နာရေးကူညီမှု အသင်းသို့ သွားရောက်လှူဒါန်းမည့် အစီစဉ်တွင် ကိုယ်တိုင်ပါဝင် လိုက်ပါလှူဒါန်းနိုင်ရန်

သို့  ။                     ။ မန္တလေးဂေဇက် အဖွဲ့ဝင်များ၊ စာဖတ်သူများနှင့် အလှူရှင်များ              နေ့စွဲ – ၃-၂-၁၂
အကြောင်းအရာ ။        ။ နာရေးကူညီမှု အသင်းသို့ သွားရောက်လှူဒါန်းမည့် အစီစဉ်တွင် ကိုယ်တိုင်ပါဝင် လိုက်ပါလှူဒါန်းနိုင်ရန် ။

မန္တလေးဂေဇက်ဧ။် ပထမဆုံး အလှူကို နာရေး ကူညီမှု အသင်းသို့လှူဒါန်းမည်ဟု ရည်ရွယ်ထားသည့်အတိုင်း လူအများရုံးပိတ်ရက်ဖြစ်သော  (၁၂-၂-၁၂)တွင် သွားရောက်လှူဒါန်းမည်ဖြစ်ရာ အတူလိုက်ပါလှူဒါန်းလို သူများ အနေဖြင့် 0973114322 ကျွန်တော်ရွှေတိုက်စိုး နှင့် 0973144421 etone ဆီသို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ ယခုပို့စ်အောက်တွင် ကော့မန့် အနေဖြင့်လည်းကောင်း ၁၀-၂-၁၂ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြပါလို့ နှိုးဆော်လိုက်ပါတယ် ။ လိုက်ပါကုသိုလ်ယူကြမည့် လူဦးရေပေါ်မူတည်ပြီး ကားငှားသင့် မငှားသင့် စီစဉ်ရမည်ဖြစ်သဖြင့် သေချာစွာ စာရင်းပေးကြပါရန် နှိုးဆော်လိုက်ပါတယ် ။ အတူလိုက်ပါ ကုသိုလ်ယူလိုသည့် ယာဉ်ပိုင်ရှင် မန်ဘာ ၊ စာဖတ်သူများ အနေဖြင့်လည်း မိမိတို့ဧ။် ကားပေါ်တွင် မျှတင်သွားကြပါရန် ၊ နှိုးဆော် ဖိတ်ကြားလိုက်ရပါတယ် ။
နေ့ရက် ။        ။ 12-2-12 (တနင်္ဂနွေ)
အချိန် ။          ။ မနက် 10 နာရီ အရောက်
နေရာ။           ။  ( ယခင် RC3 )အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန ။ အောက်ကြည့်မြင်တိုင်လမ်း ၊ ကြည့်မြင်တိုင်မြို့နယ် ၊
လမ်းညွှန်။       ။ ရိုးရိုးကား ၃၃၊ ဒိုင်နာ ၉ရ ၊ ဟိုင်းလက် ၃ အဖြူ ၊ ဟိုင်းလက် ၃၈ ၊ အထူး (အဓိပတိ)အဝါ ၊ အထူး    ၂၁၀၊ အထူး ၃၄ တို့ကို စီးပြီး ကျောင်းရှေ့မှတ်တိုင်တွင် ဆင်းပါ ။

အလှူရှင်အားလုံးအား လိုက်ပါစေချင်ပါတယ်ခင်ဗျာ….

48 comments

  • fatty

    February 3, 2012 at 7:33 pm

    စာရင်းသွင်းပါသည်ခင်ဗျား ။

  • မလိုက်နိုင်သေးပေမယ့် အားပေး
    သွားပါတယ်နော်။
    ကုသိုလ်များများယူနိုင်ကြပါစေဗျား။
    ထပ်တူထပ်မျှ ဝမ်းသာရပါကြောင်း။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 7:59 pm

    ကိုရွှေကြီးရေ
    အပြင်ထွက်ဖို ့မအားတာနဲ ့ ကျနော့် အလှူငွေပိစိလေး ခုထိ မပေးရသေးဘူးဂျာ
    လှူမဲ့ ပမာဏနဲတာကြောင့်လဲ မဆက်သွယ်ဖြစ်တာလဲ ပါပါတယ်..

    အဲတာကြောင့်
    ၈မိုင်ဘက် လူကြုံရှိရင် ဝင်ယူသွားနိုင်ပါတယ်..သို ့မဟုတ်
    ကြုံတဲ့လူရှိရင် ထည့်ပေးလိုက်ပါ့မယ်ဗျား..

    သွားမဲ့နေ ့ကျရင် လိုက်တော့ မလိုက်တော့ပါဘူး..

    အားတက်သရော ဆောင်ရွက်နေကြတဲ့လူတွေကို ကျေးဇူးတင်တယ်ဗျာ..
    နားလည်ပေးကြပါခင်ဗျား..

    • Shwe Tike Soe

      February 5, 2012 at 8:07 pm

      M လုလင် လမ်းကြုံလို.လာယူမယ်ပြောပါတယ်ခင်ဗျာ စိတ်ချပါ အလှူငွေနည်းနည်းများများ စိတ်က အဓိကပါဗျ.. 😀

  • ရွာစားကျော်

    February 3, 2012 at 8:16 pm

    အားလုံးပဲ ကိုယ်စားသွားပေးကြပါတော့
    ကိုယ်တိုင်ဖြင့် မလိုက်နိုင်တော့လို့ပါ

  • windtalker

    February 3, 2012 at 8:40 pm

    ဟုတ်ကဲ့လိုက်ချင်ပါတယ်ခင်ဂျ
    လေယာဉ်လက်မှတ်ဖိုးလေး ကို ဘဏ်နဲ ့ပို ့ပေးရင်ဖြစ်ဖြစ်
    လေယာဉ်လက်မှတ် ကို ကားဂိတ် နဲ ့ပေးလာရင်ဘဲ ဖြစ်ဖြစ်
    လူကိုယ်တိုင် ပေးရင်ဘဲ ဖြစ်ဖြစ်
    ရခဲ့ရင်ပေါ့ခင်ဗျ
    ဟီဟိ…ဖြစ်ချင်တာ ကို ပြောပါတယ်

    • Shwe Tike Soe

      February 5, 2012 at 8:10 pm

      ဒါမှန်သိ ကျွန်တော်ပြန်တုံးက suitcase ထဲခေါက်ထည့်ခေါ်လာပါတယ်ဗျာ 😛

  • ရွှေ မင်း သား

    February 3, 2012 at 9:29 pm

    သူရင်းက ဝလို့ လှလို့ပါလား
    အေးအေးဆေးဆေးတောင် စကားမပြောလိုက်ရဘူး။

    • Shwe Tike Soe

      February 5, 2012 at 8:11 pm

      အေးကွာ သယ်ရင်းရန်ကုန်လာလဲ အကြောင်းကြားအုံးနော်…. အလုပ်က မအားလို.ဆောရီးပါကွာ….
      နောက်တစ်ခါ သေသေချာချာအေးအေးဆေးဆေး တွေ.ကြတာပေါ့

  • MaMa

    February 3, 2012 at 9:39 pm

    ်အမှန်တကယ် လိုက်ဖို့ ရည်ရွယ်ထားပါတယ်။
    တိုက်တိုက်ဆိုင်ဆိုင် မအားတာကြောင့် မလိုက်နိုင်တာ စိတ်မကောင်းပါ။ 🙁
    နောက်အကြိမ်များကို စောင့်မျှော်လျှက်…..

  • TTNU

    February 3, 2012 at 10:03 pm

    ဦးဆောင်သူများသို့
    တီချာတို့က အလှူငွေလေးလှမ်းထည့်ရုံရယ်။
    မောင်ရင်တို့ မမိန်းကလေးတို့က လုပ်အားအလှူပါ ပါသမို့
    ပိုကုသိုလ်ရသကွဲ့။

    သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်နော်။
    ကြီးသောအထောက်အပံ့ ဖြစ်ပါစေ။

  • Khin Latt

    February 4, 2012 at 4:50 am

    အဝေးမှ မုဒိတာ ထား မေတ္တာပွါး ကာ သာဓု၊ သာဓု၊ သာဓု ခေါ်လိုက်ပါတယ်။
    ဒါထက်မက တိုးပြီး ကုသိုလ်ပြုနိုင်ရန်လဲ ဆုတောင်းပါတယ်။

  • kai

    February 4, 2012 at 7:02 am

    ကိုကျော်သူ ယူအက်စ်လာမယ်ကြားပါတယ်..။
    မန္တလေးဂေဇက်မှ… နှုတ်ဆက်ပါတယ်ဆိုတာနဲ့.. အယ်လ်အေလည်း.. လာပါဦးလို့နော…။ 🙂

    • etone

      February 4, 2012 at 8:16 am

      ဗျို့ သဂျီးရေ .. သဂျီး .. နိမ်းကဒ်ပေးလိုက်မယ်လေ … ဟဲဟဲ …

      • kai

        February 6, 2012 at 2:41 am

        ကျုပ်ကဒ်က.. ကျုပ်လက်နဲ့သူ့ကို အယ်လ်အေရောက်တုံး ပေးဖူးပါတယ်..။
        လှူလည်းလှူဖူးပါတယ်ခင်ဗျာ..။

        အခုရက်ပိုင်းတင်… မန္တလေးဂေဇက်နာယက ဒေါက်တာဇော်ထွန်း ရန်ကုန်ရောက်တုန်း ၅၀ဝ လှူလိုက်သေးတယ်..။ 🙂

  • Novy

    February 4, 2012 at 9:18 am

    မနိုလိုက်ဖြစ်ပါတယ်
    မနိုရဲ့ ကားမှာ လူငါးရောက် တင်သွားပေးလို့ ရပါတယ်

    အရေးပေါ်ကစ်စရှိလို့ မလိုက်ဖြစ်ရင် 10ရက်မတိုင်ခင် ပြန်အကြောင်းကြားပါ့မယ်

    • Shwe Tike Soe

      February 5, 2012 at 8:14 pm

      မနို ဖုန်းပြောနေရင် လိုင်းအောက်သွားလို. ဆောရီးပါ…. နော်

      • Novy

        February 6, 2012 at 9:56 am

        ၅ဝ ပေးပါတယ်ကွယ်

  • နွယ်ပင်

    February 4, 2012 at 10:04 am

    စာရင်းသွင်းသွားပါတယ် ရှင် ..
    အကြောင်းတစ်ခုခုကြောင့် မလိုက်ဖြစ်လျှင် etone ကနေတစ်ဆင့်
    အကြောင်းကြားထားပါ့မယ် …..

  • aungnng87

    February 4, 2012 at 12:37 pm

    အဲဒီလိပ်စာလေးက များတို့အိမ်နားလေးမှာပါလား။ ဒါပေမဲ့ များတော့မလိုက်နိုင်သေးဘူးကွယ်။ ဆောရီးပါနော်။ ဦးဆောင်သူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်း….

  • ba gyi

    February 4, 2012 at 2:03 pm

    ကို ရွှေတိုက်စိုး၊မအီတုံး တို့ရေ၊ ကျနော်ကတော့ အားခဲထားပေမည့် ဒီတစ်ခေါက်လွဲပြန်ပါပြီဗျား။
    (၆)ရက်နေ့မှာပဲ မားကက် ဆာဗေး နဲ့ နယ်ကို လားလီဘို့ ပါဗျား။(ရခိုင်ဘာသာဖြင့်)သွားရမယ်လို့ပြောတာ။

  • ဘော်ဘော်တို့ရေ
    လေးပေါက်ကတော့ မလာနိုင်တာသေချာလို့ ရန်ကုန်မှာကတည်းက ခွင့်တောင်းထားခဲ့ပါတယ်။
    အမှတ်စဉ် တစ်ကတော့ အောင်မြင်သွားပါပြီ။
    အမှတ်စဉ်နှစ်ကို ဒီဇင်ဘာလောက် မှန်းထားလိုက်ကြရအောင်လို့ အကြံပေးချင်ပါတယ်။

    • ဦးဦးပါလေရာ

      February 6, 2012 at 10:37 am

      အမှတ်စဉ်နှစ်ကို
      အစောဆုံး ဝါဆို
      နောက်အကျဆုံး သီတင်းကျွတ်လောက် ဖြစ်စေချင်တယ်ဗျာ။

      သူကြီးမြန်မာပြည်လာတုန်းလုပ်ရင်လဲကောင်းတာပဲ
      သူကြီးကိုရဟန်းခံ
      စိန်ပေါက်ပေါက်ကို ရှင်ပြု မယ်လေ။ 😀

  • etone

    February 6, 2012 at 11:05 am

    လူများများနဲ့ သွားကြမယ် တွေးထားပေမယ့် .. မင်္ဂလာဆောင်တွေ တိုက်နေတာကြောင့် .. လိုက်ပါမယ့်လူ .. နည်းနေသေးတာ တွေ့ရပါတယ် … ။ ကျွန်မကိုယ်တိုင်လည်း .. အဲ့ဒီနေ့ … မင်္ဂလာဆောင် သုံးခုသွားဖို့ ရှိပေမယ့် .. စထားတဲ့ အလုပ်တစ်ခုတော့ … အဆင်ပြေပြေ ပြီးဆုံးအောင် မင်္ဂလာဆောင်တွေ အကုန်လုံး cancle လုပ်ထားခဲ့ရမယ်ထင်တယ် … ။

    ဆောင်ပဲ ဆောင်နိုင်လွန်းတဲ့ လူဒွေ .. ဟွန်း 🙁

    • Thel Nu Aye

      February 8, 2012 at 11:45 am

      ဆောင်ပဲ ဆောင်နိုင်လွန်းတဲ့ လူဒွေ .. ဟွန်း 🙁

      အောင်မယ်အောင်မယ်။ မနာလိုဖြစ်နေပြီလာ့။ အဲဒါဆိုလဲကိုယ်တိုင်ပဲ————-။ ဟဲဟဲ

      • etone

        February 8, 2012 at 2:44 pm

        ဟွန်း … အစ်မနော် … အထင်စမောတယ်ပေါ့ … ။
        လာမယ် … လာမယ် … လာပါဦးမယ် … ကုန်ဈေးနှုန်းတွေ ဒီထက်ပို တက်သွားမှ … ဟဲဟဲ … တွက်ချေကိုက်မယ့် အချိန်စောင့်နေတာ … ဟီး ဟီး … 😆

        • Thel Nu Aye

          February 8, 2012 at 8:11 pm

          အေးပါအေးပါ။ ဝီစီနဲ့နားကြပ်ရောင်းလိုက်ပါအုံး။ ဟဲဟဲ

  • Rose Minn

    February 8, 2012 at 8:57 am

    မင်္ဂလာဆောင်သွားဖို့ ရှိနေလို့ အတူတူတော့ ကားလိုက်မစီးနိုင်ပေမယ့် လှူမယ့်နေရာကို ရောက်အောင်တော့ လာခဲ့မယ်။ အားလုံးကိုတွေ့ချင်တယ်။ etone ရေ။

    • etone

      February 8, 2012 at 9:52 am

      ဟုတ်ကဲ့ပါ မရို့စ်ရေ …. ။ လှူမယ့်နေရာကို တိုက်ရိုက်လာစောင့်နေမယ့် ရွာသူ ရွာသားတွေလည်း ရှိပါတယ် … ကိုကြောင်ဝတုတ်၊ အမတ်မင်း ၊ ကို သူရဇော်တို့ပါ ရောက်နှင့်နေကြမှာပါ … ။

  • ဆူး

    February 8, 2012 at 10:39 am

    ဆူး ဒီတလော ခြေရှည်တာများလို့ အလုပ်တွေ လုပ်ရမှာ တန်းစီ စောင့်နေလို့ လုပ်ရမှာမို့.. မလိုက်နိုင်ကြောင်း ကြိုတင် အစီရင်ခံအပ်ပါသည်။
    တခြား လိုအပ်တာများ ရှိရင်ကူညီနိုင်တာ ကူညီပေးပါ့မယ်။

  • thuyazaw21451

    February 8, 2012 at 11:18 am

    ကျွန်ုပ် သူရဇော် သည် အပေါက်ဝမှ စောင့်မည်ဖြစ်ပါကြောင်း………….

    • Shwe Tike Soe

      February 8, 2012 at 11:30 am

      ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ တစ်ခါမှမမြင်ဘူးတော့ ရွာသား ကိုသူရဇော်မှန်းသိအောင် ပန်းရောင်ဝမ်းဆက်လေး ဝတ်လာပေးနော်……..
      အလကားစတာပါ… အပေါက်ဝရောက်ရင် တွေ.တဲ့သူအကုန် တင်ခေါ်မှာပါ…. 😀

      • Thel Nu Aye

        February 8, 2012 at 2:36 pm

        အပေါက်ဝရောက်ရင် တွေ.တဲ့သူအကုန် တင်ခေါ်မှာပါ…:D

        ကြည့်လဲလုပ်အုံးနော့။ အပေါက်ဝမှာတွေ့တဲ့သူတွေကဘတ်စ်ကားစောင့်နေတာဖြစ်နေအုံးမယ်။ မတော်ကားချောင်တယ်ဆိုတက်လိုက်လာမှ။

  • Thel Nu Aye

    February 8, 2012 at 11:47 am

    ကျောင်းရှေ့မှာစောင့်ရမှာလား။ ဘယ်မှာလဲစောင့်ရမှာလဲ။

    • thuyazaw21451

      February 8, 2012 at 2:50 pm

      ကျွန်ုပ်သူရဇော် ကိုကျော်သူတို့ ရှေ့တည့်တည့်မှ ငူငူကြီး ထိုင်စောင့်မည်ဖြစ်ပါကြောင်း ခပ်ချောချော ခပ်ဖြောင့်ဖြောင့်ဆိုလျှင် ကျွန်ုပ်ဟု မှတ်ယူနိုင်ပေသည်……

  • FattyCat

    February 8, 2012 at 4:03 pm

    ကျွန်တော်လာနိုင်ဖို့ ကြိုးစားပါ့မယ်…
    ကျွန်တော့် တစ်ယောက်စီးကားနဲ့လာမှမို့ မည်သူမှမခေါ်နိုင်တာခွင့်လွှတ်စေချင်ပါတယ်…
    ကြောင်ဝတုတ်

  • စုံ စုံ

    February 8, 2012 at 4:36 pm

    ကိုယ်ကိုတိုင်လဲလှူထားတော့ လိုက်ချင်ပါတယ်
    ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ လိုက်လို့မဖြစ်နိုင်လို့
    မလိုက်တော့ဘူးနော် အောင်မြင်တဲ့အလှူတခုဖြစ်ပါစေ…..

  • etone

    February 9, 2012 at 9:13 am

    ယခုလက်ရှိထိ လှူဒါန်းရန်လျာထားငွေ ကိုးသိန်းကျော်ရှိပါသည် ။
    ပြည်ပမှ ပေးပို့ လှူဒါန်းမည့်သူများလည်းရှိသေးပြီး အလှူငွေလက်ထဲမရောက်သေးပါသဖြင့် … စာရင်းထည့်မပေါင်းရသေးပါဘူး ။

    အလှူငွေလက်ခံပိတ်ပြီး အလှူငွေစာရင်းချက်ချင်းထုတ်ပြန်ပေးရန် စဉ်းစားထားသော်လည်း အလှူငွေလက်ခံပိတ်သည့် (10-Feb) နောက်ပိုင်း 11ရက်နေ့ထိ ထည့်ဝင်ရန် ဆက်သွယ်ထားသူများရှိသေးသဖြင့် … အလှူငွေလှူဒါန်းသူအမည်နှင့် ကောက်ခံရရှိငွေ အသေးစိတ်ကို 13ရက်နေ့မှသာ အသေးစိတ်ဖော်ပြပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။

    ကောက်ခံရရှိသမျှအလှူငွေအားလုံးကို လှူဒါန်းသွားမည်ဖြစ်သည် ။

  • Shwe Ei

    February 10, 2012 at 10:34 am

    ကျမလဲ အလှူကိုလိုက်ပါမယ်။ ကိုယ်ပိုင်အစီစဉ်နဲ့မှီအောင်လာခဲ့ပါမယ်။ အပြောင်းအလဲရှိရင် မ etone ကိုဖုန်းဆက်အကြောင်းကြားပါမယ်။

    • etone

      February 10, 2012 at 11:19 am

      ဟုတ်ကဲ့ မရွှေအိရေ … လာမယ်ဆိုလျှင်စောင့်ပါမယ် … ကျွန်မတို့ ချိန်းထားတဲ့နေရာကိုစောပြီးရောက်နေမှာပါ … ။ တစ်ခုခု အခက်ခဲရှိလျှင် ခုဏန SMS ပို့တဲ့ဖုန်းကို လှမ်းခေါ်လို့ ရပါတယ် ။

  • Uncle Lay

    February 10, 2012 at 1:49 pm

    လိုက်မယ် လှူပါမယ် ၁ဝ နာရီစထွက်မှာလား..။

    • etone

      February 11, 2012 at 11:51 am

      ဟုတ်ကဲ့ .. ဆယ်နာရီ စထွက်ပါမယ် .. လိုက်မယ်ဆိုသူတွေ ကျိန်းသေလာမယ်ဆိုလျှင်တော့ .. ခဏစောင့်ပေးပါမယ် .. ကျွန်မတို့ ဖုန်းတွေကို ခေါ်ပြီး … ဘယ်သူလိုက်မလဲဆိုတာ စာရင်းပေးထားပါ .. ။

  • Rose Minn

    February 10, 2012 at 3:34 pm

    လိုက်မယ့်သူနဲ့လှူမယ့်သူနဲ့ အားရစရာကြီးပါလား။ ဝမ်းသာစရာပဲ။တို့ ရွာသူရွာသားတွေ တကယ်သဒ္ဒါမချို့ဘူးပဲ။

  • Diamond Key

    February 10, 2012 at 3:59 pm

    လိုက်ချင်လိုက်တာဗျာ။ ရန်ကုန်ကို လာဖို့က မလွယ်ဘူး ဖြစ်နေပါတယ်။ ဒီအလှုဖြစ်မြောက်အောင် ဝိုင်းဝန်းခဲ့ကြသောသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလှုရှင်တွေ အားလုံး အလှုကြီးတွေ ဆက်တိုက် လှုနိုင်ကြပါစေဗျာ။ 😀

  • Ma Ei

    February 10, 2012 at 5:43 pm

    လိုက်လဲလိုက်ချင်တယ်..ရွာရဲ့မင်းသမီး၊မင်းသားတွေနဲ့လဲမသိ..
    (စာဖတ်ရင်းသိတာတော့ကြာပြီပေါ့နော်)..ET ကိုတော့အလှူ
    ငွေလာယူလို့တွေဘူးတယ်..လာဘို့ကြိုးစားကြည့်ပါဦးမယ်..

  • unclegyi1974

    February 10, 2012 at 9:36 pm

    ကောင်းလေစွကောင်းလေစွ
    ဘတို့ကအသက်ကလည်းထောက်ခရီးကလည်းပမ်းလို့မလာနိုင်ပါဖူးကွယ်
    နောက်တကြိမ်ကလည်းဝေးလို်က်တာ
    ဖြစ်စေချင်တာတလတကြီမ်လုပ်နိုင်ရင်ပိုကောင်းမလားလို့ကွယ်

  • ရွှေဘိုသား

    February 11, 2012 at 9:10 am

    မအိတုံ နှင့် ကိုရွှေတိုက်စိုးရေ ကျနော်ရွှေဘိုသား 11 ရက်နေ့ လာလှူမယ်မှန်းထားသောလည်း ဘယ်လိုမှ လာလို့ မရသောကြောင့် မလာဖြစ်တော့ပါ ဖုန်းဆက်ပါအုံးမည်

  • jujuma

    February 11, 2012 at 12:35 pm

    ဟုတ်ကဲ့ လိုက်ပါလှူဒါန်း ပါမယ် လို့
    စာရင်းပေးသွင်းပါတယ်ရှင် …

Leave a Reply