လူငယ်အချို ့အရက်ဆိုင်ပေါ်ဝယ်

soe myint su kyiFebruary 4, 20121min11216

ကျွန်မဒီပို ့စ်ကိုရေးဖြစ်ရတဲ့အကြောင်းရင်းကတော့ ကျွန်မနေတဲ့ပတ်ဝန်းကျင်မှာ အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ လူငယ်တွေနေ ့စဉ်အရက်မူးမူးနေတာကိုကြည့်ပြီး ကျွန်မရေးဖြစ်ခဲ့တာပါ။ (လူငယ်တိုင်းကိုတော့မဆိုလိုပါ ) ။ ဒီတော့မှဘဲ ကျွန်မတို ့ရဲ ့ရပ်ကွက်လေးကို ပြန်ကြည့်လိုက်မိတယ်။အမယ်လေးလေးများလိုက်တဲ့အရက်ဆိုင်တွေ။အရင်တုန်းကဆိုရင် ရပ်ကွက်တစ်ခုမှာအရက်ဆိုင်ရှိဖို ့

အလွန်ရှားပါတယ်။အခုများပေါလိုက်တဲ ့အရက်ဆိုင်တွေ ဘယ်လိုများဖွင့်ခွင့်တွေရထားသလဲ မသိပါဘူးနော်။လက်ဘက်ရည်

ဆိုင်တွေရဲ ့အနီးအနားတိုင်းမှာလိုလို အရက်ဆိုင်တွေဖွင့်လာကြတာကို တွေ ့လာရတယ်။ အဲ့ဒီတော့ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ လူငယ်တွေကလည်း လက်ဘက်ရည်ဆိုင်အစား အရက်ဆိုင်တွေကို ပြောင်းပြီးထိုင်လာကြတယ်

လေ။(လူ ့သဘာဝအရပြောင်းအလဲလေးဖြစ်အောင်လို ့လဲပါမှာပေါ့ )။ဒါပေမဲ့ အရက်ဆိုတာမျိုးက သောက်ပါများရင် စွဲလာတာ

ပဲလေ။ဒီတော့ လက်ဘက်ရည်ဆိုင်မထိုင်ဖြစ်တော့ဘဲ အရက်ဆိုင်ကိုဘဲ ထိုင်လာကြတယ်လေ။ဒီနေရာမှာ ကျွန်မတစ်ခုပြောပြ

ချင်တာက လက်ဘက်ရည်ဆိုင်ထိုင်တာလောက်က ဘာပြသနာမှသိပ်မရှိနိုင်ဘူးလေ။(လူငယ်သဘဝကို ) အခုအရက်ဆိုင်ကို

ထိုင်လာကြပြီဆိုတဲ့နေရာမှာတော့ ပြသနာလေးတွေတွေ ့လာရပါတယ်။အရက်ဆိုတာမျိုးကလူကို ဘာကောင်းကြိုးမှပေးတဲ့

အရာမဟုတ်ဘူးလေ။ဒါကြောင့်လည်း ဘုရားဟောတရားထဲမှာတောင်မှ သေရည်  လူကိုသေစေနိုင်သောအရည်လို ့ဟော

ပြောခဲ့တာဘဲလေ။အရက်ဆိုင်ထိုင် အရက်များများသောက်လာပြီဆိုရင်တော့ လူတစ်ယောက်ရဲ ့ရုပ်ပိုင်းဆိုင်ရာတွင်မကဘဲ

စိတ်ပိုင်းဆိုင်ရာတွေကိုပါ ပျက်စီးလာနိုင်တာကိုတွေ ့ရတော့တာပါဘဲ။အရက်ကိုစွဲလာပြီဆိုရင်တော့ ကျန်းမာရေးအရလည်း

မကောင်းပါဘူး။ထို ့အပြင် ဦးနှောက်ကိုပါ ပျက်းစီးစေပြီး အသိဉာဏ်ပိုင်းနှင့်အတွေးအခေါ်တွေကိုပါ ပျက်စီးလာနိုင်ပါတယ်။

လူ ခန္ဒာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ထားနိုင်တဲ့အကြီးမားဆုံးသောအရာဟာ အသိဉာဏ်ဘဲလေ။ဒီလိုရေးပါတဲ့အသိဉာဏ်တွေ

ပျက်စီးလာပြီ အတွေးအခေါ်တွေအားနည်းလာပြီဆိုရင်တော့ လူ ့ဘဝတစ်ခုလုံးကိုဆုံးရှုံးဖို ့ဖြစ်လာတော့တာပါဘဲ။လူတစ်

ယောက်မှာအတွေးအခေါ်ကောင်းတွေရှိနေပါမှ ဘဝတိုးတက်မှုတွေရယူနိုင်မည့်အချိန်မျိုးမှာ ဒီလိုအရက်ဆိုင်တွေမှာ

ထိုင်ပြီး အတွေးအခေါ်တွေဆုံးရှုံးလာတဲ့ လူငယ်တွေအတွက်ဘယ်လိုများ ဖြေရှင်းပေးရပါမည်နည်း။

အညွှန် ့တလူလူူနဲ ့တက်နေသော လူငယ်တွေရဲ ့ဘဝကို ဖျက်ဆီးလိုက်သောအရက်ဆိုင်များ ထိုအရက်ဆိုင်များပေါ်တွင် ထိုင်ကာဘဝကိုဖျက်ဆီးခံနေကြရသောလူငယ်များ ထိုလူငယ်များအားဘယ်လိုများ ပြုပြင်ကြရပါမည်နည်း။

အားလုံးဝိုင်းပြီးစဉ်းစားစေလိုပါတယ်။

လူငယ်တိုင်း၏ဘဝတိုးတတ်အောင်မြင်ပါစေလို ့ဆန္ဒပြ ုလျှက်

16 comments

  • htoosan

    February 4, 2012 at 4:24 pm

    စိန်ပေါက်ပေါက်တော့ဒီပိုစ်ကို ဝေးဝေးရှောင်တော့မယ်ထင်တယ် .. 😀
    ဒါမှမဟုတ် ကိုယ်တွေ့မို့ ပိုပြောနိုင်မယ်ထင်တယ် ….. 😀

    • စိန်ပေါက်ပေါက်

      February 4, 2012 at 4:31 pm

      ဟမငေး..
      သုံးမိနစ်လောက် ဦးပြီးရောက်လာတာပါကလား…
      သများက အားရပါးရဖောနေတာ..
      ခုတော့ အလိမ်တွေပေါ်ကုန်ပါပြီတော့

  • စိန်ပေါက်ပေါက်

    February 4, 2012 at 4:29 pm

    အရက်ဆိုင်တွေ သများ မသွားတတ်ပါဘူးနော်
    သများက ခွက်ပုန်းပဲကစ်တာ..အဲ.ဟုတ်ပါဘူး…ကောဖီပဲတောက်တာ
    တစ်ချို ့တွေ ငယ်ငယ်ရွယ်ရွယ်နဲ ့ မူးနေကြတာ သများလဲ ခဏခဏ မြင်ဖူးတယ် အန်တီရေ
    တစ်ကယ်တော့ အရက်ဆိုတာ…ပြောကောင်းဆိုကောင်းအောင်သာ သောက်သင့်တာပါ
    ခုတော့
    ပျော်လဲ သောက်
    ညစ်လဲသောက်
    တစ်ခုခုဆိုတာနဲ ့ သောက်နေကြတာချည်းပဲ…
    တော်တော်ဆိုးတဲ့ အရက်သမားများပါပဲ

    • Moe Z

      February 5, 2012 at 10:09 am

      ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတာ ပေါက်ကုန်းကုန်းကိုး 😀

  • htoosan

    February 4, 2012 at 5:13 pm

    မိုးရွာတဲ့ နေ့ရယ် မိုးမရွာတဲ့နေ့ရယ် အဲ့ဒီ နှစ်ရက် မှာဘဲ သောက်တာပါ ..

  • thit min

    February 4, 2012 at 5:42 pm

    အချက်တွေအများကြီးရှိမယ်နော်။
    ၁။ ဝမ်းသာစရာရှိလို့။(စာမေးပွဲအောင်လို့)
    ၂။ ပျော်ချင်လို့၊ (သူငယ်ချင်းတွေနဲ့စုပြီးဟေးလားဝါးလား စကားပြောချင်လို့။)
    ၃။ စိတ်ညစ်လို့။(အသဲကွဲလို့)
    ၄။ ဟန်လုပ်ချင်လို့။ကြွားချင်လို့။(သုံးနိုင်တယ်ပေါ့)
    ၅။ အတင်းအခေါ်ခံရလို့။ အထက်လူကြီးကိုမလွန်ဆန်နိုင်လို့။(ဂျပန်မှာ –အဲဒါ)
    ၆။ကိုယ်တိုင်အရက်စွဲနေလို့။(ကြည့်လေ ခါးကြားမှာပုလင်းနဲ့)
    ၇။ သူများလုပ်တာလိုက်လုပ်ကြည့်ချင်လို့။(အဲဒီလိုလူမျိုးတွေလဲရှိပါ့)
    ၈။အလကားရလို့ (အလကားရရင် လက်ပစ်ဗုံးတောင် မြိုတယ် ဆိုတာမျိုး)
    ၉။ အမြည်းစားချင်လို့။ (အဲဒါမျိုးလဲ တကယ်ရှိတာ၊ သောက်ကိုမသောက်ရသေးဘူး အမြည်းကသူစားတာနဲ့ကုန်ပြီလေ)
    ၁၀။ အဲဒီဆိုင်က ဇယားလေးကို သွားကြောင်ချင်လို့။(ဒါကတော့ လက်ဘက်ရည်ဆိုင်တွေတုန်းကလိုပါဘဲ)
    ၁၁။ ဘာအကြောင်းမယ်မယ်ရရမှ မရှိဘဲ သွားချင်လို့။(အလုပ်မရှိအကိုင်မရှိ၊ တွတ်တီးလုပ်မယ်ဆိုဘဲ)
    ၁၂။ ဘော်ဒါတွေနဲ့ ဆုံရပ်ဖြစ်နေလို့။(ပုံမှန်ဖြစ်သွားတာ၊ သောက်ချင်စိတ်က ဒီလောက်မဟုတ်ဘူး)
    =====================
    အလုပ်အကိုင် မယ်မယ်ရရ ရှိမယ်။
    ဝင်ငွေလဲအသင့်အတင့်ကောင်းမယ် ဆိုရင် အဲဒီအရက်ဆိုင်ကလူငယ်တွေ လုပ်ငန်းခွင်ထဲရောက်လာမှာပါ။
    အဓိက ကတော့ “အချိန်တွေပိုနေ” တာပါဘဲ။ သူတို့ရဲ့ အချိန်တွေကို အသုံးချပေးနိုင်ရင် လျှော့ပါးသွားမှာပါ။
    (ကျနော့အမြင်လေးပါ)

    လေးစားစွာ
    မောင်သစ်မင်း(^^)

    P.S ကိုထူးဆန်းရဲ့ စကားကို ကျနော် (မသေခင်ကစပယ်ခြံလမ်းထဲမှာနေခဲ့ဘူးတဲ့) ဆရာသော်တာဆွေ
    ပါးစပ်ကပြောတာ ကြားဘူးတယ်ဗျ။
    “သော်တာဆွေဆိုတာ တော်ရာခွေ” တယ်ကွ၊တဲ့။
    မိုးရွာတဲ့ အခါ နဲ့ မိုးမရွာတဲ့ အခါ အဲဒီ နှစ်ခါဘဲ ငါအရက်သောက်တာကွ။ ဆိုဘဲ။

  • fatty

    February 4, 2012 at 5:51 pm

    ဒီလိုအကြောင်းအရာပိုစ်လေးမျိုးကို ရှည်ရှည်လေးရေးပါလို့တိုက်တွန်းချင်ပါသည်.
    အားလည်းအားပေးပါသည်။ကိုယ်တိုင်သောက်ပြီးရေးပါက ပိုပြီးထိရောက်မည်ထင်ပါရဲ့ဗျား ။

  • ဦးဦးပါလေရာ

    February 4, 2012 at 6:47 pm

    အရက်သောက်တာကောင်းမကောင်း သင့်မသင့်ကတော့ အပေါ်က ကော်ဖီပဲသောက်တဲ့သူတွေ ပြောကြပါစေ။ 🙂

    ကျုပ်ပြောမှာကတော့
    မြန်မာပြည်မှာ အရက်ပုန်းဆိုင် (တရားမဝင်အရက်ရောင်းသောနေရာ) တွေ
    စည်းမဲ့ကမ်းမဲ့ အလွန့်အလွန်များလာနေတာကိုပါ..။
    အထူးသဖြင့်ရန်ကုန်မှာပေါ့ ..။
    တချို့ရပ်ကွက်တွေမှာဆို လမ်းတိုင်း အရက်ဆိုင်ရှိသလားမှတ်ရတယ်။

    ကြုံတုန်း သက်ဆိုင်တဲ့လူကြီးတွေကို သင်ပေးချင်သေးတယ်။
    အရက်ဆိုင်လိုင်စင်ပေးတယ်ဆိုတာ မြို့နယ်လိုင်စင်ကြေးတိုးရဘို့ များများရဘို့ ဦးတည်ချက်ထားရမှာမဟုတ်ဘူး။
    အရက်မရောင်းသင့်တဲ့နေရာတွေမှာ မရောင်းပဲ အရက်ရောင်းသင့်တဲ့နေရာတွေမှာသာ စည်းနဲ့ကမ်းနဲ့ရောင်းဖြစ်အောင် လိုင်စင်ယူလုပ်စေရမှာ။
    လွန်ခဲ့တဲ့ နှစ်တရာက ဗြိတိသျှကိုလိုနီနယ်ချဲ့တွေ မြန်မာလူထုအပေါ်ထားတဲ့ စေတနာမျိုးလောက်ပဲ
    ကျေးဇူးပြုပြီးထားပေးပါ။
    အများကြီးမမျှော်လင့်ပါဘူးနော…။

    အရက်ကို ချက်ချင်းသောက်ဘို့ ခွက်နဲ့ထည့်မရောင်းသင့်တဲ့နေရာတွေက
    လူနေရပ်ကွက် လူနေအိမ်များကြား
    လူပေါင်းစုံ(ကလေး၊လူကြီး) စုဝေးလေ့ရှိတဲ့နေရာတွေ
    လူပေါင်းစုံ(ကလေး၊လူကြီး) ဖြတ်သန်းသွားလာတဲ့နေရာတွေ
    ဘာသာရေးအဆောက်အအုံတွေ
    အားကစားပွဲ ပျော်ပွဲရွှင်ပွဲ တွေ
    ပညာရေး ဌာနတွေ
    ကျန်းမာရေးဌာနတွေ
    ကလေးသူငယ်များနှင့်ဆိုင်ရာ ဌာနတွေ
    စသည်စသည်ဖြင့် ကြားဖူးမှတ်ဖူးပါတယ်။
    (အင်္ဂလိပ်ခေတ်က လက်စွဲစာအုပ်ဟောင်းတခုမှာ)

    • Foreign Resident

      February 5, 2012 at 5:07 am

      လွန်ခဲ့တဲ့ နှစ်တရာက ဗြိတိသျှကိုလိုနီနယ်ချဲ့တွေ မြန်မာလူထုအပေါ်ထားတဲ့ စေတနာမျိုးလောက်ပဲ
      ကျေးဇူးပြုပြီးထားပေးပါ။
      အများကြီးမမျှော်လင့်ပါဘူးနော…။

      အရက်ကို ချက်ချင်းသောက်ဘို့ ခွက်နဲ့ထည့်မရောင်းသင့်တဲ့နေရာတွေက
      လူနေရပ်ကွက် လူနေအိမ်များကြား
      လူပေါင်းစုံ(ကလေး၊လူကြီး) စုဝေးလေ့ရှိတဲ့နေရာတွေ
      လူပေါင်းစုံ(ကလေး၊လူကြီး) ဖြတ်သန်းသွားလာတဲ့နေရာတွေ
      ဘာသာရေးအဆောက်အအုံတွေ
      အားကစားပွဲ ပျော်ပွဲရွှင်ပွဲ တွေ
      ပညာရေး ဌာနတွေ
      ကျန်းမာရေးဌာနတွေ
      ကလေးသူငယ်များနှင့်ဆိုင်ရာ ဌာနတွေ
      စသည်စသည်ဖြင့် ကြားဖူးမှတ်ဖူးပါတယ်။
      (အင်္ဂလိပ်ခေတ်က လက်စွဲစာအုပ်ဟောင်းတခုမှာ)

      Good

  • nature

    February 4, 2012 at 7:12 pm

    သူတို့လေးတွေမမူးအောင် စေတနာနဲ့ အရက်ထဲ ရေများများရောရောင်း ။ 🙂

  • windtalker

    February 4, 2012 at 7:13 pm

    ကျွန်တော် လဲ ဘီယာဆိုင် ပုံမှန် ထိုင်ဖြစ်တဲ့ အကျင့်ဆိုးကြီးပေါ့နော် ၊ အဲဒါကြီး ကို ပြင်ချင်လှပါပြီ ခင်ဗျာ ။

  • koyinmaung

    February 4, 2012 at 10:06 pm

    တရုတ်ပြည်မှာဘီယာကိုတရုတ်တွေ
    ရေသောက်သလိုကိုသောက်ကြပါတယ်
    အခြားအရက်တွေကလဲပေါမှပေါ
    မြန်မာတွေကအရက်သောက်များသွားရင်နောက်နေ့ဆို
    အလုပ်မဆင်းနိုင်တော့ပါ
    တရုတ်တွေကညဘက်သောက်လို့များသွားလဲနောက်နေ့ဆိုအလုပ်ဆင်းမြဲပါ
    တော်တော်အံဩဘို့ကောင်းပါတယ်

  • captainamerica

    February 4, 2012 at 10:13 pm

    ပုံမှန်တောင်ထိုင်ဖြစ်တယ်ဆိုတော့ကပေက ဘောစိပဲ :mrgreen: မန္တလေးရောက်ရင်ကပေဆီ
    ဝင်လည်ပရစေ ထိုင်နေကြဆိုင်ရယ် ပုံမှန်ထိုင်ဖြစ်တဲ့အချိန်သာပြော မန်းလေးရောက်ရင်
    တကယ်လာခဲ့မယ်။

  • နေဝန်းနီ

    February 4, 2012 at 10:41 pm

    ယခင်နှစ်နှစ်ဆယ်လောက်က အရက်ဆိုင်ပေါတယ်ဆိုတာ ဒီနေ့ အိပ်နေသလောက်ပဲရှိတယ်…။ တစ်ချို့များဆို ဆယ့်ရှစ်နှစ်တောင်ပြည့်ရဲ့လား မသိ….။ ဘီယာခွက်နဲ့ ချင်ရောင်းတဲ့ ဆိုင်တွေ ပေါလာတော့ သောက်တဲ့ကလေးတွေပိုများလာတာပေါ့…။ ပြီးတော့ ဒီနေ့ ပိုက်ဆံ ရှာရခက်တယ် မရှိဘူးသာပြောနေကြတာ ဘီယာဆိုင်မှာ လူအပြည့် ဖြစ်နေတာ သူတို့တွေ ဘယ်က ကောက်ရလာသလဲတောင်ထင်စရာ……….

  • ချစ်ရင်ထူး

    February 4, 2012 at 11:13 pm

    အဲဒီ အရက်ကလဲ ကျွန်တော် တစ်ခု ကြားဘူး ပါတယ် “မြေမညီတော့ ရေ နဲ့ညှိရတယ်၊ လူမညီတော့ သေ(သေရေ)နဲ့ညှိရတယ်” တဲ့ လူ တော်တော် များများ က အချိန်သတ်မှတ်ထားတာရှိပါတယ် ၊
    မနက်အစောကြီး ထမင်း မစားတဲ့သူတွေလဲ ရှိပါတယ်၊ နေ့ခင်းပိုင်း ထမင်းစားပြီးတော့ အချိုပွဲလေး စားတယ်၊ ညပိုင်းရောက်တော့ ထမင်းစားတယ်၊ မနက်ပိုင်းကို မုန့်တစ်ခုခု လက်ဖက်ရည် သောက်တယ်၊ မနက်ပိုင်းကို ထမင်းကျွေးရင် တစ်ချို့က ပြောကြတယ် ဒါ အချိန်မဟုတ်ဘူး တဲ့၊ ဒါပေမယ့် အရက်တိုက်ရင်တော့ သောက်ကျတာ များပါတယ်၊ မနက်ပိုင်းလဲ သောက်တယ်၊ နေ့ခင်းလဲ သောက်တာပဲ၊ ညဆိုရင် ပိုဆိုးတယ်၊ အိပ်ယာက နှိုးပြီးတော့ တိုက်လဲ မရှောင်ဘူး၊ တော်တော့် ကို တန်ခိုး ကြီးတဲ့ အရက် ပါလားနော်…

  • yoeyar may

    February 5, 2012 at 10:28 am

    မမ သူတို့က မအိုဆေးတွေသောက်နေကြတာထင်တယ် ဟဲဟဲ

Leave a Reply