ကျေးဇူးပြုဘူးခဲ့သည့်အပင်

aye.kkFebruary 3, 20121min1107

ကျမကျောင်းစတက်သည့်အရွယ် ကလေးဘဝ၌ကျမအားကျေးဇူးပြုဘူးသည့် အပင်ရှိပါသည် ။ အခြားတော့မဟုတ်ပါ၊ထိုအပင်မှာမာလကာပင် ဖြစ်ပါသည်၊နွေရာသီကာလကုန်ဆုံး၍ ကျောင်းဖွင့်စအချိန်ရောက်ပြီဆိုလျှင်၊မကြာမီပင် မာလကာသီးများ ခူးကြရတော့မည်ဖြစ်၍ အရမ်းပျော်ပါသည်။ မလကာသီးများရကာ ခူးပြီဆိုလျှင်တော့အမှည့်ကိုဘုရားတင်၊အလုံးဖွေးဖွေးနှင့်
စား၍ရသည့်အသီးဆိုပါကကျမတို့မောင်နှမတွေအားလုံး ဝဝလင်လင်စားကြရသည့်အပြင်၊သူငယ်ချင်းများအား
လည်းကျွေးရ၊အခြားသူများအားလည်းရောင်းပေးပါက ပိုက်ဆံလည်းရ၍ဖြစ်ပါသည်။
မာလကာအပင်ကနွေလည်းသီး၊မိုးလည်းသီးကာ မျိုးကောင်းသဖြင့် စားရတာအရမ်းချိုမြိန်လှပါသည် ။ အူနီမျိုးဖြစ်ပါသည်၊အဖေကထိုမာလကာ အပင်အားရည်ရွယ်ချက်တခုဖြင့် ကျမတို့ရေချိုးသည့်ရေတွင်းကုန်းနှင့် အနီးကပ်ရက်ကလေးစိုက်ခဲ့တာဖြစ်ပါသည်။ ရေအားလည်းနိုင်၍အသီးကလည်းခူးမကုန်နိုင်
လောက်အောင်၊တစ်ပင်လုံးညွတ်နေအောင်သီးပါသည်။ အပင်လည်းတုတ်ခိုင်ပြီးပင်စည်ကြီးထွားကာ အကိုင်းအခက်ဖြာဝေလျှက်မားမားစွင့်စွင့်နှင့်
အလွန်ကြည့်၍ကောင်းလှပါသည်။
ကျမတို့မောင်နှမတွေအားလုံးက ထိုအပင်ကသီးသော မာလကာအသီးကို အားလုံးကြိုက်နှစ်သက်ကာ မက်မက်မောမော တန်ဘိုးထားကြပါသည်၊အိမ်ရှေ့ ့ပန်းခြံ၌တပင်စိုက်ထားသော်လည်း ထိုအပင်မျှလောက် စား၍မကောင်းပေ၊ အချိုပေါ့ကာအစေ့များပါသည။် စား၍ကောင်းတာနှင့်မကောင်းတာပဲကွာပါသည် မျိုးကတော့အူနီမျိုးအတူတူပဲဖြစ်ပါသည်။
နှစ်စဉ်အမြဲသီးပြီး ၊ထိုမာလကာအသီးများအားနှစ်တိုင်းပင် အတန်းဖော်သူငယ်ချင်းများအားယူသွားပြီးကျွေးလျှင် ကျမကိုသူတို့ကလွန်စွာကျေးဇူးတင်ကြပါသည် ။ ထိုမာလကာသီးက သူတို့စားဘူးသည့်အသီးများနှင့်မတူပါဟုပြောပြကြပါသည် ၊ အမေကထိုမာလကာအပင်မှအသီးများအားခူးပြီးဆိုပါက ဘေးအိမ်ကိုလည်း ဝေဌပေးပါသည်၊အပင်ကအရမ်းသီးလွန်းသဖြင့် အမေကကျောင်းသို့လည်းယူသွားခိုင်းကာ အခြားသူများအား(မိမိအတန်းမှမဟုတ်သည့်သူများ)၊ဈေးနှုံး
ချိုချိုဖြင့်စား၍ ရစေရန်စေတနာဖြင့် ယူသွားခိုင်းကာ ရောင်းခိုင်းပါသည် ။ ကျမတို့မောင်နှမများကကမရောင်းချင်ကြပါ ။ အမေကသဘောပေါက်အောင်၊နားလည်အောင်ရှင်းပြတော့ ကျမကအမေ့စေတနာအား အလေးထားကာရောင်းပေးချင်သဖြင့် ကျောင်းသို့ယူသွားကာ ရောင်းပေးပါသည်။
ကျမလက်ထဲ မာလကာသီးအထုတ်ပါလာတာ မြင်လျှင်တော့အထုတ်အားဝိုင်းဆွဲလုကာ သူ့ထက်ငါဝယ်ယူအားပေးကြပါသည်။ ကျမကိုလည်းသူတို့ကကျေးဇူးတင်ကြပါသည် အလကားနီးပါးမျှဝယ်စားရ၍ဖြစ်ပါသည်။
(လက်ထဲကမာလကာအသီးထုတ်က၊
တခဏမျှပင်မကြာပါချက်ခြင်းပင်ကုန်ပါသည်)
မာလကာအသီးက မျိုးကောင်းသဖြင့် အသားမှာမကျစ်ပဲပွပွရွရွ ရှိပြီးကိုက်စားလျှင် ကြွပ်ကြွပ်ဆပ်ဆပ်နှင့်လွယ်ကူပြီး အလွန်ချိုကာ အရသာရှိလွန်းလှ၍ ဖြစ်ပါသည် ။ ထိုသို့ရောင်းရသည့်ပိုက်ဆံများကိုလည်း ကျမကအမေ့အားပြန်အပ်ပေးပါသည်။ ထိုမာလကာအသီးများရောင်း၍ရရှိလာသည့်
ပိုက်ဆံများအားအမေက ဘုရားပန်းဝယ်ကပ်ကာပြန်လှူပေးပါသည်။အခြားသူများက အလကားနီးပါးမျှစားရသည့်အပြင် ၊ ကျေးဇူးလည်းတင်သည်၊နှစ်ဖက်နှစ်လမ်းကကုသိုလ်ရရှိပါသည်
ဟုအမေကပြောပြပါသည် ။ ထိုအပင်ကသီးသည့် မာလကာသီးအမှည့်ကိုတော့ အမေက ကျမတို့မောင်နှမများအား ဘုရားဆွမ်းတော်ကပ်ခိုင်းတတ်ပါသည် ။ ကျမကကုသိုလ်လိုချင်၍ ကျမအားပေးကပ်နိုင်ရန် ခွင့်တောင်းခံတတ်ပါသည် ။ ကျမကကပ်ချင်သည်ဟုအမေ့အားတောင်းဆိုလျှင် အမေက အလုံးလိုက်မကပ်မိစေရန်နှင့် ရေစင်အောင်ဆေးပြီးလျှင် ဓါးဖြင့်လေးစိတ်ကလေးခွဲကာ ကပ်ခိုင်းပါသည် ။ အလုံးလိုက်ကပ်သည်ကို အမေကမကြိုက်ပါ၊ခွဲခြမ်းပြီးကပ်ရန်သာ အမေအမြဲမှာပါသည် ။ တစ်ခါတွင်အမေ့အား အလုံးလိုက်ကပ်က ဘာဖြစ်လို့လဲအမေဟု ကျမကမေးမိပါသည်။ ထိုအခါအမေက “ဘုရားအားသက်ရှိထင်ရှားကိုယ်တော်မြတ်ကြီးအား”ဟုထည့်ဆိုရသည့် အကြာင်းနှင့် ပတ်သက်ပြီး အလွယ်အရှင်း ဆုံးနှင့်နားလည်အောင်ပြောပြကာ အလုံးလိုက်ကပ်လျှင် ဘုရားက ကိုက်စားရန်(ဘုန်းပေးရန်) ဘယ်လိုသင့်တော်ပါ့မည်နည်းဟု ဆိုကာ အမေကရှင်းပြဘူးပါသည် ။ နောင်ဘာအသီးပဲကပ်ကပ် ရေစင်အောင်ဆေးကြောကာ ခွဲခြမ်းပြီးမှသာကပ်ပါရန် အမေကသွန်သင်ဆုံးမပါသည် ။ ထိုမာလကာပင်ကပင်မှည့်အသီး ကြောင့်သာ ကျမမှာစေတနာသဒ္ဒါတရားဖြစ်ခါ ကပ်ချင်စိတ်ပြင်းပြပေါ်ပေါက် ခဲ့ရပါသည် ။ ဗဟုသုတလေးလဲရရှိ ကုသိုလ်လဲပြုရ သဖြင့်ကျမစိတ်ထဲမှာတော့ မိမိအားလွန်စွာကျေးဇူးပြုသည့် အပင်လေးအဖြစ် ထိုမာလကာအပင်အား အသိအမှတ်ပြုထားခဲ့မိရပါသည် ။
ကျမအလယ်တန်းကျောင်းတက်နေသည့် အချိန်တွင်အဖေက ထိုမာလကာပင်အား ခုတ်လှဲပစ်ရန်အကြောင်းပေါ်ပေါက်လာပါသည် ။ အဘယ်ကြောင့်ဆိုသော် ကျမတို့ကြီးပြင်းလာပြီဟုဆိုကာ ကျမတို့ဝတ်ဆင်ရန်အတွက် လက်ဝတ်ရတနာရွှေငွေထည့်ထားသည့်ဗူးအား ၊ မီးဘေး ၊ သူခိုး ၊ ဓားမြ ရန်တို့အားကြောင့်ကာ ထိုမာလကာပင်အား အသုံးချကာမရွေ ့မပြောင်းနိုင်ရန်နှင့် အလွယ်ပြန်၍တူးဖော်ကာရနိုင်သည့် နည်းလမ်းအားစဉ်းစားကာ မြုပ်နှံထားခဲ့ခြင်းကြောင့်ဖြစ်ပါသည် ။ ထိုမာလကာအပင်အားခုတ်လျှင်ကျမတို့ငိုကြမှာ အဖေကကောင်းစွာသိရှိထားပါသည် ။ ရွှေငွေရတနာနှင့်အသီး ဘယ်ဟာယူမည်နည်းဟု မောင်နှမတို့အားမေးပါတော့သည်။ ထိုအခါမှအဖေရည်ရွယ်ချက်တစ်ခုထားကာ စိုက်ခဲ့သည်ကို မောင်နှမများအားလုံးရေရေလည်လည် နားလည်ကာသဘောပေါက်သွားကြပါသည် ။
အဖေကထိုမာလကာပင်အား အစေ့မှပျိုးယူပြီး စိုက်ခဲ့ပါသည်။ စိုက်စဉ်ကအဖေ့မှာ ရှင်ပါ့မလားဟူ၍စိုးထိတ်ခဲ့ရသည့်အကြောင်းအားပြောပြပါသည်။ ဘာကြောင့်ဆိုသော် ရတနာထည့်ထားသည့်ဗူးလေးအား အမြစ်ငုံ၍တွယ်စေရန် ရေသောက်မြစ်အားဓားဖြင့် ့နှစ်ခွခွဲပြီးစိုက်ခဲ့သဖြင့် ရှင်လျှင်ကံဟုဆိုကာ လုပ်ခဲ့ရကြောင်း၊တော်တော်များကမရှင်ကြောင်း၊
အပင်သေတတ်ကြောင်း၊ တစ်ချို ့က ့ဤသို့ပြုလုပ်ကာမြုပ်ထားချင်သော်လည်း ဆန္ဒမအောင်မြင်ကြကြောင်း၊မြုပ်ချင်သော်လည်းမြုပ်မရကြောင်း အဖေကထိုရေသောက်မြစ်ခွဲထားသောနေရာအားနှစ်ခွအား ပလပ်စတစ် အိပ်ဖြင့်လေလုံအောင်ပြုလုပ်ချည်နှာင်ပြီး ရှင်သန်အောင်ပြုလုပ်ကာစိုက်ပျိုးခဲ့ရကြောင်း ဤနည်းကိုရှေးလူကြီးသူမများပြောပြထားသည်ကို ကြားဘူးနားဝဖြင့် အရဲစွန့်ခါ စီမံပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း အဖေကဗဟုသုတအဖြစ် ကျမတို့မောင်နှမများအားပြန်လည်ပြောပြခဲ့ပါသည် ။
ထိုမာလကာပင်အားအရင်းမှလှဲပစ်ပြီး အမြင်အားတူးဆွဖော်ထုတ်ခဲ့ရာ ရတနာထည့်ထားသည့်သံဗူးလေးအား ပင်မရေသောက်မြစ်ကြီးနှစ်ခွမှအလယ်ငုံလျှက်က
တွယ်စုပ်ထားသည်ကို ကျမတို့မောင်နှမများအံ့အားသင့်လျှက် မျက်မြင် တွေ ့ရှိခဲ့ကြရပါသည်။
ရတနာထည့်ထားသည့်သံဗူးမှာ သံချေးတက်ကို်က်နေပြီ ဖြစ်၍ဓားဖြင့်ကလပ်၍ကော်ထုတ်ပြီး ဖွင့်ကြည့်ကြသော် အထဲမှရတနာရွှေငွေများအား မြင်တွေ ့ ့ရပါလျှင် ကျမတို့မောင်နှမများအားလုံးပင်… ပါးစပ်ကလေးများဟောင်းလောင်းကိုယ်စီဖြင့် ပျော်ရွှင်မဆုံးမြူးထူးထခုန်မိကာအော်ဟစ်ခဲ့ကြပါတော့သည်။
မာလကာပင်ခုတ်နေတုံးကတော့ မောင်နှမတစ်တွေအားလုံးက တရှုတ်ရှုတ်နှင့်ငိုကြရကာ မျက်ရည်များအားဂါဝန်၊စကဒ်တို့ဖြင့်ကိုယ်စီကိုယ်ငှ
သုတ်ခဲ့ကြရပြီး ၊ ရတနာရွှေငွေများမြင်သည့် အချိန်အတွင်းမှာ တော့ဘဝင်နှလုံးရွှင်ပြုံးခဲ့ကြရပါတော့သတည်း ။ ကျမအားကျေးဇူးပြုခဲ့ဘူးသည့်အပင်…..
ထိုမာလကာပင်အားစိတ်မှာအမြဲအမှတ်ရနေမိပါတော့သတည်း။
(ကိုယ်တွေ့ဗဟုသုတများသာလျှင်ဖြစ်ပါသည်၊ဝေဖန်ထင်မြင်ချက်များပေးနိုင်ပါရန်တောင်းခံအပ်ပါသည်)

7 comments

  • စိန်ပေါက်ပေါက်

    February 3, 2012 at 6:46 pm

    အန်တီအေးရေ
    တစ်ကယ့်အဖြစ်လားဗျ
    ဖတ်ရတာစိတ်ဝင်စားဖို ့ကောင်းလို ့ အားပေးတွားပါတယ်..

    တခြား အပင်တွေထဲမှာကော မြှုပ်ထားသေးလားဟင် 🙄
    သများကို နေရာပြောပြပါလား. 😆

  • aye.kk

    February 3, 2012 at 7:05 pm

    စိန်ပေါက်ပေါက်ရေ…
    အန်တီဘဝရဲ ့အဖြစ်မှန်များသာဖြစ်ကြောင်းသက်သေခံပါသည်။
    အမှန်တရားကိုသာမြတ်နိုးကိုးကွယ်လျှက်ပါ။
    အမှန်တရားကဖျောက်ဖျက်ပြစ်၍ရကောင်းသောအရာများမဟုတ်ပါ။
    အန်တီအဖေနဲ့အမေကဂုဏ်သိက္ခာအားအသက်ထက်ပင်မြတ်နိုးကြပါသည်။

  • pooch

    February 3, 2012 at 7:31 pm

    အန်တီအေးရေ မာလကာပင်သီးရင် အပင်ပိုင်ရှင်က မနှမြောတတ်ရင် ပိုသီးတတ်ပြီး စားမကုန် ပေးမကုန်လို့ ကြားဖူးပါတယ်။
    ရှေးလူကြီးများရဲ့ အတွေးကတော့ ခုခေတ်ကျမတို့တွေအတွက်တော့ အဆန်းအပြားပါပဲ။ ဗဟုသုတလည်း ရတာပေါ့။

  • windtalker

    February 3, 2012 at 8:12 pm

    ဒေါ်အေးကေ ရဲ ့မာတာမိခင်ကြီးက ဒေါ်အေးကေ တို ့ကို ကလေးဘဝ ထဲ က လက်တွေ ့ဈေးကွက်ထဲ ကို ထဲထဲဝင်ဝင်လေ့လာ သင်ကြားပေးခဲ့တာပါဘဲ နော်။ ဒါကြောင့်မို ့လဲ ၊ ဒေါ်အေးကေ ဟာ အလွန်ထူးချွန်အောင်မြင်တဲ့ ကုန်သည်ကြီး ဖြစ်လာပြီး ၊ ယနေ ့လက်ရှိဘဝ မှာ မတောင့်မတ မကြောင့်မကျ နေနိုင်တာ ဖြစ်မှာပါနော ။

  • MaMa

    February 3, 2012 at 9:06 pm

    မအေးရေ- ဟိုတုန်းက လူကြီးတွေက ခေတ်ဆိုးကို ကြုံတွေ့ဖြတ်သန်းခဲ့ကြရတော့ သူတို့ဆီမှာ ထူးခြားတဲ့ စိတ်ကူးအကြံဉာဏ်တွေ ဗဟုသုတအများကြီးရှိတယ်။
    ကျမတို့အဖေဆိုရင်လည်း ဂျပန်ခေတ်က လှေသမ္မာန်နဲ့ ကုန်ကူးရာမှာ လမ်းတစ်လျှောက်မှာ သူခိုးဓားမြဘေးရန်ကို ကြောက်ရတော့ ငွေကို ကိုယ်နဲ့မကွာမထားပဲ လှေရဲ့ ပေါင်းမိုးတွေ၊ ဘေးနံရံတွေမှာ နည်းနည်းစီ လျှောက်ထားရတယ်လို့ ပြောပါတယ်။ ကိုယ်ထားတာကိုလည်း မှတ်ထားရတာပေ့ါ။ နောက်ပြီး အဝတ်အစားကိုလည်း ကုန်သည်၊ ကုန်ပိုင်ရှင်ဆိုတာ မရိပ်မိအောင် လှေထိုးသားတွေလိုပဲ ဝတ်ရတယ်လို့ ပြောပါတယ်။
    တခါက သူတို့လှေ မြို့တစ်မြို့မှာ ကမ်းကပ်နေတုန်း လူဆိုးတွေ ရောက်လာပြီး လှေထိုးသားတွေအားလုံးဝပ်နေဆိုတော့ ကျမတို့အဖေကလည်း အားလုံးနဲ့အတူတူ ဝပ်နေလိုက်တယ်။ ပိုင်ရှင်ကော လို့ မေးတော့ ကမ်းပေါ်တက်သွားတယ်ပြောတော့ လူဆိုးတွေလည်း ဘာမှ မလုပ်နိုင်ပဲ ပြန်သွားရတယ်တဲ့။ အဖေသာကြိုတင်ပြင်ဆင်မှုမရှိရင် အဲဒီအချိန်မှာ လူဆိုးတွေ ထုထောင်းတာ ခံရမယ့်အပြင် ငွေလည်း ဆုံးပါးဦးမယ့် အခြေအနေဆိုးကြီးလေ။ 🙁

  • aye.kk

    February 3, 2012 at 11:13 pm

    pooch,..ကျေးဇူးပါ။
    ကိုပေ,…အန်တီတို့ခေတ်ကဈေးရောင်းပညာ..
    သင်ယူခဲ့ပုံလေးဆက်လက်ဖော်ပြပေးသွားမှာပါ..
    အာဃာတဆူးတစ်ခုကျရောက်စူးခံထိခဲ့လို့..
    ဘဝမှာတလမ်းတလွဲ၊ဘေးချော်ထွက်ခါ၊ဝန်ထမ်းဝင်လုပ်မိသလိုဖြစ်ခဲ့ရပါတယ်…
    (အကျင့်စာဂကမပြောင်းလဲပါဘူး၊ရိုးရိုးသားသားနဲ့ပဲမှန်မှန်ကန်ကန်ရပ်တည်ကာနေထိုင်ခဲ့ပါတယ်)
    စိတ်ပျော့ညံ့တဲ့အခံ၊အကျိုးသက်ရောက်မှုကြောင့်လို့ပဲပြောရမှာပေါ့နော်..။
    မမရေ…အဖေနဲ့ကအဖြစ်ချင်းခပ်ဆင်ဆင်ပါပဲ၊ဂျပန်ခေတ်ကအဖေလည်းမီးရထား
    စီးတဲ့အချိန်မှာသူဌေးဘဝကနေဆင်းရဲသားဟန်ဆောင်ကာစုတ်စုတ်ပြတ်ပြတ်နဲ့
    စီးဘူးခဲ့ရတဲ့အကြောင်းပြောပြဘူးပါတယ်။

  • Khin Latt

    February 4, 2012 at 3:34 am

    အစ်မ အေးရေ
    အစ်မ ရဲ့ ကိုယ်တွေ့ဘဝ အတွေ့အကြုံလေးတွေ က ဖတ်ရတာ မရိုးနိုင်အောင်ပါဘဲ။
    အစ်မ အဖေနဲ့ အမေ က တကယ်ဘဲ စည်းစနစ်ကျလှပါတယ်။
    ဒါကြောင့်လဲ စီးပွါးဖြစ်ခဲ့တာနေမှာပါ။
    အစ်မ တို့ အမေ ရဲ့ ကျောင်းမှာ မာလကာသီး ရောင်းခိုင်းပုံကို သဘောကျမိပါတယ်။
    တကယ်ပြန်တွေးကြည့်တော့ အလကား ဝေရင် သူမရ ငါမရ ဆိုပြီး မိတ်ပျက် နေဦးမယ်။
    ဝေ လို့လဲ လောက်မယ် မထင်ဘူး။
    အခုလိုရောင်းလိုက်တော့ ဘယ်သူ့က မှ မျက်နှာလိုက်တယ် မထင်တော့ဘူး။
    စားချင်ရင် လာစောင့်ပြီးဝယ် ရုံဘဲ။
    အစ်မ အမေ က အတော် ပညာရှိပါပေတယ်။
    ဒီလို စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံလေးတွေ ကိုမျှလို့ ကျေးဇူးပါနော်။

    ခင်တဲ့
    မလတ်

Leave a Reply