၂၀၁၂ ကြေငြာဒီဇိုင်းက ဒီလို

manawphyulayFebruary 3, 20121min14816
ကြေငြာဒီဇိုင်းပြောင်းပြန်ပီ။ ဒီလိုကျတော့လည်း လူရယ်စရာကြီးနော်။

နေရာတိုင်းမှာ လူအင်အားသုံးပြီး ရန်ကုန်လမ်းညွှန်ကြေငြာတွေကို ဒီလိုမျိုးလေးတွေ ကြေငြာနေတာ တွေ့ရတယ်။ လူတိုင်းကတော့ ပြုံးစိစိနဲ့ ကြည့်သွားကြတာပေါ့လေ။ တစ်မျိုးတော့ တစ်မျိုးပဲ။ စာရွက်မကမ်းတော့ပဲ ကြေငြာ အက်ရှင်တစ်မျိုးကို ၂၀၁၂ နှစ်မှာ ထူးခြားစွာ တွေ့ရှိရတယ်။ ရန်ကုန်မြို့လယ်တစ်ဝိုက်မှာ ဒီလိုပုံလေးတွေ တွေ့နေရတယ်။

16 comments

  • awra-cho

    February 3, 2012 at 10:49 am

    ဟိုးအရင်က မန္တလေး မှာ ဆန်းရှိုင်း က လုပ်ဖူးတယ်၊ တိုင်လေးတွေနဲ့၊ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်
    တော်တော် နံမယ်ကြီးသွားသေးတယ်၊

  • Thel Nu Aye

    February 3, 2012 at 11:21 am

    ဘယ်လိုပဲဖြစ်ဖြစ် အထက်ဖေါ်ပြပါ။ အောက်ဖေါ်ပြပါအချက်တွေနဲ့ပြည့်စုံတဲ့ကြော်ငြာမော်ဒယ်မတွေရဲ့
    ကော့ကော့ကန်ကားကြောက်ငြာတွေထက်တော့သာသလိုပါပဲ။

  • ba gyi

    February 3, 2012 at 12:50 pm

    အင်း ကြော်ငြာနည်းတွေ၊ဖေါ်နည်းကားတွေ ဘယ်လိုဆန်းဆန်း၊နောက်ဆုံးတော့ အခြေခံဘုတ်ပစ် တဲ့ နည်းပဲပြန် လည်ကြ တာပါပဲ။ တစ်ချိန်ကဗ္ဘာကြီးတောင် သမိုင်းဦးဘုံမြေစံနစ်ပြန်ရောက် ရင်၊ရောက် အုန်း မှာကိုး။အရိုးဆုံးဟာ၊အရှင်းဆုံးတဲ့ဗျား။

  • eipu

    February 3, 2012 at 3:46 pm

    လှည်းတန်းမှာလည်းတခါတွေ့ဖူးတယ်။
    good idea

  • kai

    February 3, 2012 at 4:03 pm

    http://losangeles.craigslist.org/lac/lab/2814469747.html
    http://www.youtube.com/watch?v=2EfjKDjdg4k

    ယူအက်စ်မှာ အဲဒီလမ်းဘေးဆိုင်းဘုတ်ကိုင်ကြော်ငြာတာ ခေတ်စားတယ်..။
    အဲရိုးပုံစံဘုတ်ကို … ချာလပါတ်လှည့်ကစားရင်း.. ကြော်ငြာတာ.. ကားတွေများ.. တခါတလေ.. မီးပွိုင့်စိမ်းတာတောင်.. သတိမေ့တယ်..။

    အပေါ်ကလင့်ခ်တွေမှာကြည့်ပါနော…။

    ရှိသေးတယ်..
    အထက်တန်းကျောင်းသူအရွယ်တွေ.. ကျောင်းအတွက်..သူတို့အတွက်.. ရံပုံငွေရှာတာ..
    ချောချောလှလှတွေက.. တူးပိစ်လောက်ဝတ်ပြိး.. လမ်းဘေးမှာ.. ရပ်ရင်း.. အထဲကားဝင်းထဲမှာက..ယောကျာ်းလေး..မိန်းကလေးတွေက..ကားဆေးပေးတာ..
    ကားဝိုင်းဆေးပေးပြီး… ၅ဒေါ်လာ..၁ဝဒေါ်လာတောင်းတယ်..။
    အားမပေးချင်ကြဘူးလား..။

    • Foreign Resident

      February 4, 2012 at 10:56 am

      အဘတို့လည်း Charity ကို စိတ်ဝင်စား ပါတယ် ။

      ဟီ ဟိ
      သူကြီးရေ အဘ ရဲ့အသိ Yankee ကပ္ပတိန်ကြီး တစ်ယောက်လည်း
      သူ့ကားကို 36B cup နှစ်ယောက်က ရေဆေးပေးနေတဲ့ပုံ
      သူ့ မျက်နှာ စာအုပ် မှာတင်ထားတယ် ။
      အဘ လည်း အားကျတယ် ၊ လိုက်လုပ်ရင်ကောင်းမလားလို့ ၊
      မိန်းမ ဆီက ပွဲမိန့်တောင်းထားတယ် ။ မကျသေးလို့ ။

      By the way, ဆစ်ဒနီ မှာ Topless နှင့်
      ခေါင်းလျှော် ဆံပင်ညှပ်ပေးတဲ့ ဆိုင်တွေ ရှိတယ် ။
      ပွဲမိန့် မကျသေးလို့ ပေါ့ကွာ ။

      • manawphyulay

        February 4, 2012 at 11:11 am

        အဘတို့ကတော့ ခေတ်နဲ့အညီ လန်းမယ်ပေါ့လေ… ဟုတ်လား…

  • နွယ်ပင်

    February 3, 2012 at 4:17 pm

    ဒီလိုကြော်ငြာပုံမျိုး တွေ့လိုက်တယ်
    ဆူးလေနားမှာ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်ရပ်နေကြတာ

  • etone

    February 3, 2012 at 4:31 pm

    ဒါကြောင့် ဟိုးတလောက ကြောငြာတာကိုး … 7 ရက်အလုပ်လုပ်ရမယ် တစ်နေ့ကို တစ်သောင်းရမယ်တဲ့ .. ဒါပေမယ့် လူများတဲ့ နေရာမှာ မနက် 8 နာရီကနေ ညနေ 5 နာရီထိ ကြော်ငြာပေးရမယ်ဆိုပဲ .. ဘယ်ကုမ္ပဏီးလည်းလို့ သိချင်နေတာ လက်စသတ်တော့ ဂလိုကိုး … ။

    ဆာကူရာ တာဝါအောက်မှာလည်း တွေ့တယ် .. အဝါလေးတွေဝတ်ပြီး … နေပူတဲ့ အချိန်ခဏနားနေကြတာ …

  • twotwo70

    February 3, 2012 at 7:08 pm

    ဪ…ကောင်းလောင့်တေး..ကောင်းလောင့်တေး..
    ဂွတ်ထ..ဂွတ်ထ

  • fatty

    February 3, 2012 at 8:11 pm

    အင်းတဖြည်းဖြည်းနဲ့မြန်မာပြည်ကိုရောက်လာပြီပေါ့ ….
    အဲလိုလေးတွေတွေ့ဘို့သိပ်မလိုတော့ဘူးထင်ပါတယ် ….
    သူများတွေမဦးခင် မြန်မြန်အိုင်ဒီယာထုတ်မှဒီခေတ်ကြီးကတကယ်မလွယ်။
    အိမ်မှာလုပ်တဲ့လေပုတ်ထုတ်ဆေးကြော်ငြာလုပ်ကြည့်ချင်လို့ပါ။

  • unclegyi1974

    February 3, 2012 at 11:05 pm

    ဦးအိုက်စန်တို့ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလုပ်ခဲ့ပြီးပါ့ဗျာ
    အထုူးအဆန်းတော့မဟုတ်ရပါဗျာ

    • manawphyulay

      February 4, 2012 at 10:12 am

      ဒီမှာတော့ သိပ်မလုပ်ကြတော့ အထူးအဆန်းတော့ နည်းနည်းဖြစ်နေတာပေါ့။ နောက်တော့လည်း ရိုးသွားမယ်ထင်တာပါပဲ။

  • snow white

    February 28, 2012 at 5:45 pm

    တခါမှတော့တွေ့ဖူးသေးဘူး
    ရှက်စရာ လမ်းလယ်ခေါင်မှာကြော်ငြာဆိုင်းဘုတ်လေးတွေကိုင် ပြီးတော့ တီဗီမှာလည်းကြော်ငြာရနေတာကို တော်တော်လေးသူများ လုပ်တာလို်က်လုပ်နေတယ် ဖားတုလို့ခရုခုန် အို်င်ပျက်ရုံဘဲရှိမှပေါ့

Leave a Reply