ရွှေကျောင်းကြီးလို့လဲ ခေါ် မင်းတုန်းမင်း နန်းတော်ဆောင်ကြီးကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့လို့ ရွှေနန်းတော်ကျောင်းလို့လဲ ခေါ်တဲ့ ကျောင်းတော်ကြီးကို ဒီကနေ့ (၃-၂-၂၀၁၂) ညနေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ မူလကတော့ ကျောင်းတော်ကြီးတကျောင်းလုံးကို ရွှေချထားတာပါ။ ဒါကြောင့် ရွှေကျောင်းကြီးလို့ ခေါ်တာဖြစ်ပါတယ်။ အပြင်ဘက်ကတော့ယခုမြင်ရတဲ့အတိုင်းရွှေရောင်မရှိတော့ပါဘူး။ သေချာဂရုစိုက်ကြည့်ရင်တော့ အမိုးအခြေနားမှာတော့ ရွှေစလေးတွေကျန်ပါသေးတယ်။ အတွင်းပိုင်းမှာတော့ ရွှေချထားတဲ့ အတိုင်းကျန်ပါသေးတယ်။  ကျောင်းတော်ကြီးရဲ့ အနုစိတ်လှတဲ့ သစ်သားပန်းပုလက်ရာတွေကို မရောက်ဖူးသူများ ခံစားနိုင်ရန် ဓာတ်ပုံရိုက်ပြီး မျှဝေလိုက်ပါတယ်။

တခုပြောဖို့ကျန်သေးတယ်။ ဒီနေ့ မနက်က မန်းဂဇက် အလှူအတွက် ကိုပေါက်ထံ အလှူငွေတတ်နိုင်သလောက် (အများကြီးမဟုတ်ပါ) ထည့်ဝင်ဖြစ်ပါတယ်။ လှူဖြစ်အောင်ကူညီတဲ့ အတွက် ကိုပေါက်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ သာဓုခေါ်ကြပါရန်။

(၁)

(၂) ကျောင်းတော်ကြီး အနောက်ဘက်ကအောက်ချေနဂါးရုပ်များ

(၃)အမိုးပေါ်က အနုစိပ် လက်ရာတွေ

(၄)

(၅)

(၆) ၀ရံတာအပြင်ဘက်က အနုစိပ်လက်ရာတွေ

(၇)ကျောင်းတော်ကြီးရဲ့ ၀ရံတာ ပတ်လမ်း

(၈) ကျောင်းတော်ကြီးရှေ့ဘက်မြင်ကွင်း(၉) ကျောင်းတော်ကြီး အတွင်းပိုင်း မျက်နှာကျက်

(၁၀) အမိုးက လက်ရာ အနီးကပ်

(၁၁) အတွင်းပိုင်း

(၁၂) အတွင်းပိုင်း ဘုရားပလ္လင်

(၁၃) ဇာတ်တော် သရုပ်ဖော်ထားတဲ့ ပန်းပု

(၁၄) အတွင်းပိုင်းမြင်ကွင်း

(၁၅)အပြင်ဘက်လက်ရာတွေလှလို့

(၁၆)

(၁၇)(၁၇)

(၁၈) ကျောင်းတော်ကြီးလှေကား

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.