မိမိအမည်ကိုပင်ဖွင့်မပြောရဲကြတော့တဲ့ ဖုန်းဆက်သွယ်ရေးစနစ်တစ်ခုထွန်းကားလာခြင်း

ko luchaw52February 3, 20121min11319

မြန်မာပြည်ကဖုန်းဆက်သွယ်ပြောဆိုကြတဲ့လူတန်းစားတော်တော်များများဟာ

မိမိတို့ဖုန်းဆက်သွယ်လိုတဲ့သူဆီကိုဖုန်းဆက်သွယ်ကြတဲ့အခါ

အနှီဆက်သွယ်လိုတဲ့သူနဲ့မတွေ့တဲ့အခါမျိုးတွေမှာ

ဖုန်းလှမ်းခေါ်တဲ့သူဘက်ကအတော်များများဟာ

၎င်းတို့ရဲ့အမည်တွေကိုပြောပြခဲ့ဖိုအတော်ဝန်လေးကြတာတွေ့ရပါတယ်။

တစ်ခါတစ်ရံရှိတတ်ပါသေးတယ်၊သူပြန်ရောက်လာရင်ဖုန်းဆက်တယ်လို့ပြောပေးပါတဲ့။

ဘယ်သူလို့ပြောလိုက်ရမလဲပြန်မေးတော့ “ရပါတယ်“ တဲ့၊ ဟိုလိုလိုဒီလိုလိုနဲ့

စကားမေးမရတော့ပါဘူး၊ဘယ်ကဘယ်လိုပေါ်ပေါက်လာတဲ့ယဉ်ကျေးမှု

ဓလေ့ထုံးစံမှန်းမသိပါဘူး

တစ်ဆင့်ကြားခံအနေနဲ့ဖုန်းလက်ခံပြောပေးရတဲ့သူဘယ်လောက်

စိတ်အနှောက်အယှက်ဖြစ်ရသလဲဆိုတာစဉ်းစားသာကြည့်ပါတော့၊

အဲဒီလိုအဖြစ်တွေမကြားခဏကြုံနေရတော့

တစ်ခါတစ်လေစိတ်ထဲကကျိန်ဆဲမိတယ်

သူအပိုင်ရထားတဲ့ လူနာမည်ကို

ငါလူပါလိုမပြောရဲလောက်တော့တဲ့အသိတရား

ဘယ်တွေကများရကုန်ကြတာလဲလို့။

19 comments

  • Harumoto

    February 3, 2012 at 10:03 pm

    အေးဗျ.. ကိုယ်ကဖုံးလက်ခံ ပြောပြီး
    ဘယ်ကဆက်တာပါလဲလို့ မမေးရသေးခင်
    အခုပြောတာဘယ်သူလဲလို့ အမေးခံ ရတာကလဲ
    ဘယ်လိုကြီးလဲ…
    ယဉ်ကျေးမှု လမ်းကြောင်းများပြောင်းသွားပြီလား….
    ကိုယ်ကဘယ်သူလဲ ဆိုတာ မပြောနိုင်ဘဲ
    ခင်ဗျားဘယ်သူလဲ လို့ သိချင်လို့မရဘူးထင်တယ်နော်…

  • အင်း ခက်တော့လဲခက်သားဗျ။တခါတလေ ကျနော့်ဖုန်းကလက်ရှိ ငပလီမှာ၊ဒါကိုမောင်တောကလား၊
    တောင်ကြိီးကလား၊မော်လမြိုင်ကလားဆိုပြီးဖုန်းတွေမှားမှားဝင်လာတယ်ဗျာ။ဝင်လာတိုင်းလဲ ကျနော်က
    ပြန်ဖြေတာအကျင့်တစ်ခုက အကျဉ်းဦးစီးကိုရောက်နေပါတယ်လို ့။ဟီး သောက်မြင်ကတ်လိုက်မယ်ဖြစ်ခြင်း။

  • kai

    February 4, 2012 at 1:45 am

    ဆွေးနွေးဖို့ကောင်းတဲ့..ပို့စ်လို့ထင်မိတယ်..။
    First And Last Names မရှိတာကနေ ဖြစ်လာတဲ့ ပြဿနာတွေလို့ ထင်တာပါပဲ..။ မြန်မာတွေ First /Last Name ရှိသင့်/မသင့် ဆွေးနွေးကြည့်ချင်သား… 😆

  • Khin Latt

    February 4, 2012 at 3:50 am

    သူကြီးရယ်
    မြန်မာပြည်မှာ က Last Name ကို Family Name အဖြစ် သုံးရအောင် လဲ Last Name တူသူတွေ က အများကြီး ထပ်နေလေတော့ …..
    နောက်ပြီး ဗေဒင် နက္ခတ် ကြည့်ပြီး နာမည်ပေးလေ့ ရှိတော့ …..
    သူကြီး အကြံ အောင်မြင်မယ် မထင်။ 😉

  • kyeemite

    February 4, 2012 at 8:48 am

    ဟဲလို…အမိန့်ရှိပါခင်ဗျာ..
    အော်ဟုတ်ကဲ့ ရှိပါတယ်…ဘယ်သူလို့ပြောလိုက်ရမလဲခင်ဗျာ…
    *************….xxxxxx***
    ဂွတ်..(ဖုန်းချလိုက်သံ)
    ဟုတ်တယ်..နာမည်လဲမပြောဘူး..ဒီဘက်ကဒီလောက် လေးလေးစားစား ဖြေပေးနေတာကို…ဟင်း

  • နွယ်ပင်

    February 4, 2012 at 9:49 am

    ဟုတ်ပ အဲ့လို အဖြစ်မျိုး ခဏခဏကို ကြုံနေရတာ .
    နောက်တစ်ခုက ဖုန်းမှားဝင်လာရင်လဲ မှားပြီးဆက်တဲ့ သူက
    ပြန်ပြီးဒေါသထွက်တာမျိုးလဲကြုံဖူးတယ် …………..

  • Novy

    February 4, 2012 at 10:08 am

    အဲ့လိုမျိုးတွေ ခဏခဏ ကြုံဘူးတယ်

    မနိုဖုံးကိုလဲ ဦးတင်အောင် ဆိုတဲ့ဘယ်ဌာန အရာရှိလဲမသိဘူး
    သူနဲ့ ခဏခဏမှားတယ်
    ဖုန်းမှားနေပါဆိုတာတောင် ဇွတ်ခေါ်ခိုင်နေသေးတယ်

  • htet way

    February 4, 2012 at 10:09 am

    ဖုန်းပြောတဲ့ လူတွေက နာမည်မပြောချင်တာသူတို့ရဲ့ မရိုးသားမူပါ
    နောက် ဂရုမစိုက်တာလည်းပါတယ်လေ။
    နောက်တစ်ခုက
    ကိုထက်ဝေးလား ညီမပါ ….သတိရလို့ ဒါပဲနော်..။
    ဖုန်းချသွားပါတယ်။
    ကျွန်တော်ဘယ်ကိုလွမ်းရမလဲ။

  • eipu

    February 4, 2012 at 10:12 am

    တချို့ကနာမည်မေးရင်လဲ စိတ်ဆိုးသေးတယ်နော်။ နာမည်ပြောရမှာကိုတွန့်တိုတာလား၊ ကိုယ့်နာမည်လူသိမှာစိုးရိမ်တာလား။

  • antimoe

    February 4, 2012 at 10:22 am

    ညကြီးအချိန်မတော်….ဖုန်းမှားဆက်လာတာတွေ၊ သူများဖုန်းကို….အလကားရတိုင်း….အမုန်းဆက်တာတွေ…
    miss call တွေ့လို့ ဖုန်းပြန်ခေါ်တာကို ….အပိုတွေ..လေရှည်တာတွေ…

    manner တွေမသိသေးတာလည်းဖြစ်နိုင်ပါတယ်။
    အင်းယားလိတ်ဟော်တယ်မှာပေါ့…….နိုင်ငံခြားကုမ္ပဏီဖွင့်ပွဲတစ်ခုမှာ
    တက်ရောက်လာတဲ့သူတွေ အားလုံးတိတ်ဆိတ်စွာ နားထောင်နေတုန်း
    ကိုယ့်ဆီကိုလာတဲ့ဖုန်းကို ကိုင်တာမျိုးတောင် မဟုတ်ပဲ
    ကိုယ်က တမင်ဆက်ပြီး
    ထမင်းစားပြီးပြီလား……
    ဘာဟင်းလဲ…….
    ဟိုတနေ့ကကွာ……
    ………
    ဘာညာနဲ့…..
    အရည်မရ…..အဖတ်မရ….ဘေးကလူကြားအောင်……ပြောနေတာ
    ကြားရတာ….မြင်ရတာ…….တော်တော်ဆိုးပါတယ်။
    ကိုယ့်ပိုက်ဆံနဲ့ကိုယ်…..လူမုန်းအောင်…..လုပ်နေတာမျိုး…..
    ငွေ……အချိန်…….သိက္ခာ…….တွေကို ဘုန်းဘောလအောလုပ်တာ….
    ဒီလိုအင်နာဂျီဖြုန်းတီးတာမျိုးတွေ……..အန်တီမိုးမခံစားနိုင်ဘူး။

    မြန်မာမှာလည်း (ဖုန်းမပြောရ )ဆိုတဲ့ အချိန်၊ နေရာ သတ်မှတ်ချက်များ တိတိကျကျလုပ်ဖို့လိုနေပြီ။

    ဖုန်းလေးကိုင်နိုင်တာကို လူတကာကို လိုက်ကြွားပြတဲ့ခေတ်က ကုန်နေပြီလို့ ပြောပါရစေ။
    ဒီလိုပြောတဲ့အတွက်….ဖုန်းကိုင်နိုင်တယ်….မထင်ပါနဲ့နော….။
    ၅သိန်းတန်ပေါ်တော့မှ တစ်လုံး စကိုင်တာပါ။ ၅၀၀ဝရတော့မှ ကိုယ်ပိုင်ကိုင်မလားဆိုပြီး စောင့်နေတာပါ။

    လွန်ခဲ့တဲ့ ၅နှစ်လောက်က ဖုန်းတစ်လုံးကို သိန်း ၃ဝ နဲ့ရောင်းပြီး ပြင်ဦးလွင်မှာ မြေဝယ်ထားတာ…
    အခုတော့တော်တော်လေး….ဟုတ်နေတယ်။

  • laypai

    February 4, 2012 at 11:14 am

    ဖုန်းမရှိ တော့ လဲ ဘာကွန်းမန့် ပေးရ ပ၊

    ကြုံ ဖူး တာ က တခါ ဖုန်းနံပါတ် ကို ၆ နဲ့ ၉ မှား နှိပ် မိတာ မင်း ဒီဖုန်းနံပါတ် ကို ဘယ်က ရ ပြီး ဆက်တာလဲ တဲ့။
    စောရီး ပါ နံပါတ် မှားနှိပ်မိလို့ ပျာပျာ သလဲ ပြောပြီး ဖုန်းချလိုက်ရတယ်။

    ၅၀၀ဝ တန် ကတ် ရယ် မြန်မြန် လာပါတော့။ ၂၀၀ဝ တန်လဲ ကြားနေ ရ သေးတယ်။

  • manawphyulay

    February 4, 2012 at 12:04 pm

    တစ်ခါတော့ လျှို့ဝှက်ချက်နေမှာပေါ့။ မနောကတော့ မရဘူး။
    ဟလို
    xxxxxxxxxxxxxxxxx
    အယ် မရှိဘူး ဟုတ်လား…………
    ဒါဆို မှာခဲ့လို့ရမလားရှင့်။
    မနောဖြူလေး ဆက်တယ် ပြန်ဆက်ပေးဖို့ပြောပေးပါ ဒါပဲနော် ကျေးဇူးပါ….

  • Phaung Phaung

    February 4, 2012 at 12:54 pm

    ဒါလဲဖြစ်နေကြပြသနာတစ်ခုပေပဲ… “ အခုပြောတာဘယ်သူလဲ”လို့ အမေးခံရတာနဲ့ “ ဟုတ်ကဲ့၊ဘယ်သူဆက်တယ်လို့ပြောပေးရမလဲရှင်” လို့ မေးတာနဲ့တော့မတူဘူးထင်တယ်… နာမည်ပြောခဲ့ချင်အောင်ဖုန်းလက်ခံသူက ယဉ်ကျေးစွာဖြေတာတောင် တချို့ကမပြောချင်ဘူးဆိုရင် မရိုးသားတဲ့သဘောနဲ့ဆက်တာပေါ့…ဥပမာ သူဌေးရဲ့ ဘာညာကွိကွတွေနေမှာပေါ့ 🙂

  • captainamerica

    February 4, 2012 at 2:02 pm

    ဖုန်းမှားဆက်ခံရတာတော့ ကျွန်တော်လည်းခဏခဏပါပဲ။တစ်ချို.ဆိုသူတို.ကလဲမှားဆက်
    သေးတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ.ပြန်ပြန်ရစ်သေးတယ် စိတ်တိုနေတဲ့အချိန်ဆို
    တစ်ခါထဲဆဲလွှတ်လိုက်တယ် အေးရော 🙂 🙂

  • DEPARKO DEPARKO

    February 5, 2012 at 11:24 am

    ဝန်ထမ်း မဟုတ်လို့ပါ အစိုးရဝန်ထမ်းတွေဟာ ဘယ်သူ့ဖုန်းဖြစ်ဖြစ် (ဝန်ကြီးဖြစ်နေပါစေ) ကိုယ်သွားခေါ်ပေးပြောပေးရမည့်သူအတွက် `အခုအမိန့်ရှိတာဘယ်သူပါလဲခင်ဗျာ` ဆိုတဲ့စကားနဲ့ တစ်ဖက်လူ ရဲ့နာမည်မရရအောင်မေးရတယ် နာမည်မပြောရင် ဘယ်သူဘဲဖြစ်ဖြစ် ဖုန်းချလိုက်ရုံဘဲ

  • lawoonphyu pyhu

    February 5, 2012 at 12:36 pm

    အင်းကြုံဖူးတယ်
    ဖုန်းကိုင်ကာပြီး ဟဲလို လို့ပြောကာရှိသေးတယ်
    ခုပြောနေတာဘယ်ကလဲတဲ့
    ပြောင်းပြန်တွေလာပြောတယ်
    ကိုယ်ကမေးရမယ့်ဟာကို

  • TTNU

    February 5, 2012 at 3:24 pm

    ကိုလူချော၅၂ရေ…
    ကျမတို့ရုံးမှာ တစ်ဖက်ကခေါ်သူက ရာထူးကြီးကြီးဂုဏ်မောက်ရှာသူ
    ပေါ့ကွယ်၊ ကျမတို့ရုံးကိုဖုံးဝင်လာပါတယ်။ ရုံးတွေထုံးစံအရတော့ ဖုံးဖြေသူဟာ
    စာရေးအဆင့်ဝန်ထမ်းငယ်ကဖြေကြရှာတာကိုး။ ပြီးမှ ဘယ်သူ့ဖုံးဆိုပြီးခေါ်ပေးရ
    တာလေ။

    ကျမကလည်း စာရေးလေးမအားလို့ ဖုံးဖြေပေးလိုက်ပါတယ်။
    ဒီတော့ ဘယ်သူ့ခေါ်ပေးပါပေါ့။ ဘယ်သူခေါ်တယ်လို့ပြောပေးရမလဲလို့မေးလိုက်တော့
    တစ်ဖက်က မောက်မာသူက ခေါ်မှာသာသွားခေါ်စမ်းပါအေ..တဲ့။

    ညည်းကဘာကိစ္စ လျှာရှည်နေရတာလဲတဲ့… ။ကျမပြုံးနေလိုက်ပါတယ်။
    ဒေါသအမျက်ချောင်းချောင်းထွက်ချင်စရာကြီးပေါ့လေ။
    သူကလည်းကျမကို ရုံးစေမှတ်နေတာကိုး။ ရုံးစေဆိုရင်တောင်ဒီလိုဗျူရိုကရက်ဆန်ဆန်ကြီး
    မပြောသင့်ဘူးဆိုတာသိသင့်တယ်လေ။

    နောက်တော့ တစ်ဆင့်စကားနဲ့ သူလည်းပြန်သိသွားပြီး တော်တော်အနေခက်သွားတယ်လို့
    ကြားမိပါတယ်။ ကျမက သူ့ထက်ရာထူးအမြင့်ဖြစ်နေလို့လေ။ 🙄

  • inz@ghi

    February 5, 2012 at 3:46 pm

    ဟေ့ရောင် ….
    မင်းထမင်းစားလာတာ ငါဆွမ်းတော် တင်သလောက်တောင် မရှိသေးဘူး ….။
    လူလိုမေးရင် လူလိုပြောကွ …မင်းတို့ရွာမှာ ဘုန်းကြီးကျောင်း မရှိဘူးလား ….။

    ခင်ဗျား ဟာခင်ဗျား ဆက်တာလေ… နာမည်မေးလို့ မပြောနိုင်ရအောင် ခင်ဗျားကိုယ်ခင်ဗျား …
    သင်္ချာဝင့်ကြော် ထင်နေလား …။ သည်မယ် ….ဖုန်းခေါ်လို့ လူမတွေ့ရင် …
    နာမည် နဲ့ အကြောင်းအရာ ပြောပြထားခဲ့ရတယ် ဆိုတဲ့ …စနစ်ပေါ်တုန်းက
    ခင်ဗျား အဖေတောင် ခင်ဗျား အမေကို ရည်းစားစကားမပြောရသေးဘူးဗျ….။

    နာမည်မေးတာ ရိုင်းတယ်ပြောသလား …ခင်ဗျားကမှ မိုက်ရိုင်းတာဗျ…
    ခင်ဗျားနာမည်နဲ့ ဝရမ်း ထုတ်ခံထိထားလို့ နာမည်မပြောနိုင်တာလား ….
    ဩ ….ကျုပ်ကို ဘယ်ဥက ပေါက်သလဲ လာမမေးနဲ့ ….
    ခင်ဗျားကြီးရော ဘယ်အပေါက်က ဥသလဲ …..ဖြေစမ်း…။
    ထွီ…..။

    သည်၃ခွန်းလောက် ဆောင်ထားရင် ….. သဂျီးပြောသလို မျောဂျိ ကိစ္စ တိုင်ပတ်စရာမရှိပါကြောင်း…..။

    အော်. ..စကားစပ်လို့ …
    ကျုပ်ငယ်တုန်း အဘိုးအဘွား အိမ်မှာနေတုန်း….
    အနှီခေတ်က ဖုန်း ရှားပါးလို့ အဘိုးက အိမ်ဖုန်းကို ရပ်ကွက်က လူတွေကို စေတနာ့ဝန်ထမ်း
    ဖုန်းခေါ်ပေးသတဲ့ …….
    ကျုပ်တို့များ ချာတိတ်ဘွ က အိမ်နီးပါးချင်းအကုန်ဖုန်းခေါ်ပေးဖူးရဲ့…
    အဲ့ ..အဲ့ စနစ်လည်း .ကျုပ်အရွယ်ရောက်လာတာ ….ဖုန်းပေါလာတာ နဲ့အတူ
    ပပျောက်သွားသပေါ့ …. အထက်မှာရေးထားသလို ကျုပ်ပြောတတ်လာတာ…
    တဖက်ကဖုန်းပြောတဲ့ …ပုဂ္ဂိုလ်သတ္တဝါ အပေါင်းက သင်ပေးသွားတယ်ဆိုရမလားပဲဗျာ…
    အချိန်ရမှ ပိုစ့် သပ်သပ်ရေးဦးမယ်ဗျာ….နည်းနည်းခံပြင်းလို့ပါ…

    ထောက်ပြဆွေးနွေးသွားတဲ့ စာရေးသူကိုတော့
    လေးစားစွာ ကျေးဇူးတင်နေပါကြောင်း..
    ခင်တဲ့
    ဂီ

Leave a Reply