၅၀၀ဝ ကျပ်တန်ဖုန်းနဲ့ပတ်သက်ပြီး သူကြီးမှ အလွန်အကုန်အကျများသော ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန် အလွန်အကုန်အကျများသဖြင့် အစိုးရမှသာ လုပ်နိုင်ပြီး ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်မှ မဖြစ်နိုင်ဘူးဆိုလျှင် တကယ်မဖြစ်နိုင်ကြောင်းဖြင့် (http://myanmargazette.net/92279/economic-news-international-news-news-industry-people-in-the-news-us-news-news) ပို့စ်တွင် အောက်ပါအတိုင်း မန့်ထားပါသည်။
——————————————————————
kai says:
တကယ်တော့.. အခု ၅၀၀ဝတန်ကိစ္စကစဉ်းစားစရာတွေ အများကြီးပါ…။
အများကြီးမှ.. တကယ့်အများးးးးးးးးးးးးးးကြီး..။
တိုင်းပြည်အင်ဖရာစရပ်ချာဆိုတာက.. အစိုးရကတဆင့်မှ.. သွားကြရတာဖြစ်ပါတယ်..။
ဆက်သွယ်ရေးအင်ဖရာစရပ်ချာဆို ..ပိုအရေးကြီးတာပေါ့…။ ကမ္ဘာနဲ့ ချိပ်ရတာကိုး…။
ဆိုတော့…
မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က မဖြစ်နိုင်ဘူးဆိုရင်တော့.. တကယ်မဖြစ်နိုင်ဘူးလို့ပဲ..မှတ်ပါတယ်..။
တခုတော့မေးစရာရှိတာပေါ့..
သူတို့က.. စစ်သား(ဟောင်း) တွေလား.. လုပ်သက်နဲ့ တက်လာတဲ့.. အင်ဂျင်နီယာတွေလား.. မေးချင်တာပါ..။
==
ဆဲလ်ဆိုက်(တာဝါ)တွေ ဘယ်သူထောင်မှာလည်း..။ ဘယ်မှာထောင်မှာလည်း..။ ဘယ်သူ့မြေမှာထောင်မှာလည်း..။
စံနှုန်းတွေကို.. ဘယ်သူကစစ်မှာလည်း.။ ဘယ်လိုင်စင်တွေယူမှာလည်း..။
ဆက်စပ်နေတဲ့.. အကျ်ုးအပြစ်တွေ.. ဘယ်သူကတာဝန်ယူမှာလည်း..။
ရှိတဲ့ဈေးကွက်တခုလုံး.. လက်ဝါးကြီးအုပ်သွားတာ.. ဘယ်သူကာကွယ်မှာလည်း.. ဘာဥပဒေတွေရှိလည်း..။
စသဖြင့်ပေါ့..။
သာမန်လူပြိန်းအတွေးနဲ့ဆိုရင်.. အင်ဖရာဆောက်ဖို့.. ငွေအရမ်းကုန်နေ/ကုန်ခဲ့/ကုန်မှာပါ.. အဲဒါက အစိုးရမှပဲတတ်နိုင်တာမျိုးဖြစ်ပါတယ်..။ အစိုးရငွေဆိုတာက.. လူထုငွေတွေပါ..။ ဒါတွေကို.. ခေါင်းပုံဖြတ်ပြီး.. ယူသုံးတာမျိုးကို..
.. ပုဂ္ဂလိကကုမဏီလက်ထဲအပ်ဖို့..ခွင်ြ့ပုလိုက်ဖို့…. အာဏာရအစိုးရမှာရော..လုပ်ပိုင်ခွင့်ရှိပါရဲ့လား…မေးရမှာပါ..။
According to most sources including the CTIA’s database, at the end of 2008 there were 242,130 cell sites in the United States.
http://en.wikipedia.org/wiki/Cell_site
———————————————————————
အလားတူပင် အခြား ကျပ်၅၀၀ဝ တန်ဖုံးနှင့် ပတ်သက်သော ပို့စ်များတွင်လည်း မဖြစ်နိုင်ကြောင်း ရှင်းပြထားသည်ကို တွေ့ရပါသည်။
ကျမတို့ထက်တတ်သိနားလည်သူကရှင်းပြသည်မှာ ဖြစ်နိုင်ခြေများပါသည်။
သို့ပေမဲ့ ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စက လတ်တလော အလွန်အငြင်းပွားစရာ ဖြစ်နေသည့်အပြင်၊ အနှီငါးထောင်တန်ဖုံးမှာ ကျမတို့ကဲ့သို့ လူလတ်တန်းစား၊ အခြေခံလူတန်းစားများ၏ မျှော်လင့်ချက် ဖြစ်နေပါသဖြင့် ကျမရဲ့အတွေ့အကြုံအရနားမလည်သည်များကိုတော့ အချိန်ပေး အလုပ်ရှုပ်ခံ ရှင်းပြမည် ဆိုပါက ကျေးဇူးအထူးတင်ပါမည်ဖြစ်ပါကြောင်း…
ကျမသည် အလုပ်တာဝန်ဖြင့် 17-Sept-07 တွင် Nairobi, Kenya, Africa သို့သွားရောက်ခဲ့ရာ မြန်မာမှ TG306 ဖြင့်ထွက်ခွာခဲ့ပြီး BKK Transit တွင် KQ231 (Kenya Airway) ဖြင့် ထိုည ၁၁နာရီတွင် ထွက်ခွာရန်ဖြစ်သော်လည်း ကင်ညာအဲဝေးမှ လေယာဉ်ချို့ယွင်းမှုကြောင့် နောက်တစ်နေ့ 18-Sep-07 နံက်မှ ကင်ညာနိုင်ငံသို့ ၉နာရီခရီး လေယာဉ်စီး၍ ထွက်ခွာခဲ့ရပါသည်။ လေကြောင်းလိုင်း၏ ချွတ်ယွင်းမှုကြောင့် ခရီးသည်များ ကြန့်ကြာခဲ့ရသည့်အတွက် လေကြောင်းလိုင်းမှ ခရီးသည်အားလုံးကို ဟော်တယ် တစ်ညတာစီစဉ်ပေးပြီး Breakfast ပါ စားပြီးမှ ကျမတို့ ဆက်လက် ထွက်ခွာလာရခြင်းဖြစ်ပါသည်။
ထိုသို့ခရီးစဉ် Delay ဖြစ်ခဲ့ရသည့်အတွက် ကင်ညာလေကြောင်းမှ ခရီးသည်အားလုံးကို US$100 ကို Refend ပြန်ပေးငွေအဖြစ်ပေးအပ်ခဲ့ပါသည်။ ကန်ပနီစရိတ်ဖြင့် ခရီးထွက်ခဲ့ရသော ကျမကို အနှီ ၁၀ဝ ကို ကန်ပနီမှသုံးခွင့်ပြုသဖြင့် ကင်ညာအရောက်သူတို့ဆီက နတ်ခုမ ကုန်တိုက်မှာ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ငွေကတ်(သူတို့ငွေ ၁၀၀ဝဖိုး) ကိုရောက်ရောက်ခြင်းဝယ်လိုက်ရာ US$60 တိတိကျသည်။ 27-Sept-2007 တွင်ကျမ မြန်မာပြည်ပြန်ရောက်ပြီး ကျမထံတွင်ယခုတိုင် Safaricom Wallet ရှိသေးသည်။ သူရို့ဆီမှာ ကန်ပနီက ဒလိုင်ဘာအစ အိမ်အကူအဆုံး ကိုယ်နဲ့တန်းတူ ဖုန်းကလေး တွေကိုင်ထားကြတာတော့ စာမဖွဲ့တော့ပါဘူး။
ပြောချင်တာကတော့ ဆင်းရဲမွဲတေလှပါတယ်ဆိုတဲ့ အာဖရိကမှာတောင် အဲဒီ့ Safaricom Mobil ကို ကျမ(ဖြစ်ရပ်ကတော့အမှန်ပါ ဒါပေမဲ့ ကန်တော့ပါရဲ့) ရေအိမ်ထဲမှာ ပြောလို့လိုင်းကောင်း၊ ကြည်လင် ခဲ့ရပါတယ်။ ဒီတော့ အာဖရိကအစိုးရက မြန်မာအစိုးရထက် ချမ်းသာနေတာလား???
ဒါမှမဟုတ်ရင်ဘာကြောင့်လဲ???
အသိအမြင်နဲပါးသူများအတွက် တတ်သိနားလည်ပညာရှင်များ ရှင်းလင်းကြပါကုန်….
မဟာမေဒင်(မွတ်စလင်)ဘာသာဝင်အဖြစ်မှ ဗုဒ္ဒဘာသာသို့ ပြောင်းလဲသက်ဝင်ယုံကြည်ခဲ့သော ဆရာတော်ဦးဇောတိက၏ “လွတ်လပ်သောစိတ်” စာအုပ်တွင် “စဉ်းစားခွင့်မပေးတာ၊ သံသယဖြစ်ခွင့်မပေးတာ၊ ကြောက်အောင်လုပ်တာ အသိဉာဏ်ကိုသတ်လိုက်တာပဲ၊ လူသားရဲ့အကောင်းဆုံးအရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ၊ လူသားကို လူသားအဆင့်ကနေ ကျသွားအောင်လုပ်လိုက်တာပဲ။” “ဗုဒ္ဒဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာဖို့အားပေးတယ်။ မျက်ကန်းယုံကြည်မှုကို အားမပေးဘူး။ မြတ်စွာဘုရားက ငါဘုရား ဟောတာယုံရမယ်။ မယုံရင် အပြစ်ရှိတယ်လို့မပြောဘူး။(ကာလာမသုတ်)”
လူဆိုတော့ Complain တက်ချင်သည်။ လူကြီးသူမက မကောင်းဘူးပြောလဲ ဘာကြောင့်မကောင်းလဲ သိချင်သည်။
ကျမရဲ့ “မျောက်လိုတွေး၍လူလိုရေးခြင်း” Post (http://myanmargazette.net/83572/creative-writing) မှာ ကျမ၏မှားနေသောအမြင်ကို သူကြီးကအမှန်ကို ပြောပြခဲ့ဘူးသည်။
——————————————————————-
kai says:
စွယ်တော်ကို.. တရုတ်ပြည်နဲ့.. မြန်မာပြည်ချစ်ကြည်ရေးနဲ့.. ယုံကြည်မှုပြန်တည်ဆောက်ဖို့.. သံတမန်ခင်းအနေနဲ့.. ထုတ်သုံးလိုက်တာပါ..။
အောင်မြင်တယ်ဆိုပါစို့..။
အဲဒီအကျိုးအမြတ်က.. ၂ဖက်လုံးသော အစိုးရတွေအတွက်တော်တော်ကြီးပါတယ်..။
ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူးဆိုပါတော့…။
အဲဒါလေး..။
…………………………………………………………………………………..
အဲဒီတော့ သူကြီးစထားတဲ့ကိစ္စ သူကြီးရှင်းပေရော့:D :D :D
အမှန်တကယ်မသိနားမလည်ပါသဖြင့် မေးခြင်းဖြစ်ပါသည်ချင့်…..
အပြောအဆိုမတတ်သူမို့ အမှားပါလျှင် ပညာရှင်များမှခွေးလွှတ် …အဲလေ ခွင့်လွှတ်ကြပါချင့်….
သူကြီးနှင့်တကွ ရွာသူရွာသားအားလုံးရွင်လန်းချမ်းမြေ့ကြပါစေကြောင်း….

About Wow

has written 62 post in this Website..