ဘောင်ခတ်သူနှင့်ဘောင်အခတ်ခံရသူများ

k T NFebruary 4, 20121min914

 

အချိန်ကား နံက် 7.15 နာရီခန့်။

3တန်းကျောင်းသားလေးတစ်ဦး၊ မျက်ရည်များစိုရွဲကာ ငိုနေသည် ကိုတွေ့ရ၏်။ သို့သော် အသံကားမထွက်၊ပါးစပ်ကိုပိတ်ထားသည်။

ကလေး ဘာဖြစ်လို့လဲ ၊ ကျေင်းမသွားဘူးလားလို့ ကျနော်ကမေးလိုက်တော့။

အမေကကျောင်းချိန်နောက်ကျလို့ ကျောင်းမတက်နဲ့တော့တဲ့။

 

ကျနော်သိရသလောက်ဆို ခါတိုင်း အဲ့ဒီကလေးဟာ ကျောင်းတက်ချိန်မှန်တယ်၊ စာထူးချွန်တယ်။

အခု ဘယ်လိုဖြစ်သွားလို့လဲ မိမိကိုယ်ကို အတွေးချဲ့မိနေသည်။

 

ဟော ၊ နောက်မှ သိရသည်ကား

အဲ့ဒီကလေးက မနက်မနက်ဆို ကျောင်းနောက်မကျစေရန် 6နာရီလောက်အိပ်ယာထပြီး မိဘတွေကိုနှိုးရသတဲ့။ မိဘတွေကလဲ အဲ့ဒီကလေးနှိုးမှ ထကြပြီး၊ ကလေးကို မုန့်ကျွေးစတဲ့ လိုအပ်တာတွေလုပ်ပေးရသတဲ့။ ဒီလိုနဲ့ တစ်နေ့ကျတော့ အမေဖြစ်သူက ညအိပ်ယာဝင် နောက်ကျမှအိပ်တော့ နံက်ပိုင်းကျ သားဖြစ်သူက ပုံမှန်အတိုင်းနှိုးတော့  မျက်နှာမကြည်မလင်နဲ့ ၊  ဟဲ့ ——–  အစောကြည်းရှိသေးတယ်၊ ကျောင်းက 7နာရီမှတက်မှာ။ နောက်နေ့ဆို နံက်6နာရီ မနှိုးနဲ့တော့တဲ့။

ကလးဟာ အဲ့ဒီနေ့ကစပြီး အိပ်ယာနိုးပေမဲ့ မထရဲပဲ သူ့မိခင်ကိုကြောက်လို့ မနှိုးတော့ဘူးတဲ့။

အခုဆို အဲ့ဒီကလေးဟာ ကျောင်းလဲနောက်ကျနေပြီ၊ အမေဖြစ်သူရဲ့ ရိုက်နှက်မှုကိုလဲခံရလေပြီ။

အထက်ပါဖြစ်ရပ်လေးကိုကြည့်ပြီး ကျနော်တို့ဟာ မိမိကိုယ်တိုင်လဲ ဘောင်ခတ်သူမဖြစ်စေရန်နှင့် သားသားမီးမီးတို့ကိုလဲ ဘောင်ခတ်မထားမိစေရန်အတွက် နမူနာပါလားလို့ ခံယူမိကြောင်းပါခင်ဗျ။

 

4 comments

  • ရင် နင့် အောင်

    February 4, 2012 at 3:39 pm

    ဆိုးပါ့ဗျာ .. မိဘတွေ ကိုယ်တိုင်က အသိပညာ နည်းလွန်းနေတယ် ဆိုရင်ဖြင့် ……….

  • စိန်ပေါက်ပေါက်

    February 4, 2012 at 3:56 pm

    ဘယ်လို မိဘမျိုးပါလိမ့်..
    ခလေးက လိုလားတာတောင် မိဘက ကန် ့လန် ့ကန် ့လန် ့
    ကြားဖူးပေါင်

  • Gipsy

    February 4, 2012 at 11:09 pm

    လောကကြီး မှာလဲ စိတ်ညစ်စရာတွေ က ဒု နဲ့ဒေး ရှိနေပါလား … ။
    အသိပညာ မဲ့တဲ့ မိခင်မျိုး ဆိုတာ သေချာတယ်…..။
    ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကလေး တော့ ကံဆိိုးရှာပြီ ….. 🙂

  • kyeemite

    February 7, 2012 at 1:31 pm

    အမှန်ဆိုရင်တော့ တော်တော့်ကိုလွဲနေတဲ့မိဘတွေဘဲ…ကျွန်တော်ဆို ကလေးတွေကို အမြဲပြောပြတာက..
    ကျောင်းကားနဲ့သွားကြတာဆိုတော့ ကိုယ်ကိုကျောင်းကားကမစောင့်ရစေဘို့..ကိုယ့်ကိုကျောင်းကားကနေ့
    တိုင်းစောင့်ရရင်..ကားပေါ်ပါသူတွေမင်းတို့ကို မေတ္တာပို့တာနေံစဉ်ခံနေရမယ်လို့..အင်းအဲလိုကလေးတွေ
    အတွက်ရင်လေးပါတယ်..

Leave a Reply