မန္တလေးက ရွှေကျောင်းတော်ကြီး

kyawmonkhantFebruary 3, 20125min996

ရွှေကျောင်းကြီးလို့လဲ ခေါ် မင်းတုန်းမင်း နန်းတော်ဆောင်ကြီးကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့လို့ ရွှေနန်းတော်ကျောင်းလို့လဲ ခေါ်တဲ့ ကျောင်းတော်ကြီးကို ဒီကနေ့ (၃-၂-၂၀၁၂) ညနေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ မူလကတော့ ကျောင်းတော်ကြီးတကျောင်းလုံးကို ရွှေချထားတာပါ။ ဒါကြောင့် ရွှေကျောင်းကြီးလို့ ခေါ်တာဖြစ်ပါတယ်။ အပြင်ဘက်ကတော့ယခုမြင်ရတဲ့အတိုင်းရွှေရောင်မရှိတော့ပါဘူး။ သေချာဂရုစိုက်ကြည့်ရင်တော့ အမိုးအခြေနားမှာတော့ ရွှေစလေးတွေကျန်ပါသေးတယ်။ အတွင်းပိုင်းမှာတော့ ရွှေချထားတဲ့ အတိုင်းကျန်ပါသေးတယ်။  ကျောင်းတော်ကြီးရဲ့ အနုစိတ်လှတဲ့ သစ်သားပန်းပုလက်ရာတွေကို မရောက်ဖူးသူများ ခံစားနိုင်ရန် ဓာတ်ပုံရိုက်ပြီး မျှဝေလိုက်ပါတယ်။

တခုပြောဖို့ကျန်သေးတယ်။ ဒီနေ့ မနက်က မန်းဂဇက် အလှူအတွက် ကိုပေါက်ထံ အလှူငွေတတ်နိုင်သလောက် (အများကြီးမဟုတ်ပါ) ထည့်ဝင်ဖြစ်ပါတယ်။ လှူဖြစ်အောင်ကူညီတဲ့ အတွက် ကိုပေါက်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ သာဓုခေါ်ကြပါရန်။

(၁)

(၂) ကျောင်းတော်ကြီး အနောက်ဘက်ကအောက်ချေနဂါးရုပ်များ

(၃)အမိုးပေါ်က အနုစိပ် လက်ရာတွေ

(၄)

(၅)

(၆) ဝရံတာအပြင်ဘက်က အနုစိပ်လက်ရာတွေ

(၇)ကျောင်းတော်ကြီးရဲ့ ဝရံတာ ပတ်လမ်း

(၈) ကျောင်းတော်ကြီးရှေ့ဘက်မြင်ကွင်း(၉) ကျောင်းတော်ကြီး အတွင်းပိုင်း မျက်နှာကျက်

(၁၀) အမိုးက လက်ရာ အနီးကပ်

(၁၁) အတွင်းပို်င်း

(၁၂) အတွင်းပို်င်း ဘုရားပလ္လင်

(၁၃) ဇာတ်တော် သရုပ်ဖော်ထားတဲ့ ပန်းပု

(၁၄) အတွင်းပိုင်းမြင်ကွင်း

(၁၅)အပြင်ဘက်လက်ရာတွေလှလို့

(၁၆)

(၁၇)(၁၇)

(၁၈) ကျောင်းတော်ကြီးလှေကား

6 comments

  • Mလုလင်

    February 3, 2012 at 11:00 pm

    ကိုရင်လေး တစ်ပါး လောက် ထိုင်နေတဲ့ ပုံလေး ရိုက်ချင်လို့ပါ ဆိုတာကို ပေးမရိုက်ဘူး .. စိတ်နာဒယ်။ သူတို့ လဲ ရှေးဟောင်းမို့ ထိန်းသိမ်း တာလို့ပဲ စိတ်ဖြေခဲ့ပါတယ်။ ဒီအတိုင်း ရိုက်ချင်ရိုက် ဆိုလို့ ရိုက်တော့ ရိုက်ခဲ့တယ်။ တကယ် ထိန်းသိမ်း သင့်တဲ့နေရာပါပဲ … ရှေ ့က လူတွေဘယ်လောက်တောင် နှိပ်စက် သွားလဲမှ မသိတာ။

  • pooch

    February 3, 2012 at 11:39 pm

    ရှေးမူမပျက်လက်ရာစစ်တာဆိုလို့ ဒါလေးပဲ ကျန်တော့တာ ။ စနစ်တကျ ထိန်းနိုင်သိမ်းနိုင်ပါစေလို့ ။
    ဟိုတလောက စွယ်တော်သွားဖူးရင်းရောက်သေးတယ် ။ ကြည့်ရသေးတယ် ပြူးပြဲပြီး ဘာတွေများ လုပ်ပစ်လိုက်ပြီလဲလို့ ။ တော်သေး ဒီအတိုင်းလေးပဲ မြင်လိုက်ရလို့ ။

  • ကိုကျော်မွန်ခန့် အလှူငွေကိုလည်း စာရင်းတင်ပေးထားလိုက်ပါပြီ.
    လုလင်ရေ ရွှေကျောင်းကြီးကို စိတ်မနာပါနဲ့ နောက်တစ်ခါ တရားဝင်ရိုက်လို့ရအောင်စီစဉ်ထားပါတယ်။
    ကျနော်ရိုက်ထားတဲ့ပုံကတော့ နောက်မှဘဲတင်တော့မယ်နော်………………..

  • fatty

    February 4, 2012 at 9:09 am

    ဒီလောက်တန်ဖိုးကြီးတဲ့ကျောင်းတော်ကြီးကိုမိုးဒါဏ်လေဒါဏ်ထဲမှာပြစ်ထားမဲ့အစား အပေါ်ကအမိုးအကာ
    အကြီးကြီးဆောက်ပြီး ကာကွယ်ထိမ်းသိမ်းထားသင့်ပါတယ်။

  • စိန်ပေါက်ပေါက်

    February 4, 2012 at 12:59 pm

    အားပါး..
    မြန်မာ့ရှားပါး လက်မှုပညာအစွမ်းတွေ မြင်ခွင့်ရတယ်ဗျ
    ပန်းကနုတ်တွေတိုင်းဟာ အနုစိတ်ထွင်းထားတာ သပ်သပ်ရပ်ရပ် ညီညီညာညာ ပဲ..
    နဲတဲ့ကျောင်းဆောင်ကြီးမဟုတ်ဘူးဗျာ..တအံ့တဩဖြစ်ရပါတယ်..
    ဒီပုံတွေဟာ နောင်တစ်ချိန်ကျရင် အင်မတန်အသုံးဝင်တဲ့ မှတ်တမ်းပုံတွေဖြစ်မှာ မလွဲဘူးဗျာ..
    မြင်ခွင့်ရတာ ကျေးဇူးဗျာ

  • Khin Kha

    February 6, 2012 at 11:32 am

    fatty ရေအပေါ်ကအမိုးအကာအကြီးကြီးဆောက်ဖို့ အလှုရှင်ခေါ်အုံးမှဖြစ်မှာလေ။
    ကမာ္ဘလှည့်ခရီးသည်တွေဆီက ရတဲ့ဝင်ကြေးက ဘာလုပ်လဲမသိဘူး။
    ပြီးခဲ့တဲ့နှစ်က တိုးအဝင်များတယ်ပြောပေမယ့် ကျောင်းကြီးကလည်းဟောင်းလေရဲ့။

Leave a Reply