ငဆန်နီနှင့်ဘဝအလွဲများ(၁)

SonnyFebruary 3, 20121min23919

ငဆန်နီနှင့်ဘဝအလွဲများ(၁)

ငဆန်နီကိုမွေးလာတော့သီတင်းကျွတ်လပြည်ကျော်တစ်ရက်ပါ။

အဲဒီမှာစလွဲတော့တာပါပဲ။မှောင်နေသောညမှာမွေးတာလို့အမေကတော့ပြောဖူးတာပါပဲ။ဲ ညမှောင်မှောင်မှာမွေးရင်ကန်းကုန်အောင်မိုက်တတ်တယ်လို့ တော့ပြောတာမှန်များနေမလားမသိဘူး အမှတ်(၅) ရဲစခန်းမှာ သင်္ကြန်မှာ အဒေါ်တစ်ယောက်ကိုအရက်မူးသမားက ရမ်းလို့ လိုက်ရိုက်လိုက်တာ အဖမ်းခံရဘူးတယ်။
၄ ရက်လောက်အချူပ်ကြလိုက်ရတယ်။ ရုံးချိန်းရောဆို တော်တော်အီသွားတယ်။
ကိုယ့်ပေါင်ကိုလှန်ထောင်းရအုံးမယ်။ အဲဒါအဒေါ်က အမှုလိုုက်ခ ကို သူ့မောင်အရင်းအတွက်ပဲပေးသွားပြီး ငဆန်နီအတွက်တော့ ငဆန်နီဘာသာ ပေးလိုုက်ရတယ်။ လွဲမှလွဲဗျာ။

ကိုယ်မှန်သားနဲ့အဖမ်းခံလိုက်ရတာ။အဲဒါတစ်လွဲ။မိထ္ထီလာကိုထွက်ပြေးသေးတယ်။ မိထ္ထီလာက တပ်မ ၉၉ (လက်ဝှေ့နာမည်ကြီး)ကအသိဆီကိုထွက်ပြေးတာ အဲဒီမှာ လက်ဝှေ့သင်တာ ဆရာ က လေ့ကျင့်ရင်း ထိုးလိုက်တာ ရှေသွားပဲ့သွားဖူးတယ်။ အလွဲတစ်ခုပေါ့လေ။

ဇာတာနာမည်ကဘရှင်လို့ခေါ်ပါတယ်။အသေလေးမွေးတယ်လို့ထင်တာ ရှင်နေလို့တဲ့။အသက်ငါးနှစ်မပြည့်ခင်ကတည်းက ကျောင်းနေချင်တဲ့ ချင်ခြင်းတပ်ခဲ့ပါတယ်။ဦးလေးကကျောင်းအုပ်ဆိုတော့အသက်မပြည့်ပဲခွင့်ပြုခဲ့ပါတယ်။
ဦးလေးအားကိုးနဲ့အသက်ညာပြီးနေခဲ့တဲ့ကျောင်းပါ။

လွဲပြီပေါ့။ ဉာဏ်ရည်ကိန်းကနည်းနည်းရယ် သချာင်္ဆို အမြဲတန်း သုံညပဲ။ ၄တန်းတုံးက မေးခွန်းချပေး
တာတောင်၄ဝပဲရခဲ့တယ်။သူငယ်တန်းလေးသူငယ်တန်းကြီးတက်ခဲ့ရတယ်။ကျောက်သင်ပုန်းနဲ့ကျောက်
တံနဲ့စာရေးခဲ့ရတယ်။ ခဏခဏမှားတက်တဲ့ကောင် ငဆန်နီအတွက်ကတော့
ကျောက်သင်ပုန်းနဲ့ကျောက်တံနဲ့စာရေးခဲ့ရတာ အလွန်အဆင်ပြေခဲ့ရပါတယ်။
ကျောက်တံကိုသွေးဖို့ကျောင်းအလယ်ခေါင်မှာကျောင်းအုပ်ကြီး
ကကျောက်တုံးကြီးတစ်တုုံးချပေးထားတယ်။စာမသင်ချင်တာနဲ့ကျောက်တံသွေးခွင့်ပြုပါဆိုပြီး၊
ခဏခဏစာသင်ခန်းထဲကထွက်ထွက်ပြီး သွားသွေးတယ်။ ဘယ်စာကောင်းကောင်းတော်ပါ့မလဲ။
လွဲနေအောင်ဘဝကိုနေတာကိုး။

သူငယ်တန်းမှာ မုန့်ဖိုး ၁၅ ပြား ရတယ်။ အမြဲတန်း ကျောင်းမတက်ခင် မုန့်စားကျောင်းမဆင်းခင်
ကတည်းက ကုန်နှင့်ပြီ။ သူငယ်တန်းတုန်းကဖားခုန်ပြိုင်ဘူးတယ်။ (အခုဒီပိုစ်ရေးရင်းကိုပြန်စစ်ပေလို့..လွဲလိုက်တာမှ..ဖားခုန်ပြိုင်ပွဲကို..ဖာခုန်ပြိုင်ပွဲလို့ရေးမိတယ်…excuse my offensive language use,pls)ပထမဆုရတယ်။ အဲဒါ ကျောင်းအုပ်ကြီးက ဆုပေးမှာမှတ် နေတာ ကျောင်းက အငြိမ့်ငှားပြီးဆုပေးတယ်။ အငြိမ့်မင်းသမီးက ငဆန်နီကို ဆုပေးတာ မှတ်မိနေသေးတဲ့ အလွဲများထဲကတစ်ခုပါ။

အလွဲတွေဆက်ပြောအုံးမှာနော်။

ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…………၂၂-၁၂-၂၀၁၁ (ရေးပြီးတာကြာပြီဒီနေ့မှတင်လိုက်ရတဲ့အလွဲပါ။)

19 comments

  • inz@ghi

    February 3, 2012 at 12:41 pm

    မှားစရာရှားလို့ ဖားကိုမှ မှားရသလား ဦးဦးရယ်….

    ရွာထဲမှာ စင်္ကြာဝဠာလုံးဆိုင်ရာ …ဖား အခွင့်အရေး အတိုင်ပင်ခံပုဂ္ဂိုလ်
    ဖားသက်ပြင်း ကြားမှဖြင့် …. ဖရော့ဂ် ဒစ်ခွစ်မီနေးရှင်း ချက်ပတာ တွေ
    အာတီကယ်လ်တွေနဲ့ တွေ့နေပါဦးမယ် ….
    ခင်လို့ လက်တို့ သွားတာနော…

    ခစ်ခစ်…

    ခင်တဲ့
    Inz@ghi

    • nature

      February 3, 2012 at 10:05 pm

      ဖားလေးရဲ့ဘဝကို ဝတ်စနှစ်လုံးပေါက် လေးနဲ့ပြောင်းပြန်ဇောက်ထိုးဖြစ်သွားစေနိုင်ပါတကား။ တော်သေးတာပေါ့ နာမည်ပြောင်းသွားလို့ သီသီလေးလွတ်သွားတယ် ။ နာမည်မပြောင်းခင် ဖားသက်ပြင်း ကို မှားရေးမိမှဖြင့် …..။ 🙂

  • Sonny

    February 3, 2012 at 12:44 pm

    မင်္ဂလာပါချစ်မိတ်ဆွေတို့
    စိတ်ကူးနဲ့ လက်တွေ့ကိုပေါင်းစပ်ရေးထားတာနော်
    အမှားပါရင်ခွင့်လွှတ်ပါ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • Sonny

    February 3, 2012 at 12:52 pm

    အင်ဇာညီ
    နေကောင်းတယ်နော်
    င်္Frogs’ Rights Society က ကိုယ့်ကို တရားစွဲနေမှဖြင့်……
    နှစ်လိုဘွယ် ကွန်မင့် လေးပါ ကိုအင်ဇာဂီရေ..ရွှင်လန်းချမ်းမြေ့ပါစေနော်
    ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…

  • ရင်နင်အောင်

    February 3, 2012 at 1:07 pm

    ဖတ်သွားပါတယ်ဗျာ ..
    လွဲချော်မှုတွေက တစ်ခါတစ်ခါ ပြန်စဉ်းစားပြန်တော့ ပျော်စရာကောင်းပါတယ်။

  • Sonny

    February 3, 2012 at 1:25 pm

    ရင်နင်အောင် လား ရင်နင့်အောင်လား ခင်ဗျာ၊
    တွေ့ရတာဝမ်းသာပါတယ်
    တခါတလေ လွဲလွဲလေးပဲ ကောင်းသားကလား ( ကိုထူးအိမ်သင်လိုပေါ့)
    ချစ်ခြင်းအားဖြင့် ……………ကိုဆန်နီ

  • စိန်ပေါက်ပေါက်

    February 3, 2012 at 1:53 pm

    ဟီး. ဟီး….
    လုပ်ချင်တဲ့ ပြိုင်ပွဲ စိတ်ဆွဲသွားလို ့နေမပေါ့ 😆

    ဆရာဆန်ရေ..ပျောက်လှချည်လား
    ဆောင်းတွင်းဆိုတော့ အေးလို ့များလားလို ့ဗျာ

  • awra-cho

    February 3, 2012 at 2:08 pm

    သူငယ်ချင်း ကောင်မလေး ဆို ခဏခဏ ဒုက္ခ ရောက်တယ် စာရေး က နံမယ် “ဇာ“ ကို ရှစ် ခံ မနှိပ် ရင်
    “ ဖာ“ ဖြစ်ဖြစ် သွားလို့ နံမယ် စာရင်းထွက်တိုင်း ဘုရားတ နေရတာ၊

  • pooch

    February 3, 2012 at 4:29 pm

    ကိုဘရှင် အခုမှပဲ အလွဲတွေနဲ့ သရဲလာခြောက်တယ်။ ပျောက်ချက်သားကောင်းနေတာပေါ့လေ။ ကလေးတွေစာမေးပွဲ နီးပြီထင်တယ်။ အလွဲတွေကို ဆက်ပါအုန်း။

    ဒါနဲ့ ပဲ့သွားတဲ့ရှေ့သွားက ပြန်ဖြည့်ပြီးပြီလား :mrgreen:

    ညနက်နက်မှာ မွေးရင် မိုက်တွင်းနက်တတ်တယ်ဆိုတော့ နေ့ခင်းကြောင်တောင် လင်းလင်းထင်းထင်းမွေးရင်ရော ဘာဖြစ်တတ်သလဲဟင် …. သိရင်ပြောပါအုန်း..

  • blackchaw

    February 3, 2012 at 4:33 pm

    ကိုဆန်နီက သတင်းကျွတ်လပြည့်ကျော် ၁ ရက်။
    ကျွန်တော်က သတင်းကျွတ်လပြည့်ကျော် ၆ ရက်။
    ကျွန်တော်က ပိုမှောင်မယ်ဗျ။ ဒါကြောင့် မည်းတာနေမှာ။ အသားကိုပြောတာပါ။
    လပြည့်ကျော် ၁ ရက်က လထွက်လာရင် ထိန်နေတုန်းပဲဗျ။
    အပျော်ဝင်နောက်သွားပါတယ်ဗျာ။

  • nature

    February 3, 2012 at 5:47 pm

    တချို့ကပြောတော့လည်း ညဖက်မွေးတဲ့သူက အိပ်လိုက်စားလိုက်နဲ့သူဌေးတဲ့။ နေ့ဖက်မွေးတဲ့သူတွေက အလုပ်လုပ်ပြီး အပင်ပန်းခံရတတ်တယ်တဲ့။
    မှတ်ချက်- ကျွန်တော်လည်း ညဖက်မွေးသူဖြစ်ပါကြောင်း ။ 🙂

  • thit min

    February 3, 2012 at 6:21 pm

    မတွေ့တာကြာပြီ
    ကိုဆန်နီ
    ဘယ်ရောက်လို့နေသည်
    အတည်မပြောပြန်
    ရီသဘောဟန်
    (ခင်ဗျား)
    ဒီတလော မဟန်ဘဲဖြစ်
    စိတ်ညစ်ခဲ့သေး
    (ကျနော်) မှန်းဆတွေးမိ။ (^^)
    ——————
    ကိုဆန်နီရေ
    ထားဝယ်လုံချည် ဆိုတဲ့ စာလေး ဖတ်ဖူးမှာပါ။
    မြင်းပန်းတိမ်ရဲ့ မိန်းမကို မြင်းပန်းတိမ် (မြင်းလှဲမောင်း၊ပန်းတိမ်လုပ်သူ) က ရိုက်တာ
    ကြားက မနေနိုင်လို့ အဲဒီလူ ကိုဝင်ရိုက်။ အချုပ်ခံရ။ သီတင်းကျွတ် ဝတ်မယ်ဟဲ့ ဆိုတဲ့
    ထားဝယ်လုံချည်လေး အပေါင်ဆိုင်ရောက်တဲ့ ဇာတ်လမ်းလေး။
    ——————–
    ကျနော်ကတော့ စာအုပ်ဆိုင်မှာ စာအုပ်ရွေးရင်း ကိုယ့်အိပ်ထဲက Ballpen ထွက်ကျတာကို
    ဘေးကလူရဲ့ ဟာ မှတ်ပြီး။ ဟေ့လူ ရော့၊ ခင်ဗျား ဘောလ်ပင်ဆိုပြီး ပေးလိုက်တယ်။
    ဟိုလူက ကျေးဇူး တဲ့။ အိမ်ရောက်မှ သတိရတယ်။အဲဒီလို တည့်တည့်လွဲတာနော်။
    ~~။
    မိုက်တာလား၊ မှောင်တာလား နားမလည်ဘူးခင်ဗျ။
    သီတင်းကျွတ် လပြည့်ကျော် ၁၂ ရက်မွေးတယ်၊ နောက် ၂ ရက်နေ လကွယ်ပြီ။ဂလို။ 🙂

    ခင်မင်စွာ

    • MaMa

      February 3, 2012 at 9:41 pm

      ကြားဖူးတာတော့ သီတင်းကျွတ်လမှာ မွေးဖွားသူတွေဟာ ထူးချွန်ထက်မြက်သူတွေဆိုပဲ…
      ခုမှသိရတယ် ရွာထဲမှာ သီတင်းကျွတ်မွေးတွေ မနည်းပါလားးးးးးးးးးး

      • amatmin

        February 4, 2012 at 12:39 am

        ကျနော်ကသီတင်းကျွတ်လပြည့်ရန် ၂ရက်အလိုဗျ..
        အင်္ဂလိပ်ရက်ယူရင်တော့ World Teacher’s Day!! 😆
        သချင်္ာညံ့တာချင်းတူ..မွေးလချင်းတူ..
        လူပျိုဂျီးချင်းလည်းတူလို့ အားပေးပါတယ် ဆရာဆန်နီရေ..
        အချိန်ရမယ်ဆို..ဘာသာပြန်လေးတွေရှယ်ပါဦးခင်ဗျ…

  • windtalker

    February 3, 2012 at 8:22 pm

    လွဲပြီးရင်း လွဲခဲ့တဲ့ ကိုကိုဆန်နီ ့ အတွက် ၊ ဖူးစာရေးနတ် ပစ်တဲ့ မြှား ဟာ ပစ်မှတ် ကို တိကျစွာ မှန်ပါစေဗျား ။

  • pu ma

    February 3, 2012 at 10:03 pm

    တို့လဲသီတင်းကျွတ်လပဲပိုဆိုးတယ်လပြည့်ကျော်14 ရက်ဒါပေမဲ့နေ့ဘက်မွေးပါ

  • ကြောင်ကြီး

    February 4, 2012 at 12:31 pm

    ဘရှင်အကြောင်း
    ဖတ်ရတာ
    ဘင်ရှသလို
    ရင်တမမနဲ့
    တင်ပြတကယ်ကောင်း..။

  • သူငယ်တန်းတုန်းကဖားခုန်ပြိုင်ဘူးတယ်။ (အခုဒီပိုစ်ရေးရင်းကိုပြန်စစ်ပေလို့..လွဲလိုက်တာမှ
    ..ဖားခုန်ပြိုင်ပွဲကို..ဖာခုန်ပြိုင်ပွဲလို့ရေးမိတယ်…excuse my offensive language use,pls)ပထမဆုရတယ်။ အဲဒါ ကျောင်းအုပ်ကြီးက ဆုပေးမှာမှတ် နေတာ ကျောင်းက အငြိမ့်ငှားပြီးဆုပေးတယ်။ အငြိမ့်မင်းသမီးက ငဆန်နီကို ဆုပေးတာ မှတ်မိနေသေးတဲ့ အလွဲများထဲကတစ်ခုပါ။
    ကိုဆန်နီရဲ ့အလွဲအချော်တွေ အမြန်ဆုံးတည့်မတ်ပါစေကြောင်း။အားပေးဖတ်ရှုသွားပါတယ်။

  • aungnng87

    February 4, 2012 at 2:18 pm

    ဟ…မွေးနေ့ခြင်းတူနေပါလား။ အမွှာတွေလားမသိ….

Leave a Reply