မှ Wow သို့ သူကြီး Cc: ရွာသူရွာသားအားလုံး

WowFebruary 4, 20121min18211

၅၀၀ဝ ကျပ်တန်ဖုန်းနဲ့ပတ်သက်ပြီး သူကြီးမှ အလွန်အကုန်အကျများသော ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန် အလွန်အကုန်အကျများသဖြင့် အစိုးရမှသာ လုပ်နိုင်ပြီး ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်မှ မဖြစ်နိုင်ဘူးဆိုလျှင် တကယ်မဖြစ်နိုင်ကြောင်းဖြင့် (https://myanmargazette.net/92279/economic-news-international-news-news-industry-people-in-the-news-us-news-news) ပို့စ်တွင် အောက်ပါအတိုင်း မန့်ထားပါသည်။
——————————————————————
kai says:
တကယ်တော့.. အခု ၅၀၀ဝတန်ကိစ္စကစဉ်းစားစရာတွေ အများကြီးပါ…။
အများကြီးမှ.. တကယ့်အများးးးးးးးးးးးးးးကြီး..။
တိုင်းပြည်အင်ဖရာစရပ်ချာဆိုတာက.. အစိုးရကတဆင့်မှ.. သွားကြရတာဖြစ်ပါတယ်..။
ဆက်သွယ်ရေးအင်ဖရာစရပ်ချာဆို ..ပိုအရေးကြီးတာပေါ့…။ ကမ္ဘာနဲ့ ချိပ်ရတာကိုး…။
ဆိုတော့…
မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က မဖြစ်နိုင်ဘူးဆိုရင်တော့.. တကယ်မဖြစ်နိုင်ဘူးလို့ပဲ..မှတ်ပါတယ်..။
တခုတော့မေးစရာရှိတာပေါ့..
သူတို့က.. စစ်သား(ဟောင်း) တွေလား.. လုပ်သက်နဲ့ တက်လာတဲ့.. အင်ဂျင်နီယာတွေလား.. မေးချင်တာပါ..။
==
ဆဲလ်ဆိုက်(တာဝါ)တွေ ဘယ်သူထောင်မှာလည်း..။ ဘယ်မှာထောင်မှာလည်း..။ ဘယ်သူ့မြေမှာထောင်မှာလည်း..။
စံနှုန်းတွေကို.. ဘယ်သူကစစ်မှာလည်း.။ ဘယ်လိုင်စင်တွေယူမှာလည်း..။
ဆက်စပ်နေတဲ့.. အကျ်ုးအပြစ်တွေ.. ဘယ်သူကတာဝန်ယူမှာလည်း..။
ရှိတဲ့ဈေးကွက်တခုလုံး.. လက်ဝါးကြီးအုပ်သွားတာ.. ဘယ်သူကာကွယ်မှာလည်း.. ဘာဥပဒေတွေရှိလည်း..။
စသဖြင့်ပေါ့..။
သာမန်လူပြိန်းအတွေးနဲ့ဆိုရင်.. အင်ဖရာဆောက်ဖို့.. ငွေအရမ်းကုန်နေ/ကုန်ခဲ့/ကုန်မှာပါ.. အဲဒါက အစိုးရမှပဲတတ်နိုင်တာမျိုးဖြစ်ပါတယ်..။ အစိုးရငွေဆိုတာက.. လူထုငွေတွေပါ..။ ဒါတွေကို.. ခေါင်းပုံဖြတ်ပြီး.. ယူသုံးတာမျိုးကို..
.. ပုဂ္ဂလိကကုမဏီလက်ထဲအပ်ဖို့..ခွင်ြ့ပုလိုက်ဖို့…. အာဏာရအစိုးရမှာရော..လုပ်ပိုင်ခွင့်ရှိပါရဲ့လား…မေးရမှာပါ..။
According to most sources including the CTIA’s database, at the end of 2008 there were 242,130 cell sites in the United States.
http://en.wikipedia.org/wiki/Cell_site
———————————————————————
အလားတူပင် အခြား ကျပ်၅၀၀ဝ တန်ဖုံးနှင့် ပတ်သက်သော ပို့စ်များတွင်လည်း မဖြစ်နိုင်ကြောင်း ရှင်းပြထားသည်ကို တွေ့ရပါသည်။
ကျမတို့ထက်တတ်သိနားလည်သူကရှင်းပြသည်မှာ ဖြစ်နိုင်ခြေများပါသည်။
သို့ပေမဲ့ ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စက လတ်တလော အလွန်အငြင်းပွားစရာ ဖြစ်နေသည့်အပြင်၊ အနှီငါးထောင်တန်ဖုံးမှာ ကျမတို့ကဲ့သို့ လူလတ်တန်းစား၊ အခြေခံလူတန်းစားများ၏ မျှော်လင့်ချက် ဖြစ်နေပါသဖြင့် ကျမရဲ့အတွေ့အကြုံအရနားမလည်သည်များကိုတော့ အချိန်ပေး အလုပ်ရှုပ်ခံ ရှင်းပြမည် ဆိုပါက ကျေးဇူးအထူးတင်ပါမည်ဖြစ်ပါကြောင်း…
ကျမသည် အလုပ်တာဝန်ဖြင့် 17-Sept-07 တွင် Nairobi, Kenya, Africa သို့သွားရောက်ခဲ့ရာ မြန်မာမှ TG306 ဖြင့်ထွက်ခွာခဲ့ပြီး BKK Transit တွင် KQ231 (Kenya Airway) ဖြင့် ထိုည ၁၁နာရီတွင် ထွက်ခွာရန်ဖြစ်သော်လည်း ကင်ညာအဲဝေးမှ လေယာဉ်ချို့ယွင်းမှုကြောင့် နောက်တစ်နေ့ 18-Sep-07 နံက်မှ ကင်ညာနိုင်ငံသို့ ၉နာရီခရီး လေယာဉ်စီး၍ ထွက်ခွာခဲ့ရပါသည်။ လေကြောင်းလိုင်း၏ ချွတ်ယွင်းမှုကြောင့် ခရီးသည်များ ကြန့်ကြာခဲ့ရသည့်အတွက် လေကြောင်းလိုင်းမှ ခရီးသည်အားလုံးကို ဟော်တယ် တစ်ညတာစီစဉ်ပေးပြီး Breakfast ပါ စားပြီးမှ ကျမတို့ ဆက်လက် ထွက်ခွာလာရခြင်းဖြစ်ပါသည်။
ထိုသို့ခရီးစဉ် Delay ဖြစ်ခဲ့ရသည့်အတွက် ကင်ညာလေကြောင်းမှ ခရီးသည်အားလုံးကို US$100 ကို Refend ပြန်ပေးငွေအဖြစ်ပေးအပ်ခဲ့ပါသည်။ ကန်ပနီစရိတ်ဖြင့် ခရီးထွက်ခဲ့ရသော ကျမကို အနှီ ၁၀ဝ ကို ကန်ပနီမှသုံးခွင့်ပြုသဖြင့် ကင်ညာအရောက်သူတို့ဆီက နတ်ခုမ ကုန်တိုက်မှာ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ငွေကတ်(သူတို့ငွေ ၁၀၀ဝဖိုး) ကိုရောက်ရောက်ခြင်းဝယ်လိုက်ရာ US$60 တိတိကျသည်။ 27-Sept-2007 တွင်ကျမ မြန်မာပြည်ပြန်ရောက်ပြီး ကျမထံတွင်ယခုတိုင် Safaricom Wallet ရှိသေးသည်။ သူရို့ဆီမှာ ကန်ပနီက ဒလိုင်ဘာအစ အိမ်အကူအဆုံး ကိုယ်နဲ့တန်းတူ ဖုန်းကလေး တွေကိုင်ထားကြတာတော့ စာမဖွဲ့တော့ပါဘူး။
ပြောချင်တာကတော့ ဆင်းရဲမွဲတေလှပါတယ်ဆိုတဲ့ အာဖရိကမှာတောင် အဲဒီ့ Safaricom Mobil ကို ကျမ(ဖြစ်ရပ်ကတော့အမှန်ပါ ဒါပေမဲ့ ကန်တော့ပါရဲ့) ရေအိမ်ထဲမှာ ပြောလို့လိုင်းကောင်း၊ ကြည်လင် ခဲ့ရပါတယ်။ ဒီတော့ အာဖရိကအစိုးရက မြန်မာအစိုးရထက် ချမ်းသာနေတာလား???
ဒါမှမဟုတ်ရင်ဘာကြောင့်လဲ???
အသိအမြင်နဲပါးသူများအတွက် တတ်သိနားလည်ပညာရှင်များ ရှင်းလင်းကြပါကုန်….
မဟာမေဒင်(မွတ်စလင်)ဘာသာဝင်အဖြစ်မှ ဗုဒ္ဒဘာသာသို့ ပြောင်းလဲသက်ဝင်ယုံကြည်ခဲ့သော ဆရာတော်ဦးဇောတိက၏ “လွတ်လပ်သောစိတ်” စာအုပ်တွင် “စဉ်းစားခွင့်မပေးတာ၊ သံသယဖြစ်ခွင့်မပေးတာ၊ ကြောက်အောင်လုပ်တာ အသိဉာဏ်ကိုသတ်လိုက်တာပဲ၊ လူသားရဲ့အကောင်းဆုံးအရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ၊ လူသားကို လူသားအဆင့်ကနေ ကျသွားအောင်လုပ်လိုက်တာပဲ။” “ဗုဒ္ဒဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာဖို့အားပေးတယ်။ မျက်ကန်းယုံကြည်မှုကို အားမပေးဘူး။ မြတ်စွာဘုရားက ငါဘုရား ဟောတာယုံရမယ်။ မယုံရင် အပြစ်ရှိတယ်လို့မပြောဘူး။(ကာလာမသုတ်)”
လူဆိုတော့ Complain တက်ချင်သည်။ လူကြီးသူမက မကောင်းဘူးပြောလဲ ဘာကြောင့်မကောင်းလဲ သိချင်သည်။
ကျမရဲ့ “မျောက်လိုတွေး၍လူလိုရေးခြင်း” Post (https://myanmargazette.net/83572/creative-writing) မှာ ကျမ၏မှားနေသောအမြင်ကို သူကြီးကအမှန်ကို ပြောပြခဲ့ဘူးသည်။
——————————————————————-
kai says:
စွယ်တော်ကို.. တရုတ်ပြည်နဲ့.. မြန်မာပြည်ချစ်ကြည်ရေးနဲ့.. ယုံကြည်မှုပြန်တည်ဆောက်ဖို့.. သံတမန်ခင်းအနေနဲ့.. ထုတ်သုံးလိုက်တာပါ..။
အောင်မြင်တယ်ဆိုပါစို့..။
အဲဒီအကျိုးအမြတ်က.. ၂ဖက်လုံးသော အစိုးရတွေအတွက်တော်တော်ကြီးပါတယ်..။
ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူးဆိုပါတော့…။
အဲဒါလေး..။
…………………………………………………………………………………..
အဲဒီတော့ သူကြီးစထားတဲ့ကိစ္စ သူကြီးရှင်းပေရော့:D 😀 😀
အမှန်တကယ်မသိနားမလည်ပါသဖြင့် မေးခြင်းဖြစ်ပါသည်ချင့်…..
အပြောအဆိုမတတ်သူမို့ အမှားပါလျှင် ပညာရှင်များမှခွေးလွှတ် …အဲလေ ခွင့်လွှတ်ကြပါချင့်….
သူကြီးနှင့်တကွ ရွာသူရွာသားအားလုံးရွင်လန်းချမ်းမြေ့ကြပါစေကြောင်း….

11 comments

  • စိန်ပေါက်ပေါက်

    February 4, 2012 at 1:23 pm

    တော်သေးတယ်
    မေးခွန်းက သဂျီးကို တည်ထားလို ့ သများတို ့ ဦးနှောက်စားစရာလိုတော့ဘူး 😆

    ထင်တာပြောရရင်
    ဆက်သွယ်ရေးက လုပ်ပေးရမဲ့အလုပ်ကို ရွှေပြည်တံခွန်က ကြားထဲက ဝင်ညှော်တာလားလို ့

    အဲတော့ဗျာ
    ရွှေပြည်တံခွန်က လုပ်ပေးနိုင်ခဲ့ရင်တောင် အချိန်တော်တော်စောင့်ရဦးမယ်ထင်ပါတယ်..

    မစောင့်နိုင်ရင် ဆက်သွယ်ရေးကကောင်တွေကို ဝိုင်းကြပ်ဖို ့ပဲလို တယ်
    အခုဖုန်းတွေက ဟိုကောင်တွေအဖွဲ ့ ငတေတို ့ ဖန်ထားတဲ့ဂွင်တွေ
    ဒီကောင်တွေကို ကျုပ်တို ့ချီးမပေါက်သရွေ ့ ပြည်သူတွေကို ရသလောက်ပါးပါးလှီးသွားကြဦးမှာပဲ

    အဲတော့
    အေဘေးဆက်သွယ်ရေး
    ဈေးသက်သက်သာသာနဲ ့ လုပ်ပေးလို ့ရလျက်နဲ ့ ဂုတ်သွေးစုတ်ချင်နေတဲ့ကောင်တွေ..
    အဲလောက်တောင် အဝှာဖြစ်ရင် အဝှာပါ စုတ်သွားကြကွာ (ကြံချောင်း၊ရေခဲမုန် ့ စည်) 😆

    ရွှေပြည်တံခွန်သာ အဝှာထမဖြစ်ရင် ကျုပ်တို ့ ဒီလိုပဲ ရရာဈေးနဲ ့တတ်နိုင်တဲ့လူတွေ ပေးဝယ်နေကြရဦးမှာပဲ
    ငါးထောင်တန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ..အိပ်ပျော်နေတဲ့ ခင်ဗျားတို ့.ကျုပ်တို ့ကို လှုပ်နှိုးပေးတဲ့ ရွှေပြည်တံခွန်ကို
    ကျေးဇူးတင်တယ်ဗျား
    ဟို
    ၂မဘဘေးတွေကိုတော့ အဝှာပဲကွာ
    😮

  • နေရင်းထိုင်ရင်း သူကြီးကိုခိုင်ရေ ရှင်းစရာပေါ်လာပြန်ပါပီ။ရှင်းပြပေးလိုက်ပါဗျာ။
    သူ ့ခမျာသိချင်နေရော့ပေါ့။

  • manawphyulay

    February 4, 2012 at 1:51 pm

    သဂျီးကို အချွန်နဲ့မပြီပဲ။ သေသေချာချာ ရှင်းပြပေးလိုက်ပါ သူဂျီးရယ်။ တော်ကြာ နားလည်မှုလွဲနေပါဦးမယ်။

  • kai

    February 4, 2012 at 1:54 pm

    အဘဖောပို့စ်မှာ မန့်ထားတာတွေ.. ကူးတင်လိုက်ပါတယ်..။

    kai says:

    ကြားထဲမလည်း…ကုမ်ပဏီတခုက… မြှောက်ပေးတိုင်း. အင်ဖရာအခိုင်မရှိပဲ.. ဖုံးတလုံး၅ထောင်နဲ့ရဖို့.. ဝိုင်းတွန်းနေကြလေရဲ့…

    လူထုထဲက..လူအနည်းစုလို့ထင်ပါတယ်..။ ကျန်လူ သန်း၄ဝကျော်လောက်က.. သိတောင်သိမှာမဟုတ်..။

    ဒါပေမဲ့..မီဒီယာအားရှိတော့.. ဒီလိုဝိုင်းတွန်းနေတာနဲ့.. မရှိတဲ့..မလောက်တဲ့.. ငွေအရင်းအမြစ်ကို.. ပညာရေး..ကျမ်းမာရေးထဲမသုံးနိုင်ပဲ.. ဖုံးတလိုင်း၅ထောင်နဲ့ရဖို့.. သွားမြုတ်ထည့်လိုက်ရဦးမယ်..

    အနိစ္စ..။ဒုက္ခ…
    ======================================
    မိုက်ကယ်ဂျော်နီအောင်ပု says:

    သဂျီးမင်းခင်ဗျား
    ဒီရွာထဲရှိတာဘဲ ဘာတဲ့ မြွေတွင်းထဲက မျက်လုံးအလင်းရောင်တွေကို
    ပတ္တမြားတွေထင်ပြီး တစ်ယောက်ပြီးတစ်ယောက်ခုန်ဆင်းကြတဲ့ပုံလိုပါဘဲ
    ကိုယ်က လင်ယူသားမွေး ကိလေသာထလို့ဝမှ
    ဟဲ့တာ ပြီးတော့ပျီးတာဘဲ ဆိုပြီးတရားလာမချနဲ့
    ပညာရေးလဲမလိုခြင်ဘူး ( ရုံးစာရေးလခ ရှမ်းပြည်မှာ တစ်ပတ်နဲ့ရဒယ် )
    ကျမ္မာရေးလဲ ဂရုစိုက်ဘူး ( ကိုးပါးဆေးရှိတယ် ) 😀
    တယ်လဖုန်းဘဲယူမယ်
    ဒါဗျဲ
    ======================================
    ရွာစားကျော် says:

    တဂျီးရေ
    http://myanmargazette.net/98228/business-economy
    ဒီပို့စ် ဖတ်ပီး တော့ မန့်ပေးပါအုံး

    လိုင်းမကောင်းလို့လား ဆင်ဆာပဲဖြတ်ထားလားမသိ
    ကိုယ့်ပို့စ်မှာကို မန့်မရဘူးဖြစ်နေတယ်
    ======================================
    htoosan says:

    သူကြီးရေ .. sim card အလကားတောင် ပေးပါ့မယ်ဆိုပြီး proposal တင်ထားသူတောင် ရှိပါတယ် ဆိုတော့ ကျွန်တော်တော့ ရွှေပြည်တံခွန်ကို ယုံကြည်နေသေးတယ် ။ ယှဉ်ပြိုင်သူတွေ များတဲ့ အကြားမှာ နှာတစ်ဖျား အသာယူ ဘို့ ကြိုးစားနေတယ်လို့ ထင်တယ် ။ နော်ဝေးက ကမာ္ဘ့ အကြီးဆုံး တယ်လီကွန်း ကုမ္မဏီကလည်း ချည်းကပ်နေလေရဲ့။ ဒီကုမ္မဏီရိုက်စားလုပ်မှာ လိမ်သွားမှာ စိုးရင် အာမခံတင်ထားခို်င်းလိုက်လေ။
    လူတစ်သန်း X (ဖုံး ဘိုး ၅၀၀ဝ ၊ ဖုံးခေါ်ဆိုခ ကဒ် ၁၀၀၀ဝ = ၁၅၀၀ဝ ကျပ်) သန်း ၁၅၀၀ဝ = ဒေါ်လှ ၂ဝ သန် ငွေသား အာမခံတင်ထား ။ ပြီးလုပ် ။ မရရင် ဒီငွေတွေ ဝယ်ထားသူတွေကို ပြန်အမ်း ။ သူ့ ဖုန်းနဲ့ မှ လို့ လုပ်လာရင်တော့ တစ်မျိုးပြန်တွေးကောင်း တွေးရပေမဲ့ ၊ အဲ့ဒါတွေ အတွက်ပါ ပေါင်း ပြီး အာမခံတင်ထားပေါ့ဗျာ။

    ဘဖောရေ .. ဖုန်းဘက်ကို လမ်းလွဲသွားတာတော့ ဝမ်းနည်းပါတယ် ။
    ကျွန်တော့် အမြင်ကတော့ အလွယ်တစ်ကူ လစာတိုးပေးတာ မှန်ကန်တဲ့ လမ်းအနေနဲ့ မမြင်ပါဘူး ။ လစာ တိုးလိုက်တာနဲ့ ဈေးနုုုန်းတွေ လိုက်တက်လာဦးမှာမို့ ထူးမခြားနားပါ ။
    ဝန်ထမ်းတွေ ဖြုတ်ပြစ်တာလည်း မှန်ကန်တဲ့ လမ်းလို့တော့ မယူဆပေမဲ့ လုပ်သင့်ရင် တော့ လုပ်ရမှာပါ ။ အဓီက ကတော့ နိုင်ငံ ဝင်ငွေ တိုးအောင် ရှာဖို့ပါ ။
    နိုင်ငံ ဝင်ငွေ တိုးလာပြီးရင် နိုင်လာမှ သက်ဆိုင်ရာဈေးတွေ ကျအောင်ချရမယ်လို့ထင်မိပါတယ် ။ ဝင်ငွေတိုးအောင် ရှာဖို့ က Human Resource က အရေးကြီးနေသေးတယ်လေ ။ ဖြုတ်ပစ်ဖို့တော့ လောလော ဆယ် မထောက်ခံပါဘူး ။
    ======================================
    kai says:

    ရွှေပြည်တံခွန်အကြောင်း..မသိပါဘူး..
    နံပါတ်နဲ့ကိုယ်ပိုင်… လိုင်းဝယ်တာလား..။ သူတို့ကိုယ်ပိုင်ဖုံးနံပါတ်အသစ်နဲ့.. စံနစ်သစ်နဲ့.. ဖုံးကုမ်ပဏီကြိးဖြစ်ချင်တာလား..။
    ပြည်သူပိုင် အင်ဖရာစရပ်ချာကို ဖြတ်သုံးပြီး.. ကြားကနှမ်းဖြူးစားချင်တာလား..

    ဒါပေမဲ့.. အစိုးရတရပ်..တိုင်းပြည်တခုမှာ.. အခြေခံစည်းကမ်းတော့ရှိတယ်..။
    ဆက်သွယ်ရေးအင်ဖရာစရပ်ချာနဲ့..စာတိုက်ကို.. ပုဂ္ဂလိကလက်ထဲ.. လွှဲမအပ်ရဘူး…။ နိုင်ငံသားတဦးချင်းဆီရဲ့.. ပုဂ္ဂလိကအခွင့်အရေးကို အစိုးရကပဲကာကွယ်ပေးနိုင်တာမို့ပါ..။

    ယူအက်စ်လိုနိုင်ငံမှာ… ကုမ်ကဏီတွေအင်မတန်ရင့်ကျက်မှအပ်ကြတယ်ဆိုပေမဲ့.. အစိုးရက..ချုပ်ကိုင်ထားရတာပါပဲ..။ စီမီဂါးဗားမန့်..အစိုးရတဝက်တွေပေါ့…။
    ကြီးလွန်းပြီး..ပြည်သူတွေကိုအနိုင်ကျင့်လာလို့.. အစိုးရက..အင်တိုင်ထရပ်ဥပဒေနဲ့..အစိတ်စိတ်ခွဲထုတ်ပစ်လိုက်ရတာလည်း ရှိဖူးတယ်..။
    ဒါက ..တချက်…။

    မြန်မာပြည်လိုတိုင်းပြည်မျိုးမှာ… ဆက်သွယ်ရေးအင်ဖရပ်စရပ်ချာကို.. (ဘာမှခိုင်ခိုင်မာမာမလုပ်ထားတာတောင်.).. ဒေါ်လာနဲ့တွက်ရင်.. ဘီလီယန်ပေါင်းများစွာရင်းနှီးမြုတ်နှံခဲ့ပြီးလောက်ပါပြီ…။
    ထပ်ထည့်ဖို့လည်း.. နောက်.. အနှစ်၄-၅ဝအတွင်း.. ဘီလီယန်ရာချီကုန်ရဦးမှာပါ..။
    ဒါကို.. ပုဂ္ဂလိကဆီက.. ဘယ်လိုအာမခံတောင်းရမလည်းတော့မသိ…။ 🙁
    ======================================
    Foreign Resident says:
    ကို htoosan ရေ
    စဉ်းစားကြစေလိုပါတယ် ( ၉ ) မှာ
    အဘ အမြင်ကို ပြန်ဖြေထားပါတယ်ကွယ် ။
    လူကြိုက်တော့ နဲမှာ သေချာတယ် ။

    သူကြီးမင်း Kai လဲ ဝင်အားပေးပါအုန်း ။

  • kai

    February 4, 2012 at 2:21 pm

    According to most sources including the CTIA’s database, at the end of 2008 there were 242,130 cell sites in the United States.

    သိတတ်လို့မဟုတ်.. ဒါပေမဲ့.. မှန်းလို့ရသလောက်ပေါ့..။မှားတာတွေ့ရင် ပြင်ပေးပါ..။
    ယူအက်စ်မှာ တာဝါတခုရဲ့ကနဦးကုန်ကျစရိပ်ကတင်.. တခု… ဒေါ်လာ၁သိန်းအသာလေးရှိနိုင်ပါတယ်..။
    ထိန်းသိမ်းတာနဲ့.. ငှားရမ်းခတွေလည်း.. တနှစ် ဒေါ်လာသောင်းဂဏန်းအသာလေးပါပဲ..။
    အဲဒီတော့..အပေါ်က.. ၂၄၂၁၃ ဆဲလ်စိုက်(တာဝါ)တွေကို.. ဒေါ်လာ ၁သိန်းနဲ့မြှောက်ရင်.. ဘာမှမလုပ်သေးပဲ.. ကုန်ကျသွားတဲ့.. အင်ဖရာစရပ်ချာရဲ့.. အစိတ်အပိုင်းငွေကြေးတခုထွက်လာပါလိမ့်မယ်..။ ဒါတောင်.. ၂၀၀၈ခုနှစ်စာရင်းနော…။

    တနိုင်ငံလုံးဆွဲထားတဲ့.. ကြိုးဖုန်း(လန်းဒ်လိုင်း) အင်ဖရာတွေမပါသေးပါဘူး..။
    မီးပေးထားတဲ့..လျှပ်စစ်ဂရစ်တွေ..မပါသေးပါဘူး..
    ပြုပြင်စောင်ရှောက်ခတွေပါသေးဘူး..။ လူလုပ်အားခတွေမပါသေးပါဘူး…။

    ကမ္ဘာဆက်သွယ်ရေးအကောင်းဆုံး နိုင်ငံတခုနဲ့နှိုင်းပြရတာက.. ဖုန်းလိုင်းကြေးဖိုး.. အတွက်ဈေးကွက်အခြေအနေ သိသာဖို့ရယ်ပါ..။

    တိုင်းပြည်တခုရဲ့.. ဆက်သွယ်ရေးအင်ဖရာစရပ်ချာဟာ.. ဒေါ်လာဘီလီယန်တွေအသာလေးထပ်သွားနိုင်ပါတယ်..။

  • kai

    February 4, 2012 at 2:29 pm

    ဆက်သွယ်ရေးကုမ်ပဏီလက်ဝါးကြီးအုပ်လွန်းလို့.. အစိုးရဝင်တရားစွဲလိုက်ရတဲ့အဖြစ်တခု…

    http://en.wikipedia.org/wiki/Regional_Bell_Operating_Company

    The Regional Bell Operating Companies (RBOC) are the result of United States v. AT&T, the U.S. Department of Justice antitrust suit against the former American Telephone & Telegraph Company (later known as AT&T Corp.). On January 8, 1982, AT&T Corp. settled the suit and agreed to dives f”) its local exchange service operating companies. Effective January 1, 1984, AT&T Corp.’s local operations were split into seven independent Regional Bell Operating Companies known as “Baby Bells.” RBOCs were originally known as Regional Holding Companies (RHCs).

    • Wow

      February 5, 2012 at 11:29 am

      ဖုန်းနဲ့ပတ်သက်ပြီး နောက်ဆုံး update သတင်းလေးပါ…..

      တန်ဖိုးနည်း GSM လေးသန်းအတွက် ငွေကျပ်ဘီလီယံ ၅၀ဝ အသုံးပြုခဲ့

      ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ရောင်းချမည့် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအကြား GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀ဝ အသုံးပြုခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုသည်။
      ´´လက်ရှိသုံးနေတဲ့ GSM နှစ်သန်းနီးပါးအတွက် တာဝါတိုင် ၉၀ဝ ကျော် နိုင်ငံတစ်ဝှမ်းလုံးမှာ စိုက်ထူခဲ့ပါတယ်၊ မိုဘိုင်းဖုန်း သန်း ၃ဝ စီမံကိ်န်းရဲ့ ပထမနှစ် GSM လေးသန်းစီမံကိန်းအတွက် တာဝါတိုင် ၁၄၀ဝ ကျော်နဲ့ တခြားအခြေခံအဆောက်အအုံတွေ အများကြီးိတိုးချဲ့ခဲ့ပါတယ်´´ဟု
      မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
      ငါးနှစ်တာ ကာလအတွင်း GSM သန်း ၃ဝ ချထားပေမည့်စီမံကိန်းတွင် ပထမနှစ် လေးသန်း၊ ဒုတိယနှစ် ငါးသန်း၊ တတိယနှစ် ခြောက်သန်း၊ စတုတ္ထနှစ်
      ခုနှစ်သန်းနှင့် ပဉ္စမနှစ်တွင် လိုင်းအရေအတွက် ရှစ်သန်းချထားပေးမည်ဖြစ်ပြီး လိုင်းအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများကျဆင်းသွားမည်ဖြစ် သည်ဟု သိရသည်။
      ´´GSM တွေပေါ်ကာစက ဒေါ်လာ ၂၀၀၀၊ ၂၅၀ဝ အဲဒီကနေ မြန်မာကျပ်ငွေ ၁၅ သိန်းငါးသောင်းအထိ လျှော့ချပေးခဲ့တယ်၊ ၁၅ သိန်းငါးသောင်းကနေ ကျပ် ငါးသိန်းအထိ ထပ်ဆင့်လျှော့ချပေးခဲ့တဲ့အတွက် အခု မြန်မာ့ဆက်သွယ်ရေးက ရောင်းပေးမယ်ဆိုတဲ့တန်ဖိုးနည်းGSM ကျပ်နှစ်သိန်းနဲ့
      သုံးသိန်းအကြားဖုန်းကိုလည်း အနိမ့်ဆုံးကျပ်နှစ်သိန်းနဲ့ ရောင်းပေးစေချင်ပါတယ်။ ဒါမှလည်း ကျပ် ၅၀၀ဝတန်ဖုန်းမျှော်နေတဲ့
      ပြည်သူတွေကို နှစ်သိမ့်ရာကျမှာပါ´´ဟု လက်ရှိကာလတွင်ရောင်းချပေးမည့်ကျပ် နှစ်သိန်းနှင့် သုံသိန်းအကြားဖုန်းအား ကျပ်နှစ်သိန်းဖြင့်
      ရောင်းချပေးစေလိုသူ ကိုဇော်အောင်က ပြောသည်။
      ဖြိုးဝေ( the street view )
      သစ်ထူးလွင် 2/05/2012 11:12:00 AM

  • Wow

    February 5, 2012 at 11:13 am

    ကြိုးစားပန်းစား ကျွဲပါးစောင်းတီး ပြရှာသော သူကြီးကိုအားနာမိပေမဲ့ (ဟယ် ငါတော့ ကျွဲဖြစ်ပီ 😀 )
    မေးခွန်းနဲ့နဲနဲလွဲနေသလားလို့ပါ….

  • inz@ghi

    February 6, 2012 at 8:28 pm

    သဂျီးမမှားဘူးဗျ….
    ကျုပ် သဂျီးဘက်ကအပြည့်အဝ ရပ်တည်တယ်….
    (အဲ့ …မမှားဘူးဆိုတာထက် မမှားသေးဘူး ပြောရင် ပို မျှတမယ်ဗျ…
    ကျုပ်ခံစားမိသလောက်ကတော့ သည်လိုရယ်ပါ……)

    အနှီ ၅ဂျိန်းဖုန်း ကန်ပနီ လီမိတက် က ဘစ်ဇနက် ပလဲင်န် ချပြတယ်..
    တက္ကနီကယ်လ် ပလဲင်န် ပါမလာဘူး …. စကတ်ဂျူးလ်ပါမလာဘူး …..

    ဒုတိယတချက်….ကိုတေးရှင်းတင်ထားတာ ခန်ပနီ ၁၀ဝကျော်ဆို …
    ၁၀ဝပဲထားပါ …၅ဂျိန်း ခန်ပနီဖယ်လိုက် ကျန် ၉၉ခုက …

    ၁။ ကျနော်တို့ အကျိုးတူပူးပေါင်းပါ့မယ်…
    ၂။ သည်လို သည်လိုလေး ပြင်ဆင်ဖြည့်စွက်လိုက်ရင် ဘယ်အပိုင်းတွေမှာ ဘယ်လို
    အတူတူလုပ်ချင်ပါတယ်…။
    (၅ဂျိန်းကန်ပနီက ဖိတ်ခေါ်တယ် ပြောထားတာကိုး ..)
    ၃။ ဒါကတော့ လုံးဝ ဖြစ်လာနိုင်စရာမရှိပါခင်ဗျား …
    (ဒါမျိုး …အချက်အလက် ခိုင်မာစွာနဲ့ …ထုတ်ဖော်ပြောဆို သတင်းထုတ်ပြန်တာ..)

    ကျုပ် သိသလောက် …အဲ့သည့် ၃ခုလုံး ဘယ်သူမှ မလုပ်ဘူးခင်ဗျ…
    အဲ့ဒါကိုက ထူးဆန်းနေတာ …..။

    က) ၅ဂျိန်း သည် ကောင်းလွန်းနေပြီး ..အနှီ ၉၉သည် ယုတ်လွန်းနေသလား …တွေးကြည့်
    ယုတ္တိဗေဒ အရ ယုံဖို့ခက်တယ်နော…
    ခ) အနှီ၉၉ သည် လူလိမ္မာထုံး နှလုံးမူက ဇာတ်လိုက်နှင့် မင်းသား မကွဲပြားသေးတဲ့ ဇာတ်ကို
    ထိုင်ကြည့်နေသလား ..
    (ဒါတော့ ဖြစ်နိုင်ချေရှိရဲ့ ….)

    ဂ) ကျုပ်တို့ ဉာဏ်မမှီသော အခြားအခြားသော အခြား အရာတွေ ရှိသလား …
    (သိပါဝူးဗျာ ဉာဏ်မမှီပါဘူး ..ကြို ဝန်ခံထားမှကိုး…)

    သည်တော့ ၅ဂျိန်း ခန်ပနီက …ပလင်န် ကို ချပြ…
    စကတ်ဂျူးလ် ကိုပြော …ဘာဟာ ရင်းမယ် ဘယ်ဟာစားမယ်
    သိသာထင်ရှားအောင်ပြ…..

    ဒါဆို အကုန်ရှင်းပြီပဲ …..။

    ဟုတ်တယ်ဟုတ်???

    အဲ့လို မရှင်းမရှင်းနဲ့ကတော့ ဘယ်ဘက်ကမှ ဝင်မအော်ချင်ဘူးရယ်….။

    ပါ့ဘလစ်ရဲ့ အား … မီဒီယာရဲ့အားကို သုံးပါ …
    တခုလေးပဲ …ကိုယ့်ဘက်ကတော့ ခိုင်မာပါစေ …..
    ဒါလေး ဆန္ဒပြုပါတယ်ဗျာ…

    ပုံ
    ဘယ်မိုးကျရွှေကိုယ်ကိုမှ အသားလွတ်မယုံတတ်တဲ့
    နုံနဲ့နဲ့ချာတိတ်…
    ဂီ

  • kyeemite

    February 7, 2012 at 5:23 am

    ဖုန်းအကြောင်းတော့ လောလောဆယ် ဝင်မပြောချင်သေးဘူးဗျာ..စိတ်နာနေလို့..

  • aungnng87

    February 7, 2012 at 12:22 pm

    ဟိုတနေ့တုန်းက ရန်ကုန်ကိုဖုန်းခေါ်တယ်။ အဲဒီအိမ်က ဖုန်းမရှိတော့အိမ်နီးနားချင်းကတဆင့် ခေါ်ခိုင်းရတယ်။ခေါ်ပေးတဲ့အိမ်ကလည်း နိုင်ငံခြားဖုန်းဆိုရင် ဈေးကြီးတယ်။ ၅၀ဝကျပ်ပေးရတယ်လို့ပြောတယ်။ ဒါကြောင့်တခါတခါဆိုရင် နိုင်ငံခြားကလို့မပြောဘူး။ တခါတခါတော့ပြောပါတယ်။ အဲဒီနေ့ကတော့မလေးကလို့ပြောလိုက်တယ်။ ဖုန်းလိုင်းတွေကလည်းမကောင်းဘူး။ပြောနေရင်းနဲ့ကျသွားတယ်။ ကိုယ်ကတော့ကိုယ်ပြောတာသူတို့ကြားမှာဘဲလို့ထင်ပြီး ၃မိနစ်လောက်နေတော့ ပြန်ခေါ်လိုက်တယ်။ ပြန်ခေါ်တော့ ဖုန်းလက်ခံတဲ့သူက ဘယ်သူလဲဆိုပြီးပြန်မေးတော့ ကိုယ်ကစောစောက ခေါ်ခိုင်းထားတာလေလို့ ပြောတော့ အော်မခေါ်ရသေးဘူး။ နောက်၅မိနစ်လောက်မှ ပြန်ခေါ်ပါဆိုပြီးဖုန်းချသွားတယ်။ ကိုယ်တွေက ၂ခါရှိပြီခေါ်ရတာ။ ပိုက်ဆံက၂ခါကုန်သွားပြီ။ ဒါနဲ့နောက် ၅မိနစ်လောက်နေတော့ ထပ်ခေါ်တော့လည်း မရောက်သေးဘူး။ ပြန်ချထားရပြန်ရော…။ ဒါနဲ့နောက်တခေါက်ခေါ်တော့ ဟိုဘက်ကအစ်ကိုလို့ထင်တဲ့သူက ဖုန်းကိုင်ပါတယ်။ အစ်ကိုနေကောင်းလား။ အေး..နေကောင်းတယ်။ အစ်ကို့အသံကတမျိုးကြီးဖြစ်နေတယ်။ ငါဘာမှမဖြစ်ပါဘူးကွ။ ကျနော်ဒီနေ့ အစ်ကိုပို့လိုက်တဲ့ဓါတ်ပုံရတယ်။ ဟုတ်လား။ ဓါတ်ပုံထဲမှာ အစ်ကိုပုံကနေမကောင်းသလိုဘဲ။ ဒါကြော င့်ကျနော်အစ်ကို့ဆီကိုဖုန်းဆက်တာ ။ဒါနဲ့အစ်မရောနေကောင်း
    ရဲ့လား။ ဘယ်ကအစ်မလဲ။ အစ်မမေရီလေ..။ဘယ်ကမမေရီလည်း။ အစ်ကိုမိန်းမလေ..။ငါ့မှာမိန်းမမရှိပါဘူး။ ဟင် ..ဒါဆိုအစ်ကိုက ကိုစိုးမြင့် မဟုတ်ဘူးလား။ ငါစိုးမြင့်ပါ။ဟာ….ဘယ်ကစိုးမြင့်ကိုခေါ်လာတာလဲ။ ခွပ်။(ဖုန်းချတယ်လို့မှတ်)။ ပိုက်ဆံတွေကုန်ပြီးအကျိုးမရှိပါလားနော်။
    ဆိုတော့….ကိုယ်ပိုင်ဖုန်းရဘို့ ၅၀၀ဝကျပ်တန်ဖုန်းကိုရအောင်တောင့်ထားရမှာလား။ အခုချပေးတော့မဲ့၂သိန်းခွဲတန်ဖုန်းကိုဘဲ ဝယ်ခိုင်းလိုက်ရတော့မှာလား။ ??????

Leave a Reply