တစ်ခါတုန်းကတက္ကသိုလ် ဂီတဖျော်ဖြေပွဲ
သတင်းလေးတစ်ခုရလို့တင်ပေးလိုက်ပါတယ်။ တချိန်ကတက္ကသိုလ်မှာ အမှတ်တစ်ရများစွာနဲ့ခံစားချက်ရှိခဲ့ကြသူတွေအတွက် ကျောင်းတော်ဟောင်းကြီးကို အလွမ်းပြေစေမှာပါ။ စိတ်ပညာအသင်းက ဦးစီးကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ်(100)ပြည့်အထိမ်းအမှတ် ရန်ပုံငွေဂီတဖျော်ဖြေပွဲပါ။
အမည်။ ။ တစ်ခါတုန်းကတက္ကသိုလ်
နေ့စွဲ။ ။ 3-3-2012 (စနေနေ့)
အချိန်။ ။ ညနေ 6း00
နေရာ။ ။ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC – Outdoor )
နာမည်ကြီးအဆိုတော်များ များစွာပါဝင်ပြီး ယခင်နှင့်ယခုပါ နာမည်ကြီးခဲ့သော၊နာမည်ကြီးနေသော တက္ကသိုလ်နဲ့ပတ်သတ်တဲ့သီချင်းပေါင်းများစွာ သီဆိုမှာဖြစ်ပါတယ်။ မေခလာ၊ခိုင်ထူး၊ကိုင်ဇာကစပြီး Rဇာနည်၊ဖြူဖြူကျော်သိန်း၊စိုင်းစိုင်းခမ်းလှိုင်အထိ များစွာပါဝင်မှာဖြစ်ပါတယ်။
တက္ကသိုလ်ကိုရှေ့မှီ၊နောက်မှီခဲ့တဲ့ပုဂ္ဂိုလ်များ တက္ကသိုလ်နဲ့ပတ်သတ်ပြီးခံစားချက်ရှိသူများ သွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ ဂီတပွဲလာပရိတ်သတ်တွေ တကယ့်ကျောင်းတော်ကြီးထဲရောက်သွားသလိုခံစားရအောင် ပြင်ဆင်ထားမှာပါ။ National land Mark များဖြစ်တဲ့ ဘွဲ့နှင်းသဘင်၊ ဂျက်ဆင်၊ သစ်ပုတ်ပင်များကို နောက်ခံထားပြီး အဆိုတော်တွေရဲ့လျှောက်လမ်းကို အဓိပတိလမ်းမကြီးရဲ့ပုံစံအတိုင်းလုပ်သွားမှာပါ။ ဘေးမှာလဲ ဦးချစ်၊ယမ်းဘီလူး အစရှိတဲ့ဆိုင်လေးတွေလည်း ဖွင့်လှစ်ပေးထားမှာပါ။
ဂီတပွဲလက်မှတ်နဲ့အသေးစိတ်များကိုသိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။
အဆိုတော် ဦးအောင်နိုင်- 09 550 5505
ဦးပီးပေါ် – 09 502 5582
ကိုယ်တိုင်တက္ကသိုလ်ရဲ့ပျော်ရွင်စရာ၊လွမ်းမောစရာတွေကိုမခံစားခဲ့ရပေမယ့် ( အဝေးသင်နဲ့ပဲကျောင်းပြီးခဲ့ရလို့လေ..ကိုယ်လဲ 10 တန်းအောင်ရောကျောင်းကြီးကပိတ်နှင့်နေပြီလေ၊ တာဝတို့ တာတိုတို့မှာ တက်ခဲ့ရတာကိုး အဟင့်..ရွှတ် ) ဆက်ဆက်ကြည့်သင့်တဲ့ဂီတပွဲပါပဲ … လေးဖြူတို့၊စိုင်းစိုင်းရှိုးပွဲတို့ထက် ကြည်နူးပီတိဖြစ်ရမယ့် အနုပညာပီသတဲ့သံစဉ်လေးတွေနဲ့ နုပျိုမှုကိုပြန်လည်ခံစားရမယ့်ဂီတပွဲပဲဖြစ်ပါတယ်။
ကဲ… သတင်းကောင်းလေးတော့ ပေးလိုက်ပြီနော်…. ဒါပါပဲ
အမလေး…4 ခါမြောက်ကို တင်ယူရတယ်…မောလိုက်တာ
ဟဲ့ ..ကြားထဲမှာ ဘာကြော်ငြာတွေဝင်လာတာတုန်းမသိ
Was this answer helpful?
LikeDislikeတင်ထား..တင်ထား
ခြောက်နာရီမှ စမှာ..
အချိန်မီသေးတယ်..
Was this answer helpful?
LikeDislikeကိုစိန်ပေါက်ပေါက် .. အမြဲတမ်း ရှေ့ဆုံးကမန့်ပေးလို့ ကျေးဇူးတင်ပါတယ်
ခြောက်နာရီမှ စမှာ..
အချိန်မီသေးတယ်.. ဘာကိုပြောတာလဲ … ဂီတပွဲလား … 3.3.2012 မှလေ
Was this answer helpful?
LikeDislikeဟင်..
ဟုတ်သား..
တစ်လလောက် လိုသေးတယ်.
ဆောဒီး.. ဟီး.ဟီး..
Was this answer helpful?
LikeDislikeသတင်းကောင်းပါလား..
တော်တော်ကြီးကို စိတ်ဝင်စားသွားတယ်။
ဂီတပွဲလက်မှတ်ဝယ်မှ သွားလို့ရမှာပေါ့နော်
လက်မှတ်ဈေးနှုံးလေးများ မသိရဘူးလား ??
ကိုယ်တတ်နိုင်လား မတတ်နိုင်လား ချင့်ချိန်ရအောင်လေ။
Was this answer helpful?
LikeDislikeတကယ်တော့ တက္ကသိုလ်ရာပြည့်ဆိုတာ တက္ကသိုလ်နဲ့ပတ်သက်တဲ့ အရေးကြီးအထိမ်းအမှတ်မျိုးဆိုတာ တက္ကသိုလ်ထဲမှာပဲ နေ့ရော ညရော ပွဲလမ်းသဘင်တွေနဲ့ လုပ်သင့်တာပေါ့။
၂၀၁၂-ဆိုတာ ရန်ကုန်ကောလိပ်ရာပြည့်ထင်တယ်
ရန်ကုန်တက္ကသိုလ်ရာပြည့်ကတော့ ၂၀၂ဝ မှ ဖြစ်မယ်ထင်တယ်။
Was this answer helpful?
LikeDislikeဦးဦးပါလေရာရေ… နှစ်တစ်ရာပြည့်အကြိုပွဲတဲ့ ..မှားသွားရင်ခွင့်လွှတ်ပါ… ဆက်သွယ်မေးမြန်းနိုင်မယ့်ဖုန်းနံပါတ်ရေးပေးထားပါတယ်
အဆိုတော် ဦးအောင်နိုင်- 09 550 5505
ဦးပီးပေါ် – 09 502 5582
Was this answer helpful?
LikeDislike