လူနဲ့လူ့ပတ်ဝန်းကျင်ကို ဆက်ဆံကူးလူးတဲ့အခါ….ကိုယ့်ရဲ့ အတွေးအမြင်နဲ့ထပ်တူ….ပြောဆိုချက်၊ ပြုလုပ်နေထိုင်ချက်တွေကိုပဲ လူမှုရေးလို့ပြောရမှာပါ…။
ဒီဆိုလိုချက်ကို လူသားတိုင်း လက်ခံသဘောပေါက်မယ်ဆိုရင်… လူမှုရေးဆိုတဲ့စကားလုံးဟာ..လူတိုင်းနဲ့ သက်ဆိုင်နေပြီးသကာလ…လူတွေအားလုံး
နေ့စဉ်နေ့တိုင်း…လူမှုရေးတွေနဲ့ သက်ဝင်လှုပ်ရှားနေကြတယ်ဆိုတာကို ထင်သာမြင်သာရှိနိုင်ကြမှာပါ…။ လူတစ်ဦးတစ်ယောက်ဟာ သူနဲ့သူ့ပတ်ဝန်းကျင်ကို ထိတွေ့ဆက်ဆံတိုင်းမှာ ဖြစ်တည်နေတဲ့..တွေးခေါ်သိမြင်မှုနဲ့ထပ်တူပြောဆိုချက်၊ နေထိုင်ချက်မှန်သမျှတွေဟာ……ထိုသည့်သူရဲ့..လူမှုရေးတွေ ဖြစ်နေတယ်
ဆိုတာပါပဲ..လို့…ဆိုလိုချင်တာပါ…။
ဒါဆိုရင်…
ဟုတ်ပါတယ်….
ဘုရင်ကြီး.(သမ္မတကြီး)မှမဟုတ်…သူတောင်းစားတွေလည်း..သူ့ပတ်ဝန်းကျင်အလိုက် လူမှုရေးလုပ်နေသလို….၀န်ကြီးတွေ၊ မူးမတ်တွေမှမဟုတ်… သုဘရာဇာလည်း….သူ့ဆိုင်ရာပတ်ဝန်းကျင်မှာ…လူမှုရေးလုပ်နေတာမို့…စစ်သားတွေမှမဟုတ်…သူပုန်တွေလည်း….လူမှုရေးလုပ်နေကြတယ်…။ ရဲချုပ်ကြီးမှမဟုတ်…
သူခိုး၊ ဓားပြ…မုဒိန်း…လုယက်…လူသတ်…စတဲ့ပုဂ္ဂိုလ်တွေလည်း…လူမှုရေး..။ မီးသတ်သမားမှမဟုတ်…မီးရှို့သူလည်း…လူမှုရေး…။ ဘုရားတည်၊ ကျောင်းဆောက်မှ မဟုတ်…ရွှေခွာ..ထီးဖြုတ်တဲ့သူတွေလည်း လူမှုရေး…။ ခရစ်ယာန်မှမဟုတ်…ဗုဒ္ဓဘာသာလည်း..လူမှုရေး..။ ဟိန္ဒူမှမဟုတ်…မူဆလင်လည်း..လူမှုရေး..(စသည်ဖြင့်)…လုပ်နေကြတာပါပဲ…။
ဒါကြောင့်မို့…လူမှုရေးလုံးဝမရှိတဲ့သူဆိုတာ..သေသွားလို့…သင်္ချိုင်းမှာမြေမြှုတ်လိုက်မှ..ဒါမှမဟုတ်..မီးရှို့လိုက်မှ…ပြီးဆုံးသွားတဲ့သဘောလို့…ဆိုရမှာပါ..။ ဒါတောင်မှ…သူ့ရဲ့ရှင်သန်ခဲ့ချိန်အတွင်းက…ပြုလုပ်ချက်.. ဆောင်ရွက်ချက်ဆိုတဲ့…အမှုအရေးတွေကို ပြန်ပြောင်းအမှတ်ရပြီး…ပြောဆိုနေတတ်ကြသေးတယ်မဟုတ်
လား. …။ အဲ့ဒါက…ထိုသူရဲ့…ထင်ပေါ်မှုအလိုက်…အတိုင်းအတာရှိသလောက်မှာ..သက်ရောက်တတ်တဲ့..အရှိန်လို့ပဲ .. ဆိုရမှာပါ…။
(မာသာထရီဇာတို့… ဆက်ဒန်ဟူစိန်တို့…ဗုဒ္ဓတို့…တိတ္ထိကြီးခြောက်ယောက်တို့လိုပေါ့…)။
ဆိုတော့…ဘာကိုပြောချင်တာလဲပေါ့…နော…
ဆိုလိုရင်းက…အထက်ကပြောခဲ့သလို…လူနဲ့လူ့ပတ်ဝန်းကျင်ကိုကူးလူးဆက်ဆံတဲ့အခါတိုင်း..ကူးလူးဆက်ဆံသူရဲ့… အတွေးအမြင်နဲ့ထပ်တူ…ပြောဆို ချက်၊ ပြုမူနေထိုင်ချက်မှန်သမျှဟာ…ထိုသူရဲ့အမှုအဖြစ်နဲ့ သူ့ပတ်ဝန်းကျင်ကို…အရေးအဖြစ်သက်ရောက်စေတာမို့….ထိုသူဟာ..လူမှုရေးလုပ်နေတာပါလို့
…ပြောချင်တာပါ…။
အဲ့ဒီတော့…ဒီဖွင့်ဆိုချက်အတိုင်းသာဖြစ်မယ်ဆိုရင်…မှန်ခဲ့မယ်ဆိုရင်….အိပ်ယာထဲ…လဲနေတဲ့လူနာတောင်သော်မှ…လူမှုရေးဆိုတာ..ရှိနေတာပါပဲ….။
ဘာကြောင့်လဲဆိုရင် “ဟဲ့…လူနာကို ဂရုစိုက်ကြအုံးလေ..။ သူကနေကောင်းတာမဟုတ်ဘူး..။ ကိုယ်မှမလုပ်ပေးရင်..ဘယ်သူကလုပ်ပေးမှာလဲ….။
နေကောင်းတုန်းက သူလုပ်ပေးခဲ့တာတွေကို နာလည်မှပေါ့…”…အဲ့သလို(တစ်ချို့သောသူတို့ရဲ့) ဆက်ဆံမှုတွေက လူနာရှင်အပေါ် သက်ရောက်နေသလို… တချို့ပုဂ္ဂိုလ်များကျတော့…“ ဟင်း….အလကားနေရင်…နေမကောင်းချည်းဖြစ်နေတာပဲ …ဘာမှန်းလဲမသိဘူး..။ နေကောင်းတုန်းကလည်း…ဘာမှလက်ကြော တင်းအောင်လုပ်တာမှမဟုတ်တာ… ပစ်ထားတာကောင်းတယ်…”…စတဲ့…ပုံစံမျိုးနဲ့..လူနာကိုဆက်ဆံနေကြတာကိုကြည့်ရင်…ဒီလူနာဟာ…သူ့ဝေဒနာနဲ့သူ.. အိပ်ယာထဲလဲနေပေမယ့်…သူ့ပတ်ဝန်းကျင်ရဲ့ တုန့်ပြန်မှုရလာဒ်တွေရှိနေတာကြောင့်…ထိုသူ့ရဲ့လူမှုရေးကို ပြောပါဆိုရင်တော့…ဘာမှမပြောနိုင်..မလုပ်နိုင်ပဲ.. အိပ်ယာထဲလဲနေရတဲ့…သူ့ရပ်တည်ချက်ဟာ..သူ့ပတ်ဝန်းကျင်အတွက်…လူမှုရေးဖြစ်နေတော့တာပါပဲ…။
ဒါပေမယ့်…အဲ့ဒီလိုမျိုး..သဘောမရောက်သူတချို့ကတော့…“ ငါတို့က ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်နေတာ..ဒါမှ..လူမှုရေးပေါ့..”..။
တချို့ကျတော့..“ တို့က…သူများတွေကောင်းစားနေတာမြင်ရင်ရရင်ကျေနပ်တယ်…ဘယ်တော့မှ.. ငါတို့ဘို့မကြည့်တတ်သလိုထည့်လည်းတွက်မထားဘူး…”…
“ဟုတ်ပါ့…တို့က..လူမှုရေးမခေါင်းပါးချင်တာကြောင့်..ဘယ်အသင်းအဖွဲ့နဲ့ပေါင်းပြီး…၀ိုင်းကူဆောင်ရွက်နေတာလေ…”……“အင်း…ဘုန်းကြီးကတော့.. ရဟန်း
ဆိုပေမယ့်… လူမှုရေးဆိုတာလဲ..လုပ်နေရတာပါပဲ…”..စတဲ့…စကားတွေက…မိမိအသိအမြင်နဲ့ထပ်တူ..ပြောဆိုချက်တွေရဲ့နောက်ကွယ်က…ကောင်းတဲ့ဘက် ကိုယိမ်းတဲ့..လူမှုရေးဆိုသော..စကားလုံးသုံးနှုန်းမှု..ရည်ရွယ်ချက်ဖြစ်သလို…
တစ်ချို့တွေကျတော့…
“ မသာကြီး…သေချင်းဆိုးမ…ဘယ်သူ့မှဂရုမစိုက်ဘူး….သတ္တိရှိတဲ့ကောင်ထွက်ခဲ့…သူများထက်မိုက်လို့လူလုပ်နေတာကွ…ဘာလူမှုရေးလဲ..နားမလည်ဘူး…
သွား… လာမရှုပ်နဲ့…သတ်မှာပဲ… ခိုးမှာပဲ…တိုက်မှာပဲ…လိမ်မှာပဲ…စော်ကားမှာပဲ….အနိုင်ကျင့်မှာပဲ….လက်တစ်လုံးခြားလုပ်မှာပဲ….တက်နင်းမှာပဲ… ပွဲလန့်ချင်လန့်…
မလန့်ချင်နေ… ဖျာတော့ဆောင်ထားဦးမှ….သာတဲ့သူနဲ့ပေါင်းထားမှ…မှားလည်းအရေးမကြီးဘူး…အဲ့ဒီလိုမှားတဲ့သူတွေကို လူစုပြီးအဖွဲ့လုပ်ထားဦးမှ…”
စသည်ဖြင့်ပေါ့…။ ဒါတွေကလည်း..လူနဲ့လူချင်းဆက်ဆံတဲ့နေရာမှာ…သူတို့ရဲ့..အသိအမြင်နဲ့ထပ်တူ…ပြောဆိုချက်…ပြုလုပ်ချက်တွေရဲ့နောက်ကွယ်က.. အဆိုးဘက်ကိုယိမ်းသော…လူမှုဆက်ဆံရေးဆိုတဲ့..လူမှုရေးပဲဖြစ်ပါတယ်…။
တချို့လူတွေကပြောကြပါတယ်…။ “ ဒီလူကတော့ လူမှုရေးလုံးဝမရှိတဲ့သူ..” လို့ပေါ့…။ အဲ့ဒီလိုပြော လာမယ်ဆိုရင်တော့…ပို့(စ်)တင်သူအနေနဲ့က.. ဆန့်ကျင်မိမှာပါ…။ လူမှုရေးဆိုတာက…သေမှ…မရှိတဲ့ အမျိုးအစားပါပဲ…။ ပြောရရင်…လူနဲ့လူချင်းမှမဟုတ်ပါဘူး…။ တိရစ္ဆာန်တစ်ကောင်နဲ့ဆက်ဆံမိရင်လည်း… လူမှုရေး ဖြစ်သွားတတ်တာပါပဲ…။ ကြည့်လေ…..
လူတစ်ယေက်က..ခွေးတစ်ကောင်ကို…သွားရင်းလာရင်း…အကြောင်းမဲ့ဖြတ်ကန်လိုက်လို့…ခွေးဘက်မှာ.. မရှုမလှခံလိုက်ရတာကို..တခြားသူတစ်ယောက်မြင်
သွားရင်…“ ဘယ်လိုလူပါလိမ့်…စိတ်မှကောင်းသေးရဲ့လား…သူဟာသူနေတဲ့ခွေးကိုများ..ရန်လုပ်ရတယ်လို့…” အဲဒီလိုမျိုးတွေတွေ့ရတတ်သလို… တစ်ယောက်သော ပုဂ္ဂိုလ်က…ခွေးတစ်ကောင်ကိုပွတ်သတ်ချော့မြူနေတာကို..ခွေးလေးကအမြှီးနံ့ပြီး..ငြိမ်နေတာကို တစ်ခြားသူတစ်ယောက်ကမြင်သွားတဲ့အခါ…“ အမယ်..ဒီလူက တိရစ္ဆာန်တွေလည်း ချစ်တတ်သား…ဟ…လူချင်းဆိုရင်တော့…ပြောစရာတောင်လိုမယ်မထင်ဘူး…”….စတဲ့….အဲ့ဒီလိုမျိုးအဖြစ်တွေကိုကြည့်ရင်… လူဟာ…ကိုယ့်ရဲ့ အသိအမြင်နဲ့ထပ်တူ..ပြောဆိုချက်..ပြုမူနေထိုင်ချက်တွေအလိုက်…နေ့တစ်ဓူဝ လှုပ်ရှားသက်ဝင်နေတာကိုပဲ… လူမှုရေးလို့..ပြောရမှာပါ…။
အဲ့ဒီတော့…
လူမှုရေးဆိုတဲ့စကားလုံးကို..အကောင်းဘက်မှာချည်း..ယူထားတတ်ကြတဲ့ပုဂ္ဂိုလ်များကို…အထူးသိစေချင်တာက…ကောင်းတာလုပ်မှ..လူမှုရေးမဟုတ်ပါဘူး…။ မကောင်းတာလုပ်လည်း…လူမှုရေးပါပဲ…။ ဥပမာတစ်ခုလောက်..ထပ်ပေးပါရစေဦး…။ မင်္ဂလာဆောင်တစ်ခုမှာ…၀ိုင်းပြီးကူညီလုပ်အားပေးကြသူတွေကို တွေ့ဘူးကြ
မှာပါ…။ တချို့က…အေးအေးဆေးဆေးကူညီကြ…တချို့ကျတော့…ဆူပူသောင်းကျန်းပြီးတော့..ကူညီကြတာတွေ ရှိတယ်မဟုတ်လား…။ ဆိုတော့….လူမှုရေးလုပ်
တာချင်း အတူတူလို့..ဆိုနိုင်ပေမယ့်….သက်ရောက်မှုတွေ မတူကြပါဘူး…။ နှစ်ဦးစလုံးမှာတော့ လူမှုရေးတွေရှိနေပေမယ့်…သက်ရောက်မှုမတူတာကတော့… ကွာသွားပါတယ်..။ အဲ့ဒါက…သူတို့ရဲ့အသိအမြင်အလိုက်…ပြောဆို၊ ပြုလုပ်၊ နေထိုင်ချက်တွေကြောင့်ပါပဲ…။
အဲ့ဒါကို..နာမည်တတ်ရရင်တော့…“ ကိုယ်ကျင့်တရား” လို့ပဲဆိုရမှာဖြစ်ပါတယ်။
ဟုတ်ပါတယ်…..
လူမှုရေးဆိုတာကို..အဓိပ္ပါယ်ထပ်ဖွင့်ရင်…ကိုယ်ကျင့်တရားဆိုတာကလွဲလို့…တခြားရှိမယ်တောင်မဟုတ်ဘူးလို့…ပြောရမှာပါ..။ ဒါကြောင့်မို့… ကိုယ့်ရဲ့အသိအမြင်နဲ့…ပြောဆိုချက်…ပြုလုပ်နေထိုင်ချက်တွေက… ကောင်းမွန်သန့်ရှင်းရင်…လူမှုရေးကောင်းမွန်သူဖြစ်တယ်လို့…ဆိုရမှာဖြစ်သလို… ကိုယ့်ရဲ့အသိအမြင်နဲ့… ပြောဆိုချက်… ပြုလုပ်နေထိုင်ချက်တွေဟာ…စုတ်ပြတ်…ညစ်ပတ်…မသတီစရာဖြစ်နေမယ်ဆိုရင်တော့.. လူမှုရေးညံ့ဖျင်းသူလို့
…ပြောရမှာဖြစ်ပါတယ်…။
နိဂုံးချုပ်ရရင်တော့…..
ကိုယ့်ရဲ့…အသိအမြင်နဲ့တွေးခေါ်မှုအလိုက်…ပြောဆိုချက်..ပြုလုပ်နေထိုင်ချက်ဖြစ်တဲ့…“ ကာယ၊ ၀စီ၊ မနော” ဆိုတဲ့…“ ကံ” တွေဟာ….
ကိုယ့်ရဲ့ လူမှုရေးဆိုတဲ့…ကိုယ်ကျင့်တရားပဲဖြစ်ပါတယ်..။ ဒီကံတွေဆိုတာကလည်း…လူသားတိုင်း…နေ့စဉ်ပြုလုပ်ဆောင်ရွက်နေကြတာဖြစ်ပြီး…
မတူညီစွာနဲ့..ကွာခြားသွားမှာကတော့..ကိုယ်ကျင့်တရားနဲ့ထပ်တူဖြစ်နေမယ့်…ရိုးသားမှုနဲ့…မသမာမှုပါပဲ…။
သို့ဖြစ်ခြင်းကြောင့်…
ကောင်းတာလုပ်မှ…လူမှုရေးဆိုသောပုဂ္ဂိုလ်များလည်း…မသမာမှုနဲ့..ကင်းဝေးနိုင်စေခြင်းနဲ့…..
မကောင်းဆိုးဝါးတွေကိုသာ..ထပ်ခါတလဲလဲ…ပြုလုပ်နေကြတဲ့.. ပုဂ္ဂိုလ်များလည်း…လူမှုရေးထဲမှာ.. အကျုံးဝင်နေခြင်းဖြစ်တာမို့… ရိုးသားဖြူစင်ခြင်းအဖြစ်ကို…ပြောင်းလဲနိုင်စေခြင်းအလို့ငှာ….
ချစ်ခြင်းအားဖြင့်ဆန္ဒပြုရင်း….
(သဗ္ဗေသတ္တာ…ကမ္မဿကာ….)

About မိုးချမ်းမြေ့

has written 17 post in this Website..