ပြင်သစ်သမ္မတတောင်အရှုံးပေးရတဲ့ မင်းတုန်းမင်း

phone_kyawFebruary 5, 20121min1289

တစ်ကပြန်စမယ်

တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။ ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ ဘယ်လို တိုးတက်နေကြောင်း ကြွားလေးတဲ့ အခါ မင်းတုန်းမင်းကြီးလဲ ခေါင်းငုံနေရပါရောလား။ နောက် ယောက်ျားတွေဆိုတော့ သိတဲ့ အတိုင်း ပြောတဲ့ စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။ ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ ၁ဝယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်းအလွန်ကြီးကြောင်းပြောပါ သတဲ့။ ထို အခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂ဝခန့်နဲ့ နေကြောင်း ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက် အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို ပြောတယ်တဲ့။ ထိုအခါ မင်းတုန်းမင်းကြီးက စာကလေးအသဲအမြစ်စားကြောင်း ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း ပြောပါတယ်။ ပြင်သစ်သမ္မတကလဲ မယုံတာနဲ့ မင်းတုန်းမင်းကြီးကို စိန်ခေါ်ပါတယ် တနေ့တည်း သူမောင်းမ ၂၅ယောက်နဲ့နေပြမယ် နိုင်ရင် ဘာပေးမလဲ မေးတဲ့ အခါ မင်းတုန်းမင်းကြီးက ဘာမှ ပေးစရာမလိုပါဘူး သူဆို အယောက်၅ဝလောက်အထိဆက်တိုက် နေနိုင်ကြောင်းပြောတဲ့ အခါ ပြင်သစ်သမ္မတကလဲ အမြင်ကပ်တာနဲ့ ဒါဆို သူတို့ ပြင်သစ်ပြည်ကိုလာပါ မိန်းမ အယောက် ၅ဝနဲ့ အိပ်ပြပါ အကယ်၍ အိပ်နိုင်ခဲ့လျှင် ပြင်သစ်မှာ ရှိသတဲ့ မိန်းမတွေထဲက ကြိုက်တဲ့ မိန်းကလေး အယောက် ၅ဝခေါ်သွားပါ အကယ်၍ မအိပ်နိုင်ခဲ့လျှင် မြန်မာ မိန်းကလေး အယောက် ၅ဝ သူပြန်ယူမယ်လို့ ပြောတဲ့ အခါ မင်းတုန်းမင်းကြီးက ကတိတည်ပါစေ ကျွန်ုပ် နောက်လ လာခဲ့ပါ့မယ်လို ဆိုသတဲ့။ ဒီလိုနဲ့ နောက်လရောက်တဲ့ အခါကျတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကွင်းပြင်ကြီးမှာ တဲကြီးထိုးပြီး မိန်းမ ၅ဝက အပြင်မှာတန်းစီနေပါသတဲ့ ဘေးမှာတော့ ဂျူရီလူကြီးမင်းများနဲ့တကွ မြန်မာပြည်မှ တာဝန်ရှိသူတချို့က ဒိုင်အဖြစ် လုပ်ဆောင်ပေးနေပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်နဲ့ မင်းတုန်းမင်းကြီးက ကာမဆံဆက်ပါသတဲ့။ ဒီလိုနဲ့ ၂၅ယောက် မြောက်မှာ ဒိုင်လူကြီးတွေ လူရေတွက်တာမှားလို့ ငြင်းခုန်နေကြပါယ်။ ထိုအခါ မင်းတုန်းမင်းကြီးက သဘက်လေးပတ်လာပြီး ဒေါနဲ့ မောနဲ့ ထွက်လာပါတယ် ဘာဖြစ်တာလဲ ဒီမှာ အရှိန်ပျက်တယ်လို့ပြောတော့ ဒိုင်လူကြီးတွေက ရိုရိုကျိုးကျိုးနဲ့ပြောပါတယ် ကျွန်တော်မျိုးတို့ လူရေတာ မှားသွားလို့ပါ ဘုရား။ ခွင့်လွှတ်ပါ ဘုရားလို့ပြောတဲ့အခါမှာ………

မင်းတုန်းမင်းကြီးက မိန့်တော်မူလိုက်ပါသတဲ့ “တစ်ကပြန်စမယ် ဒီတခါ မမှားစေနဲ့…………..”

 အတန်းမှာ ပြောပြခဲ့တဲ့ ဟာသလေးပါ။ ဟာသလို့ပဲ မြင်ပေးပါ။ (စာကလေးအသည်းအမြစ်သည် တကယ်စား၍ ရပါသည်။ ဤကား စကားချပ်တည်း)

9 comments

  • မိုက်ကယ်ဂျော်နီငပွ

    February 5, 2012 at 2:01 pm

    စာကလေးအသဲအမြစ်စားပြီး ခင်ဗျားဆီကို ကျုပ်လာခဲ့မယ်
    စောင့်နေနော်
    တွေ့ဂျသေးဒါဘော့

  • စိန်ပေါက်ပေါက်

    February 5, 2012 at 2:19 pm

    အရှိန်ပြတ်တယ်ကွာ
    အစက ပြန်ဖတ်မယ်

    • ကိုပေါက်ဖော် …
      စောစောက ကျွန်တော် ပို့စ်တစ်ခု တင်လိုက်တာ အကုန်လည်း ပါမလာဘူး။ ကွန်မန့်ဘောက်စ်လည်း ပါမလာဘူး။ အဲဒါ ကွန်ကြောင့်လားဗျ။
      ကျွန်တော် ဘာလုပ်ရမတုန်း ပြောပါဦးဗျ။ ဒီအတိုင်းကြီးဆို … အဟီး … ချက်ချရာဂျီး … ။

      • စိန်ပေါက်ပေါက်

        February 5, 2012 at 6:02 pm

        အခု အွန်လိုင်းမှာသဂျီး လမ်းသလားနေတာ တွေ ့တယ် ကိုတုံးရေ
        သဂျီးမြင်ရင် တစ်ခုခု လုပ်ပေးပါလိမ့်မယ်. သို ့ မဟုတ်

        ဖိုရမ်ထဲမှာ အော်ပေးခဲ့လိုက်ပါ..
        အိုကေမှာပါ.

  • kai

    February 5, 2012 at 5:42 pm

    ဆရာကြီးဒေါက်တာသန်းထွန်းစုဆောင်းတဲ့..အထဲ.. ရှေးပုရပိုဒ်တွေပါဖူးတယ်..။
    အဲဒါကို..အကြောင်းတိုက်ဆိုင်တာတခုကြောင့်.. ကျုပ်ကိုယ်တိုင်… မြင်ဖူးပါတယ်..။
    အဲဒီပုရပိုဒ်တွေမှာ.. မင်းတုန်းမင်းကြီးလက်ထက်… ကျား-မ ကာမဆက်ဆံပုံတွေဆွဲထားခဲ့တာ…

    အခုခေတ်.. အနောက်နိုင်ငံတွေက.. ကာမဆက်ဆံပုံနည်းပညာပိုင်းဆိုင်ရာစာအုပ်တွေကိုများ.. “သနားတယ်”လောက် အဆင့်ရှိတယ်..။
    တကွက်ချင်းဆီ… နာမယ်လေးတွေပေးထားတာကလည်း.. လှမှလှ… 😆
    =
    မင်းတုန်းမင်းကြိး.. သောင်းကျန်းပုံများ.. သူ့အဆောင်ရှေ့က.. လူများဖြတ်လျှောက်ရင်.ဘယ်သူလည်းမေးတတ်သတဲ့..။
    အဲဒါ.. “ကျွန်မ”ပါဆိုရင်..”ကျွန်မဆိုဝင်ခဲ့”လို့..ခေါ်လွန်းလို့.. မန္တလေးသူတွေ.. “ကျွန်တော်”ပြောတာဖြစ်လာတယ်လို့.. ပါးစပ်ရာဇဝင်ရှိတယ်တဲ့..။

    တကယ်ကြားဖူးတာကို..ပြန်ပြောတာနော..
    မန္တလေးသူတွေကို.. စော်ကားလိုတဲ့စိတ်မရှိပါကြောင်းပါခင်ဗျားး…. 🙂

    • စိန်ပေါက်ပေါက်

      February 5, 2012 at 6:33 pm

      ဖလပ်စ်..ဖလပ်စ်..ဖလပ်စ်..(လမ်းလျှောက်သံ)

      တုန်း။ ။ ဟေ့ ဘတူလဲ

      ဖလပ်စ်..ဖလပ်စ်..ဖလပ်စ်..။ ။သများပါ

      တုန်း။ ။အေး..သများဆို မောင်ပုဆီသွားလိုက်

  • ဦးရေး … ဦးရေး …
    စာဂလေး ချိုဒါ ဒါလားဟင် … တဲ့ ။
    အသက် ၁ဝ နှစ်အရွယ် ကလေးငယ်တစ်ယောက်က သူ၏ ဦးလေး ဖြစ်သူအား ပြတိုက်တစ်ခုအတွင်း လှည့်ပတ် ကြည့်ရှုနေခိုက် မေးလိုက်ခြင်း ဖြစ်၏။ ခုနှစ်ကား … ၂၀၅ဝ ဝန်းကျင်ခန့် …. ။
    😀 😀

  • windtalker

    February 5, 2012 at 8:02 pm

    အရင်တုန်းက ပို ့စ်တွေအသာထား ။ ဒီပို ့စ်တော့ တော်တော်ကြိုက်သွားဘီ ။
    မောင်းမတစ်ထောင် အားကိုဆောင် တဲ့ တို ့ဘုရင်ကြီး ၊ ဟဲဟဲ

Leave a Reply