ယောင်ယောင် စီမံကိန်း တွေနဲ့ တစ်တိုင်းပြည်လုံး ဒုက္ခမရောက်ပါစေနှင့် ။

the bestFebruary 3, 20121min955

လက်ရှိစီးပွားရေးအခြေအနေအရ တည်ငြိမ်အောင် အစိုးရက ကော်မတီတွေ အသင်း တွေ ဖွဲ့ပြီး လုပ်ဆောင်ပေးနေပါတယ်။ နေချင်းညချင်း ဘဏ်တိုးနှုန်းချတာ၊ နေချင်းညချင်း ငွေကြေးလဲလှယ်မှုနှုန်းထား သတ်မှတ်တာ၊ ကား ဒဏ်ကြေး တွေ ဒေါ်လာ နဲ့ သတ်မှတ် ပြီး မြန်မာ ငွေကြေး ဖောင်းပွအောင်လုပ်တာဟာ ကုန်ဈေးနှူန်းတည်ငြိမ်အောင်လုပ်တာလား ။ ကုန်ဈေးနှုန်းတက်အောင် လုပ်တာလား ။ ကုန်ဈေးနှုန်း ကျ အောင် လုပ်တာလား ။ မြန်မာပြည်သူတွေဟာ လက်ရှိကုန်ဈေးနှုန်း ဒဏ်ကို ခံနေကြရ ပါတယ် ။ လက်ရှိစီးပွားရေးအခြေအနေကို လက်ဝါးကြီးအုပ် ပြီး တိုင်းပြည် အတွက် ပြည်သူတွေ အတွက် လုပ်ပေး သယောင်ယောင်နဲ့ ဂုဏ်သိက္ခာမဲ့ အကျင့်ပျက် လုပ်စားနေ ကြမယ်ဆိုရင် တိုင်းပြည်ကတိုးတက်ဖို့ဝေးနေဦးမှာပါလို့ မြင်မိတယ် ။ မလိုတဲ့ဂိတ်ကြေးများကြောင့် လောင်စာတွေကြောင့် သယ်ယူစရိတ် တွေ ကားခတွေ တက်ခဲ့တယ်၊ သယ်ယူစရိတ် ပေါ် ်မှူတည်ပြီး ကုုန်ဈေးနှူန်း တက်ခဲ့တယ်၊ မီတာခ တက်တော့ ကုုန်ဈေးနှူန်း ကတက် တယ်၊ ငွေကြေး ဖောင်းပွအောင်လုပ်တော့ကုုန်ဈေးနှူန်း ဘယ်လို ကျဆင်း မလဲ ။ ယောင်ယောင် စီမံကိန်း တွေနဲ့ တစ်တိုင်းပြည်လုံး ဒုက္ခမရောက်ပါစေနှင့် ။ လောလောဆယ် မြန်မာပြည်သူတွေဟာ စနစ်ရဲ့ သားကောင်ဖြစ် နေကြရ ပါတယ်။ ဝန်ထမ်းတွေ ၊ ပင်စင် ဝန်ထမ်းတွေ က စီးပွားရေး မလုပ်တက် တော့ ရှိ မဲ့ စု မဲ့ ငွေ တွေ လူနေမှုစရိတ်နဲ့ကာမိအောင် ဘဏ် မှာငွေ စုဆောင်း ကြရပါတယ်။ ဘဏ်တိုးနှုန်းချတော့ဘဏ်တိုး ငွေ အလကားနေရင်း ကွာဟနည်းပါးနေရပါတယ် ။ မြန်မာနိုင်ငံ ဘဏ် က နောင်ရေး အတွက် ပြေလည်အောင် ဘဏ် မှာငွေ စုဆောင်းပါ်ဆို ။နောင်ရေး အတွက် ပြေလည်ဖို့ဝေးပါ ပြီ ။ ချစ်တီးငွေစု ဘဏ် ရယ် ။ အမေရိကန်ဒေါ်လာဈေးကျတော့ကုန်ဈေးနှုန်းမကျ ။ ဒေါ်လာတက်တော့ ကုန်ဈေးနှုန်း လိုက်တက် တယ်။ မ ကြာ ခင် ဘဏ်တိုးနှုန်း ထပ်ချလိမ့်မယ်..။မြန်မာ ငွေကြေး ဖောင်းပွအောင်ထပ် လုပ်လိမ့်မယ်..။ ကုန်ဈေးနှုန်း ထပ် တက် လိမ့်မယ်.. ဆိုသည့် သတင်း ကြားရ ပါတယ်။ အလကားကောလဟာလတွေ။ မယုံချင် ပါဘူးဗျာ။ ဝိသမလောဘသားတို့ ကုန်ဈေးနှုန်းတက်အောင် ဖွတာဖြစ်မယ်။ ကြားတဲ့သတင်း မှန်ရင် မြန်မာပြည်သူတွေ ဆင်းရဲမွဲတေမှု ကိုဖြစ်စေနိုင်ပါတယ်။ တိုင်းပြည်လည်းဒုက္ခရောက်ပါလိမ့်မယ်..။ နိုင်ငံတော် အကျင့်ပျက် များနှင့် စီးပွားရေးလက်ဝါးကြီးအုပ် ဝိသမလောဘသားတို့ သူတို့ရေရှည်အကျိုး အတွက် လောဘတကြီး ငွေရှာနေ ကြတယ်။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ အပြန်အလှန်လည်း စဉ်းစားကြည့် ပြီး လုပ်ဆောင်ပေးကြပါ ။ ဒီလိုဆိုရင်တော့ ပြည်သူတွေ တရားမျှတတယ်လို့ ထင်ပါသလား ။ မြန်မာနိုင်ငံ ရဲ့လက်ရှိစီးပွားရေးအခြေအနေ တရားမျှတတယ်လို့ ထင် ပါသလား ။ မြန်မာပြည်သူူတွေ ကံကောင်း ကြ ပါတယ် ။

5 comments

  • တရားမျှတတယ်လို ့မမြင်ပါဘူးဗျာ။တစ်တိုင်းပြည်လုံးလဲ ထောင်းလမောင်းကြေမွဲနေပါလေရော။
    အင်း စိတ်တော့ပျက်မိပါရဲ ့သို ့ပေမယ့် ကိုယ်လဲမတတ်နိုင်တော့ဘူး။

  • fatty

    February 3, 2012 at 7:57 pm

    စည်းကမ်းရှိရှိကြွေးကြော်နိုင်အောင်နေရာတွေသတ်မှတ်နေပါပြီ။

  • the best

    February 12, 2012 at 11:03 pm

    ယောင်ယောင် စီမံကိန်း တွေနဲ့ တစ်တိုင်းပြည်လုံး ဒုက္ခမရောက်ပါစေနှင့် ။

  • nigimi77

    February 12, 2012 at 11:25 pm

    ခေါင်းစဉ် နဲ ့ အကြောင်းအရာနဲ ့ ဘယ်လိုမှ အပ်စပ်မှု မရှိဘူးလို ့ပဲ မြင်မိပါတယ် ။

    သေချာတာ တစ်ခုကတော့ မြန်မာနိုင်ငံရဲ ့ ပြောင်းလဲကာလ ဖြစ်စဉ်မှာ

    အသိပညာရှင် ၊ အတတ်ပညာရှင် ၊ အတွေ ့အကြုံ ပညာရှင်တွေ အစစ် အမှန်

    အများကြီး ရှိဖို ့လိုအပ်ပါလိမ့်မယ် ။

  • kyeemite

    February 13, 2012 at 9:06 am

    လတ်တလောတော့..မတက်ဘူးပြောထားပီး..ဓါတ်ဆီဈေးတွေ တစ်ဂါလံ၂၀ဝခုံတက်သွားပီဗျို့

Leave a Reply