လဒများကိုစစ်ဆင်ရေးတွင်ခွေးများအစားအသုံးပြုမည်။

Wai PhyoeFebruary 3, 20121min1159

လဒများကိုစစ်ဆင်ရေးတွင်ခွေးများအစားအသုံးပြု

ဂျာမဏီနိုင်ငံမှ ရဲတပ်ဖွဲ့ ဟာဆိုရင် လူသေအလောင်းများကို လင်းတ (လဒ) ငှက်ကို အသုံးပြုပြီးရှာဖွေတော့မှာဖြစ်ပါတယ်။ အနံ့ခံ ခွေး များကို အသုံးပြုပြီးရှာခြင်းဟာ အချို့နေရာတွေမှာ မထိရောက်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ AFP သတင်းမှ ဖော်ပြခဲ့ပါတယ်။ ထို ပရောဂျက်ကို တော့ Sherlock လို့နာမည်ပေးခဲ့ပါတယ်။ ရဲများဟာ ထို လဒများကို GPS (global positioning system) စနစ်နဲ့ ပူးတွဲ အသုံးပြမှာဖြစ်ပြီး အလှမ်းမမှီဘဲ ဝေးကွာလွန်းတဲ့ နေရာဒေသတွေမှာ ပျောက်ကွယ်သွားတဲ့ လူသေအလောင်းများကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါအကြံဉာဏ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေမှ တိရိစာ္ဆန်သဘာဝ ရုပ်သံအစီစဉ် ကိုကြည့်ရှု့နေစဉ် ထိုကဲ့သို့ ပြုလုပ်ပြီး လူသေအလောင်းများကို ရှာနိုင်ဖို့အတွက် အိုင်ဒီယာ ရခဲ့တာဖြစ်တယ်လို့ ရဲသားတစ်ယော်ဖြစ်တဲ့ Rainer Herrmann
ကပြောပြပါတယ်။ ထိုကဲ့သို အသုံးပြရှာဖွေုခြင်းအားဖြင့် အချိန်ကုန်သက်သာစေသလို အနံ့ခံခွေးများ လူများထက် လဒများဟာ ကျယ်ပြောလွန်းတဲ့ ဧရိယာကို ပိုပြီးရှာနိုင်ပါတယ်။ ငှက်တွေရဲ့ အဓိက စွမ်းအားကတော့ မျက်လုံးဘဲဖြစ်သလို လဒများရဲ့နောက်အစွမ်းတစ်ခုကတော့ အသေကောင်ပုတ် နံ့ကို လေထဲမှနေပြီး အမြင့်ပေ မီတာ ၁ဝဝဝ မှ အနံ့ခံနိုင်တာဖြစ်ပါတယ်။ နောက်ပြီး တောများ နှင့် ခြုံနွယ်အလွန်ထူထပ်သော အောက်မှာ ရှိနေတဲ့ အလောင်းများကို လဲ ရှာဖွေနိုင်တာဖြစ်ပါတယ်။ အခုဆိုရင် ထိုလင်းတ တွေကို လောလောလပ်လပ် သေတဲ့ လူသေ အလောင်းတွေကို ရှာဖွေအနံ့ခံနိုင်အောင်လဲ လေ့ကျင့်ပေးလျှက်ရှိပါတယ်။ အသားကိုနေစဉ်ခွက်တစ်ခုထဲထည့်ပြီး ပေါ်မှ ပိတ်ဖြင့်အုပ်ကာ လေ့ကျင့်ကျွေးခြင်းကိုလဲပြုလုပ်ပေးနေပါတယ်။ ဒါကတော့ အလောင်းတွေ ရှာတဲ့နေရာအတွက် အသုံးဝင်မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ Sherlock ပရောဂျက်ကို ဂျာမဏီနိုင်ငံရဲ့ ရုပ်သံတွေနဲ့ သတင်းဌာနတွေမှာ ဖော်ပြခြင်းကြောင့် လူတွေ တော်တော်လေးသိရှိနေပြီဖြစ်ပါတယ်။

လဒအကောင်ပေါက်ပုံမြင်ဖူးသူရှားလို့တင်ပေးလိုက်ပါတယ်

9 comments

  • zarlay

    February 3, 2012 at 1:11 pm

    လဒဆိုတာ အခုမှမြင်ဘူးတော့တယ် ကျေးဇူးပဲ

  • Wai Phyoe

    February 3, 2012 at 1:20 pm

    အဲ ခုလဒပုံက အကောင်ပေါက်ပုံဗျာ အရွယ်ရောက်ပြီးသားကောင်တွေက လူတွေထက်နည်းနည်းတောင်ပိုကြီးသေးတယ်

  • aungnng87

    February 3, 2012 at 1:25 pm

    ဒီအကောင်က အကောင်ပေါက်ပုံမို့လို့နည်းနည်းကြည့်ကောင်းတာ။ အသက်ကြီးတဲ့ကောင်ဆိုတော်တော်ရုပ်ဆိုးတာ။

  • Wai Phyoe

    February 3, 2012 at 1:28 pm

    မှန်ပဗျာ ရုပ်ဆိုးတာထက်တောင်ပိုသေး
    ဒါပေမဲ့ ဘယ်လိုပဲကျက်သရေမရှိတဲ့ကောင်တွေလို့ပြောပြောလူသားတွေကိုကောင်းကျိုးပြုတဲ့အကောင်ထဲမှာဒီကောင်
    တွေကထိပ်ဆုံးကဗျာ သူတို့လဲ သုဘရာဇာတစ်မျိုးပဲလေ ပာုတ်တယ်ပာုတ်

  • စိန်ပေါက်ပေါက်

    February 3, 2012 at 1:41 pm

    ဪ..
    လဒ.လဒ (လင်းတ)
    ငှက်ထဲမှာ မျက်နှာမွဲငှက်ပါ..
    ပုံပြင်ထဲ လူဇိုးနေရာထည့်ချင်ရင် လဒပဲ ထည့်ထည့်ရေးကြတယ်..
    ဂယ်တော့ လဒက သေနေတဲ့ဟာကိုမှ စားတာ
    အလစ်သုတ်ခိုးမစားတတ်ဘူးဂျ..သိရဲ့လား.

    လူလုပ်ရင်လူတောင်ဖြစ်သေးတပဲ
    လဒကို လူသေရှာခိုင်းတာ မအံဩပါဘူးနော့
    တတ်အောင် သင်ပေးနိုင်ဖို ့ပဲလိုတာ..
    သများတော့ သင်ပေးတတ်ဘူး..စိတ်မရှည်လို ့ 😆

  • kyeemite

    February 3, 2012 at 2:11 pm

    အင်း..စဉ်းစားမိတာလေးပြောရရင်…လဒ ကရှာလို့ တွေ့ပီး..လွှတ်လိုက်တဲ့လူတွေ..သူ့ဆီမရောက်ခင်
    ကုန်အောင်စားလိုက်ရင်တော့ ပွဲသိမ်းဘဲ..သင်္ဂြိုစရာတောင်မလိုတော့ဘူးပေါ့..

  • etone

    February 3, 2012 at 4:54 pm

    အဲတော့ .. လင်းတတွေ ကပ်ဆိုက်ရှာပြီ … သနားထှာ … 🙄

  • kokothandar

    February 3, 2012 at 4:58 pm

    ဟုတ်ပဗျာ kyeemite ကဦးသွားတာကို အဲဒါကိုပြောမလို့ တောနက်ထဲ မှာဆိုပွဲဘဲ မျောက်ကို ငှက်ပျောခြံ
    စောင်ခိုင်း သလိုလေးပေါ့ နှုတ်သီးလေး လျှာနဲ့သတ်ရင်းလာခေါ်တဲ့ လူတွေစီက ဆုတောင်မျော်နေအုံးမယ်

  • ko luchaw52

    February 3, 2012 at 10:16 pm

    ရေငတ်တဲ့ကောင်ရေတွင်းထဲကျတယ် ဆိုတဲ့စကားပုံတော့ကြားဖူးတယ်။
    အခုတော့ အပုပ် စားတဲ့ကောင်မသာတွေ့တယ် ဆိုတဲ့စကားပုံတိုးတော့မှာပဲ။
    ကောင်းပါတယ်၊သဂြိုဟ်စက်တွေအလုပ်သက်သာသွားမှာပေါ့။

Leave a Reply