မဲ့ဦးရေများအောင် အကြံပေးထားလို့ အဘ အဆိုကို ကန့်ကွက်ပါတယ် …

    တကယ်တော့ လက်ရှိအလုပ်တွေမှာ ဝန်ထမ်းတွေ မပိုနေပါဘူး … လိုတောင်လိုနေပါသေးတယ် … အခုအစိုးရလက်ထက်မှာတော့ ဝန်ထမ်းများများခန့်ပေးဖို့ ခွင့်ပြုထားတယ် … ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အစီအစဉ်ထဲက တစ်ခုပေါ့ …
    အော်..မဝေ မဝေ..ရန်ဖြစ်ရပြန်အုံးတော့မယ်..တော်ဘီ..ဘာမှကျောတော့ဘူး..

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 3, 2012 at 1:05 pm

    ဒီအဖိုးကြီးကတော့ဓာတ်ဘဲ
    လက်သီးပွဲဘဲ
    ဥပမာဗျာ
    အခွန်ဦးစီးဌာနမှာ ရလာတဲ့ဘတ်ဂျက်ကို အပီဝါးတာက ဦးစီးမှူး
    အသုံးစရိတ်လျှော့တယ်ဆိုပြီး ဂိတ်ပေါက်စောင့်တဲ့ကောင်ကို အလုပ်ဖြုတ်မယ်ဆိုတော့
    ပြောရက်လေခြင်းးးးးးးးး
    ဘကြီးအောင်မညာဘဲ ဘကြီးအောင်ရက်စက်တယ်ဆိုသလိုဖြစ်နေဘီ
    ဟမ်မလေး ဟဲ့သောက်ခွေး
    ဟောင်ပြီးပြေးဘီဗျို့
    ဗျစ်ဗျစ်ဗျစ်ဗျစ်

  • zarlay

    February 3, 2012 at 1:29 pm

    ဪအစိုးရဝန်ထမ်းဖြစ်ရတဲ့ ဘဝကလဲဆိုးလိုက်တာနော် ကိုယ်တွေမှာတော့ ဘွဲ့ရပြီးတာတောင် အောက် ခြေဝန်ထမ်းဖြစ်တော့ ရတဲ့ပိုက်ဆံနဲ့ မလောက်လို့ ညပိုင်းဆေးရုံမှာ အချိန်ပိုင်း အလုပ်ဆင်းရသေးတယ်

  • thit min

    February 3, 2012 at 2:05 pm

    Aungmyo Tun facebook
    သေစမ်း….။ ကျုပ်တို ့ ရွှေနိုင်ငံရွှေပြည်ကြီးရဲ ့ ပေးဆပ်ရန် တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီပမာဏက နည်းနည်းလွန်းလွန်းမှ မဟုတ်ပါလားဗျို ့…။ ၈၈ ခုနှစ် မတိုင်မီ တစ်ပါတီ ဗိုလ်နေဝင်းလက်ထက်မှာ ဒေါ်လာသန်းပေါင်း ၈၄၀ဝ ကျော်၊ ဗိုလ်သန်းရွှေ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ဒေါ်လာသန်းပေါင်း ၂၈၀ဝ ကျော်၊ စုစုပေါင်း ကြွေးမြီ ဒေါ်လာသန်းပေါင်း ၁၂၀၀ဝ နီးပါးတဲ့ဗျာ…။ ကျုပ်တို ့ပြည်တွေဘဝ… ဆင်းရဲစုတ်ပြတ် မွဲတေပြာကျ၊ ဘာခံစားမှု ဘာအခွင့်အရေးမှ မရ၊ လူပီပီသသ လူလိုသူလို နေထိုင်ရှင်သန်သေဆုံးနိုင်ခွင့် မရှိရတဲ့ ကြားထဲ နေရင်းထိုင်ရင်း တစ်ယောက်ကို ဒေါ်လာ (၂၀၀) စီ အကြွေးတင်နေပြီဗျို ့။ ကြွေးတင် ရှင်ဘုရင်ဆပ် ဘဲ ကြားဖူးပါတယ်၊ ခုတော့ဗျာ.. “တောက်” ။ ငါတကောကော လုပ်ချင်ရာလုပ်သွားတဲ့ အာဏာရှင် သေချင်းဆိုးတွေရဲ ့ ကြွေးတွေကို ရွေးကောက်ခံပြည်သူ ့ကိုယ်စားလှယ်တွေက ကျုပ်တို ့ကို ဆပ်ခိုင်းဖို ့ ပြင်ဆင်နေပြီပေါ့။ မီးဖွားခန်းတွေထဲက ပြွတ်ခနဲ ထွက်လာတဲ့ “အူဝဲ” အော်သံနဲ ့ ပိစိကွေးလေးတွေခမျာလည်း လောကကြီး ဘာမှန်းမသိခင်ကတည်းက ဒေါ်လာ (၂၀၀) ကြွေးပူမိနေတဲ့ ကလေးတွေပါလား။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ပြောတာလဲပြောကြပေါ့ နော့။ သုညတွေများပိုနေသလားလို့။
    ပုံဏ္ဏာဆင်စမ်း တဲ့ အဆင်ကြီးဖြစ်နေပြီထင်လို့။
    ကိုရဲရင့်ငယ် http://www.yeyintnge.com/2012/01/blog-post_5828.html က ပါ။
    အစုံသိချင်ရင် အဲဒီကိုကြွ။
    ကိုရဲရင့်ငယ် နဲ့ ကိုအောင်မျိုးထွန်းရေ ဖော်ပြခွင့်ပေးပါ၊ကျေးဇူးပါလို့။
    (သူ့စာရင်းအရ တော့ တဒေါ်လာ ၉၀ဝ ဆိုရင်တောင် ကျပ် တသိန်းရှစ်သောင်းပေါ့၊ ၈၀ဝ ဆိုပိုနဲသေး)
    ဘာဘဲဖြစ်ဖြစ်ဒါတွေက အပေါ်ယံသဘောပါ။ အယ်ဒီစီနိုင်ငံတနိုင်ရဲ့ ကြွေးမြီသက်သာခွင့်၊အတိုးသက်သာ
    ခွင့်၊ အကြွေးလျှော်မှုဆိုတာတွေ ရှိပါသေးတယ်။
    ပြောခဲ့ပါတယ်နော်။ လယ်ဂျစ်တစ်မေစီ ရလာရင် ညှိလို့ရပါတယ်။
    ဘယ်သူမှလဲ လည်ပင်းညှစ်ပြီးလာမတောင်းသေးဘဲနဲ့ ဘာလို့ များ အော်နေကြပါလိမ့်။ 🙂

    • Foreign Resident

      February 3, 2012 at 4:38 pm

      Sorry ပါဗျာ ။
      ဟုတ်ပါတယ် လူတစ်ဦးကို အကြွေး တစ်သိန်း ရှစ်သောင်း စီပဲ ရှိပါတယ် ။
      တော်သေးတာပေါ့ ။ 😛

      အမှန်တော့ ဒီ Post က ကျွန်တော် လေးလေးနက်နက် မဟုတ်ပဲ ။
      ခပ်ပျော်ပျော် နှင့် ပေါ့ပေါ့ ပါးပါးပဲ တွေးကြည့်တာပါ ။
      အခုလို တရက် မပြည့်ခင်မှာ Comments ၃ဝ လောက်တက်လာတော့မှ လန့်သွားတယ် ။

      တကယ့်တကယ်ကတော့ အစိုးရဝန်ထမ်း ၃ ပုံ ၂ ပုံ ကို အလုပ် ဖြုတ်ပြစ်ဖို့က
      မဖြစ်နိုင် ပါဘူး ။ ဖြစ်လဲ မဖြစ်သင့် ပါဘူး ။
      Politically & Socially justify မဖြစ်ပါဘူး ။

      နောက်ပြီးတော့ အကြွေး တစ်ခုထဲ တွက်ချက်လိုလဲ့ မရပါဘူး ။
      နိုင်ငံရဲ့ Foreign Reserve, Natural Resources & Human Resources,
      Recent Assets & potential တွေလည်း ထည့်စဉ်းစားရမှာပါ ။

      ကျွန်တော်က ရွာသူားတွေကို Brain Storming လုပ်စေချင်လို့ အစ ဆွဲထုတ်မိတာပါ ။
      ရွာသူားတွေ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ ။
      Comments တွေအတွက် ကျေးဇူးတင်ပါတယ် ။

  • MaMa

    February 3, 2012 at 3:07 pm

    မိဘရဲ့ အကြွေးကို သားသမီးက ပေးဆပ်ရမယ်ဆိုတာမှန်သလို
    မိဘဆီက အမွေအနှစ်ကိုလည်း ဆက်ခံခွင့်ရှိတာမို့…
    (……) တွေများ အမွေဆက်ခံရမယ်ဆိုရင်…..
    ကိုယ်တစ်ယောက်စာ ၁၈သိန်း ပျော်ပျော်ကြီး ပေးဆပ်လိုက်ချင်ပါရဲ့။ 🙁

  • thit min

    February 3, 2012 at 5:46 pm

    မ ဆောရီး ပါနဲ့ခင်ဗျာ။ အိုကေပါတယ်။ဒီမှာက တော်ပါသေးတယ်။
    ဒီမှာထက်ပို ဆိုးနေတာက ဂဏန်းတွက်မှားပြီး ဟိုဘက်ပို့စ်မှာ
    “သိန်း ၂၀၀” တောင် ဖြစ်နေလို့လန့်ဖြတ်ပြီး ရေးလိုက်မိတာပါ။ 🙂
    အစိုးရ မကောင်းလို့ပူရ၊ ဒီမိုကရေစီ အသံလေး သဲ့သဲ့ကြားရတုန်းရှိသေး အကြွေးဆိုတော့
    လူတွေလဲ သနားပါတယ်ဗျာ။ တကယ်ပါ။
    ကောလာဟလ ဆို ဘုရားဟောလို ယုံတတ်လို့ လဲ စိုးရိမ်သွားမိတယ်။
    ——————————————————————-

    အဲဒါဆိုရင်တော့ဗျာ.။ ပိုပြီးစိတ် အေးရအောင်ပြောပေးလိုက်ပါအုန်းမယ်နော့။
    ကျနော်တို့ထက် အကျူထွေး အကြွေးထူသူများကတော့ သူတို့ပါတဲ့။
    ကန်ဘာ့ နံပါတ် ၁ဝ (တော့ပ်တဲန်း) အကြွေးထူနိုင်ငံများဆိုဘဲခင်ဗျ။
    တိုင်းပြည်တပြည်မှာအကြွေးက အရေးပါသလား မပါသလား စာရင်းလေးကိုကြည့်ပြီး
    စဉ်းစားကြည့်ရင်သိမှာပါနော်။
    စိတ်အားငယ်မှာ စိုးလို့ (အားငယ်စရာတွေများနေတဲ့ ကိုယ့်နိုင်ငံသားတွေ ကို နားလည်မိလို့ပါ)

    တော့ပ် ၁ဝ နိုင်ငံအနက် လူကြီး(၉) နိုင်ငံ ရဲ့ အနေအထားလေးပါ။
    ကိုဖော ပြောသလို ဘရိမ်းစထရောင်းမင်း လုပ်ကြည့်ကြပါနော့။

    1.United States of America – $13,399,859,000,000
    (((((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $43,000 ))))

    2.United Kingdom – $9,191,104,000,000
    (((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $150,000 ))))

    3.Germany – $5,208,000,000,000

    4.France – $5,021,000,000,000

    5.Spain – $2,478,000,000,000

    6.Luxembourg – $1,994,000,000,000

    7.Republic of Ireland – $1,841,000,000,000

    8. Japan – $1,492,000,000,000
    (((((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $11,740 )))……ကဲ ညီလေးဂီ၊ Citizen ခံမလားဝေ့ 🙂

    9.Belgium – $1,313,000,000,000

    (Source: World Bank , IMF and International Business Times Magazine)

    အဲ အဲ……..
    အားမငယ်ဘဲနဲ့ တော့လဲမနေနဲ့အုန်းနော်၊ ကြိုးစားတာတော့ ကြိုးစား၊လုပ်တာတော့လုပ်ရအုန်းမှာဟဲ့။
    အမယ် ရသေးတယ်ဟဲ့တော့ လုပ်နဲ့နော်။ ဟိုက ဘုရင့်နောင်ပွဲရုံတန်းက သဌေးလိုမျိုး။
    မြန်မာပြည်က ခုမှ ဈေးရောင်းမယ်ကြံကာရှိသေးတာလဲ မမေ့နဲ့ပေါ့။ 🙂

    အားလုံးကျေးဇူးပါဗျ။

    • Foreign Resident

      February 3, 2012 at 7:31 pm

      အဓိက အကျဆုံးက အကြွေး ပမာဏ မဟုတ်ပဲ
      အကြွေး နှင့် GDP အချိုးပါ ( Debt-to-GDP ratio )

      အဲဒီ အကြွေး နှင့် GDP အချိုး အရဆိုရင်တော့
      ဂျပန် နိုင်ငံက အထူး အခြေအနေ ဆိုးနေပါတယ် ။
      တစ်နှစ်လုံး တစ်နိုင်ငံလုံး ထုတ်လုပ်သမျှ GDP ရဲ့ 220 % အကြွေး ရှိနေပါတယ် ။
      စိုးရိမ်ရပါတယ် ။

      အမေရိကန်က 94% ပဲရှိပါတယ် ။
      UK က 75% ပါ ။
      တရုတ်ကြီး China က 33% ပဲရှိပါတယ် ။

      Source = IMF ( http://www.imf.org/external/data.htm )

      • thit min

        February 3, 2012 at 8:15 pm

        အဲဒီလို သိပြီ ဆိုရင် ဆက်ပြီးပြောပေးလို့ရပါသေးတယ်။
        ယေဘုယျအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စဉ်းစားစရာအချက်တွေများစွာကျန်ပါတယ်။
        အဲဒီအကြွေးတွေ ဟာ “Capital formation” မှာ ဘယ်လောက်သုံးထားသလဲ။ရင်းနှီးထားတယ်ပေါ့နော်။
        —(Capital to GDP ratio)ဂျီဒီပီရဲ့အချိုးဘယ်လောက်ရှိလဲ ဆက်ရှာရပါတယ်။
        –နောက်ပြီးတော့ ကန်ဘာ့ဘဏ်ရဲ့ စပယ်ရှယ်ဒရော်ရင်းရိုက် ( SDRs )။
        —ဖောရိမ်းရီဆာ့ဗ်ဘယ်လောက်ရှိလဲ ဆိုတာအထိ လိုက်ကြည့်ရပါတယ်။
        ဘာဖြစ်လို့ ” capital formation” ကအရေးကြီးလဲဆိုတာသိသာပါတယ်။
        ဆိုလိုတာက “ရင်းနှီးမြုပ်နံမှု” ကြောင့်
        ဂျီဒီပီဆိုတာ အနိမ့်အမြင့်ရှိတတ်တဲ့အကြောင်းအရာတွေ ၂ နှစ် ၃နှစ်အတွင်း ပြင်းထန်စွာဖြစ်
        နိုင်တာမို့ သူ့တခုထဲနဲ့တော့မလုံလောက်ပါဘူး။
        မြန်မာထက် အကြွေးများပြီး မြန်မာထက်ချမ်းသာနေတာ ” Capital Formation”ကြီးတာ ကြောင့်ပါဘဲလို့
        အကျဉ်းချုပ်ပြောနိုင်ပါတယ်။
        နောက်ထပ် အချက်တွေလဲ ရှိပါသေးတယ်။ မြင်သာတဲ့ လူတိုင်းနားလည်တဲ့အချက်လောက်ပြော
        ပြပေးထားပါတာပါ ခင်ဗျ။

        • Foreign Resident

          February 3, 2012 at 8:43 pm

          ဟုတ်ပြီ ကိုသစ်မင်းရေ
          Special Drawing Right ( SDR ) ကိုနည်းနည်း ရှင်းပြပါအုန်း ။
          ဟိုးအရင်က သင်္ဘောတွေရဲ့ ဆက်သွယ်ရေးအခ Telecom Charges တွေကို
          Gold France နှင့် ပေးရသဗျ ။ နောက်ပိုင်း SDR နှင့်ချေရသဗျ ။
          နိုင်ငံတကာ Standardized လုပ်ထားတဲ့
          ငွေကြေး ပုံစံ တစ်မျိုးမှန်းတော့ သိတယ်ဗျ ။
          သမိုင်းကြောင်းလေး ရှင်းပြပါလား ။

        • thit min

          February 3, 2012 at 9:38 pm

          ဟုတ်ကဲ့ အကိုဖောရေ
          ဖောရိမ်း ရီဆာ့ဗ်တမျိုးပါဘဲ။ဒီထက်ရှင်းပြရရင်
          နှစ်မျိုး နားလည်လို့ရပါတယ်။
          ၁။အလွယ်ပြောရရင်တော့ ဟိုး ရွှေစံချိန်စနစ် ပျက်သွားပြီးနောက်ပေါ်လာတဲ့ အာမခံစနစ်ပါဘဲ။
          portfolio ဆိုတဲ့ စကားလေးများကြားဘူးပါသလားဗျာ။အာမခံစတော့ရှယ်ရာလက်မှက်တမျိုးပါ။
          SDRsဆိုတာလဲ portfolio ပါဘဲ။ အိုင်အမ်အက်(ဖ) မှာဝင်ထားတာပေါ့နော်။
          ဆက်ပြောရရင် ပြည်ပငွေပေးငွေယူရှင်းတမ်းမှာ သူနဲ့ ရှင်းလို့ရပါတယ်။
          ၂။ အသွင်အပြင်အားဖြင့်တော့ SDRsဆိုတာ
          Hedge fund ဆိုတဲ့ အရင်းနှီး-စည်းရိုးရံပုံငွေ(အာမခံငွေ) ကို အိုင်အမ်အက်ဖ်မှာ
          အချုပ်ကတော့ currency basket လို့ခေါ်တဲ့ ငွေကြေးလေးမျိုး (ဘရစ်တစ်ရှ်ပေါင်စတာလင်၊ ယူအက်စ်ဒေါ်လာ၊
          ဂျပန်ယန်း၊ယူရို )နဲ့ အာမခံထားတဲ့ ပမာဏပါ။
          တလုံးထဲပြောရရင် ပြည်ပငွေပေးငွေယူရှင်းတမ်းအတွက် အာမခံထားငွေပါဘဲ။
          (ဟိုးရင် ၁၉၆၉အထိက ရွှေတွေနဲ့ ယူအက်စ်ဒေါ်လာကိုရောထားခဲ့ကြတာပါ။)
          အဲဒီ နမူနာကို ယူပြီး ဂျိန့်ရဲန်ကန်ပနီကြီးတွေ (ဥပမာ တိုယိုတာဆိုပါတော့)Hedge fund ထားပြီး
          “ကာ”ထားကြလို့ ခုလိုခံနိုင်ကြတယ်လို့ ဆိုတယ်ဗျ။ဒါပေမဲ့ လူသိမခံကြဘူးပေါ့ဗျာ။
          အမှန်တော့လဲ အမေရိကန်တို့ ဂျပန်တို့ ပြာနေတာကြာပါပြီ၊ အဲဒီ ရီဆာ့ဗ်တွေ အများကြီးရှိနေလို့
          လိုအပ်ရင် ယူရှင်းလို့ရတယ်ပေါ့နော်။

        • kai

          February 4, 2012 at 12:39 am

          အခုသမ္မတအိုဘားမားကို.. ဆွဲချနေတာ.. အဲဒီအကြွေးပြသနာပါပဲ…။
          ဥရောပကြီးတခုလုံးပြိုကျမတတ်ဖြစ်သွားတာလည်း.. အဲဒီအကြွေးပြသနာပါပဲ..

          အဲဒါအကြောင်း…အချိန်ရရင်… သေချာရှင်းပြပါလားကိုသစ်မင်းခင်ဗျာ.. မြန်မာလူထုအတွက် အကျိုးများမယ်ထင်မိပါတယ်..။
          လူပြိန်းနားလည်အောင်လုပ်ပေးပါနော… 🙂

          (ကျုပ်မလည်း.. ဝေါစထရိကလူတွေသွားမေးမိတော့ကာ.. “အလုံး”တွေနဲ့ ခဏခဏ”ထု”ခံရလို့..ကြိုကန်ထားတာ…)

  • Khin Latt

    February 3, 2012 at 6:00 pm

    ဖတ်ပြီး စိတ်ထဲ ပေါ်ရာ ကို ရေးလိုက်ပါတယ်။
    ကျွန်မ အတွေး မှားပါနိုင်ပါကြောင်း၊ လူပြိန်းတွေး တွေး ပြီး ရေးတာ ဖြစ်ပါကြောင်း အရင်ပြောလိုပါတယ်။

    နိုင်ငံတိုင်း (တရုတ်မှလွဲ၍) ကြွေးမကင်းဟု နားလည်ခဲ့ဘူး ပါသည်။
    ကြွေးဆိုတာ တကယ်တော့ ကြောက်စရာ မဟုတ်လို့ ထင်ပါတယ်။
    ကြွေး ကို ဆပ်နိုင်တဲ့ အခြေအနေ ဖြစ်ဖို့သာလိုပါတယ်။
    ကိုယ့် မှာ ကြွေးများ လွန်း နေပြီ ဟု သိပါက မလိုသော (ကျွန်မ ထပ်ပြောပါသည် – မလိုသော) အသုံးစရိတ် များကို လျှော့ ရပါမည်။
    ထို အသုံးစရိတ် များကို ကန့်သတ်ရန် မည်သည့် နေရာမှာ မလို ဘဲ ဘတ်ဂျက် တွေ ထဲ့ ထားတယ် ဆိုတာ က ကြွေးများသည် ဟု ပြောသည့် သူများ သိကို သိရပါမည်။

    ကြွေးများသည် ဟု ကြေငြာ ပြီး ပါက အသုံးစရိတ် ကို လဲ လျှော့ ၊ တိုင်းပြည် ဝင်ငွေ ကို လဲ ပိုများအောင် လုပ်ရပါမည်။
    တိုင်းပြည် ဝင်ငွေ များ တိုင်းပြည် ရဲ့ အသုံးစရိတ် မဝင် ဘဲ ကိုယ်ကျိုးရှာသမား များ၏ အိတ်ထဲ ဝင် နေ သည် ကို လဲ ငြင်း၍ မရ ကြောင်း သိရပါမည်။

    အဘကိုဖော ပြော သလို အကြွေး ထူ တာ နဲ့ လူတွေကို အလုပ်ဖြုတ် ရမှာ ကတော့ အခုချိန်မှာ နဲနဲ လေးမှ မဆိုင်သေးပါ။ 😆

    ထို့ကြောင့် တိုင်းပြည် ဝင်ငွေ တွေ ကို တိုင်းပြည် က ပြည် သူတွေ တကယ် သုံး နိုင်အောင် အရင် လုပ်ပေးဖို့ သက်ဆိုင်ရာ မှ စိတ်ထားမွန်မြတ် သူ များ ကို ဦးစွာ ပန်ကြား လိုပါတယ်။
    အဲဒီ လို ဖြစ်လာ ရင် ကျွန်မတို့ ပြည်သူ တွေ ဟာလဲ အလုပ်ကို ပိုကြိုးစားခွင့်ရမယ်။ အဲဒီ အကြွေး ဆိုတာ တွေဟာ နိုင်ငံ ရဲ့ ဝင်ငွေ နဲ့ စာရင် မပြောပလောက် အောင် ဖြစ်လာမယ်။
    အခု တော့ တကယ် အလုပ်လုပ် ချင် တဲ့ အရည်အချင်း ရှိသူတွေ အတွက် အခွင့် မရ တာပါ။
    တကယ်များ လွတ်လွတ်လပ်လပ် လုပ်ခွင့် ရလို့ ကတော့ အပြင်က လုပ်သား တွေတောင် ပြန်ပြီးငှား ရမှာတောင် သေချာပေါက်ပါဘဲ။

    ကွန်ပျူတာ နက်ဝါ့က် (Network) မှာတော့ အသုံးရှိတယ်။ ပြဿနာ ဖြစ်လာရင် မဆိုင်တာတွေ ကို တစ်ခုချင်း ဖယ်ထုတ် ပြီး တဖြေးဖြေး နဲ့ စုံးမ ကို ရှာရတယ်။

    ဒီတော့ ကျွန်မတို့ ရဲ့ ချစ်သောပြည်မှာလဲ အကြွေးပြဿနာ ဖြေရှင်းဖို့ စုံးမ ရှာနိုင်ပါတယ်။
    ဒီနေရာမှာတော့ စုံးမ ဆိုတာ အချောင်ခို ပြီး တိုင်းပြည် ပိုက်ဆံ ကိုယ့် ပိုက်ဆံ မှတ်နေသူတွေ လို့သာ ဆင်ခြင်မိ ပါကြောင်း။

    အဲဒီ စုံးမ ကို ဘယ်လို ဖယ်ထုတ် ရတယ် ဆိုတာကတော့ ကျွန်မ Networking စာအုပ် မှာ သေချာအောင် ပြန်ဖတ် လိုက်ပါဦးမယ်။ 😉

    ခင်မင်စွာဖြင့်

    • Foreign Resident

      February 3, 2012 at 7:01 pm

      ” အဘ ကိုဖော ပြော သလို အကြွေး ထူ တာ နဲ့ လူတွေကို
      အလုပ်ဖြုတ် ရမှာ ကတော့ အခုချိန်မှာ နဲနဲ လေးမှ မဆိုင်သေးပါ ”

      မ Khin Latt ရဲ့
      ကျွန်တော်ပြောခဲ့တာက ဒီလို ကြွေးထူနေတဲ့ အချိန်မှာ
      လစာတိုး လိုချင်ရင်တော့ ဝန်ထမ်းတွေ အလုပ်ဖြုတ် လူလျော့ပြီးမှပဲ
      တိုးပေးလို့ ရမယ်လို့ပြောတာပါ ။

      အကြွေးထူတာလေး နဲ့ လူတွေကို အလုပ်ဖြုတ် ရမှာလို့ မဆိုလိုပါဘူး ။
      လစာတိုး လိုချင်ရင် လို့ပြောတာပါ ။

      • Khin Latt

        February 3, 2012 at 8:20 pm

        ကျွန်မ အဓိပ္ပါယ် လွဲကောက် မိတာ စောဒီး ပါရှင့်။ 😉

        တကယ် တော့ လစာ ကို မစဉ်းစား ဘဲ ဥပမာ – လူတစ်ဦး ပျမ်းမျှ ဝင်ငွေ တစ်လ ၁၀၀ဝ ကျပ် ဘဲ ရဦး။ ထွက်ငွေ စားရိတ် က ဝင်ငွေ အောက်မှာ ဘဲ ရှိဖို့ လုပ်ပေးရမှာပါ။

        ကိန်းဂဏန်း များတိုင်း ကောင်းတာ မဟုတ်ပါ။
        အာဖရိက က ဇင်ဘာဘွေ နိုင်ငံ မှာ ငွေကြေး ကို ဘီလျံ နဲ့ တွက်ရပါတယ်။ ပေါင်မုန့်တစ်လုံးကို $Z 10 billion ပါတဲ့။
        100 trillion Zimbabwean dollar banknote ကို ကြည့် ကြပါ။
        http://en.wikipedia.org/wiki/Zimbabwean_dollar

        ကျွန်မတော့ ဝင်ငွေတိုးတိုင်း ပြဿနာ ပြေလည်ပြီဟု မထင်ပါကြောင်း။

    • inz@ghi

      February 3, 2012 at 9:53 pm

      အရီးချင့် …သများ ရဲ့ အလုပ်တော်တော်များများ …
      ပီးတန်ပီး ဂန့်တန်ဂန့်သွားလို့ ..နက်ဖန်ကစလို့ သများ စာပြန်ရေးပါတော့မည်ချင့်…

      နတ်ထ်ဝါးကင်း ဟု တွေ့လိုက်ရလို့ မျက်စိများ အရောင်လက်ကာ ချက်ခြင်း ကောက်မန့်လိုက်ရပါတယ်ချင့်..
      (နောက်မှ သက်သက် ဆွေးနွေးပါ့မယ် ဘဖော ခင်ဗျား ….သီးခံပေးပါ…)

      သများ ကြောက်ရသူကလေးတစ်ယောက် ၇၀-၆၄ဝ လကုန် ဖြေမည်ပြောပါသည်ချင့်…
      သများလည်း ထိုအပိုင်းတွင် အလွန်ဉာဏ်နည်းသည့်အားလျော်စွာ မကူညီနိုင်ပါချင့်….
      ထို့ကြောင့် အနုမြူအပျော့ ၇၀-၆၄ဝလေးများ ကောင်းတာလေး ချိရင်ဖြင့် …
      ကျေးဇူးပြု၍ …မောင်ဂီ့ကို လက်တို့ပေးပါရန်
      လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ..အသနားခံ ပန်ကြားအပ်ပါသည်ချင့် ……။

      ခင်တဲ့…
      ဂီ

  • အဘဖောက အကြွေးကအရေးမကြီးဘူးဆိုပေမယ့် ကိန်းဂဏန်းတွေကကြောက်စရာပါဗျ။
    ကိုသစ်မင်းပြောထားတာလေ။

    1.United States of America – $13,399,859,000,000
    (((((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $43,000 ))))
    2.United Kingdom – $9,191,104,000,000
    (((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $150,000 ))))
    3.Germany – $5,208,000,000,000
    4.France – $5,021,000,000,000
    5.Spain – $2,478,000,000,000
    6.Luxembourg – $1,994,000,000,000
    7.Republic of Ireland – $1,841,000,000,000
    8. Japan – $1,492,000,000,000
    (((((တယောက်စီ အကြွေးဆပ်ရန်ပမာဏ $11,740 )))……ကဲ ညီလေးဂီ၊ Citizen ခံမလားဝေ့
    9.Belgium – $1,313,000,000,000
    (Source: World Bank , IMF and International Business Times Magazine)

  • နေဝန်းနီ

    February 3, 2012 at 8:00 pm

    ဟုတ်တယ်… အဘဖောရေ….။ ကျွန်တော့ အမြင်မှာတော့ ဘာအလုပ်မှမယ်မယ်ရရ မရှိပဲ လစာပေးပြီးဖွင့်ထားတဲ့ ရုံးတွေလည်းရှိတယ်ဗျ….။ အဲဒါတွေကို ကျတော့ ဖျက်သိမ်း သင့်တာဗျ….။

  • nature

    February 3, 2012 at 9:57 pm

    နိုင်ငံခြားချေးငွေဆိုတာကဘယ်လို သဘောမျိုးလဲမသိဘူး။ ဘယ်လိုပုံစံနဲ့ပြန်ဆပ်ရလဲမသိဘူး။

  • ba gyi

    February 4, 2012 at 1:25 pm

    အိုဗျာ ရှေးစကား
    ကြွေးတင်ရှင်ဘုရင်ဆပ် တဲ့–
    ဟဲ့ ပလုတ်တုတ်
    တို့ဆီကပဲဖြတ်မှာသေခြာတယ်။
    ကုန်သွယ်ခွန်
    ဝင်ငွေခွန်
    လုပ်ငန်းခွန်
    စည်ပင်ခွန်
    လူခွန်
    လေရှုခွန်
    လေလည်ခွန်—– တိန်။

  • kai

    February 4, 2012 at 1:48 pm

    တခြားနိုင်ငံတွေနဲ.. မြန်မာပြည်ကွာခြားချက်ကို ထောက်ပြခဲ့တာ.. မသိချင်ယောင်ဆောင်နေကြတယ်.. 😥

    အကြွေး.. ၁၁ဘီလီယန်မများပါဘူး..
    ဒါပေမဲ့.. မြန်မာလူမျိုးအလုပ်လုပ်နိုင်သူတွေ..ကိုယ်လက်ပြည့်စုံသန်စွမ်းသူတိုင်းက.. ရာနှုန်းပြည့်အလုပ်မှမလုပ်ကြတာလေ…။ မလုပ်တဲ့အပြင်.. လုပ်နေသူတွေကိုပါ.. မှီခိုစားသောက်နေပါသေးတယ်..။

    လူသန်းငါးဆယ်မှာ..ကုန်ထုတ်လုပ်မှုရှိတာ..အလုပ်လုပ်နေတာ.. ဘယ်နှစ်သန်းထင်သလည်းလို့..
    အကြွေးကို.. သူတို့ကပဲ ဆပ်ရမှာပါ…။

    ကြားကမလုပ်ပဲ..ထိုင်စားနေသူတွေအတွက်ကိုပါ.. ပေါင်းစိုက်ထုတ်ဆပ်ရမှာပါ..။
    အလုပ်လုပ်နိုင်သူ အနည်းစု.. လွန်ရော.. ၁ဝသန်းလောက်က.. ဝန်ပိနေမယ်ထင်မိတယ်..။
    စိတ်တော့မကောင်းဘူး..
    မိန်းမ အများစုဖြစ်နေလိမ့်မယ်..။

    သာဓု.. 😆

Leave a Reply