သစ္စာသိပြီးမှ သတိပဌာန်ပွားပါ

ariyathitsaFebruary 3, 20121min16418

ဗုဒ္ဓတရားကို ဗုဒ္ဓရဲ့အဆို အဆုံးအမuကို မရပဲနဲ့တော့ ဒါဗုဒ္ဓတရားလို့ မလုပ်သင့်ပါ။                                                                                                                                                             လူတွေဟာ အဆင်း၊ အသံ စတဲ့ ကာမအာရုံတွေထဲမှာ နေကြရတာဖြစ်တယ်။                                                                                                                                                                     ကာမအာရုံတွေကို ဝသွားလို့ပဲ ဖြစ်ဖြစ်၊ မရလို့ပဲ ဖြစ်ဖြစ် ဒီအာရုံတွေကို ငြီးငွေ့သွားတတ်တယ်။                                                                                                                                         ဒါ့ကြောင့် ဒီအာရုံတွေထဲကနေ ထွက်ပြေးချင်တယ်။                                                                                                                                                                                              ဒီအာရုံတွေနဲ့နေရတာကို မပျော်မွေ့တော့ဘူး။
ဒီအာရုံတွေနဲ့ မနေချင်တော့တာမို့ တရားလုပ်တယ်လို့ လုပ်တတ်ကြတယ်။
တရားလုပ်တယ်ဆိုပြီး ဒီအာရုံတွေနဲ့ ကိုယ့်စိတ်နဲ့ ကင်းအောင် လုပ်တတ်ကြတယ်။
စိတ်ကို ရူပအာရုံတစ်ခုခုမှာ ရပ်ထားလိုက်လို့ စိတ်က မရွေ့တော့ဘူး။                                                                                                                                                                            ရုပ်အာရုံတစ်ခုခုမှာ စိတ်ကို ရပ်ထားလို့ မြင်ရင် မြင်တာမှာ ရပ်၊
ကြားရင် ကြားတာမှာ ရပ် ဆိုတော့ စိတ်က မကူးတော့ဘူး။                                                                                                                                                                                               ဒါစိတ်မကူးတဲ့ လုပ်ငန်း (သညာဝိရာဂ) သညာတွေပယ်တာကို လုပ်တာပဲ။
ဒီ ရုပ် (ရူပ) အာရုံတွေထဲမှာနေလို့ သညာတွေပယ်ပြီး ကာမတွေကလွတ်နေလို့ အေးသွားတာကို ဘုရားအဆုံးအမလို့ ထင်နေကြ။
ဒါ ဘုရား အဆုံးအမ မဟုတ်ပါဘူး။
အဲဒါ ရူပ အာရုံနဲ့ နေတာပါ။
ဘုရား အဆုံးအမကို မသိရင် “မမြင်ဘူးရင် မူး မြစ်ထင်” ဆိုသလို  ဒီ ရူပအာရုံနဲ့ အေးနေတာကိုပဲ ဘုရားရဲ့တရားလို့ ယူတော့တာ။
အနေတစ်ခုကနေ နောက်အနေတစ်ခုကို ပြောင်းသွားလို့ ကြည်အေးငြိမ်းချမ်းသွားတာကိုပဲ ဒါ ဘုရားတရားပဲလို့ ထင်သွားကြတာ။
ဒါ့ကြောင့် ဘုရားတရားကို ပွားများတော့မယ်ဆိုရင် ဘုရားတရားက ဘာကို ပြောတာလဲဆိုတာ အရင်သိအောင်လုပ်ပါ။
အရင် သိအောင်မလုပ်ပဲ အားထုတ်မိရင် ဒီရူပအာရုံနဲ့ နေရတာကိုပဲ ဘုရားတရားလို့ ထင်တော့တာပဲ။
နောက်ထပ် ဒီရူပအာရုံတွေကို တစ်စစီ ဖျက်ပစ်လိုက်ပြီး လဟာပြင်ဖြစ်သွားတဲ့ အရူပအာရုံ။
ဒီ ရူပအာရုံကွယ်သွားပြီး (ဘာမှ မရှိတဲ့) အာကာသလဟာပြင်သညာကိုလည်း နိဗ္ဗာန်လို့ ယူတတ်တယ်။
ဒါကလည်းသိပ်ကောင်းနေတာကိုး။
အဲဒီကနေ အဲဒီ အာကာသလဟာပြင်ကို သိနေတဲ့ စိတ်ကကော တကယ်ရှိလို့လားဆိုတဲ့ ဝိညာဏသညာဖြစ်ပြန်ရော။
နောက်ဆုံးကျတော့ နတ္ထိကိဉ္စိ ဘာမှမရှိဘူးဆိုပြီး ဖြစ်သွားရော။
ဒါကလည်း သိပ်ကောင်း၊ သိပ်လွတ်မြောက်တဲ့ သဘောတရားဆိုတော့ အထင်ကြီးစရာပဲ။
ဘယ်သူကဘာပြောပြော အဲဒီနေရာကနေ မဆင်းချင်တော့ဘူး။
ဒါ့ကြောင့် ဘုရားရဲ့တရားကို ကိုယ့်ဘာသာကိုယ် သိခွင့်မရှိပါဘူး။
ဘုရားတရားအားထုတ်တာပဲဆိုပြီး ကိုယ့်ဘာသာကိုယ်အားထုတ်လိုက်လို့
သိမယ်ဆိုရင်လည်း သူဟာ ဘုရားရဲ့တပည့် မဟုတ်တော့ဘူး။
ဒီရူပ၊ အရူပ (သမာပတ် (၈)-ချက်) တွေကို ရောက်နေရင် လူက ကောင်းနေ၊ ငြိမ်းနေပြီး ဘယ်သူနဲ့မှကို မတူတော့ဘူးလို့ ကိုယ့်ကိုယ်ကို ထင်တော့တာ။
အဲဒီရောက်နေပြီဆိုရင် အဲဒီကနေ မထွက်ချင်တော့ဘူး။
ဒါကိုပဲ ဘုရားတရားလို့ ရပ်တည်နေကြတာတွေကိုက ဒုနဲ့ ဒေးပဲ။
အဲဒါဘာဖြစ်လို့လဲဆိုတော့ ဘုရားတရား (အစစ်)ပျောက်နေလို့ပဲ။
ဘုရားတရားက ကာမတွေထဲမှာ မွေ့လျော်နေရမှာလည်း မဟုတ်ဘူး။
ဒီရူပ၊ အရူပ (သမာပတ်) တွေထဲမှာ မွေ့လျော်နေရမှာလည်း မဟုတ်ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ဒီ ကာမ၊ ရူပ၊ အရူပ ဘုံသုံးပါးသားက ဒုက္ခသားတွေလို့ ဘုရားက ပြောခဲ့တယ်။
အဲဒါက ဒီခေတ်မှာ မပေါ်လွင်ဘူးဖြစ်နေတယ်။
အဲဒီလိုဖြစ်နေရတာက ဘုရားတရားဖြစ်တဲ့ အရိယသစ္စာတရားကို အရင် နားလည်အောင်မလုပ်လို့ပဲ။
အဲဒီလို နားလည်အောင်မလုပ်ပဲ မှန်တမ်းရမ်းတမ်း ကြားဘူးနားဝနဲ့ လုပ်နေရင် ရူပ၊ အရူပတရားတွေထဲမှာ နစ်မျောခံရဖို့ပဲ ရှိပါတယ်။
ဘုရားတရား (အရိယသစ္စာ)ဟာ ကာမတရား (သမုတိသစ္စာ)လည်း မဟုတ်ဘူး။
ရူပ၊ အရူပတရား (ပရမတ္တသစ္စာ)လည်း မဟုတ်ဘူး။
ဗုဒ္ဓတရားကို သိဖို့ကတော့
(၁) တရားသိပြီးသူကို ပေါင်းသင်းရမယ်။
(၂) အဲဒီသူရဲ့ ပြောဆိုဆုံးမချက်နာယူရမယ်။
(၃) အဲဒီသူရဲ့ ပြောဆိုဆုံးမချက်တွေကို နှလုံးသွင်းဆင်ခြင်ရမယ်။
(၄) ပြောဆိုဆုံးမချက်တွေကို နှလုံးသွင်းဆင်ခြင်လိုက်လို့ သစ္စာကို မြင်သိမှ ဗုဒ္ဓရဲ့တရားကိုသိတယ်၊ သောတာပန်ဖြစ်တယ်လို့ ပြောရတယ်။
ဒါ့ကြောင့် သောတာပန် ဖြစ်ဖို့က လုပ်ယူလို့မရဘူး၊ နာကြား(ဆင်ခြင်)ယူရတာ။
ဒီအချက် (၄)ချက်နဲ့ ပြည့်စုုံသွားတာကို သောတာပန်လို့ ပြောတာ။
ဒါ့ကြောင့် ဘုရားရဲ့ အရိယသစ္စာကို နာကြားမိဖို့လိုတယ်။
ဗုဒ္ဓဟောခဲ့တဲ့ သစ္စာလေးပါးဖြစ်တဲ့ ဒုက္ခအရိယသစ္စာ၊ သမုဒယအရိယသစ္စာ၊ မဂ္ဂအရိယသစ္စာ၊ နိရောဓအရိယသစ္စာ စသော အရိယသစ္စာကို အရင်သိအောင်လုပ်ဖို့နှင့်
အရိယသစ္စာလေးပါးကို အရင်သိအောင်လုပ်သိပြီးမှသာ သတိပဌာန်တရားပွားများထိုက်ကြောင်း နှင့်
သတိပဌာန်တရားပွားများပုံ စသည်တို့ကို
ဓမ္မဝိဟာရီဆရာတော်  ဟောကြားထားသည့်
www.ariyathitsa.org website တွင် ပါရှိသော
သစ္စာသိပြီးမှ သတိပဌာန်ပွားပါ ” အမည်ရတဲ့ MP_3 အသံတရားတော်တွင်
(Download) ရယူပြီး အသေးစိတ်နာယူနိုင်ပါကြောင်း ဓမ္မလမ်းညွှန်ပြလိုက်ရပါသည်။

18 comments

  • True Answer

    February 3, 2012 at 4:33 pm

    ငါးပါးသီလတောင် မှန်မှန်ကန်ကန် အဓိပ္ပါယ်မဖော်နိုင်ဘဲနဲ့ သစ္စာတွေ သတိပဌါန်တွေ လုပ်နေတော့ကာ…
    မောတယ်နော်…
    ဘုရားဟောများကို ကွက်ပြီး မိမိအယူအတွက် လိုရာဆွဲယူဘာသာပြန်မှုအတွက်
    အသေးစိတ်ရှင်းလင်းချက် http://myanmargazette.net/64548/creative-writing

    မိုးကုတ်ဆရာတော်ကြီး၏ အရိယသစ္စာလေးပါး တရားတော်များ။
    http://www.dhammaransi.com/index.php?option=com_content&view=article&id=47:2009-08-24-11-38-45&catid=50:mp3&Itemid=83

    • မှော်ဆရာ

      February 3, 2012 at 7:29 pm

      ဘယ်သူမှ မဝင်ကြဘူးဆိုပြီး စိတ်မပျက်ပါနဲ့ True answer ရယ်
      ပြောလဲ မောရုံမို့ မပါတာပါ
      True answer ကတော့ ရှေ့ဆုံးတန်းမှာ ရပ်လျှက်ပဲနော် ..
      အားပေးနေပါတယ်တယ်ဗျာ…. နောက်မှာ အမြဲတမ်းရှိနေပါတယ် …

      • mggwa

        February 13, 2012 at 2:06 pm

        ကိုယ်က နင်သဘောပေါက်သွားလို့ မပါတော့တာဘူး ထင်နေတာ။ အခု ပါလာပြန်ပြီ၊၊ နင်လည်း တော်တော်ပိန်းသေးတာပဲ ဒီလောက်ဟောနေတာကို။
        True answer ကတော့ ရှေ့ဆုံးတန်းမှာ ရပ်နော် ဆိုတော့ သူ့ရှေ့မှာက(ရူပ၊ အရူပ) ချောက်ပဲ ရှိတော့တာ၊ ဆက်တိုးရင် ပြုတ်ကျဖို့ပဲကျန်တော့တယ်။
        အားပေးနေပါတယ်တယ်ဗျာ…. နောက်မှာ အမြဲတမ်းရှိနေပါတယ် ဆိုတာ ကြိုးတန်းလန်းနဲ့လား? ကိုယ့်လူလဲ ကြိုးတန်းလန်းနဲ့ ချောက်ထဲ ပြုတ်ကျမှာ ဧကန်မလွဲပဲ။
        အေးလေး – – – တတ်နိုင်ရင်တော့ ငါကယ်ကြည့်ပါဦးမယ်လေ။
        ကယ်လို့ မရလဲ မတတ်နိုင်တော့ဘူးပေါ့။

  • True Answer

    February 3, 2012 at 4:55 pm

    ဆိုတော့ ငါးပါးသီလကို မှန်မှန်ကန်ကန် ယူနိုင်ပြီးမှ…
    သစ္စာတွေ-
    သတိပဌါန်တွေ လုပ်ပါလို့။
    ခေါင်းစဉ်ပြောင်းသင့်ပါတယ်

    • ကိုပါကြီး

      February 3, 2012 at 6:10 pm

      True Answer ၏ ရေးသားမှုများသည် တစ်ဖက်စောင်းနင်းဖြစ်နေလို့ ဝင်ပါလိုက်ပါ၏။ ဗုဒ္ဓဘာသာသည် မြန်မာပြည်ကထေရဝါဒတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။
      ကမ္ဘာ့လူသာအားလုံးနှင့်ဆိုင်၏။
      မြန်မာပြည်ကထေရဝါဒနှအယူနှင့်မတိုင်း တစ်ဖက်သတ် မပြောသင့်ပေ။
      အယူဝါဒမတူကြလျှင်တော့ တစ်ဖက်နှင့်တစ်ဖက် ဝေဖန် ပုတ်ခတ်နေကြတာ သဘာဝပဲလေ။
      ထေရဝါဒဘုန်းကြီးတွေလည်း မဟာယာနဗုဒ္ဓဘာသာတို့၊ ကျန်ဗုဒ္ဓဘာသာဝါဒကွဲတွေကို ပလ္လင်ပေါ်ကနေ ရစရာမရှိအောင်ပြောနေကြတာပါပဲ။
      အယူဝါဒ နည်းနည်းကွဲတဲ့ မိုးကုတ်နဲ့ မဟာစည်တောင် သက်ဆိုင်ရာဆရာတော်ကြီးတွေကနေစပြီး တပည့် အစဉ်အဆက် ဝေဖန်ပြောဆိုနေကြတာပဲ။
      ဝေဖန်ပြောဆိုတာက သဘာဝလေ။
      သဘောထားကြီးစွာ ဝေဖန်မှုကို ခံနိုင်ဖိ်ု့လိုပါတယ်။
      ကိုယ့်ဝေဖန်တာ မကြိုက်လျှင် သူများကိုလည်း ဆီလို အပေါက်ရှာပြီး လိုက်မဝေဖန်သင့်ပါ။
      မည်သူပဲဖြစ်ဖြစ် နှိုင်းယှဉ်လေ့လာနိုင်ပြီး လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့ပဲ လိုကြောင်း
      ဝင်ပါလိုက်ပါသည်။

  • ကိုသစ္စာ

    February 3, 2012 at 5:12 pm

    True Answer အနေနဲ့ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် တရားများကို သေသေချာချာ အောက်ပါ လင့်များတွင် လေ့လာကြည့်ပါက မိမိနာလည်မှုလွဲမှားနေသည်ကို သိရပါလိမ့်မည်။

    http://www.ariyathitsa.org/html/ebooks.html ရှိ
    “ဘုရား” တရားစာအုပ်၊

    http://www.ariyathitsa.org/html/mp-3_2.html ရှိ
    “သီလကို ပညာနဲ့ ဆေးကြောပါ တရား” (http://www.mediafire.com/?9avbgh0dt1q9oi1#1)

    အလယ်လမ်း ငါးပါးသီလ တရား (http://www.mediafire.com/?eg7psva68b6g3z4#1) နှင့်

    အရိယာစစ်တမ်း (http://www.mediafire.com/?75ascti73o6bsh0#1)

    တို့ကို နာယူကြည့်ပါက နားလည်မှု မှန်ကန်လာပါလိမ့်မည်။

    True Answer သဘောပေါက်ထားသည့် ပရမတ္တသစ္စာတရားများနှင့် ဓမ္မဝိဟာရီဆရာတော်ပြန်လည်ဖော်ထုတ်ဟောကြားထားသော အရိယသစ္စာတရားများကို ဝါဒစွဲမပါပဲ
    True Answer ဆိုတဲ့ နာမည်အတိုင်းအဖြေမှန်ထုတ်နိုင်ပါစေ။

  • nyanakyaw

    February 3, 2012 at 5:44 pm

    ငါးပါးသီလ ဆိုတာ ဝါရိတ္တသီလအုပ်စုပါ(ရှောင်ကြဉ်သီလ)ပါ။ စာရိတ္တသီလ(ဆောင်သီလ) ပြည့်စုံသူများသည် ဝါရိတ္တသီလပါ ပြည့်စုံပြီး ဖြစ်ပါတယ်လို့ နားလည်မိပါတယ်။

    True Answer သည် ဓမ္မဝိဟာရီဆရာတော်ဆိုသော အမည်ကို ကြားသိရုံ၊ အရိယသစ္စာဆိုသော အမည်ကို ကြားသိရုံဖြင့် မုန်းတီးစိတ်များထကြွပြီး ဘယ်လိုအနိုင်ယူရမလဲ၊ ဘယ်လိုနှိပ်ကွပ်ရေးသားရမလဲ မျိုးဖြစ်နေတာ ပေါ်လွင်နေတယ်နော်။ သတိထား ဆင်ခြင်နိုင်ဖို့ပါ။ ဦးဉာဏက အခုထောင်ထဲရောက်နေတယ်လေ။ True Answer တို့ပြောတဲ့စကားနဲ့ဆို သူ့ထိုက်နဲ့သူကံလို့ သတ်မှတ်ပြီး နေလိုက်ကြပါဗျာ။

  • စပ်ဖြဲ

    February 3, 2012 at 6:54 pm

    ဟယ်.. ပြောပေါက်ကြီးက သောတပန် မရရင်တောင် သစ္စာလေးပါးမသိဘူးဆိုပီး ရှက်စရာကြီးဖြစ်နေပီ
    မိုးပြာတပ်ဖွဲ.က နိုင်ငံခြားသား(ဘာသာခြား) တွေထက်တောင်ညံ့သေးတယ်
    သူတို.တွေက ဝိပသနာ လုပ်ပြီးမှ(မှန်တယ် လက်ခံတယ်ဆိုမှ/လက်တွေ.ပေါ့လေ) တရားလေ့လာတယ်
    မိုးပြာတပ်ဖွဲ.ကျမှ တရားအရင်စစ်ရတယ်လို.အေ… ညံ့ပ ညံ့ပ 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 3, 2012 at 8:07 pm

    တော်တာ်နောက်တဲ့လူဘဲ
    သစ္စာတရားကိုသိမှတော့ ဘယ်ပဌာန်းကိုသွားပြီးပွားရမှာလဲ
    လေသံက သစ္စာတရားကိုတွေ့ထားပြီးသလိုလိုဘာလိုလိုနဲ့
    ဇဂါးမစပ် ဘယ်သူမြှောက်ပေးသဒုံးဗျ
    သဂျီးမင်းကိုတော့ လက်ညှိုးထိုးမယ်မကြံနဲ့နော်
    ဒီလိုလုပ်ပါလား
    ကျောင်းထိုင်ဘုန်းကြီးဖြစ်မှ ကိုရင်ဝတ်လေ
    တော်တော်နောက်တဲ့လူ

    • ever

      February 10, 2012 at 4:27 pm

      ဗုဒ္ဓဘုရားက အရိယသစ္စာတရားဖြစ်တဲ့ ဓမ္မစကြာတရားတော်ကို အရင်သိအောင် ဟောကြားခဲ့တာကို မမေ့သင့်ပေ။
      တရားအလုပ်ကိုမပြောနှင့် ငါးပိဖုတ်တာတောင် နည်းလမ်းအရင် မသိထားပဲ ဖုတ်ပါက အဆင်မပြေနိုင်လို့ ” ဆရာ မပြ၊ ငါးပိဖုတ်တောင် နည်းမကျ “ဆိုတဲ့ စကားပေါ်လာတာ။

  • surmi

    February 3, 2012 at 11:31 pm

    ဒီလိုဆိုရင်တော.ဟုတ်သေး–
    သတိ –အီးပါပြီးမှ ဘယာကြော်စားပါ—
    ယောက်ကျားမယူခင် ၊ခလေးအရင်မွေးပါ—အဲဒီလိုလား ?
    တခြားနာမည်တစ်ခုနဲ. ဘာသာအသစ်လုပ်ပါလားကွာ။

  • ကိုငြိမ်းအေး

    February 4, 2012 at 6:40 pm

    သဘောတရား (သီအိုရီ)ကို ကျေညက်ပြီးမှ လက်တွေ့ (ပရယ်တီကယ်)လုပ်သင့်တာပါ။။
    ဒါကြောင့် အရိယသစ္စာဆိုသည့် သဘောတရား (သီအိုရီ)ကို ကျေညက်ပြီးမှသာလျှင်
    သတိပဌာန်လို့ ဆိုသည့် လက်တွေ့ (ပရယ်တီကယ်)လုပ်မှ ရှေ့နောက်မှန်ကန်မှာပါ။

  • fatty

    February 4, 2012 at 10:10 pm

    လက်တွေ့ကျင့်ကြံအားထုတ်ကြည့်ကြပါလို့ဘဲပြောချင်ပါသဗျာ

  • မိုးချမ်းမြေ့

    February 5, 2012 at 10:27 am

    ကိုသစ္စာရဲ့ပို့လေးကိုဖတ်မိမှ…နမ္မားဆရာတော်ဘုရားကြီး ဦးဉာဏဟောကြားထားတဲ့ ဓမ္မသံလေးတစ်ခုကို
    သတိရမိပေါ့…။ သောတာပတ္တိမဂ်ဆိုတာ…ဒဿနမဂ်..တဲ့…။ ဓမ္မစေတီဆရာထွေးလည်း…ပြောခဲ့ဘူးတာ
    ပဲ…။ သောတာပန်ဆိုတာ…အသိအမြင်ရှင်းသွားလို့..ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကွာသွားတဲ့…အသိဉာဏ်ပိုင်ရှင်ကို
    ပြောတာဆိုတော့…ကိုသစ္စာပြောသလို…“သစ္စာသိပြီးမှ..သတိပဌာန်ပွားပါ ”ဆိုတာကို…နားလည်သဘော
    ပေါက်လာမိသလိုဖြစ်ခဲ့ရပါတယ်..။ ဘာ့ကြောင့်လဲဆိုရင်…သကဒါန်ဂန်၊ အနာဂါန်၊ ရဟန္တာဖြစ်ဘို့ ဆိုတာ….ဘာဝေတဗ္ဗဆိုတဲ့..ပွားရမယ့်မဂ်ဖြစ်တာကြောင့်…ဒဿနနဲ့မှာသိနိုင်တဲ့…ဒါက..ဒုက္ခသစ္စာ..။ ဒါက….ဒုက္ခဖြစ်ကြောင်း..သမုဒယသစ္စာ… ။ ဒါက…ဒုက္ခငြိမ်းရာ..နိရောဓသစ္စာနဲ့…ဒုက္ခတရားတို့မှာ လွတ်မြောက်ရာလမ်းကြောင်းဖြစ်တဲ့…မဂ္ဂသစ္စာဆိုတာကို…သိပြီးသူမှသာ..ကျင့်နိုင်မယ်လို့… ခံယူမိလိုက် လို့ဖြစ်ပါတယ်…။ တကယ်တမ်းလည်း…အပွားခံဖြစ်တဲ့..ဒုက္ခစစ်စစ်ကိုမသိဘဲနဲ့ရမ်းသမ်းပွားနေကြတာ
    တွေက..ဒုနဲ့ဒေးဆိုတော့..။(ကိုယ့်အမြင်အတိုင်းပြောတာပါ)။ တကယ့်ကို ငြိမ်းချမ်းရာမရဘူးဖြစ်နေခဲ့တာ
    ကိုယ်တွေ့လေ..။ ဒါ့ကြောင့်…ကျေးဇူးပဲ..ကိုသစ္စာရေ…ထပ်ရေးပေးပါဦး….။

  • စေပိုင်ထွဋ် (ပုသိမ်)

    February 5, 2012 at 12:59 pm

    ကျွန်တော် ဖတ်သွားတယ်….
    စာတွေ့ထက် လက်တွေ့လုပ်မှ တရားဆိုတာ ရနိုင်မယ်လို့ ထင်တယ်။
    ဖတ်လည်း ဖတ် လုပ်လည်း လုပ်ပေါ့။
    တချို့အရာတွေက စာနဲ့ မဖော်ပြနိုင်အောင် တရားသဘောက နက်နဲပါတယ်။

  • mggwa

    February 5, 2012 at 1:29 pm

    သိပြီးမှသာ ပွား (ကျင့်) ရမှာဆိုတော့
    ဘာကိုသိပြီးမှလဲ ?
    လူဆိုတဲ့ ပုဂ္ဂိုလ်အထည်အစု (သမုတိသစ္စာ)ကို အရင်သိအောင်လုပ်ရမှာလား?
    လူကို အသေးစိတ်ထားတဲ့ ရုပ်၊ နာမ် (ပရမတ္တသစ္စာ)ကို အရင်သိအောင်လုပ်ရမှာလား?
    လူကပြုလုပ်တဲ့ အမှု ကံ၊ သင်္ခါရ (အရိယသစ္စာ)ကို အရင်သိအောင်လုပ်ရမှာလား?
    သိထားတဲ့ သစ္စာအတိုင်း ပွား (ကျင့်) ရင်တော့ ကိုယ့်ပန်းတိုင်ကိုယ်ရောက်မှာပဲ။
    သို့ကြောင့် သင်ဘာကိုသိထားပြီး ကျင့်နေတာလဲ? စဉ်းစားပါ။

  • ကိုသစ္စာ

    February 13, 2012 at 3:30 pm

    True Answer ရဲ့ link က ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ပရမတ္တသစ္စာအမြင်ဖြင့်ဖွင့်ဆိုသော ယောဂတရားစခန်း၏ ပုံရိပ်တွေပဲဖြစ်ပါသည်။
    ဒီ ပရမတ္တသစ္စာ ရူပါ၊ ရူပတရားများကို ဗုဒ္ဓက အတ္ထကိလမထနုယောဂအကျင့်များဟု ပယ်ထားတဲ့တရားများဖြစ်ပါတယ်။
    အစွန်းတရားနှစ်ပါးက ဘယ်တရားတွေ၊ အလယ်လမ်း အရိယသစ္စာက ဘယ်တရားဆိုတာ ကွဲပြားဖို့ အတွက် http://sites.google.com/site/sayamvasi/003-Dhamma.PDF က ” ဓမ္မ ” ဆိုတဲ့ တရားစာအုပ်ကို ဖတ်ကြည့်ရင် ကွဲပြားပါလိမ့်မယ်။

Leave a Reply