၅၀၀၀-ိ ဖုန်းကိစ္စနဲ့ Investment/Technology/Regulation ညီမျှခြင်း

ကမ္ဘာရွာကြီးမှာ မြန်မာပြည်ဟာ တံခါးတွေ ကျယ်ကျယ်ဖွင့်ထားပြီဆိုတော့ကာ ဟိုကဒီက ရင်နှီးမြှုပ်နှံမှုအသစ်တွေ၊ ကြီးမားတဲ့ စီမံကိန်းတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

ကျွန်တော်တို့ ရွှေပြည်ကြီးက လောလောဆယ်မှာ နည်းပညာဖွံ့ဖြိုးမှု သူများနောက်ကျနေတာမို့ ကြွယ်ဝတဲ့ သဘာသယံဇာတနဲ့ မြေဧရိယာတွေနဲ့သာ လုပ်စားနေရသေးတာပေါ့။ (ဥပမာ- မြန်မာ့ ကမ်းရိုးတမ်းတလျှောက်က သဘာဝဓာတ်ငွေ့ထုတ်ဖော်ရေးစီမံကိန်းတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်းလို ဟာတွေပါ)

ဒီအခါမှာ ကျွန်တော်တို့ သတိထားရမယ့် အချက်တွေကို ကိုတာက ထောက်ပြထားပါတယ်.

အဓိက အချက်လေးတွေပဲ ထုတ်နှုတ်ပြပါမယ်။

***  ***  ***

ကမာ္ဘ့ဘဏ်မှာ လုပ်ခဲ့ဖူးတဲ့ နာမည်ကျော်စီးပွားရေးပညာရှင် ပေါလ် ကော်လီယာ (Paul Collier) တင်ပြခဲ့တဲ့ ဖော်မြူလာနှစ်ခု ရှိပါတယ်။

 

Nature + Technology + Regulation = Prosperity

သဘာဝ + နည်းပညာ + နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = ချမ်းသာခြင်း

 

Nature + Technology – Regulation = Plunder

သဘာဝ + နည်းပညာ – နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = လုယက်ခြင်း

 

နည်းပညာ နေရာမှာ ရင်းနှီးမြှုပ်နှံမှု ကို အစားထိုးကြည့်ပါ။ တကယ်တော့ နည်းလမ်းမမှန်ရင် လုယက်ခံရတာပါ။ ကျွန်တော်တို့လို တိုင်းပြည်မှာ သဘာဝ သယံဇာတနဲ့ မြေပဲရှိပါတယ်။ အလွန်ကြောက်စရာကောင်းပါတယ်..   တဲ့။

ဆက်ပြောထားသေးတာက..

ဟိုဘက်ဒီဘက် မျှတဲ့ ဖွံ့ဖြိုးမှုကိုတော့ ဂရုပြုရမယ်။ ပေါလ်ကော်လီယာရဲ့ညီမျှခြင်းထဲက နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း (regulation) ကိုလုပ်ရမယ်လို့ ကျွန်တော်တို့တော့ ထင်တာပဲ။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူ့တာဝန်ကို သူ သိသော ရင်းနှီးမြှုပ်နှံမှု (Responsible investment) ဖြစ်အောင် ဘယ်သူကလုပ်မလဲ. နှစ်ဦးကပဲ လုပ်နိုင်ပါတယ်။ တစ်ဦးက ကျွန်တော်တို့ ပြည်သူတွေအားကိုးတဲ့ အစိုးရ၊ နောက်တစ်ဦးကတော့ ကျွန်တော်တို့ ပြည်သူတွေကိုယ်တိုင်။ ဒီနှစ်ဦးပူးပေါင်းလုပ်ကြရင်တော့ အတိုင်းထက်အလွန်ပါ။

စံနမူနာ အမှန်ယူစရာ တွေအဖြစ် မြစ်ဆုံနဲ့ ထားဝယ်ကျောက်မီးသွေးစက်ရုံတွေ အထင်အရှားရှိကြောင်းဆိုပါတယ်။ ပြည်သူလူထု ကျေနပ်ကြ၊ တန်ဖိုးထားကြတာတွေမို့ပဲ။ တော်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ အစိုးရကလက်ခံမယ်လို့ အချက်ပြလိုက်တာလည်း ဖြစ်လို့ပဲ။စံနမူနာဟာ အထက်ပါ တြိဂံလိုပါပဲ။ အဲဒီ တြိဂံနဲ့ တောင်ကြီးတွေကိုပင် ရွှေ့နိုင်မယ်ထင်ပါတယ်။ ဒီတြိဂံမှာ တစ်ခုမှ ချို့ငဲ့လို့ မဖြစ်ပါဘူး။

***  ***  ***

ကိုတာက သဘာဝပတ်ဝန်းကျင်ရှုထောင့်က ဆွေးနွေးထားတာတွေပါ။

လောလောဆယ်အားဖြင့် ရင်နှီးမြုပ်နှံမှုအပိုင်းမှာ နောက်ထပ် အသံကျယ်ကျယ်မြည်နေတာ တစ်ခုက ၅၀၀၀-ိ တန် ဂျီအက်စ်အမ်ဖုန်းကိစ္စပါ။ ဖုန်းကိစ္စ ဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ သိပ်မပတ်သတ်ပါဘူး။ ဒီတော့ ရွာစားကျော်လည်း  ပေါလ်ကော်လီယာရဲ့ ညီမျှခြင်းမှာ Nature (သဘာဝ) မဟုတ်ဘဲ Investment (ရင်းနှီးမြှုပ်နှံမှု) နဲ့ အစားထိုးပီး ဖြန့်ထွက်တွေးကြည့်မိပါတယ်။ (ဖြန့်ထွက်တွေးခြင်း အကြောင်းလည်း ကိုတာရေးထားတဲ့စာအုပ် ရှိပါတယ်။ လွယ်လွယ် ပြောရရင် မျက်တောင်တဆုံးပဲ မကြည့်ဖို့၊ မျက်စိတဆုံးကြည့်ပီး အတွေးနယ်ချဲ့ကြဖို့ အကြောင်းပါ)

ဆိုတော့ ညီမျှခြင်းတွေက ဒီလိုဖြစ်သွားပါတယ်-

Investment + Technology + Regulation = Prosperity

ရင်းနှီးမြှုပ်နှံမှု + နည်းပညာ + နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = ချမ်းသာခြင်း

 

Investment + Technology – Regulation = Plunder

ရင်းနှီးမြှုပ်နှံမှု + နည်းပညာ – နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = လုယက်ခြင်း

 

ရွှေပြည်တံခွန်ရော ဆက်သွယ်ရေးနဲ့အပေါင်းအပါများရော ကိုယ့်နည်းပညာနဲ့ ကိုယ့်ရင်းနှီးမြှုပ်နှံမှု ကိုယ်လုပ်ကြတာပါ။ ဘယ်သူတွေက ဘာ့ကြောင့် ဘယ်လောက်ရင်းနှီး ထည့်ဝင်ထားတယ်ဆိုတာတော့ ရှုံးမယ့်အလုပ် ဘယ်စီးပွားရေးသမားကမှ စဉ်းစားမှာမဟုတ်လို့ မြတ်လို့လုပ်ကြတာ အသိသာကြီးပါ။ သူ့တာဝန်ကို သူ သိသော ရင်းနှီးမြှုပ်နှံမှု (Responsible investment) ဖြစ်ဖို့၊ သုံးစွဲသူ အခွင့်အရေး (Costumer’s right) ကို အလေးထားဖို့ပဲလိုတယ်။ ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအခြေအနေကို မသိရသေးပေမယ့် လက်ရှိမြန်မာ့ဆက်သွယ်ရေးရဲ့ ဖုန်းငှားရမ်းသုံးစွဲမှုစာချုပ်ပါ လိုက်နာရန်စည်းကမ်းများကိုဖတ်ကြည့်ပါက ဌာနရဲ့ သုံးစွဲသူအခွင့်အရေး အလေးထားမှုကို သိရမှာပါ။ နည်းပညာ အနေနဲ့က ဘာအသံမှ မကြားတဲ့အဖြစ်မျိုး ဘယ်သူမှလုပ်ရဲမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ လူကြီးမင်းနဲ့ ဆက်သွယ်ရေးဧရိယာပြင်ပ ရောက်နေတဲ့သူ ဆက်သွယ်လို့မရသေးတာလောက် ဖြစ်မှာပေါ့။ ဒါလည်း အတွေ့အကြုံ ရှိပြီးသားပဲဟာ။ အကြံအဖန်လုပ်ခဲ့ရင်လည်း ဥပဒေဆိုတာ ရှိနေပါတယ်။ အဓိကက နည်းမှန်လမ်းမှန် အတိုင်းဖြစ်ဖို့ (Regulation) ပါပဲဗျာ။ သူတို့ ရင်းနှီးမြှုပ်နှံသူတွေဘက်ကတော့ နည်းလမ်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ချမ်းသာကြမယ်ဆိုတာ မြေကြီးလက်ခတ်တာမှ လွဲနေပါအုံးမယ်။ ကျွန်တော်တို့ ပြည်သူတွေခမျာမတော့ နည်းလမ်းမှန်မှ ချမ်းသာကြ၊ နည်းလမ်းမမှန်ရင် လုယက်ခံရတာသာပဲလို့ ပြောချင်ပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့ဘက်ရော ပြည်သူတွေဘက်ကရော အားလုံးချမ်းသာ နှစ်ဘက်မျှတဲ့ လုပ်ငန်းဖြစ်မယ်ဆိုရင် ပိုမကောင်းဘူးလားဗျာ။

၅၀၀၀-ိ တန် ဂျီအက်စ်အမ်ဖုန်းကိစ္စကိုလည်း အထက်ပါတြိဂံနဲ့စံကိုက်ကြည့်ရပါအုံးမယ်။ ကိုယ့်ကွန်ယက်နဲ့ကိုယ် သပ်သပ်စီပဲလုပ်လုပ်၊ အကျိုးတူပူးပေါင်းပြီး ရှိပြီးသားကွန်ယက်မှာပဲ ထပ်ပေါင်းပေါင်း win-win solution ရအောင် ကြိုးပမ်းကြရမှာပါ။ အခုတလော သိပ်ခေတ်စားနေတဲ့ မတူတာတွေဘေးဖယ်ပြီး တူတာတွေပေါင်းလုပ်ဖို့် ဆိုတာ သံယောင်လိုက်ကောင်းလို့ ပြောရုံတင်မဟုတ်ဘဲ တကယ်လုပ်ငန်းတွေမှာ ဆောင်ရွက်ရင် ပွဲတွေ့ ဆေးကြီးဖြစ်လာမှာပါပဲ။ သိပ္ပံနည်းကျခိုင်မာတဲ့ အထောက်အထား အချက်အလက်များကို နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင်များက စိစစ်အဖြေရှာကြပေါ့။ လူထုပါဝင်မှု အနေနဲ့ ၁၅သိန်း ခေတ်ကသာ လူနည်းစု ဇိမ်းခံပစ္စည်းသဖွယ် ဖြစ်ခဲ့တာ ၅ သိန်းခေတ်မှာ အားပေးလိုက်ကြတာ တခဲနက်ပဲမဟုတ်လား။ အခုလည်း ၅၀၀၀-ိ နဲ့ ရောင်းပေးနိုင်မယ်ဆိုတဲ့ ကိစ္စပေါ်လာလို့သာ ပူညံညံအသံထွက်တာ။ ၃ သိန်းနဲ့လည်း တိုးမပေါက်အောင် သူ့ထက်ငါ ဝက်ဝက်ကွဲအုံး မှာပါပဲခင်ဗျာ။ ဆက်သွယ်ရေးအဆင်ပြေပြီး ဒီ့ထက် ဈေးချိုရင် ဒီလူထု သည်းခြေကြိုက်ပဲပေါ့။ အဲဒီတော့ တြိဂံရဲ့ထောင့်ချွတ်တစ်ဖက်မှ ကျွန်တော်တို့ ပြည်သူတွေ အားကိုးတဲ့ အစိုးရ ပူးပေါင်းပါဝင်မှုက အရေးပါလာပြီ။ နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း (regulation) လုပ်ဖို့ လုပ်ပိုင်ခွင့် (authority) ကို ပြည်သူတွေကနှင်းအပ်ထားတာပါ။ ပြည်သူတွေ ပေးတာနဲ့တန်အောင် ပြန်ရရဲ့လား၊ အချိုသတ်ပြီး လုယက်ခံနေရလား စဉ်းစားကြည့်ပေးပါ။

ဒီတြိဂံမှာ တစ်ခုမှ မချို့ငဲ့ဘူးဆိုရင်ဖြင့် …

 

လက်ဝါးကြီးအုပ်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

ဂုတ်သွေးစုပ်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

 

Credit – ရင်းနှီးမြှုပ်နှံမှုများ – ကိုတာ (၂ ဖေဖေါ်ဝါရီ၊ ၂၀၁၂၊ ကြာသမတေးနေ့၊ အတွဲ ၂၊ အမှတ် ၈ဝ ပြည်သူ့ခေတ်ဂျာနယ်)

 

15 comments

  • ရွာစားကျော်

    February 3, 2012 at 1:41 pm

    ရွှေပြည်တံခွန်ရဲ့ မူဝါဒတချို့ကိုတော့
    ဦးလွင်နိုင်ဦး က ပြောထားပါတယ်

    ဒီပို့စ် မှာ သွားဖတ်ကြည့်ပါ.
    http://myanmargazette.net/91824/business-economy

  • ရွာစားကျော်

    February 3, 2012 at 8:07 pm

    “.. Nothing special?”

  • ထာဝရ

    February 4, 2012 at 1:13 pm

    5000တန်ဖုန်းကိစ္စဟာ
    အခြေခံလူတန်းစားတွေထဲမှာ ပွဲအဆူဆုံးဘဲ
    ရွှေပြည်တံခွန် ဟာ ဆက်သွယ်ရေးနဲအစိုးရရဲ.တန်ဘိုးနဲဖုန်း
    စီမံကိန်းကို စိန်ခေါ်သလိုဖြစ်နေတာ စဉ်းစားစရာပါ
    လူထုကိုအာရုံ လွဲချင်တာလား……..
    ရွှေပြည်တံခွန်ရဲ. နောက်ခံက ဗိုလ်သန်းရွှေရဲ. မြေး စိန်မြောက်မြောက် (ဖိုးလပြည်.)
    ပါနေတယ်လို.သတင်းထွက်နေပြီ………………..

  • တော်လောက်ပီထင်ပါတယ်။ဖုန်းကိစ္စထက်အရေးကြီးတဲ့ အချို ့ကိစ္စတွေအပေါ်အာရုံထားကြပါစို ့။
    လာခါမှလာရောပေါ့ဗျာ။မုန် ့ကဘယ်ဆီနေမှန်းမသိ နှုတ်ခမ်းနာနဲ ့တည့်ပေါ့မလားဖြစ်နေပီ။

  • ရွာစားကျော်

    February 10, 2012 at 11:45 pm

    ထာဝရရေ
    ကျွန်တော်တို့ နင်းပြားများဘဝက ဘယ်သူနင်းနင်း ပြားမှာက ပြားမှာပါပဲ
    အဲဒီတော့ ၃သိန်းဖိုးနဲ့ စာရင် ၅၀၀ဝဖိုးပဲ အနင်းခံရတာ ပိုသက်သာတာပေါ့ဂျာ. 😆

    အတိသဉ္ဇာ နာဂရ ချစ်သူ ရေ..
    ၃၀၀၀၀ဝ – ၅၀၀ဝ = ၂၉၅၀၀ဝ ကျပ် (ခြားနားချက်)
    ၅ နှစ် အတွင်း အလုံးရေ သန်း ၃ဝ (မြန်မာပြည်လူဦးရေ၏ တဝက်ရှိ) ရာထားချက်အရ
    ၂၉၅၀၀ဝ x ၃၀၀၀၀၀၀ဝ = ၈၈၅၀၀၀၀၀၀၀၀၀ဝ ကျပ်
    မြန်မာနိုင်ငံသား တဝက်ဆီမှ ကျပ်သန်းပေါင်း ၈၈၅၀၀၀ဝ သန်း 😮 အပိုလုယူမည့် စီမံကိန်းဟာ
    အတိသဉ္ဇာ နာဂရ ချစ်သူ အတွက် အရေးမကြီးသေးဘူးဆိုတော့ .. :rolleyes:
    ကျွန်တော့်ပို့စ်ကို သေချာဖတ်ပြီးမှ ကွန်မင့် ပေးလိုက်တာ ဟုတ်ရဲ့လားဗျာ :question:
    ဒါတောင် ဖုန်းဘေကိစ္စ ထည့်တွက်မထားသေးဘူးဗျ..
    ဟုတ်ကဲ့ ဘာပဲဖြစ်ဖြစ် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြောင်းပါ…

    p.s. တင်တဲ့နေ့က လိုင်းမကောင်းလို့ လင့်ခ် တင်တဲ့ပို့စ် မတက်မတက်နဲ့
    ၂ခု ၃ခု ဖြစ်သွားတာခွင့်လွှတ်ကြပါ. တောင်းပန်ပါတယ်
    ရွာစားကျော်

    • ဟုတ်ကဲ့ပါ ကိုရွာစားကျော်ရေ….
      မဟုတ်ရပါဘူး။တမျိုးမထင်လိုက်ပါနဲ ့ဗျ။
      ကျနော်လဲ ၅၀၀ဝတန်ဖုန်းကိုမျှော်တာပေါ့။
      လှုပ်ရှားမှုအသွင်ဖြစ်လာရင်လဲပါဝင်သွား
      မှာပါ။ဒါပေမယ့် လက်ရှိပြည်ထောင်စု အစိုးရ
      ထဲက လူဇိုးတသိုက်မရှိတော့မှ……..

  • သားငယ်

    February 11, 2012 at 1:49 am

    fec 20 တန် ဖုန်းကတ်တွေတောင် ချပေးနိုင်သေးတာဘဲ ဗျာ ဈေး သိပ်ကွာတော့ တာမှမဟုတ်တာ
    လုပ်ပေးမယ်ဆိုရပါတယ် … ပေးတာမပေးတာ ကတော့ သူတို ့ကိစ္စ ပါဘဲ သူတို ့အတွက် ရ ရင် လုပ် ပေးမှာ
    ပါ ..ဝန်ထမ်းတွေသုံးနေကြ စကား လိုဘဲ `မရ လို ့ပါ ရ ရင် လုပ်ပေးပါတယ် ‘
    ဒါပါဘဲဗျာ

  • Lwin Aung

    February 11, 2012 at 10:19 am

    It is the worst matter now. If the people buy with a lot of money , my country’s developing is slowly and people are still poor in our country.

  • ရွာစားကျော်

    February 11, 2012 at 3:56 pm

    ဟုတ်ပါတယ် သားငယ်
    မရသေးလို့ပါ ရရင် လုပ်ပေးမှာပါ 😆

    lwin Aung
    လူထုမှာသာ ဆင်းရဲကျပ်တည်းနေတာ လူကြီးဒေနဲ့ ရေပေါ်ဆီ အပေါင်းအပါတွေကတော့
    ထောပီးရင်း ထော၊ ထော after ထော

  • unclegyi1974

    February 11, 2012 at 11:21 pm

    ငါးထောင်တန်ဖုန်းခွင့်မပြုဆိုတာရှင်းပါတယ်
    စားခံနီးထမင်းလုပ်လာရိုက်ချနေတာကိုး
    စားပြီးရင်ခွင့်ပြုပါမယ်
    ခဏစောင့်ကြပါ

  • ရွာစားကျော်

    February 12, 2012 at 4:48 pm

    အန်ကယ်ဂျီး
    အန်ကယ်ဂျီးတို့ပဲ စားနေတာ၊ စူဇကာဗိုက်ကား ဖြစ်နေဘီ
    သားသားတို့လည်း ပေးမျှစားပါအုံး ဟီး 😆
    နောက်တာ

  • Toe Gyi

    February 12, 2012 at 7:57 pm

    လုပ်မဲ့သူတောင် ရအောင်လုပ်မယ်လို့ ပြောနေတာ ဘာလို့ သူတို့ ခွင့်မပြုရတာလဲ
    ရတာမရတာ သူတို့ အပိုင်းလေ….ပေးလုပ်ပေါ့ ရတော့ ကိုယ့်နိုင်ငံ က ပြည်သူပြည်သားတွေတောင်
    ကေင်းစားသေး…သူများနိုင်ငံမှာ ဟန်းဆက် ဝယ်ရင် ဖုန်းလိုင်းပါပြီးသားပါ….အလကားပေးနေတာ ၃ သိန်းဖုန်း ဆိုတာ မရောင်းရသေးလို့ ခွင့်မပြု ရဲသေးတာနေမှာပေါ့ဗျာ

  • three colors

    February 13, 2012 at 12:47 am

    ကမ္ဘောဒီးယားမှာ SIM Card ၃ဒေါ ်လာပဲပေးရတာတော့ ကိုယ်တွေ့ပဲ၊
    ထိုင်း၊လာအိုမှာလဲ သက်သာတာပဲ၊ ဒါကျ လောင်စာဆိဈေး၊ ဓါတ်အားခလို နိုင်ငံတကာနှူံးတွေနှိူင်းယှဉ်ပြတာမျိုး သတင်းစာမှာ မဖေါ ်ပြသေး? နိုင်ငံတကာအရောက်အပေါက်များတဲ့ ဒီခေတ်မှာ ဖုံးထားလို့လဲမရပါဘူး၊
    လုပ်နိုင်တယ်ပြောနေပြီ၊ ဘာလို့မဖြစ်နိုင်သေးဘူးပြောနေလဲ၊ဖြစ်အောင်တောင် ဆက်သွယ်ရေးက ဝိုင်းကူညီပေးရမဲ့ကိစ္စပဲ။

  • ရွာစားကျော်

    February 13, 2012 at 10:13 am

    မောင်သန်းထွဋ်ဦး၊ ကိုတိုးကြီး၊ သရီးကာလာ
    အားလုံးက ခံစားဖူးတော့ သိကြတာပေါ့
    နည်းပညာလိုက်မမီတာလည်းမဟုတ်၊ ရင်းနှီးမယ့်သူ မရှိတာလည်းမဟုတ်..
    ဒါဆို.. ဘာက ချို့ယွင်းနေသလဲ ❓ Regulation.. ပဲပေါ့ဗျာ
    သူတို့ ဘယ်သူ့မျက်နှာကြည့်မလဲ.. ပြည်သူ့မျက်နှာလား.. အိမ်က မင်းကတော်မျက်နှာလား ❓

    လက်ဝါးကြီးအုပ်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..
    ဂုတ်သွေးစုပ်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

Leave a Reply