အချိန် စားကြသူများ။

ba gyiFebruary 3, 20121min16118

(၃.၀၂.၂၀၁၂)။  by  ba gyi.

အချိန်စားကြသူများ(က) ။

(၁)။ မြန်မြန်တက်ပါဗျ၊ နောက်ကားပါလာပြီး၊

သည်မှာအပေါက်မပိတ်ပါနဲ့ဗျ၊ နောက်မှာအလွတ်ကြီးကျန်သေးရှေ့တိုးပါဗျ ၊

ဆွဲဆရာရေ့၊ ဝမ်းဖိုးဆစ် ကြီး နီးလာပြီ။

(၂)။ မှတ်တိုင်ကျော်ရပ်လိုက်၊ မြန်မြန်ဆင်းကြပါဗျို့၊

လက်လွှတ်ဆင်းပါဗျ၊ ဟာ– မြန်မြန်လုပ်ပါဆိုမှ

ရပြီဆရာရေ့မောင်းတော့ဗျို့။

(၃)။ ကျော်တက်ကျော်တက်၊ မီးဝါတော့မယ်မြန်မြန်မောင်း၊

ဝှိုက်ထား၊ တင်ထား၊ ခေါက်ရေပြည့်၊ ဝင်ငွေစံချိန်ပဲဆရာရေ့။

အချိန်စားကြသူများ( ခ ) ။

(၁)။ လူနာတွေစောင့်ရတာကြာနေပြီရှင့် ဆရာကြီးမလာသေးဘူးလား။

အော်– သည်လောက်တော့ရှိမှာပေါ့ရှင် ဆရာကြီးက ပေးရှင့် များတယ်လေ

ဟိုဘက်ဆေးခန်းမှာလူနာမပြတ်သေးလို့ပါရှင့်။အရေးကြီးရင် အွန်ကောခေါ်ပါရှင့်

အွန်ကောခက( ကြားဖြတ်ကြည့်ခ ) တစ်သောင်းခွဲပါရှင့်။

(၂)။ ဆရာကြီးလာပါပြီရှင် –

(၃)။ တစ်။     ဒေါ်——- ဝင်လို့ရပါပြီရှင်—- (၅)မိနစ်

နှစ်။    ဦး—– (၃)မိနစ် ၊ သုံး။   ဒေါ်—– ဝင်လို့ရပါပြီရှင် —- (၆)မိနစ်—

————————————————————————–မိနစ်။

ဟုတ်ကဲ့ လူနာကုန်ပါပြီ၊ အားလုံးအယောက်(၅၀) x ၅၀၀ဝကျပ်

(၅)။အချိန်တစ်ယောက်ပျှမ်းမျှ (၄)မိနစ်နှုန်း၊ ဟဲ ဟဲ ဆရာကြီးစံချိန်ကွက်တိပါပဲ ရှင့်၊

ဟုတ်ရဲ့လား-သမီးရဲ့ အန်ကယ်က အချိန်သိပ်များသွားသလားလို့

အိုကေ အိုကေ ကိုင်းနောက်ဆေးခန်းဆက်ရအုန်းမယ်— ဘိုင့်ဘိုင့် ဆီးယူ။

အချိန် စားခြင်းဆိုလို့ အချိန်ဆိုသောတရုတ်ကြီးကိုစားသည်ဟု မမှတ်နှင့်၊

(Time) ကိုဆိုပါသည်၊

၎င်း အချိန်နှင့်ပါတ်သက်ပြီး၊ ကဗ္ဘာ့သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းမှ ပြောခဲ့သည်

အချိန်၏၊တန်ဘိုးကို အမျိုးမျိုးသတ်မှတ်ပုံမတူကြပါတဲ့၊

မီးပုံပေါ်ကြိုးတန်း လမ်းလျှောက်ရသူသည်၊တစ်စကန့် ကိုအချိန်တကဗ္ဘာလောက်ကြာသည်ထင်ရပြီး၊

ချစ်သူနှင်တွေ့နေရသူအဖို့တော့၊ တစ်နာရီကြာသည်ကိုပင်၊ အချိန်နှယ်တိုလိုက်တာဟုထင်သတဲ့ဗျား။

သို့သော် ကျုပ်တို့မြန်မာပြည်မှာတော့ ကားစပါယ်ယာ နှင့် ဘွဲ့အထပ်ထပ်ယူထားကြသောဆရာဝန်ကြီးများ၏၊

အချိန် အလုအယက်၊စားပုံခြင်းသည်ကား၊ထပ်တူထပ်မျှတူညီနေကြပါပေသည်တစ်ကား။

ထိုအချိန်စားခြင်း၏၊အကျိုးအပြစ်တို့ကား အဘယ်နည်း ?–။

ဘာကြောင့်နည်း၊?–။

ဘယ်လိုဖြစ်သင့်သနည်း?–။

(အချိန်နှင့်ပါတ်သက်ပြီးအသုံးမချသူများအတွက်ကတော့၊တော်တော်များများမှ အချိန်တန်ဘိုးကိုရေးကြပြီးနှင့်ပြီ၊)

ကျနော်ကတော့၊ အချိန်ကိုအသုံးချနေသူများအတွက်ရည်ရွယ်ပါ၏။

တစ်ချို့မှပြောသည်ှ – တိတိကျကျမှန်မှန်ကန်ကန်- မြန်မြန်ဆန်ဆန်လုပ်တဲ့။

တစ်ဦးသူကတော့   –   အချိန်ဆိုတာ နှေးသင့်မြန်သင့် ချင့်ချိန်သင့်ပါသတဲ့။

ဘယ်ဟာ ပိုမှန်ပါသလည်း။?—-။ဘာ့ကြောင့်ပါလည်း။

ကဗ္ဘာကျော် စတားဘတ်ကော်ဖီ ရှော့ မှာ ကော်ဖီ နှပ်တာ၊ နို့ကြိုတာတွေကိုစံချိန်(အချိန်) နှင့် အပူချိန်အတိအကျ

ပုံသေတွက်ချက်သတ်မှတ်ပေးပြီးမှ ဆောင်ရွက်ကြပါသတဲ့၊ သည်တော့ဆိုင်ခွဲတွေ ဘယ်နေရာမှာသောက်သောက် ကော်ဖီအရသာမပြောင်းပါတဲ့ခင်ဗျား။အရေအသွေးထိမ်းချုပ်ရာတွင်အချိန်တိကျမှုအပါအဝင် စံချိန်စံညွှန်းအရေးပါသည်

မှာလုံးဝငြင်းမရပါချေ။ ဒါကအချိန်ကိုတိကျစွာစားရသည့်နေရာ။

မိဘများနှင့်သားသမီးအကြား အချိန်နှင့်ပါတ်သက်သော အတွေးစကားလေးရှိပါသည်။

အင်္ဂလန်နိုင်ငံမှ ထုတ်သော  (Motto) စာအုပ်ကလေးထဲမှမိတ်ဆွေတစ်ဦးဘာသာပြန်ထားသည်ကို ဖေါက်သည် ချပါမည်။

မိဘတွေဟာ –

နှေးကွေးမှုနဲ့မြန်ဆန်မှုနှစ်ခုစလုံးကို

ပိုင်ဆိုင်ထားရပါမယ်။

ဒေါသဖြစ်ရာမှာနှေးကွေးပြီး

ချစ်ခြင်းမေတ္တာပေးရာနဲ့ ခွင့်လွှတ်ရာမှာမြန်ဖို့ပါပဲ။ တဲ့ ဗျား။

(ဟော နောက်တစ်ခုက -)

မိတ်ဆွေဖွဲ့မှုက သင့်တံခါးအား လာခေါက်တာကိုစောင့်မနေပါနှင့်

သင်ကသူ့တံခါးကိုသွားခေါက်ပါတဲ့။

ယနေ့ ကဗ္ဘာလောကကြီးတွင်၊ လူသားများစွာအချိန်တန်ဘိုးသိပြီး၊အချိန်ကိုအသုံးချလျှက်ရှိကြပါသည်။

အချိန်အသုံးချခြင်းသည် အကျိုးဖြစ်ထွန်းစေသည်ကိုနားလည်လက်ခံကြပါသည်။

သို့သော် ………..

ဘယ်အကျိုးအတွက်နည်း

အချိန်ဘယ်လောက်ယူသင့်သနည်း

ဘယ်ပေတံဖြင့်တိုင်းသင့်သနည်း။

လေးစားစွာဖြင့် – ဘကြီး။

 

18 comments

  • windtalker

    February 3, 2012 at 8:02 pm

    အချိန် ပေါတဲ့သူ ၊ အချိန်ဖြုန်းတဲ့သူ ရယ်လို ့တော့ ဘယ်သူ ့ကိုမှ မပြောချင်ပါဘူး ။ လူတိုင်းမှာ သူတို ့အချိန်တွေ အတွက် သူတို ့ရဲ ့စံနှုန်း သတ်မှတ်ချက် တွေ ရှိပြီးသားမို ့ပါ ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 8:06 pm

    ဘကြီး ဆိုလိုတာကို နားလည်ပါတယ်ဗျား
    သို ့သော်လဲ
    တတ်မှ မတတ်နိုင်ပဲကိုးဗျ
    အဲတော့လဲ သူရို ့ပြုသမျှအတိုင်း အောင့်ကာခံယုံပဲ ရှိတာပေါ့ဗျာ..

  • TTNU

    February 3, 2012 at 9:45 pm

    ဘကြီးရေ..
    တူလေးတစ်ယောက်ကပြောတယ်။
    အချိန်နဲ့စား၊ အချိန်နဲ့နေဆိုလို့ သားသူငယ်ချင်း တရုတ်လေးနဲ့ပဲပေါင်းတယ်တဲ့။
    သူ့သူငယ်ချင်းနာမည်က အချိန်တဲ့လေ။ 😆

    ကျမလည်း သူများအချိန်ကို မဖြုန်းချင်ဘူး။ ကိုယ့်အချိန်ကိုတော့
    သတ်မှတ်ပြီးပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ တစ်ယောက်ယောက်နဲ့
    တွေ့ဆုံမယ်ဆိုရင် Tight Schedule မဟုတ်တဲ့အခါ မျိုးဖြစ်ချင်တာပါ။
    Appointment လေးပေးပြီးတွေ့ဆုံကြတာ ဗမာမဆန်ပေမဲ့ လက်ခံကျင့်သုံးသင့်တယ်
    ထင်ပါရဲ ့နော်။

  • thit min

    February 3, 2012 at 9:59 pm

    သီလနဲ့ နေဆိုတာလဲရှိသေးတယ်လေ။တီချယ်။
    ရှမ်းလူမျိုးဆိုလား ပုံပြင်ထဲမှာ။
    ဒါပေမဲ့ တကယ်ကို ကိုသီလ ဆိုသူနဲ့ ကော့သောင်မှာဆုံဘူးတယ်။
    သဘောကောင်းတယ်ဗျာ၊ ရုပ်ရှင်မင်းသား နိုင်းနိုင်းလိုရုပ်မျိုးလေးနဲ့။
    သူနဲ့ သွားနေရင်တော့ ခက်ပြီနော်။
    —————–
    ကိုဘကြီးရေ
    အချိန်ဆိုတဲ့ သမားယောင် ကုစားချက်ကြောင့်ထင့် စိတ်ဓာတ်၊များ ပြောင်းနေပြီလား
    နေသာ သလို နေပါကွာ ဒီက ရတယ်။
    ချစ်ခြင်းက မျက်လုံးမှာလား ၊ ပါးစပ်ဖျားမှာလား၊ ဒါမှမဟုတ်အနက်ရှိုင်းဆုံးအသဲနှလုံးမှာလား
    ———ကိုထီး သီချင်း ဆိုညီးချင်းပေါ့ဗျာ။
    အချိန်အကြောင်းစဉ်းစားရင် စိတ်နာတယ်။
    မြန်အောင် နည်းပညာတွေ များလာလေလေ အချိန် ရှားလာလေလေပါဘဲ။
    လှည်းခေတ်တုန်းက အချိန်များပေါပဗျာ။
    ကွန်ပြူတာခေတ်လဲရောက်ရော ပြေးရလွှားရနဲ့ တော်ပြီ
    “တာဇံ” ဘဲလုပ်တော့မယ်ဗျာ။

  • blackchaw

    February 3, 2012 at 10:08 pm

    နာရီပိုင်ရှင်အားလုံးပဲ
    အချိန်ကိုမဝယ်နိုင်သေးဘူးဟေ့
    ပိုင်တယ်ထင်သူမင်းအမှားပဲ
    လူကိုအချိန်ဟာစားသွားသတဲ့
    ခဏလေးပါပဲလား
    တစ်မိုးသောက်တိုင် အစာစားရန်တွေးရင်း
    အချိန်များဟာလည်း လူသားကိုစားရင်း
    ဟင်းတစ်ခွက်အလား အမြဲတမ်းစားနေတယ်

    ဘကြီးရေ။
    သုခမိန်လှိုင်ကြီးရေးပြီး ကျော်ဟိန်းကြီးဆို်ခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားပါ။
    အချိန်ဟာလူသားကို စား၏ တဲ့ ခင်ဗျာ။

  • unclegyi1974

    February 3, 2012 at 10:15 pm

    မြန်မာမှာအချိန်စားတာစည်ဝေးပွဲကိုလွှတ်ပြောလို့မဖြစ်ဖူးနော်ဘကြီး
    မြန်မာစံတော်ချိန်ဆိုပြီးတော့ကိုစကားဖြစ်လာအောင်အချိန်စားကြတာ
    ပြင်သင့်ကြပါပြီဗျာ

  • ဦးဦးပါလေရာ

    February 3, 2012 at 11:09 pm

    ကိုယ်တွေ့ကတော့
    စိတ်မရှည်လို့ ဆင်းနေဆဲခရီးသည်ကို တွန်းချတဲ့စပယ်ယာနဲ့
    စိတ်မရှည်လို့ စမ်းသပ်ခန်းထဲက ထွက်နေဆဲလူနာကို လက်မောင်းကိုင်ဆွဲထုတ်တဲ့ နပ်စ် တွေရှိသေးတယ်။
    သူတို့ခေတ်ကိုး…..

  • aye.kk

    February 3, 2012 at 11:17 pm

    မိဘနဲ ့အချိန်သည်လောကမှာအစားထိုးမရပါ။

  • Khin Latt

    February 4, 2012 at 4:40 am

    ဘကြီး ရှင့် –
    ~~ မိတ်ဆွေဖွဲ့မှုက သင့်တံခါးအား လာခေါက်တာကိုစောင့်မနေပါနှင့်
    သင်ကသူ့တံခါးကိုသွားခေါက်ပါတဲ့။ ~~

    တံခါးမရှိတဲ့ မိတ်ဆွေများကျ ဘယ်နား သွားခေါက် ရမလဲ စဉ်းစား နေပါသည်ရှင့်။ jk 😉

    ခင်တဲ့
    အရီး

    PS – ကျွန်မ ကိုတော့ ဆူး မှ တံခါးပြင်းပြင်း လေး ခေါက်သွားခဲ့ လို့ ဝမ်းသာခဲ့ရပါသည်။ 🙂

    • ဆူး

      February 12, 2012 at 10:28 am

      အရီး တံခါးခေါက်တာ အခုမှ ကြားမိပါတယ်။ အိပ်ပျော်နေလို့ပါ။
      မမြင်မိလောက်အောင်ကို အိပ်မောကျနေလို့ပါနော်။

  • Thel Nu Aye

    February 4, 2012 at 10:02 am

    အားလုံးအယောက်(၅၀) x ၅၀၀ဝကျပ်

    မှားတယ်။ အယောက်( ၅ဝ ) x ၆၅၀ဝ ကျပ်။ ဟိုတနေ့က ကျွန်မသားလေးအဖြူကွက်ကလေးတွေပေါ်လို့ အရေပြားအထူးကုသွားပြတာ။ ဓါတ်မီးလေးနဲ့ထိုးကြည့်ပြီး “လိုးရှင်းလိမ်းလား။ မလိမ်းဘူး။ ရေတော့ကူးတယ်။ ဒါကြောင့်ဖြစ်နိုင်တယ်။ ဆေးနှစ်ပါတ်လိမ်း။” ဒါပဲပြောပြီး ၆၅၀ဝ ပေးခဲ့ရကြောင်းပါ။ ၄ မိနစ်တောင်မကြာ ဘူးမှတ်တယ်။
    အသည်းဦးခင်မောင်လွင်ဆိုရင် အယောက်( ၅ဝ ) x ၁၀၀၀ဝ ကျပ်

  • eipu

    February 4, 2012 at 11:21 am

    “time & tide wait for no man” ဆိုတာကိုအဓိကလိုက်နာသူများက အထူးကုဆရာဝန်များနှင့် ကားသမားများ ဖြစ်မယ်ထင်တယ်နော်

  • ba gyi

    February 4, 2012 at 12:56 pm

    Windtalker ခင်ဗျား ဟုတ်ပါသည်၊အချိန်စားကြသူများအားလုံးသည်၊သူ့ရည်မှန်းချက်အတွက် သူ့Target
    ဆိုတာရှိကြစမြဲပါ ။ စင်္ကြာဝဋာကြီးတစ်ခုလုံးရှိ သက်ရှိသက်မဲ့ အရာအားလုံး အချိန်ယန္တယားကြီးနှင့် ဖြစ် တည် ပျက် သဘော ထဲမယ်မလွတ်ကင်းနိုင်ကြပါဘူး။သည်အထဲမှာမှ ကျနော်တို့ လူသားများသည်၊ သဘာဝအချိန်ယန္တယားကြီး၏၊အလွယ်တစ်ကူဆွဲခေါ်ရာသို့ဖေါ်လိုမလိုက်ပဲ၊ ကိုယ့်ဘဝရဲ့ဖြစ်တည်မှုအပေါ် အချိန်ကိုမိမိလိုရာ သတ်မှတ် ဆောင်ရွက်နေကြတာပါပဲ။ အရမ်းမှန်ပါသည်ခင်ဗျား။
    ———————————————————၊
    ကိုပေါက်ဖေါ်ကြီးရေ၊ ထပ်တူခံစားလို့ကျေးဇူးပါဗျား။
    တီချာနုရေ၊ အချိန်တန်ဘိုးထားတတ်လို့ လေးစားရပါသဗျား။
    ————————————————————၊
    လေးစားခင်မင်ပါသော ကိုသစ်ကြီးရေ
    ကျနော် အချိန် ဆိုတဲ့သမားယောင်ကြောင့်စိတ်ဓါတ်မပြောင်းပါခင်ဗျား။အချိန်နဲ့ကုစားခဲ့ရတာတွေရှိခဲ့ဖူးလို့ပါ။
    ကိုယ်လုပ်ခဲ့တဲ့ကိုယ့်အချိန်တွေအတွက်၊ ကိုယ့်မှာပဲတာဝန်ရှီတာမို့ပါ။
    ဒါပေမည့် ကိုသစ်ကြီးဆွေးနွေးတဲ့ နည်းပညာများလာလေ အချိန်ရှားလာလေဆိုတာဆိုတာတော့ကျနော်နဲ့
    ခံစားချက်တူပါတယ်။
    နည်းပညာရဲ့ မြန်လွန်းတဲ့ အချိတ်အဆက်တွေကြောင့် လူသားတွေ အတွက်ပိုမို အကျိုးဖြစ်ထွန်းတာ မှန်ပေမည့်၊ အဲသည်အမြန်နှုန်းအချိန်ကိုမှီအောင်လိုက်ရတဲ့လူသားများဟာ တစ်ခါတစ်ရံမှာ စက်ရုပ်တွေ လို၊လူသားမဆန်ဘဲ သဘာဝပျက်စေတာမြင်လာရလို့ပါ။ပြောရရင်ကိုသစ်ပြောသလို လူသားဆန်ဘို့အချိန် နည်းပါး လာစေတာပါပဲ။ဒါဖြင့်နည်းပညာမယူချင်တာလာမေးရင်သည်လိုမဟုတ်ပါဘူး၊ နည်းပညာရာနှုန်းတော်တော်များများမှာ လူသားအကျိုးအတွက်ဆိုတာပါပြီးသားဖြစ်လို့ လူသားအကျိုး ဆိုတာရှေ့တန်းတင်ရင်း လူဆန်စွာ ကိုယ့်အ ကျိုး ရစေဘို့ဖြစ်စေချင်တာပါ။ဒါ အချိန်နဲ့နည်းပညာ ဆက်နွယ်နေမှုအပေါ် လူသားပါ ဝင်တဲ့ အပိုင်းကို၊ကိုသစ်နှင့်ကျနော်ဆွေးနွေးချက်ပေါ့ခင်ဗျာ ၊လေးစားစွာဖြင့်။
    ——————————။
    ကိုဘလက်ရေ
    မှန်ပါသဗျား၊လူတိုင်း အချိန်ကိုပိုင်တယ်ထင်ပေမည့်၊ တစ်ကယ်တော့မပိုင်ကြပါဗျား၊
    လက်ရှိရထားသမျှ အချိန်ကလေးကို ကိုယ့်ဖာသာပိုင်သလိုလို၊ ဝေချမ်းသတ်မှတ်နေကြရတာပါပဲ။
    ခိုင်မာအောင်လုပ်ယူနေကြတာပါ၊သည်လိုနဲ့ အချိန်အစားခံရတဲ့ခေတ်မှသည် ၊အချိန်ကိုပြန်စားသောခေတ်
    သို့ရောက်လာရပါသဗျား။ဒါပေမည့် ကိုယ့်အတွက်အချိန်ဆိုတာကန့်သတ်ချက်နှင့်ပါပဲတစ်ကယ် မပိုင်ကြ ပါဘူး။
    ——————————–။
    ဟဲဟဲ အန်ကယ်ကြီး လည်း အချိန်ကို လူပြန်စားတာလေးပြောပြလို့ကျေးဇူးပါဗျား။
    ဦးဦးပါလေရာရေ၊ အဲဒါဗျ၊ ခရီးသည်တွေရဲ့ အချိန်ကို စပယ်ယာစားသွားတာဗျား။
    ဘယ်လောက်ဆိုရင် တစ်ခါတစ်ရံ ခရီးသည်တွေ အန္တရာယ်ဖြစ်အောင်ကို ယူစားသဗျား။ကျေးဇူးနော်။
    aye.kk ရေ၊ လူသားဆန်သောအတွေးကလေးပါဗျား။
    အစ်မ Khin Latt ရေ အစ်မအတွက် (motto) စာအုပ်ကလေးထဲမှပဲ စကားလက်ဆောင်လေးပေးပါ့မယ်
    သဘောကျရင်ပေါ့ဗျာ
    ဖွင့်ဘို့ရာ
    ဘာမှမရှိခင်ကတည်းက
    ချစ်ခြင်းမေတ္တာက
    တံခါးအားလုံးကိုပွင့်စေပါတယ် တဲ့။
    ————————————————။
    အစ်မ Thel Nu Aye ရေ မှန်ပါတယ်။
    တစ်ကဲ့ဆေးရုံကြီးတွေရဲ့နှုန်းပေါ့
    သာမန်အထူးကုဆေးရုံ တွေမှာအစ်မပြောတဲ့အတိုင်းယူပြီးဆေးရုံ ပါဆင့်နိတ်နှုတ် ဆရာဝန်ရတဲ့ နှုန်းကိုကျနော် ပြောတာပါ။
    တစ်ချို့ဆရာဝန်ကြီးတွေ အပေါ်မူတည်ပြီးဈေးတောင်းတာလည်းရှိပါတယ်။ အစ်မမှန်ပါသဗျား။
    ကျနော်မြင်တာလေးက၊ ကိုယ့်အကျိုးအတွက်အချိန်ကို အကျိုးရှိအောင် Target ထားကြပေမည့်
    ကိုယ့် အတွက်အချိန် လာပေးကြသူတွေအပေါ်ပြန်ပြီး၊အကျိုးရှိစေရန်ပြန်စောင့်ရှောက်မှုမပေးနိုင်ကြရင်
    သူများအချိန်ကို ယူစားကြသူတွေပါပဲလို့။

  • KMN

    February 4, 2012 at 1:34 pm

    အချိန်ကိုအကြောင်းပြုဘန်းပြပြီး မိမိရဲ့အတ္တစိတ်ကိုဖုံးကွယ်ထားကြတယ်ထင်ပါရဲ့နော်

  • ba gyi

    February 4, 2012 at 1:48 pm

    eipu ရေ အချိန်နှင့် ဒီရေကလူကိုမစောင့် နိုင်လို့ အဲသည် လိုတန်ဘိုးရှိတဲ့ ၊ သူ့အတွက်အချိန်၊ကိုယ့်အတွက်အချိန် ဆိုတာလေးသိပြီး တန်ဘိုးယူလို့တန်ဘိုးပေးကြရင်စေချင်တာပါဗျား။
    ဒါ ကိုသစ်ကြီး စာသားအငှားသုံးလိုက်တာပါဗျား။
    ကိုယ့်အတွက်ချည်းပဲဆိုရင်သူများတွေရဲ့အချိန်ကို စားလိုက်ရာရောက်လာမှာပါ။
    ဟုတ်ပါ့ KMN ရေ အပေါ်မှာရှင်းပြသလိုပါပဲဗျာ၊ကျေးဇူးတင်စွာဖြင့်။

  • ဆရာဝန်တွေအတွက်ကတော့လူနာနဲ ့ထိတွေ ့ချိန်များလေလေ၊ကုသမှုထိရောက်လေပါဘဲ။ခုများတော့
    ခဏလေးစောင့်……..(၄)မိနစ်လောက် ဖြစ်နေပီ။

  • ကြောင်ကြီး

    February 6, 2012 at 11:40 am

    အချိန်တန်ရင် နွားပိန်ကန်လိမ့်မပေါ့ကွယ်…ထို့ကြောင့် အချိန်တန်စေလိုရင် နွားပိန်တကောင် ရှာမွေးပါ…။

  • အချိန်တန်လို့ မကန်ရင် အဲဒီနွားပိန်ကို ပင်စင်ပေးလိုက်ပါ။
    မြန်မာပြည်မှာကတော့ အချိန်သည် တန်ဘိုးမရှိသလိုပါဘဲ။
    အချိန်နဲ့အမျှ အသုံး မဝင်တာက တော့ သေချာပါတယ်။

Leave a Reply