အနိဌာရုံမြင်ကွင်း

အနိဌာရုံမြင်ကွင်းဆိုတာမကောင်းတဲ့အကြောင်းအရာတစ်ခုလို့ပြောချင်ပါတယ်၊

ဒီနေ့ မြင်တွေ့စရာမကောင်းသောအနိဌာရုံမြင်ကွင်းတစ်ခုတွေ့မြင်ခဲ့ရသည်။

မြင်တွေ့ပုံက ကျွန်တော်တို့နေသောနေရာနှင့်မနီးမဝေးမှာ

လူတွေရုံးရုံးဖြစ်နေသည် “ကားနှင့် ဆိုင်ကယ် တိုက်မိလို့တဲ့”ဆိုသောစကားကပြန့်နေခဲ့သည်။

လိုင်းကားပေါ်မှာရော စပယ်ယာအချင်းချင်း ပြောနေကြတာတွေ ကြားတော့သိချင်လာတယ်

ဒါနဲ့မေးကြည့်လိုက်တယ် ဘယ်နားမှာလဲလို့မေးလိုက်တော့

ဘုရားကြီးတောင်ဘက်မုခ် အသောကာရုံကျောင်းတိုက်

မြောက်ပေါက်နားမှာ တိုက်တာတဲ့ “ဟ ဒါဆို ငါတို့နားမှာဘဲလို့” စိတ်ထဲကသိလိုက်တယ်လေ

ကြည့်ချင်စိတ်ကအတော်လေးစိတ်ထိန်းထားရတယ် ဖြစ်ချင်တော့

ကားကလည်းအဲဒီလမ်းကြောဆိုတော့ မမြင်လို့ကိုမရဘူးလေ ကားရပ်လိုက်တာနဲ့

ပြေးကြည့်လိုက်တယ်..။   အလိုလေး ကြောက်ရမှာလား လန့်ရမှာလား

ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူးအစကတော့ဘယ်လိုဖြစ်သွားမှန်းမသိတာ

ဖြစ်ပျက်နေပုံက  ကောင်မလေးတစ်ယောက် ကားတိုက်ခံရတာ

ခေါက်ကိုကြေနေပြီ ဦးနှောက်တွေဗလပွကြဲနေတယ် မျက်စိကလည်းထွက်နေတယ်

အရုပ်လေးတစ်ရုပ်ကိုကားနင်းထားသလိုဖြစ်နေတော့

ကိုယ့်စိတ်တောင်လွတ်သွားသလားပဲ။ တချိုုဆိုရင် အဲဒီနားမှာအန်နေတာတွေ့တယ်

တကယ်တော့မြင်တွေ့စရာမကောင်းသောမြင်ကွင်းတစ်ခုကိုရေးသားနေစရာမလိုဘူးလို့ထင်မိပါတယ်၊

သို့ပေမဲ့ ခုဖြစ်ပျက်နေတာတွေကဆက်တိုက်ဆိုသလို

မြင်တွေ့စရာမကောင်းသောမြင်ကွင်းကို မကြည့်ချင်သူတွေကလုပ်နေတာပါလားလို့ တွေးမိတော့

အတော်လေးကိုစိတ်ထဲမှာသံဝေဂရမိတယ်

များသောအားဖြင့် ကျွန်တော်တို့လို လူငယ်တွေ အဖြစ်များတယ်မဟုတ်လား

လမ်းသွားရင်း ဆိုင်ကယ်ကိုတအားစီးသွားတာမျိုးတွေကြုံတွေ့နေရတယ်လေ

တချို့ကအလုပ်ကိစ္စနောက်ကျမှာစိုး၍ မြန်မြန်မောင်းသွားမျိုး

တချို့က ပျော်ချင်၍မြန်မြန်မောင်းသွားမျိုးတွေဆက်တိုက်ကြုံနေရတော့ မြင်တွေ့စရားမကောင်းသော

ဒီလိုအနိဌာရုံမြင်ကွင်တွေကြုံတွေ့နေရတာပါ။

အကယ်၍ အနိဌာရုံမြင်ကွင်းတွေမကြုံချင်ဘူးဆိုရင် အားလုံးဆင်ခြင်သင့်တယ်လို့ထင်ပါတယ်။

လမ်းမှားကိုလမ်းမှန်လုပ်၍မောင်းတာမျိုး ရှေ့မကြည့်နောက်မကြည့်မောင်းတာမျိုုးတွေမလုပ်သင့်လို့ထင်ယူမိပါတယ်.။

ခုလိုမျိုးတွေမောင်းနေတော့ကိုယ်အတွက်ကြောင့်တပါးသူတွေဆုံးရှုံးသွားရတာအများကြီးပါ။

ကိုယ်ကိုတိုင်လည်းသေ၊မသေတောင်ထောင်ကျ၊ လျှော်ကြေးပေးရတာတွေ ဒူးနဲ့ဒေးပါပဲ။

ခုလည်း မောင်းတာကကောင်းမလေး မောင်သူဘာမှမဖြစ်ပေမဲ့

နောက်ကလိုက်သူကောင်မလေးမှာတော့ သေခြင်းကိုအရှုံးပေးသွားရပြီ ငယ်ငယ်ရွယ်ရွယ်နဲ့

အသက်ကိုစတေးလိုက်ရတာ။ ဖြစ်ပုံက ကိုယ်တိုင်မတွေ့လိုက်ရပေမဲ့

မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ကိုယ်တိုင်မြင်တွေ့လိုက်ရတာဆိုတော့စိတ်ထဲတော

မကောင်းလှဘူး  သူများပြောချက်အရတော့ ကောင်မလေးနှစ်ယောက်ကဆိုင်ကယ်နှင့်နောက်ကနေရှေ့

တက်ရှေ့မှာရပ်ထားတဲ့ကားတစ်စီးက ကားပြတင်ပေါက်ကို

ဖွင့်လိုက်သောအခါရှောင်လိုက်တဲ့အချိန်မှာဆိုင်ကယ်မထိန်းနိုင်ဘဲ နောက်ကကောင်မလေးလွင့်ထွက်သွားတာ

ဒါနဲ့ရှေ့ကဆန်အိတ်တွေအပြည့်တင်ထားတဲ့ဒိုင်နာကားတစ်စီးက

အရှိန်နဲ့မောင်းလာတော့ဘယ်လိုမှရှောင်လို့မရဖြစ်သွားခဲ့တာလို့တော့ပြောကြတယ်။

ကျွန်တော်ရောက်သွားတော့မြင်တွေ့စရာမကောင်းသောအနိဌာရုံမြင်ကွင်းကဆည်းကြိုနေခဲ့ပြီ….။

ဘယ်လိုပဲဖြစ်ဖြစ်သတိဆိုတာလေးနဲ့မောင်နှင်ရင်ဘာမှဖြစ်လာစရာအကြောင်းရှိလာမယ်လို့မထင်ပါဘူး။

ခုဟာက အလုပ်ကိုရောက်ချင်ဇောတွေကများနေတော့

သူလည်းအရှိန် ကိုယ့်လည်းအရှိန်ဆိုတော့ ဘယ်လိုမှရှောင်လို့မရဖြစ်ခဲ့ရပြီ..။

စက်ကိရိယာနဲ့လုပ်ထားတာဆိုပေမဲ့လူကအဓိကပါ၊ အဲဒီလူမှာလည်းသတိရှိနေဖို့အင်မတန်

အရေးကြီးပါတယ်။ ပျော်ပျော်နေတက်သောလူငယ်လေးများလည်းပျော်ပျော်စရာတွေများလှပါဘိနဲ့

ခုလိုအသက်အန္တရာယ်စိုးရိမ်ရတဲ့ဆိုင်ကယ်ပြိုင်မောင်းခြင်းကို

စိတ်မဝင်စားသင့်ပေးဘူးလို့ထင်ယူမိပါတယ်။

မဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဖြစ်လာခဲ့အကျိုးဆက်တွေကမြင်တွေ့စရာမကောင်းသောအနိဌာရုံမြင်ကွင်းတွေဖြစ်လာခဲ့ရတာပါ။

မိဘတစ်ယောက်ဖြစ်တဲ့လူကြီးတွေအနေဖြင့်လည်းခုဖြစ်တက်သောသဘော

တရာတွေကိုမြင်တွေု့ပြီးကိုယ့်ရဲ့သား/သမီးတွေကိုဆုံးမပြုပြင်သင့်ပါတယ်။

ခုတော့ မိဘကလည်းဘာမှမပြောသလိုသား/သမီးဖြစ်တဲ့လူငယ်တွေကလည်း

မဆင်ခြင်တော့မကောင်းသောအနိဌာရုံမြင်ကွင်းတွေကြုံတွေ့နေရတာပေါ့။

ကျွန်တော်ရဲ့ အနိဌာရုံမြင်ကွင်းလေးကိုဖတ်ရှုမိပြီး ကိုယ့်ကိုတိုင်ရော ကိုယ့်ရဲ့သား/သမီးတွေရော

ဆိုင်ကယ်တအားမောင်နှင်ခြင်းမှာရှောင်ရှားပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်.။

“အမှားသည်လူနှင့်မကင်းနိုင် “ဆိုပေမဲ့ အမှားနဲနိုင်သမျှနဲအောင်တော့ သတိလေးတော့ ကပ်ထားသင့်ပါတယ်..။

နေ့စဉ်နှင့်အမျှမြင်တွေ့နေရသောအနိဌာရုံမြင်ကွင်းအားလုံးမှကင်းဝေစေရန်သတိကပ်ထားသင့်ကြောင်း……………….။

 

 

မေတ္တာမွန်ဖြင့်    ဇွဲမာန်(အင်းဝ)

4 comments

  • ဇွဲမာန်(အင်းဝ)

    February 3, 2012 at 10:52 pm

    အနိဌာရုံမြင်ကွင်းကိုမြင်တွေ့နိုင်ပါစေ..။

  • MaMa

    February 4, 2012 at 7:18 am

    ဖတ်ရင်းနဲ့ မျက်စေ့ထဲ ပုံပေါ်လာလာ ဓာတ်ပုံများ ပါလာမှာလားဆိုပြီး ကြောက်နေတာ။
    ပါလာရင်လည်း ကြည့်ချင်သေးတယ်။
    တော်ပါသေးရဲ့ဓာတ်ပုံပါမလာလို့။ 🙁

  • Thel Nu Aye

    February 4, 2012 at 9:54 am

    ရပ်ထားတဲ့ကားတွေကလဲရှေ့မကြည့်နောက်မကြည့် နဲ့ကားတံခါးဖွင့်တာတော်တော်ဆိုးတယ်။ စွတ်ဖွင့်လိုက်တော့နောက်ကလာတဲ့ကား တွေ ဆိုင်ကယ်တွေ ဒုက္ခရောက်တာပေါ့။

  • ဇွဲမာန်(အင်းဝ)

    February 4, 2012 at 2:48 pm

    အနိဌာရုံမြင်းကွင်းမှလည်းကင်ဝေးနိုင်ကြပါစေ..။

Leave a Reply