ဆားနဲ့ပါဘုရာ့

DEPARKO DEPARKOFebruary 5, 20121min25617

ဆားနဲ့ပါဘုရာ့
မြန်မာနိုင်ငံဟာ ပင်လယ်နယ်နမိတ်ရှည်လျှားသလို ကျွန်းတွေအမြောက်အများရှိလို့ ရေနေသတ္တဝါတွေ ပေါက်ဖွားဘို့ သဘာဝတရားကပေးထားတဲ့ အမွေအနှစ်တွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှင်ဘုရင်ခေတ်၊ အမတ်ကြီးဦးပေါ်ဦး ရဲ့ ဆားနဲပါဘုရာ့ ဟာ ပေါ်ပြူလာ ပုံပြင်တစ်ပုဒ် အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်၊
သမီးလှကျွန်း(ဟိုင်းကြီးကျွန်းအနီး၊လိပ်ကျွန်းဟုလဲခေါ်)၊ကတုံးလေးကျွန်း၊ကဒုံကနိအနီး။မလိကျွန်း၊မော့စကော့ကျွန်းတန်း။ကိုကိုးကျွန်း၊အစရှိတဲ့ပင်လယ်ပြင်ကကျွန်းမှန်သမျှမှာ(လူသူမနီးသော)သဲသောင်တွေဟာ လိပ်မျိုစုံတို့ရဲ့ ပေါက်ဖွားရာ ဥဥဘို့နေရာတွေပါ၊
လိပ်ဥဟာ ပင်ပေါင်သီး အရွယ်အစားခန့်ရှိပြီး ပျော့စိစိနှင့် ဆီဖြင့်ကျော်ကျော်၊ ရေဖြင့်ပြုတ်ပြုတ်၊မာခဲခြင်းမရှိပါ၊ အကောင်းဆုံးစားရန်မှာ၊ ရေဖြင့်ပြုတ်ရာတွင် ဆားအနည်းငယ်ထည့်ရာ ၎င်းဆားအရသာသည် အခွံကိုဖြတ်သန်းပြီး အထဲသို့စိမ့်ဝင်သွားသဖြင့် အအေးခံပြီး အပေါက်သေးသေးဖေါက်ကာ တစ်စိမ့်စိမ့်စုတ်ရာတွင် ငန်မြမြ စိမ့်စိမ့်နှင့် အလွန်အရသာကောင်းလှလို့ ဗွီအိုင်ပီ လူကြီးများကို လက်ဆောင်ပေးခြင်း၊ ဧည်ခံကျွေးမွေးရာတွင် အလွန်မျက်နှာပန်းလှပြီး ရှင်ဘုရင့် ပညာစမ်းအမေးအထိပါလေတော့၊ လိပ်ဥရှာဖွေရေး အဖွဲ့တွေဟာ ကျွန်းတွေရဲ့ သဲသောင်ပြင်တွေမှာ လိပ်မတွေအလာ စောင့်ဆိုင်းရင်း။ သံချွန်လေးတွေကိုင်ဆောင်ကာ(လိပ်သွားရာလမ်းကြောင်း သံချွန်ဖြင့် သဲသောင်အားထိုးစိုက်ပြီး ဥကျင်းအားရှာရန်) လိပ်မတွေဟာ သူတို့ဥကျင်းကို ဖွက်တဲ့နေရာမှာ သူတို့ သွားရာ လမ်းကြောင်းတစ်လျှောက် ပိုက်စိတ်တိုက်ရှာတာတောင်ရှာမတွေ့တာ တကယ်ကျွမ်းကျင်တဲ့ လိပ်ဥရှာတတ်တဲ့ သူတွေတောင်မျက်စိလည်တယ်။
လိပ်မတွေဟာ သဘာဝကပေးတဲ့အသိနဲ့ လူသံ အနှောက်အယှက်သံကြားရင်ဥမဥတော့ဘဲ ပင်လယ်ထဲပြန်ဆင်းသွားတတ်ပါတယ်၊ ဒါပေမဲ့ ဥကျင်းယက်ပြီးလို့ ဥစချတဲ့ အချိန်မှာတော့ သူ့အနောက်ကနေ ဖင်အောက်ကတစ်ခါတည်းပုဆိုးခံဥယူနေတာတောင် မျက်ရည်တွင်တွင်ကျပြီး ဥချခြင်းကိုရပ်လို့ အောင့်ထားလို့ မရတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးပါတယ်။
လိပ်ဥကို ဗွီအိုင်ပီပေးဘို့နဲ့ သူဌေးတွေကိုရောင်းဘို့ရှာဖွေနေကြတာ အလုအယက်ပါဘဲ၊ လိပ်မျိုးမတုံးစေဘို့ မွေး/ရေ က လိပ်ဌာနတွေကျွန်းတွေပေါ်မှာဖွင့်လှစ်ပြီး လိပ်ဥသားဖေါက်လုပ်ငန်းတွေလုပ်ပေမဲ့ အားအလွန်ရှိစေပြီး အရသာအလွန်ကောင်းလေတော့ ဆားနဲ့ပါဖုရာ့
ဒီပါကို

17 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 1:37 pm

    တယ်လဲ ကိုယ်ချင်းမစာတတ်ကြတဲ့လူတွေပဲဗျာ.
    လိပ်မခမျာ သနားစရာ..

    ဥချင်း ကိုယ်ချင်းမစာတဲ့လူတွေ
    ခင်ဗျားတို ့ဥ အနှိုက်ခံရမှ မငိုကြနဲ ့
    ဒါဘဲ..

    ဝဋ်ဆိုတာ အနှေးနဲ ့အမြန်ပဲ
    အဲလို ဥ လျှောက်လျှောက်နှိုက်နေကြလို ့..ခင်ဗျားတို ့
    ဥပါလဲ အလဂါးဖြစ်နေကြတာ သိရဲ့လား

    • windtalker

      February 6, 2012 at 2:29 pm

      အင်း သည်ပို ့စ်ဖတ်ရင်း နဲ ့ ပထမ ဆုံး သတိရမိတာ က “စိန်ပေါက်ပေါက်” ကို ဘဲ ။
      သူ ့မှာက လိပ်ရှိတာ ကလား ။
      အဲဒီလိပ်အကြောင်းလဲ ရွာထဲက ဒေါက်တာကြီးများ တင်ပေးကြပါဦးလို ့။

      • စိန်ပေါက်ပေါက်

        February 6, 2012 at 2:39 pm

        အသာလုပ်ပါဟဲ့
        လိပ်ဖြတ်ပြီးသွားပါပြီ
        တစ်ဂယ်ထင်ပြီး ဥလနှိုက်နေမှ ဒုက္ခ

  • ကြောင်ကြီး

    February 6, 2012 at 11:19 am

    သဂျီးပြောဒေါ့ တိရစာ္ဆန်မှာ ခံစားတတ်တဲ့ အသိမရှိဘူးဆို…။ သဂျီးတွေ ကိလေသာမကုန်တဲ့ သက်ရှိတိုင်းမှာ တဏှာစွဲလန်းခြင်းဆိုတဲ့ အဝိဇ္ဇာအသိရှိသဗျ…။ လူလိုမပြောတတ်လို့သာ…
    “ဥကျင်းယက်ပြီးလို့ ဥစချတဲ့ အချိန်မှာတော့ သူ့အနောက်ကနေ ဖင်အောက်ကတစ်ခါတည်းပုဆိုးခံဥယူနေတာတောင် မျက်ရည်တွင်တွင်ကျပြီး ဥချခြင်းကိုရပ်လို့ အောင့်ထားလို့ မရတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးပါတယ်။”

    • kai

      February 6, 2012 at 12:25 pm

      သဂျီးပြောဒေါ့ တိရစာ္ဆန်မှာ ခံစားတတ်တဲ့ အသိမရှိဘူးဆို…။

      ကျုပ်မပြောဖူးပေါင်ဗျာ..
      ဘယ်နှယ်.. တိရိစ္ဆာန်က.. နဗ့်ကြောတွေရှိတဲ့.သတ္တဝါပဲ..။ အဲ..ပြောရရင်..လူလည်း.. သတ္တဝါပဲလေ..။
      ခံစား..စံစားတတ်မှာပေါ့…

      အင်း..
      လူများ..ကလေးမွေးရင်.. အင်မတန်ပင်ပန်းပါတယ်..။
      မျက်ရည်လည်းကျတာပေါ့..။
      လိပ်လည်း..ဥ ဥရင်..ညှစ်ရတော့ မျက်ရည်ထွက်မှာပေါ့..။ 😆
      ဒါပေမဲ့..
      လိပ်ဥကစားကောင်းတာပဲလေ..။
      အဲဒီ ဆားနဲ့စားတဲ့အရသာကို.. လိပ်မျက်ရည်လောက်နဲ့တော့.. ဘယ်လဲပါ့မလည်း..။
      မသကာ…
      အဲဒီလိပ်မကြိးနောက်များများမွေးနိုင်အောင်.. အစာကောင်းကောင်းကြွေး.. အန္တရယ်ကင်းအောင် ကူညီပေးလိုက်ရမှာပါ..။
      ပိုအသိညဏ်ရှိတဲ့သူကတော့.. လိပ်ကလေးတချို့တလေပေါက်အောင်.. သေသေချာချာချန်ထားခဲ့ပြီး.. မျိုးဆက်မပြတ်အောင်.. ထိန်းသိမ်းပေးရမှာပါ..။
      သဘာဝလောကရဲ့.. ဂေဟကိုတော့.. အသိညဏ်မြင့်တဲ့.. သတ္တဝါတွေ..(လူ) ကသာပိုနားလည်ပါတယ်..။

      • inz@ghi

        February 6, 2012 at 12:32 pm

        စားလို့များကောင်းမယ်ဆိုရင် …..
        သဂျီးတို့ကတော့ လိပ်မကြီးဘေး အင်္ဂုလိမာလ သုတ် ထိုင်ရွတ်ပေးနေမလားပဲ
        မြင်ယောင်ကြည့်ရုံနဲ့တင် အတော် ရီရတယ် …ဟီဟိ….
        😀

      • စိန်ပေါက်ပေါက်

        February 6, 2012 at 12:39 pm

        သတ္တဝါအချင်းချင်း ကိုယ်ချင်းမစာတဲ့သဂျီး
        သဂျီးအုကို ဆားနဲ ့ တို ့စားခံရမှ အာဘားအာဘား မလုပ်နဲ ့

        ပါးစပ်ပါရင် အသားတိုင်း စားလို ့ကောင်းတာချည်းပဲ
        စားလို ့ကောင်းတိုင်း ကြီးနိုင်ငယ်ညှဉ်းလုပ်ပြီး ကိုယ်ချင်းမစာ လိုက်စားနေလို ့ဖြစ်မလား
        လိပ်မှာလဲ လိပ်အခွင့်အရေးရှိတာပဲဗျ
        အုချင်းတူတာတောင် ဘဲဥနဲ ့ လိပ်ဥ မတူဘူးဗျ
        ဘဲက ဥပြီး လစ်သွားတာ.
        လိပ်ကသူ ့ဥ သူချစ်တယ်
        သူချစ်တဲ့ဥကို ခိုးရင် သူဘယ်ကြိုက်မလဲ
        သဂျီးဥကို ခိုးဖြုတ်ရင် သဂျီးကြိုက်မလားပြော
        ပြန်ထိုးမှာပေါ့..
        အဲလိုပဲ
        လိပ်မက ပြန်ထိုးလို ့ခုခံလို ့မရမှန်းသိလို ့.သိသိနဲ ့ အားမတန်မာန်လျှော့ပြီး မျက်ရက်စက်လက်ကျ ငြိမ်နေရတာ
        လုပ်နိုင်ရင် သူ ့ဥနိုက်တဲ့လူတွေကို ကလဲ့စားချေပြီး အဲဒီလူတွေဥကိုလဲ ပြန်နိုက်မှာပေါ့
        မလုပ်နိုင်လို ့သာ.
        ဘယ့်နှယ်ဗျာ
        ဥ.ဥ.ချင်း ကိုယ်ချင်းမစာကြဘူး..
        ခင်ဗျားတို ့ဥတွေ သတိနဲ ့သာစောင့်လျှောက်ပေတော့
        လိပ်မတွေကိုယ်စား ကလဲ့စားချေပြမယ်
        မယုံကြည့်နေ..
        😆

        • Moe Z

          February 6, 2012 at 12:47 pm

          မာမီပေါက်ကွ Bravo! 😀

  • (မာမီပေါက်ကွ Bravo)
    ဟေ့ ရှေ့ ကစိန်ပါတယ်။
    တော်ကြာလူမှားပြီး ကိုပေါက်ကို မာမီပေါက်မှတ်နေအုံးမယ်။

    • စိန်ပေါက်ပေါက်

      February 6, 2012 at 1:06 pm

      မာမီကလဲ အချင်းချင်းတွေ.
      မသိတာကြနေတာဘဲ
      မာမီနော်..မာမီ
      ဇွတ်မလုပ်နဲ ့
      အုဖြုတ်ပြီးဆားနဲ့ တို ့ပလိုက်မယ်
      😀

    • Moe Z

      February 6, 2012 at 1:13 pm

      စိတ်မပူပါနဲ့လေးပေါက်ရယ် မိုးကုတ်ပေါက်ပေါက်မဟုတ်မှန်းသိပါတယ် 😀

  • အော် လိပ်တွေဘဝကလဲ နောက်ကနေ လုံချည်နဲ ့ခံနေတာကို တောင်ဥချနေတာရပ်မရဘူးဆိုတော့
    သနားစရာပါ။လိပ်ဥကိုတော့ နှစ်ကြိမ်လောက်စားဖူးပါတယ်။မစားဖြစ်တော့ပါဘူး။

  • နွယ်ပင်

    February 6, 2012 at 2:18 pm

    “ဥကျင်းယက်ပြီးလို့ ဥစချတဲ့ အချိန်မှာတော့ သူ့အနောက်ကနေ ဖင်အောက်ကတစ်ခါတည်း ပုဆိုးခံဥယူနေတာတောင် မျက်ရည်တွင်တွင်ကျပြီး ဥချခြင်းကိုရပ်လို့ အောင့်ထားလို့ မရတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးပါတယ်။ ” ဒီစာသားလေးဖတ်ပြီး စိတ်မကောင်းလိုက်တာ …………

  • aungnng87

    February 6, 2012 at 4:47 pm

    လူတွေက အသိဉာဏ်ရှိသလောက် ရက်စက်ကြတာပါ။

  • နေဝန်းနီ

    February 6, 2012 at 7:06 pm

    အဲဒါပေါ့ လူတွေ လူတွေ ……။ ကိုယ့်ဥ မှ ကိုယ်ခင်တယ်ဆိုတာ ….။ သူများ ဥ ကျတော့ ဖြုတ်ပြီးတလုပ်ပြည် ပို့တယ်…။ သုံးသိန်းဆိုလားပဲ………….။

  • kokothandar

    February 7, 2012 at 11:18 am

    ငှက်တွေက ဥကို ရင်ငွေ့ပေးပြီး ဝပ်ပေးတယ် လိပ်ကတော့ ကိုယ်ကလေးတွေကို ဖြူသလား မဲသလားတောင်
    မကြည့်ဘဲ စွန်ြ့ပစ်ခဲ့တယ် အကြင်နာ ကင်းရာမှာ လိပ်ကို ဘယ်သတ္တဝါမှမှီဘူး

  • DEPARKO DEPARKO

    May 8, 2012 at 7:42 pm

    ကျွန်တော်တွေ့တာကိုပြောတာနော် ဝဋ်လည်မှာစိုးလို့ လိပ်ဥတောင်မစားရဲခဲ့ပါဘူး

Leave a Reply