ဆားနဲ့ပါဘုရာ့
မြန်မာနိုင်ငံဟာ ပင်လယ်နယ်နမိတ်ရှည်လျှားသလို ကျွန်းတွေအမြောက်အများရှိလို့ ရေနေသတ္တ၀ါတွေ ပေါက်ဖွားဘို့ သဘာဝတရားကပေးထားတဲ့ အမွေအနှစ်တွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှင်ဘုရင်ခေတ်၊ အမတ်ကြီးဦးပေါ်ဦး ရဲ့ ဆားနဲပါဘုရာ့ ဟာ ပေါ်ပြူလာ ပုံပြင်တစ်ပုဒ် အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်၊
သမီးလှကျွန်း(ဟိုင်းကြီးကျွန်းအနီး၊လိပ်ကျွန်းဟုလဲခေါ်)၊ကတုံးလေးကျွန်း၊ကဒုံကနိအနီး။မလိကျွန်း၊မော့စကော့ကျွန်းတန်း။ကိုကိုးကျွန်း၊အစရှိတဲ့ပင်လယ်ပြင်ကကျွန်းမှန်သမျှမှာ(လူသူမနီးသော)သဲသောင်တွေဟာ လိပ်မျိုစုံတို့ရဲ့ ပေါက်ဖွားရာ ဥဥဘို့နေရာတွေပါ၊
လိပ်ဥဟာ ပင်ပေါင်သီး အရွယ်အစားခန့်ရှိပြီး ပျော့စိစိနှင့် ဆီဖြင့်ကျော်ကျော်၊ ရေဖြင့်ပြုတ်ပြုတ်၊မာခဲခြင်းမရှိပါ၊ အကောင်းဆုံးစားရန်မှာ၊ ရေဖြင့်ပြုတ်ရာတွင် ဆားအနည်းငယ်ထည့်ရာ ၄င်းဆားအရသာသည် အခွံကိုဖြတ်သန်းပြီး အထဲသို့စိမ့်ဝင်သွားသဖြင့် အအေးခံပြီး အပေါက်သေးသေးဖေါက်ကာ တစ်စိမ့်စိမ့်စုတ်ရာတွင် ငန်မြမြ စိမ့်စိမ့်နှင့် အလွန်အရသာကောင်းလှလို့ ဗွီအိုင်ပီ လူကြီးများကို လက်ဆောင်ပေးခြင်း၊ ဧည်ခံကျွေးမွေးရာတွင် အလွန်မျက်နှာပန်းလှပြီး ရှင်ဘုရင့် ပညာစမ်းအမေးအထိပါလေတော့၊ လိပ်ဥရှာဖွေရေး အဖွဲ့တွေဟာ ကျွန်းတွေရဲ့ သဲသောင်ပြင်တွေမှာ လိပ်မတွေအလာ စောင့်ဆိုင်းရင်း။ သံချွန်လေးတွေကိုင်ဆောင်ကာ(လိပ်သွားရာလမ်းကြောင်း သံချွန်ဖြင့် သဲသောင်အားထိုးစိုက်ပြီး ဥကျင်းအားရှာရန်) လိပ်မတွေဟာ သူတို့ဥကျင်းကို ဖွက်တဲ့နေရာမှာ သူတို့ သွားရာ လမ်းကြောင်းတစ်လျှောက် ပိုက်စိတ်တိုက်ရှာတာတောင်ရှာမတွေ့တာ တကယ်ကျွမ်းကျင်တဲ့ လိပ်ဥရှာတတ်တဲ့ သူတွေတောင်မျက်စိလည်တယ်။
လိပ်မတွေဟာ သဘာဝကပေးတဲ့အသိနဲ့ လူသံ အနှောက်အယှက်သံကြားရင်ဥမဥတော့ဘဲ ပင်လယ်ထဲပြန်ဆင်းသွားတတ်ပါတယ်၊ ဒါပေမဲ့ ဥကျင်းယက်ပြီးလို့ ဥစချတဲ့ အချိန်မှာတော့ သူ့အနောက်ကနေ ဖင်အောက်ကတစ်ခါတည်းပုဆိုးခံဥယူနေတာတောင် မျက်ရည်တွင်တွင်ကျပြီး ဥချခြင်းကိုရပ်လို့ အောင့်ထားလို့ မရတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးပါတယ်။
လိပ်ဥကို ဗွီအိုင်ပီပေးဘို့နဲ့ သူဌေးတွေကိုရောင်းဘို့ရှာဖွေနေကြတာ အလုအယက်ပါဘဲ၊ လိပ်မျိုးမတုံးစေဘို့ မွေး/ရေ က လိပ်ဌာနတွေကျွန်းတွေပေါ်မှာဖွင့်လှစ်ပြီး လိပ်ဥသားဖေါက်လုပ်ငန်းတွေလုပ်ပေမဲ့ အားအလွန်ရှိစေပြီး အရသာအလွန်ကောင်းလေတော့ ဆားနဲ့ပါဖုရာ့
ဒီပါကို

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..