လွယ်လွယ် သေချင်သူများသို ့

ဂ်စ္စူFebruary 4, 20121min32943

အသက်တစ်ချောင်းကို အလေ့ကျ ပေါက်ပင်လိုများ မှတ်နေကြသလားဗျာ။

လူ ့ဘဝရဖို ့ဘယ်လောက်ခက်လဲ၊လူဖြစ်ရင်တောင် အလုံးစုံ ပြီးပြည့်စုံတဲ့ လူကောင်းတစ်ယောက်ဘဝရဖို ့

လူဝင်ဆံ့နိုင်တဲ့ ရုပ်ရည်၊ခန္ဒာကိုယ်၊အသားအရည်၊အရပ်အမောင်းနဲ ့ လူကောင်းပကတိ တစ်ယောက်ဘဝရဖို ့

ဘယ်လောက်ခက်လဲ။ ကိုယ့်အသက်အရွယ် မိဘတွေသင်ပေးခဲ့တဲ့ပညာအရည်အချင်း၊ကိုယ်ပိုင်ဦးနှောက်နဲ ့

ရှည်ရှည်ဝေးဝေး စဉ်းစား အဖြေထုတ်နေစရာတောင် မလိုဘူးထင်ပါတယ်ဗျာ။လူကောင်းဘဝတစ်ခု ပိုင်ဆိုင်ဖို ့

တယ်ကိုမလွယ်လှပါဘူး။ဒါကို သိသိကြီးနဲ  ့လူတစ်ချို  ့ဟာ..  အဘယ်ကြောင့် မိမိခန္ဒာကိုယ်နဲ ့  အသက်ကို

ထိခိုက်ဆုံးရှုံးအောင် ဖန်တီးချင်ကြတာလဲ ကျုပ်ဖြင့် စဉ်းစားလို ့မရနိုင်ဘူး။

 

လူတိုင်း သေမှာကြောက်ကြပါတယ်။ယုတ်စွအဆုံး လူမပြောနဲ ့ တိရစ ္ဆာန်တောင် သူ ့အသက် သူတန်ဘိုးထား

တယ်။ခွေးတစ်ကောင်ကို ချောင်ပိတ်ရိုက်ကြည့်၊ရိုက်တဲ့လူကို စိတ်ထဲကြောက်သော်လဲ သူ ့အသက်မသေဖို ့ရာ

ပြန်ကိုက်ပြီး အသက်မဆုံးရှုံးအောင် ရနိုင်သလောက် ကာကွယ်မှာပဲ။

လူတွေလို ရှေ ့ရေး၊နောင်ရေး၊မိသားစုအိမ်ထောင်ရေး ထည့်မစဉ်းစားတတ်တဲ့ ဦးနှောက်မဲ့ အကောင်တောင်

သူ ့အသက်ကို တန်ဘိုးထားကာကွယ်ရမှန်းသိရင် လူဖြစ်လျက်၊စဉ်းစားတွေးခေါ်တတ်လျက်နဲ ့ ကိုယ့်အသက်

ကိုယ် တန်ဘိုးမထားတတ်တဲ့လူတစ်ချို ့ကို ခင်ဗျားတို ့ဘယ်လို မြင်လဲ ။

 

နိုင်ငံနဲ ့လူမျိုးအတွက် သေတာလဲ မဟုတ်၊သေသွားလို ့ မိဘဆွေမျိုးနဲ ့ တိုင်းပြည်အတွက်လဲ

ဘာမှကောင်းကျိုးမပေး။ဗုဒ္ဒဘာသာ အယူဖြစ်ပါက ကိုယ့်ကိုယ်ကို သတ်သေလျင်

အဖန်ငါးရာ ငါးကမ္ဘာ မပြည့်မချင်း ဒီချိန်၊ဒီအရွယ်ရောက်တိုင်း ဒီလိုသေနေဦးမှာပဲ။

သေပြီးနောက်ပိုင်း သေခြင်းမကောင်းတဲ့အတွက် သေတာတောင် ကန်တော့ပါရဲ့

အခန် ့မသင့်ရင် အတင်းတုပ်ခံရဦးမယ်။ကျန်ရစ်သူမိသားစုခမျာလဲ ငွေကြေးအင်အားတောင့်ရင် တော်သေး

ငွေကြအင်အား မတောင့်ပါက မိသားစုလဲ တစ်ပူပေါ် နှစ်ပူဆင့်၊သွေးသားလဲ ဆုံးရသေး၊မသာအတွက်လဲ

ရုန်းကန်ရသေးရဲ့ ဘယ်လောက် ဗျာပါဒ များကြမလဲ စဉ်းစား။

 

ကိုယ့်ပတ်ဝန်းကျင်က လူတွေ

ဖျားနာမကျန်းဖြစ်တာနဲ ့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းပြေး၊ခွဲစိတ်ခန်းပြေးနဲ ့

အချိန်မတိုင်ခင်၊သေမဲ့အရွယ်မရောက်ခင် မသေအောင် လုံးပမ်းနေကြတာ၊

နီးစပ်ရာဆေးရုံမနိုင်ရင် နိုင်ငံခြားထိသွားပြီး ရှိသမျှစည်းစိမ်ရင်းပြီး အသက်ကို လုနေကြတာ၊

သေမင်းကို အံတုနေကြတာ မြင်ဖူး၊တွေ ့ဖူနေလျက်နဲ ့ ဘာပြုလို ့ လူတစ်ချို  ့ဟာ

သေမင်းဆီပြေးသွားနေချင်ကြတာတုန်း။

 

ထစ်ခနဲရှိ အသားနာအောင်လုပ်ပြပြီး လိုချင်ရာကို ရအောင်ယူဖို ့ပဲ စဉ်းစားတတ်တာလား

ဖြစ်ချင်တာမဖြစ်ရတာနဲ ့ပဲ သေကြောင်းကြံရအောင် ကိုယ်ဖြစ်ချင်တာတွေက အခုမှမဖြစ်ရရင် တစ်သက်လုံး

ကြိုးစားဖန်တီးယူလို ့မရတော့ဘူးလား။ကိုယ်ဆန္ဒပြည့်အောင် တခြားနည်းလမ်းသုံးပြီး ဖန်တီးမယူတတ်တော့ဘူးလား။အခက်အခဲကို ဒီလိုနည်းနဲ ့မဟုတ်ပဲ တခြားနည်းတွေနဲ ့ဖြေရှင်းလို ့

ရနိုင်သေးတယ်ဆိုတာ မသိကြလို ့လား၊အဲဒီလူတစ်ချို ့ကို အတော်မိုက်တယ်လို ့ပြောချင်တယ်ဗျား။

 

 

ကျုပ်ဖြင့် ကျုပ်အသက်လဲ တန်ဘိုးထား နှမြောတယ်၊ကျုပ်မိသားစု၊ကျုပ်လူမျိုးတွေရဲ့ အသက်လဲ

တန်ဘိုးထားတယ်။ကုန်ကုန်ပြောရရင် အသက်တိုင်းကို တန်ဘိုးထား နှမြောတယ်ဗျာ။

 

ဒါကြောင့် မလိုအပ်ပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့သတင်းမျိုးကြားရင် အတော် စိတ်မကောင်းဖြစ်ရတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ဘသူ ့ကိုမှ မလိုအပ်ပဲ၊အဓိပ္ပါယ်မရှိပဲ လောကကြီးထဲက ထွက်မသွားစေချင်ဘူး။

လောင်းကစားလုပ်ပြီး မလျော်နိုင်လို ့ ့ တစ်မိသားစုလုံး အဆိပ်သောက်သေသွားကြတယ်၊

ကြွေးမြီတွေမဆပ်နိုင်လို ့ မိန်းမနဲ ့ခလေးတွေကို ရဲဒင်းနဲ ့ခုတ်သတ်ပြီး ကိုယ့်ကိုယ်ကိုလဲ သတ်သေတယ်၊

သူများအိမ်မှာ အလုပ်လုပ်ရတာ အဆင်မပြေလို ့ သတ်သေတယ်။ချစ်သူနဲ ့ အဆင်မပြေလို ့၊ချစ်သူက

နောက်တစ်ယောက်ထပ်ထားလို ့ တိုက်ပေါ်က ခုန်ချသတ်သေတယ် ။

မိန်းမနဲ ့ စကားများရာက ကြိုးဆွဲချ သက်သေပလိုက်တယ်  စသဖြင့် ပြဿနာကို ရင်မဆိုင်ပဲ

လွယ်လွယ်နဲ ့ လောကကြီးထဲက ထွက်သွားချင်ကြတာ ကိုယ့်အတွက်လဲ မကောင်း၊ကိုယ့်မိသားစုအတွက်လဲ

မကောင်း၊နိုင်ငံအတွက်လဲ မကောင်းပါဘူးဗျား။

 

လူမသေငွေမရှားပါ။မသေမချင်း ရိုးရိုးသားသား ရှာခွင့် ရှိပါတယ်။တစ်ယောက်မကောင်းရင် တစ်ယောက်ပြောင်းနိုင်ပါတယ်။လိမ်မာပါးနပ်ရင် အရင်ထက်ပိုကောင်းတဲ့ တစ်ယောက်ကို

ရလာနိုင်တယ်ဆိုတာ မယုံမရှိနဲ ့ ကြုံပြီးတဲ့အခါ သိပါလိမ့်မယ်။

ကိုယ်လက်အင်္ဂ ါချို ့တဲ့နေသူများတောင် လောကကြီးကို ရဲရဲဝံဝံ ရင်ဆိုင်နေကြတာချည်းကို

လူကောင်းပကတိ၊ငွေကုန်ကြေးကျခံ၊အချိန်ကုန်ခံပြီး သင်ခဲ့တဲ့ ကိုယ့်ပညာမှမထောက်၊

ချို ့ချို ့တဲ့တဲ့နဲ ့ ပြုစုပြိုးထောင်ပေးခဲ့တဲ့ ကိုယ့်မိဘ ဘဝမှ မထောက်၊ဘယ်သူ ့ကို မှလဲ ကောင်းကောင်းမွန်မွန်

ကျကျနန ကျေးဇူးမဆပ်ခဲ့ပါပဲ ဘာမဟုတ်တဲ့ လူတစ်ယောက်အတွက်၊စဉ်းစားဖြေရှင်းနိုင်တဲ့ ပြဿနာ

အချို ့အတွက်နဲ ့ လူ ့ဘဝကြီးကို လွယ်လွယ်ကူကူပဲ ခင်ဗျားတို ့ နှုတ်ဆက်ဝံ့သလားဗျာ။

ခေတ္တလေး အချိန်ယူပြီး သွေးအေးအေးနဲ ့ စဉ်းစားကြည့်လိုက်ပါဦးလို ့ပဲ………………………………….။

 

( လွန်ခဲ့တဲ့ ၄ရက်ခန် ့က တံတားပေါ်မှ ခုန်ချ သတ်သေသွားတဲ့ သူငယ်ချင်းရဲ့ ညီမငယ် နဲ ့ ကျန်ရစ်သူများအတွက် ဝမ်းနည်းမိပါကြောင်း သူရို ့ကွယ်ရာမှာပဲ ပြောပါရစေဗျား )

 

 

43 comments

  • aungnng87

    February 4, 2012 at 3:12 pm

    သူ့အကြောင်းနဲ့သူပေါ့စိန်ပေါက်ပေါက်ရယ်…။ သူသေရမဲ့အချိန်ရောက်လာရင် စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ဘူးလေ။

    • စိန်ပေါက်ပေါက်

      February 4, 2012 at 3:17 pm

      တရာနဲ ့ ဖြေနိုင်အောင် ကြိုးစားပါ့မယ် အာကိုရယ်

      • Moe Z

        February 5, 2012 at 10:26 am

        ပေါက်မောက်ခကြီးချင့် သတ်ပုံလေးဂရုစိုက်စေလိုပါတယ်ချင့်
        ခန္ဒာမဟုတ်ပဲ ခန္ဓာပါချင့် 😀

        • စိန်ပေါက်ပေါက်

          February 5, 2012 at 11:37 am

          သိပါတယ်တော်.
          သတ်ပုံအသင်းကြီးကို သွေးတိုးစမ်းကြည့်တာဘာ
          ဂယ်ဘဲ..ဂယ်ပဲ..
          နှခေါင်းကြီး ဆွဲလိမ်လိုက်လို ့…ခဲတံချွန်လို ့မရဘဲနေဦးမယ်..
          ညှင်း..ညှင်း..

  • aungnng87

    February 4, 2012 at 3:20 pm

    များကမိန်းခလေး…မူရင်းနံမည်နဲ့ register လုပ်တာ သူကြီးကလက်မခံလို့ ရတာနဲ့ဝင်ရတာ…

    • စိန်ပေါက်ပေါက်

      February 4, 2012 at 3:30 pm

      ဟယ်..
      တီတီ့ နာမည်က များတဲ့လား 😆
      တော်တော်ပျောက်သွားခဲ့တာပဲနော်..
      တစ်နေ ့တာ ခံစားမှုလေးတွေလုပ်ပါဦး
      မဖတ်ရတာကြာပြီ

  • MaMa

    February 4, 2012 at 4:09 pm

    စိန်ပေါက်ပေါက်ရေ-
    အဲဒီအကြောင်းရေးချင်လို့ ပိုစ့်တစ်ပုဒ်ရေးနေတာ ၁လလောက်ရှိပြီ။
    ကိုယ့်စာကိုယ် မကြိုက်တာနဲ့ပဲ မတင်ဖြစ်တာ။
    စိန်ပေါက်ပေါက် ရေးပြတော့မှပဲ စိတ်ကျေနပ်သွားတော့တယ်။
    ဘဝတစ်ခုကို လွယ်လွယ်နဲ့ အရှုံးမပေးစေချင်ဘူး။
    ကိုယ့်အတွက်မဟုတ်တောင် အနည်းဆုံး ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းအတွက် အသက်ရှင်နေနိုင်အောင် ကြိုးစားသင့်တယ်။
    သေတာနဲ့ ကိစ္စအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားတာမှ မဟုတ်တာ။
    နောက်ပြီး ပြောရမယ်ဆိုရင် လောကမှာ လူရယ်လို့ ဖြစ်လာရင် လူတိုင်းကိုယ်စီ ကိုယ့်ဒုက္ခနဲ့ကိုယ် ရှိကြတာချည်းပဲ။
    ဆင်းရဲတဲ့လူမှ မဟုတ်ဘူး၊ ချမ်းသာတဲ့လူလည်း ဒုက္ခရှိတာပဲ။
    ကြုံတွေ့လာရတဲ့ ဒုက္ခတွေ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းသင့်တယ်ဆိုတာ ဗဟုသုတရအောင် သောကကင်းဝေးနေနိုင်ရေး ဆိုတဲ့ (ဆရာကြီး ဦးအောင်ခင်ဆင့် ရေးထားတာထင်တယ်) စာမျိုးတွေ ဖတ်သင့်တယ်။
    ဘာသာတရားနဲ့ထိန်းနိုင်ရင်တော့ အတိုင်းထက်အလွန်ပေ့ါ။
    (ဒီစာကြောင်းကို သဂျီး မမြင်ပါစေနဲ့) 😀

  • စိန်ပေါက်ပေါက်

    February 4, 2012 at 4:20 pm

    ရှူး..
    သဂျီးဟိုးဘက်ရပ်ကွက်မှာရှိတယ်
    လူကို မိုးကြိုးပွတ်တာ ကံကြီးထိုက်လို ့မဟုတ်ဘူးတဲ့
    ဂရောင်းမချလို ့ပွတ်တာတဲ့ လိုက်ပေါနေတယ်..
    😆

    • nature

      February 5, 2012 at 1:48 pm

      စိန်ပေါက်ပေါက်နဲ့….အဲလေ ..စိတ်ပေါက်ပေါက်နဲ့ ဒီလောက်မိုက်တဲ့ သူကြီးကို ဂရောင်းချထားပြီး မိုးကြိုး ပစ်ပါစေလို့ ဆုတောင်းလိုက်ပစ်ချင်တယ် ။ အဟီး ကိုယ့်ပွိုင့်လေးတွေမပြည့်သေးလို့။ 🙂
      ရွာသားများဝိုင်း၍ ဆုတောင်းကြပါလေ..။ မိုက်မဲသောသူကြီး သွားလေရာ ခလုတ်တိုက်စေသတည်း။ 🙂

      • စိန်ပေါက်ပေါက်

        February 5, 2012 at 1:55 pm

        အောင်မာ..အောင်မာ.
        များဘရီးက သကြားမင်းရဲ့အကို နို ့ဆီမင်း..
        ပစ်မဲ့ပစ် သဂျီးကိုပဲ ပစ်လိမ့်မယ်..တိရဲ့လား

  • thit min

    February 4, 2012 at 4:49 pm

    Suicides per 100,000 people per year

    Lithuania 34.1 2009
    South Korea 31.2 2010
    Guyana 26.4 2006
    Kazakhstan 25.6 2008
    Belarus 25.3 2010
    Hungary 24.6 2009
    Japan 23.8 2011
    Latvia 22.9 2009
    People’s Republic of China 22.23 2010
    Slovenia 21.9 2009
    Sri Lanka 21.6 1996

    Source: World Health Organization. (WHO)

    ——————————————-
    ကန်ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာက နှိုက်လာတာညီရေ။
    ————–
    ထိပ်ဆုံး ၁၁ နိုင်ငံလေးပါ။ ၁၀ရ နိုင်ငံစာရင်းရှိပေမဲ့ မြန်မာမတွေ့ရ။
    စာရင်းကောက်မဲ့သူမရှိလို့၊ စာရင်းမပေးလို့ တခုခုဖြစ်မှာပါ။
    လောကကြီးမှာ သေတာထက် ဆိုးတဲ့ အဖြစ်တွေနဲ့ ကြုံရတတ်ပါတယ်။
    မိတ်ဆွေအပေါင်းအသင်းကို ရင်ဖွင့်လေ့မရှိတဲ့ ဂျပန်တွေလဲ မတရားသတ်သေကြတယ်။
    ဒီမှာ ဒေါက်ထရိတ်လုပ်နေတဲ့ (ဆရာဝန်လိုင်း)က အစ်မတယောက် ၈ ထပ်တိုက်ပေါ်ကခုန်ချ
    သေသွားတယ်။ သူ့ စာတမ်းကို ဆရာ ရစ် နေလို့ပေါ့ကွာ။စိတ်ဆင်းရဲပြီး ဘွဲ့လဲမရနိုင်၊မြန်မာ
    ပြည်လဲပြန်ချင်နဲ့ ထွက်ပေါက်ပိတ်သွားတာထင်ပါရဲ့။
    လွန်ခဲ့တဲ့ တပါတ်က အရက်ဆိုင်က အလုပ်သမားကောင်မလေးကို သူ့အင်ချာ့ကဟောက်
    လို့ဆိုပြီး ချက်ချင်းဘဲ အားလုံးကိုနှုတ်ဆက်ပြီး ၆ ထပ်ကသွားခုန်ချတာ (ဂျပန်မ) မသေဘူးဗျာ။
    တကိုယ်လုံးအရိုးတွေကျိုးပြီး အော်နေရတယ်။ဂျပန်တွေက အသားကိုမထိဘဲနဲ့ လူကို
    သေချင်စိတ်ပေါက်အောင် ပြောတတ်တယ်။
    အဲဒီလိုပေါ့ကွာ။ ခိုင်လုံတဲ့ အကြောင်းလေးတွေရှိပါတယ်။
    အသက်ကိုခင်တွယ်မှုမရှိတာတော့မဟုတ်ပါဘူး၊ ဘဝရဲ့ပိတ်ဆို့သွားတဲ့ လမ်းကြောင်းကိုဖောက်ထွက်
    ဖို့ဘယ်လိုမှ မလွယ်တော့လို့လဲ အနဲစု(အနဲစုနော်) ပါ၊ပါလိမ့်မယ်။
    စိတ်ဓာတ်ပျော့ညံ့တယ်ဆိုတာလဲ လတ်ခံပါတယ်။တပိုင်းအနေနဲ့။
    ဒါပေမဲ့ ကိုယ့်ဂုဏ်သိတ်ခါအတွက် လဲ ရမဲ့အနေအထားတွေလဲ တကယ်ကို တွေ့ဘူးတယ်။
    ဘာဘဲဖြစ်ဖြစ်ပါ “သတ်မသေသင့်ဘူး” ဆိုတဲ့ ညီလေးရဲ့ အဆိုပြုချက်ကိုတော့ သဘောတူပါတယ်။
    သေတောင်သေရဲ မှတော့ အရာရာကိုရင်ဆိုင်ရဲ သင့်တယ်လို့ဘဲ ဆိုချင်ပါတယ်။

    • စိန်ပေါက်ပေါက်

      February 4, 2012 at 5:16 pm

      ဒီနည်းကို ဘယ်သူက စထွင်လိုက်လဲ မသိဘူးဗျာ
      သေ၊အေးကော ဘာမှမသိတော့ဘူး ဆိုပြီး လုပ်ပြစ်ကြတာ..

      ရှင်းမရမဲ့အတူတူ သေသော်မှသည် ဪကောင်း၏ ဆိုပြီး တစ်သက်လုံး မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကြောင့်
      သေကြောင်းကြံတာ ထားပါတော့ဗျာ..

      ခုက
      ဘာမဟုတ်တဲ့ ပြဿနာလေးအတွက် လုပ်ပြစ်ကြတာ..အံ့ဩလွန်းလို ့ပါဗျာ
      ဒီအကြောင်း နို ့မို ့ဆို မရေးဖြစ်ပါဘူး
      ကိုယ့်မျက်စိအောက်ကြီးလာတဲ့ ခလေးမတစ်ယောက် ယောက်ျားနဲ ့ဖုန်းဆက်စကားများရာက သူ ့သူငယ်ချင်းတားလျက်ကြားက ခုန်ချသွားတာမိုလို ့…..
      ဝှူး…အံ့ဩတာပဲ သိတယ်အူးသစ်ရေ

  • aye.kk

    February 4, 2012 at 5:03 pm

    အဖန်ငါးရာ၊ငါးကမ္ဘာခံစားနိုင်ရတာသိလျှက်..
    အဝိဇ္ဇာဖုံးသွားကာမဆင်ခြင်နိုင်မိတာပဲဖြစ်မှာလို့ထင်မိတယ်..
    ဂုဏ်သိက္ခာအတွက်လဲသွားတာများလားမသိဘူးနော်..။

    • စိန်ပေါက်ပေါက်

      February 4, 2012 at 5:22 pm

      အန်တီအေးရေ
      မရှက်တတ်ရင် မသေပါဘူးဗျာ.
      ဂုဏ်သိက္ခာအတွက် အဲလိုလုပ်ကြေးဆို.ပြောတော့ပါဘူးနော်..
      နိုင်ငံရေးတွေ ပါလာမှာဆိုးလို ့ 😆

  • ကိုပေါက်ဖော်ရေ ..
    စိတ်ဆိုး၊ စိတ်ပျက်၊ အမျက်ထွက် တာကို ပါဠိလို ‘ဒေါသ’ လို့ အဓိပ္ပါယ် ဖွင့်တဲ့အကြောင်း မှတ်သားခဲ့ဖူးတယ်ဗျ။ ကျွန်တော်တို့ သိထားတဲ့ ဒေါသ က အမျက်ထွက်တာ တစ်ခုတည်းပါပဲ။
    များသောအားဖြင့် လူတွေဟာ ဒေါသ တအားထွက်လာရင် အမှန်ကို မမြင်နိုင်ကြတော့ဘူးဗျ။ မှားတတ်ကြတာက များပါတယ်။
    အဲဒီ အမှားတွေထဲမှာ စိတ်ဆိုးလွန်းလို့ အမျက်ထွက်လွန်းလို့ သူတစ်ပါးကို သတ်လိုက်မိတဲ့အမှား၊ ပြီးတော့ စိတ်ပျက် စရာတွေ များလွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေလိုက်တဲ့အမှား တွေကတော့ဖြင့် အကြီးဆုံးပေါ့ဗျာ။
    အဲဒီလို အမှားမျိုးတွေ မကျူးလွန်မိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်တဲ့ အကျင့်လေးကို တဖြည်းဖြည်း ပြုစုပျိုးထောင်ပေးထား သင့်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်ဗျာ။

    • စိန်ပေါက်ပေါက်

      February 4, 2012 at 5:38 pm

      ဟုတ်ကဲ့…
      တစ်ချို ့ကြတော့လဲ သွေးအေးအေးနဲ ့ ကိုယ်သွားရာနောက် မိသားစုပါ ခေါ်သွားတာဗျာ
      အင်းလေ..ကိုယ်တောင် မရှင်းနိုင်တာ မိသားစုကျန်ခဲ့ရင် ပိုတောင် ဒုက္ခရောက်ဦးမယ်ပေ့ါဗျာ
      အကြောင်းအမျိုးမျိုးတော့ ရှိမပေါ့နော်.ဒေါသကြောင့်လဲပါတာပေါ့..
      ကျနော်.ဒေါ်သဖြစ်ရင်တော့ ကိုယ့်ကိုယ်ကိုတော့သတ်ဝူးဂျာ..စိတ်တိုအောင်လာလုပ်တဲ့လူပဲ တက်ပစ်မှာ 😀
      လကားနောက်တာ.
      ဒေါသ..မောဟ ကင်းဝေးပါရစေဗျာ
      ညက အိပ်တောင် အိပ်ရဲဘူး..ကြောက်လို ့ 😆

  • fatty

    February 4, 2012 at 5:46 pm

    အသက်လမ်းကြောင်းအောက်ဖက်စိုက်ဆင်းနေပါက မည်သူမှတားမရ ကိုယ့်ကိုယ်ကိုအဆုံးစီရင်
    သွားမည်ဖြစ်ပါသည်။

    • စိန်ပေါက်ပေါက်

      February 4, 2012 at 5:54 pm

      ကိုရင်စည်သူနဲ ့တွေ ့မှ လက္ခဏာ ကြည့်ခိုင်းရဦးမယ် ဦးဖတ်ရေ
      😀

  • alinsett

    February 4, 2012 at 7:27 pm

    အသက် ကို တန်ဖိုးမထားသူများ… ကို နားမလည်နိုင်သေးပါဘူး။

    လူဟာ..ဘယ် အချိန်..ဘယ်လို အနေအထားမျိုးမှာ..ကိုယ့်အသက်ကိုတောင် မနှမြော တော့လောက်အောင် ဖြစ်တတ်သလဲ..။
    တကယ်တော့ လူ ့ဘဝ ရဖို ့ အင်မတန် ခက်တယ်တဲ ့…နော်။

    အခုလို ပို ့်စလေး နဲ့ ပြောပြပေးထားတာ အင်မတန်ကောင်းပါတယ် ။

    ဆက် လက် အားပေးနေပါမယ်။

    ခင်မင်စွာ..

    • စိန်ပေါက်ပေါက်

      February 4, 2012 at 7:36 pm

      ဟုတ်ကဲ့ပါကိုအလင်းဆက်ရေ

  • “”လူမသေငွေမရှားပါ။မသေမချင်း ရိုးရိုးသားသား ရှာခွင့် ရှိပါတယ်။တစ်ယောက်မကောင်းရင်
    တစ်ယောက်ပြောင်းနိုင်ပါတယ်။လိမ်မာပါးနပ်ရင် အရင်ထက်ပိုကောင်းတဲ့ တစ်ယောက်ကို
    ရလာနိုင်တယ်ဆိုတာ မယုံမရှိနဲ ့ ကြုံပြီးတဲ့အခါ သိပါလိမ့်မယ်။””
    နောက်တစ်ယောက်……….
    Next. One…..
    New one……
    တော်ပီ။လူပျိုကြီးဘဲလုပ်မယ်။မှတ်ချက်။။ဖေဖေ့လို
    အားပေးသွားတယ်နော် ကိုပေါက်ဖော်။

  • စိန်ပေါက်ပေါက်

    February 4, 2012 at 7:47 pm

    ကျေးဇူး ကိုသန်းထွဋ်ရေ
    ကျနော်လဲ ဖေဖေ့လို လူပြိုဂျီးပါဘဲ 😀

  • nature

    February 4, 2012 at 8:16 pm

    စိတ်ညစ်တဲ့အခါမျိုးကျရင်သေချင်တယ်။ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီးတော့လေ…။ 🙂
    လူ့ဘဝဆိုတာရခဲပါတယ်။ သေချင်တယ်ဆိုတာက သေရင်ဒီဒုက္ခတွေမခံစားရတော့ဘူး။ အေးချမ်းသွားမယ်ဆိုတဲ့ မှားယွင်းတဲ့အယူကြောင့်ပါ။ ဒေါသနဲ့သေတဲ့သူဟာ ဒိထက်အဆပေါင်းများစွာပိုဆိုးတဲ့ ငရဲ ရောက်တတ်ပါတယ်။
    လူ့ဘဝဆိုတာ အရေးကြီတဲ့လမ်းဆုံလမ်းခွကို ရောက်နေသလိုပါပဲ။ လမ်းရွေးမှန်ရင်မှန်သလို ကောင်းကျိုးချမ်းသာတွေ ရတတ်ပါတယ်။

  • padonmar

    February 4, 2012 at 9:23 pm

    စိန်ပေါက်ပေါက်ရေ
    များသောအားဖြင့်တော့ သေကြောင်းကြံတဲ့သူတွေဟာ Depression ခေါ်တဲ့ စိတ်ကျရောဂါကြောင့်ဖြစ်တာများပါတယ်။
    သူဒီရောဂါရနေတာကို ဘေးလူ မရိပ်မိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
    ဆေးတိုက်ရင် ပျောက်နိုင်တဲ့ရောဂါပါ။

  • မိုက်ကယ်ဂျော်နီငပွ

    February 4, 2012 at 9:25 pm

    ကျုပ် တွေဘာတွေသုံးပုံထောက်ခြင်းအားဖြင့်
    အရက်စစ်ပုံရဒယ် ဘယ်ဆိုင်ဂ…ဒုံး

  • TTNU

    February 4, 2012 at 10:22 pm

    လွယ်လွယ်နဲ့တော့မသေချင်ပါဘူး။
    ဒါပေမဲ့ သေရင်တော့ လွယ်လွယ်ကူကူနဲ့ အသက်ထွက်ချင်ပါတယ်။

  • surmi

    February 4, 2012 at 10:57 pm

    ဒီလိုသေကြသူတွေအများစုကတော.၊နောင်ဘဝသံသရာကိုမစဉ်းစား
    မယုံကြည်သူတွေဖြစ်လိမ်.မယ်ဦးပေါက်ရေ–

  • နေဝန်းနီ

    February 4, 2012 at 11:03 pm

    ပြောတတ်တော့ဘူး…။ တစ်ခါတစ်လေ ကျတော့လည်း အဲဒါလိုစိတ်မျိုးရှိနေတာ မရှိလည်းကောင်းတာပဲလို့ စိတ်ရိုင်းရိုင်းနဲ့ တွေးမိပါသည်…။ ကျန်ခဲ့တဲ့ မိသားစုကိုပဲ တနားနိုင်မယ်…။ တေတဲ့တူ တနားချင်ဘူး…။

  • pooch

    February 4, 2012 at 11:59 pm

    စိတ်ငယ်ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းတတ်တဲ့သူတွေ စိတ်ကျလွယ်တဲ့သူတွေမို့လို ထင်ပါတယ်။
    ရခဲလှတဲ့ လူ့ဘဝကို ဒီလိုလွယ်လွယ်လက်လျှော့သွားတာကတော့ လူဖြစ်ရှုံးလှပါတယ်။

  • ချစ်ရင်ထူး

    February 5, 2012 at 1:47 am

    အောင်မလေး တစ်ချို့များကျတော့ လူသေတာတောင် နာမည်က မသေသေးဘူးနော်
    တစ်ချို့ကျတော့ လူကမသေသေးဘူး နာမည်က အရိုးဆွေး နေပြီ….

  • kyeemite

    February 5, 2012 at 7:01 am

    ကိုရင်စိန်ပေါက်ပေါက်..ရေ..တကယ်တော့လောကကြီးမှာ ကိုယ့်ကိုကိုယ် သတ်သေနေသူတွေ
    ထုနဲဒေးပါဗျာ..ခင်ဗျားတို့သတိမထားမိလို့ပါ..အရက်သောက်နေသူတွေ…ဆေးလိပ်သောက်နေသူတွေ..
    ကွမ်းဝါးနေသူတွေ…ဟဲလမက်မဆောင်းပဲဆိုင်ကယ်စီးနေသူတွေ..အရက်သောက်ပီးကားမောင်းနေသူတွေ..
    ဆေးဖတီးဘက်မသုံးဘဲအမြင့်တက်နေသူတွေ…ခါးပါတ်မပတ်ဘဲကားမောင်းနေသူတွေ…
    မရှင်းဂတ်မရှိတဲ့စက်ကိရိယာနားမှာအလုပ်လုပ်နေသူတွေ…မီးပွိုင့်တွေမှာစာစေါင် ကွမ်းရာ ဆေးလိပ်
    ပန်းရောင်းနေသူတွေ…ပြောရရင်တော့အများကြီးပေါ့ဗျာ…ကိုယ့်ဘာသာကိုယ် သတိမထားမိဘဲသတ်သေနေသူတွေဗျ…ကျုပ်ကိုယ်တိုင်လဲအခုတင်ဒီကော်မင့်ရေးနေရင်း ကိုယ့်ကိုကိုယ် သတ်သေနေမိတယ်ဗျ..
    အဟီး..ဆေးလိပ်ဖွာနေလို့လေ…မတူတဲ့အတွေးလေးပေါ့ဗျာ….
    အားလုံးကိုခင်တဲ့….
    ကြိုက်မီး

  • kokothandar

    February 5, 2012 at 9:30 am

    သေကြောင်းကြံတာဟာ စိတ်ရောဂါ အခံရှိသူတွေဖြစ်လို့ပါ တွေ့လာတဲ့ ဒေါသ မောဟ တွေက စိတ်အခံကို
    လှုပ်လိုက်သလိုဖြစ် ရင် သိကြားမင်းဆင်းဖျက် တောင် မပျက်နိူင်တဲ့ သတ်သေချင်စိတ်ပေါ်လာတော့တာပေါ့
    သတ်သေသူတွေဟာ သနားစရာကောင်းတဲ့စာရင်းမှာ မတွေ့သင့်ပါ မပါသင့်ပါ ကျန်ရစ်သူတွေကို အသက်နဲ့
    လဲပြီး ဒုက္ခ ပေးသွားလိုလေ

  • yoeyar may

    February 5, 2012 at 10:37 am

    အင်း အဲဒါကအတိတ်ကံကိုက သတ်သေဖို့ပါလာလို့နေမှာ
    အဖန်ငါးရာငါးကမ္ဘာဆိုတာရှိတယ်လို့ဘုရားဟောထဲမှာပါသလိုပေါ့
    ဘာမဟုတ်တာနဲ့ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတယ်
    အရင်ဘဝတွေကလည်းသတ်သေခဲ့လို့
    ဒီဘဝမှာလည်းကို်ယ့်ကိုယ်ကိုသတ်သေဖို့အကြောင်းပါလာကြတယ်

  • စိန်ပေါက်ပေါက်

    February 5, 2012 at 11:34 am

    ဟမငေး..
    လိုက်ပါ အားဖြည့်ပေးလိုက်ကြလို ့
    လူတစ်ယောက် ဘာကြောင့်သေချင်တာလဲ သိချင်ရင် ကွန်းမန် ့တွေ ကြည့်ပြီး အဖြေထုတ်လို ့ရပါပြီကွဲ ့

    သေချင်ရတဲ့ အကြောင်းအရင်းတွေ တယ်များသကိုး..
    ရွာထဲက ညီငယ် ညီမငယ်တို ့လဲ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အဲသလို မစီရင်ကြနဲ ့နော်.
    စီရင်မယ်ဆိုလဲ ရထားတဲ့ ပွိုင့်လေးတွေ အူးကို လွှဲခဲ့ပေးဖို ့မမေ့နဲ ့ဦး..
    ကောင်းမှုကုသိုလ် လုပ်ပေးဖို ့ပြောတာဘာ..
    ဘီယာတောက်ဖို ့ ဟုတ်ဝူး..ဂယ်ပြောတာ..
    မိုက်ခယ်သဂျိုင်ခီးတူမက များကို ဘီဘီသောက်ရင် ခြစ်တော့ဝူးဆိုလို ့..သောက်တော့ဝူး
    ဖြတ်ထားတာ နာရီဝက်ကြာတွားဘီ 😆

  • စေပိုင်ထွဋ် (ပုသိမ်)

    February 5, 2012 at 11:37 am

    မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတော်ပဲ ကြားယောင်မိတော့တယ်။
    အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ထင်တာပဲ။
    အဲ့ဒီအကြောင်းကို မဖြစ်အောင် ဖြေရှင်းနိုင်မယ်ဆိုရင် အကျိုးလည်း ပေါ်လာမှာ မဟုတ်တော့ဘူး။
    အကြောင်းက ဖြစ်နေသေးသရွေ့တော့ အကျိုးက ဖြစ်နေအုံးမှာပါပဲ။
    အဲ့ဒါကို ဘာတဲ့
    ပဋိစ္စ သမုပ္ပါဒ် လို့ ပါဋ္ဌိလို ခေါ်တယ် ထင်တယ်။
    ဒီသဘောပါပဲ
    ခပ်လွယ်လွယ် သတ်သေချင်တဲ့သူတွေက ကိုယ်ဘာကြောင့် ဒီလို သတ်သေချင်ရတာလဲ။
    အကြောင်းရင်းကို စဉ်းစားဖွေရှာပြီး အမြစ်ပြတ်အောင်
    ဖြေရှင်းနိုင်မယ် ဆိုရင်.. သူတို့လည်း သတ်မသေ ဖြစ်တော့ဘူး ထင်တာပဲ။
    မဖြေရှင်းနိုင်သေး သရွေ့တော့ ဒီကိစ္စကတော့ ဆက်ဖြစ်နေအုံးမယ်။
    ဒီစာကို ဖတ်၍ ကိုယ့်အထင်ကို ပြောလိုက်ပါတယ်။
    ခင်လျှက်………စေပိုင်ထွဋ်(ပုသိမ်)

  • ကိုရင်စည်သူ

    February 5, 2012 at 9:31 pm

    ကိုရင်ပေါက်ဖော်ရေ… ကျနော်တော့ လွယ်လွယ်နဲ့ မသေချင်ဘူးဗျာ..
    အမှန်အတိုင်း လူတစ်ယောက်လိုဝန်ခံရင် သေရမှာ ကျနော်ကြောက်တယ်…။
    သေဖို့လည်း အဆင်သင့်မဖြစ်သေးဘူး… ဒါကြောင့် ကျနော့်ကိုယ်ကျနော်
    မသေအောင် ကြိုးစားနေထိုင်တယ်…။ ကိုယ်ရှိတဲ့ အတ္တနဲ့ ကိုယ့်ရုပ်ပေါ် အစွဲထားတာ
    ကျနော်တစ်ယောက်တည်းတော့မဟုတ်ဘူး ထင်တယ်နော့..
    ဒါနဲ့ စကားမစပ်
    ကျနော် ကျိုက်ထီးရိုးတောင်တွေဘက် တောခရီးသွားရင် ခေါင်းဆေးကန်ဘက်မှာ
    မိန်းမတစ်ယောက်ရေနစ်သေသွားတယ်..။ ခေါင်းဆေးကန်က တစ်နှစ်တစ်ခါ လူတစ်ယောက် စားပါတယ်..။
    အဲ့အကြောင်းကို နောက်ပိုင်းတော့ တောခရီးသွားရင် သတိပြုရမယ့် ဆောင်ရန်ရှောင်ရန်
    အချက်လေးတွေ ကျနော် ရေးပေးပါ့မယ်… ကစိန်ပေါက်ရေ…
    အရက်တွေ လျှော့သောက် ဘီယာတွေပိုသောက်နော်… ဟဲဟဲ… မျက်နှာလာပြသွားပါတယ်ခင်ညာ..

  • ိစိန်ပေါက်ပေါက်ရေ
    ကိုယ့်ကိုကိုယ်သတ်သေသူများသည်တဲ့
    အမှန်တကယ်မသေခင်တဲ့
    သူ၏စိတ်ထဲတွင်တဲ့
    အကြိမ်ပေါင်းများစွာသတ်သေပြီးမှာသာတဲ့
    အမှန်တကယ်သတ်သေခြင်းဖြစ်သည်တဲ့။
    ကြားဘူးတာပြောပြတာ ……………………….
    စိတ်ရောဂါရှိနေတဲ့သူလို့ ပြောမယ်ဆိုရင်မမှားပါဘူးကွယ်။

  • စိန်ပေါက်ပေါက်

    February 6, 2012 at 10:34 am

    ကိုစည်သွပ် ဘုရားဖူးက ပြန်လာပြီလား
    သိပါဘူး
    ကျိုက်ထီးရိုး ဘိုးဘိုးကြီးနဲ ့ညားနေပြီလားလို ့.. 😆

    လေးပေါက်ရေ
    တစ်ခါတလေကျတော့လဲ ရှင်ရတဲ့ဒုက္ခက သေမှကျွတ်သွားတာတွေရှိမှာပါ
    အဲတော့…လွယ်လွယ်မသေချင်ရင် လွယ်လွယ်မလုပ်မိဖို ့လဲလိုတယ်ဗျာ
    လေးပေါက်ပြောသလို အကြိမ်ကြိမ်သေခဲ့ဖူးတယ်ဆိုတာလဲ မှန်ပါတယ်.
    များကတော့ တစ်ခါမှ သေချင်ဘူး..
    ဒီအသက်၊ဒီအရွယ်အတိုင်း အမြဲတမ်းနေသွားချင်တာ 😆
    မအိုဆေး..မသေဆေးလေးများတွေ ့ရင် လက်တို ့ကြဘာဦး
    များ..သေချင်ဘူး..များ..အိုချင်ဘူး..

  • ကြောင်ကြီး

    February 6, 2012 at 11:36 am

    လိုတာမရ ဖြစ်ချင်တာ မဖြစ်လို့ လက်စားခြေချင်စိတ် အရွဲ့တိုက်လိုစိတ်များကြောင့် ဖြစ်သလို တဒင်္ဂရူးသွပ်မှု ကနေလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးထွက်ပေါက်အဖြစ် ဘဝကိုအဆုံးသတ်တာ တကယ်တမ်း ဆန်းစစ်ကြည့်ရင် ရာနှုန်းနည်းပါမယ်။ ပတ်ဝန်းကျင်မှာ ကျန်ရစ်သူမိသားစု ပူဆွေးဝမ်းနည်းကျန်ခဲ့၊ ကိုယ်လက်စားချေလိုသူ မျက်နှာပျက်ကျန်ခဲ့တယ် စတဲ့သတင်း စကားများကနေ ပထမအမျိုးအစားဖြစ်အောင် တွန်းပို့ပေးတတ်တယ်။ ငယ်စဉ်က အထပ်အမြင့်ကနေ အောက်ကိုခုန်ချလိုက်ရင် ဘယ်နှယ်နေမတုံး ခဏခဏ အတွေးဖြစ်ဖူးတယ်။ ကံသီလို့ရွာထဲမှာတွေ့ရတာ…။ 😛

    • စိန်ပေါက်ပေါက်

      February 6, 2012 at 11:52 am

      အူးကြောင် ခုန်ချမယ်ဆို ကြိုပြောဦး
      ရထာတဲ့ပွိုင်လေးတွေ အမွေတောင်းမလို ့..

      သဂျီးက သိပ်ယုံရတာမဟုတ်ဘူး…
      ပေးတဲ့လူက ပေးတာတောင် ကြားထဲက ညစ်ချင်နေတာ….
      သဂျီးနော်..
      အူးကြောင်မရှိရင် အူးကြောင့်ပွိုင့်လေးတွေများကိုပေးရမယ်..
      ဘီယာသောက်ဖို ့ဟုတ်ပါဘူး..
      ကောင်းမှုကုသိုလ်လုပ်ပေးဖို ့ပါ
      😀

  • aye.kk

    February 6, 2012 at 5:59 pm

    အထုံပါလာကရှောင်မရ၊ကိုယ်ပြုခဲ့သည့်ကံ၊ကိုယ့်ထံပြန်လာပေသည်။

  • aye.kk

    February 6, 2012 at 6:09 pm

    fatty,..ရေ
    သိတာလေးပြောပြပါရစေ၊ဥပစ္ဆေဒကကံနှင့်သေမည့်သူ၏
    သေခါနီးအလိုမှသာလက်ဖဝါးပြင်စနေဂြိုလ်ခုံအောက်
    တည့်တည့်၌ကြက်ခြေခတ်အမှတ်အသားထင်ရှားကာပေါ်လာပါသည်(ကိုင်ရိုလက္ခဏာစာအုပ်)
    တွင်ဖတ်သားဘူးပါသည်။

    • စိန်ပေါက်ပေါက်

      February 6, 2012 at 7:58 pm

      ဟုတ်..အန်တီအေး.
      လက္ခဏာဟာလဲ လူတစ်ယောက်နောက်ရေးကို ကြိုခန် ့မှန်းလို ့ရတယ်ဗျ
      သေကံပါလို ့သေကြတယ်ပဲ မှတ်ပါတယ်ဗျာ..
      ကိုယ့်ကိုယ်ကို သေချင်စိတ်ပေါက်လာတဲ့အခါ ကိုယ့်လက္ခဏာ ကိုယ်ပြန်ကြည့်ဦးမှ
      ကြက်ခြေခတ်ကြီးပေါ်နေတယ်ဆို သေနိုင်တဲ့အတွက် သေကြောင်းမကြံတော့ဘူးဗျာ

Leave a Reply