ညီမလေးအတွက်.. နှလုံးသားကပြောသောစကားလေးများ..(1) ……………………………………………..…………………………………….

ညီမလေးအတွက်..
နှလုံးသားကပြောသောစကားလေးများ..(1)
……………………………………………..…………………………………….

 

 

ညီမလေးရေ……..

အခုရေးမည့်စာတွေကိုညီမလေးမှတ်သားစေချင်ပါတယ်၊

`အမှတ်တရ`ပဲဆိုဆို`အမှတ်အသားပဲ`ပဲပြောပြောဘာပဲပြောပြော

နားလည်စေလိုသောစိတ်သဘောအနေနဲ့ရေးသားလိုက်တာပါ၊

အခုလိုစာမရေးမိခဲ့တာလဲတော်တော်ကြာမြင့်လှပြီပေါ့။

`ညီမလေး`ဆိုသောစကားလေးဟာမောင်နှမတွေကြားမှာ

အကိုနှင့်ညီမလေးအဖြစ်သံယောဇဉ်အမျှင်အတန်းလေးတစ်ခုသက်ရောက်မိအောင်ပေါ့။

အချို့အရာတွေမှာ ညီမလေးနားလည်မှုနည်းပါးလိမ့်မယ်၊

ဒါပေမဲ့တချိန်ချိန်မှာ ညီမလေးအတွက်`အကိုတစ်ယောက်ရဲ့နှလုံးသားကပြော

သောစကားလေးတွေအဖြစ်`အမှတ်ရနေလိမ့်မယ်ဆိုတာယုံနော်။

နောက်တစ်ခုကညီမလေးအတွက်အားပေးဖော်အားပေးဖက်

တစ်ယောက်အဖြစ်ရှိနေလိမ့်မယ်လို့အကိုပြောရဲတယ်ညီမလေး။ တခါတလေကြရင်စေတနာကနေ

ဝေဒနာဖြစ်သွားတက်တာရှိတယ်နော်၊

တချို့စာတွေမှာစေတနာလွန်ကဲပြီးဝေဒနာဖြစ်သွားခဲ့ရင်တောင်ပန်ပါတယ်ညီမလေး။

ညီမလေးဟာလိမ္မာတယ်လိုလည်းမပြောလိုဘူး၊ရိုင်းစိုင်းနေတယ်လို့

လည်းမပြောပါဘူး။လူငယ်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိမှာပါပဲ-

အရာအားလုံးကိုနားလည်ပါတယ်။

လွတ်လက်ခြင်းဟာတိုးတက်စေမည့်အခွင့်ရေးဆိုပေမဲ့

လွတ်လက်လွန်းအားကြီးရင်ပျက်တက်တယ်နော်။

သတိရှိရှိတွေးတောဆင်ခြင်နေထိုင်သင့်တယ်လို့အကိုထင်တယ်ညီမလေး။

သတိဆိုတာပိုတယ်မရှိပါဘူးလိုတာပဲရှိပါတယ်။

အရာရာကိုသတိနဲ့သာဆင်ခြင်ပါညီမလေး….။

မေတ္တာဖြင့်…

ကိုကို

ညီမလေးရေ……

လူဆိုတာဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေအားလုံးကိုဝေဖန်ပြစ်တင်ပြော

တက်ဆိုတက်ကြတာပဲ၊ကောင်းရင်ကောင်းသလိုဆိုးရင်ဆိုးသလိုပြောတက်

ကြတယ်ညီမလေး။ ဒါဟာသဘာဝလို့ပြောကြတာပဲညီမလေး။

ညီမလေးကိုလူတွေကတချိ်န်ချိန်မှာပြောခဲ့ကြရင်ပေါ့။ ဒီပြောဆိုမှုကိိုသီးခံခွင့်လွတ်ပေးရမယ်နော်

မယ်နော် အရင်ကလဲညီမလေးကို အကိုယ်ပြောခဲ့ပြီးသားပါ။

မှတ်မိမယ်လို့ထင်ပါတယ်`သီးခံခြင်း`ဆိုတဲ့ခန္တီဟာ ပါရမီတပါးဆို-

တာကိုလေဘယ်လိုပဲပြောကြပါစေ၊ကိုယ့်ရဲ့တက်လမ်းကိုတော့

အဟန့်တားတစ်ခုအဖြစ်မဖြစ်ခံနဲ့နော် ညီမလေး။

အများကပြောလို့ဆိုကာအရွဲ့တိုက်ပြီးလည်းမလုပ်ရဘူး၊မပြုမူရဘူး၊

အရွဲ့တိုက်ပြီးညီမလေးမဆင်မခြင်လုပ်ရင်ညီမလေးရဲ့ဘဝပဲနစ်နာဆုံးရှုံးသွားမှာညီမလေးရ။

 

မည်သူတစ်ဦးတစ်ယောက်ကိုမျှအရွဲ့မတိုက်ရဘူးနော်။

ဘယ်လိုပဲပြောနေပြောနေမဟုတ်ရင်နားမထောင်နဲ့ဟုတ်ပြီနော်ညီမလေး။

ပတ်ဝန်းကျင်နှင့်လိုက်လျောညီစွာနေနိုင်ပါစေ….

မေတ္တာဖြင့်
…………….
ကိုကို

6 comments

  • ဇွဲမာန်(အင်းဝ)

    February 3, 2012 at 11:17 pm

    ညီမလေးနားလည်နိုင်ပါစေ…။

  • eipu

    February 4, 2012 at 10:17 am

    အကိုတယောက်ရဲ့ ညီမလေးအပေါ်ထားတဲ့ ချစ်ခြင်း၊ စေတနာတွေနော်။

  • etone

    February 4, 2012 at 10:48 am

    ကိုကိုရေ

    ညီမလေး မွေးစား အစ်ကိုတစ်ယောက်ရလိုက်တာ ဝမ်းသာလို့ မဆုံးပါဘူး ။

    ဂျီကျတာလည်း မဟုတ်ရပါဘူး …… ပူဆာရုံလေးပါ … ။
    ရိုင်းစိုင်းတာလည်း မဟုတ်ရပါဘူး …. ခံပြင်းရုံလောက်ပါ ။
    ပွစိပွစိလုပ်တာလည်း မဟုတ်ရပါဘူး … ချွဲတတ်ရုံလေးပါ ။
    အရွဲ ့တိုက်တာလည်း မဟုတ်ရပါဘူး … ဥပက္ခာပြုရုံလောက်ပါ ။

    လူဆိုတာမျိုးက(အများစုက) စကားမရှိ စကားရှာ ဆီလို အပေါက်ရှာပြီး အတင်းပြောချင်
    ထိုင်လျှင် လည်းပြော ၊ ထလျှင်လည်းပြော ၊ရွှေရှိမှ အမျိုးတော် မြေနိမ့်ရာ လှံစိုက်တတ်တဲ့
    ခပ်ပေါပေါ အထည်ကြီးပျက်တွေ များသမို့ ….. သာသနာ့ဘောင်ပဲ ဝင်ပါတော့မယ် …. ။ 😀 😀 😀

  • စိန်ပေါက်ပေါက်

    February 4, 2012 at 12:40 pm

    ကိုကိုရေ
    ညီလေးတို ့အတွက်လဲ ရေးပါဦးလားဟင် 😕

  • ဇွဲမာန်(အင်းဝ)

    February 4, 2012 at 2:38 pm

    ညီလေးအတွက်လည်းရေးပေးပါ့မယ်နော် ခုလိုအားပေးကြတာဝမ်းသာမလို့မဆုံးပါဘူး..။

  • kyeemite

    February 12, 2012 at 6:16 am

    ဇွဲမာန်(အင်းဝ)ခင်ဗျား..တော်တော်ကောင်းတဲ့ အတွေးနဲ့အရေးပါဘဲ..အခုခေတ် မိန်းကလေးငယ်တွေ
    အတွက် အရမ်းကိုဖတ်သင့်ပီး လိုက်နာသင့်တဲ့အကြောင်းအရာလေးတွေပါ…တဆင့်ဖြန့်ဝေနိုင်အောင်
    ကူးထားလိုက်ပါတယ်..

Leave a Reply