အေးဓါးပြ

DEPARKO DEPARKOFebruary 5, 20121min954

ဘယ်အချိန်ရောက်ရောက် ဘယ်နေရာရောက်ရောက် မရိုးနိုင်တဲ့ ဇါတ်လမ်းလေးတစ်ပုဒ် ရှိနေတုံးပါဘဲ၊
ဘယ်သူက ဘယ်လောက် တို့ဆေးမိသွားလို့ပါသွားပြန်ပြီ၊ ဘယ်သူကဘယ်လောက်သုံးချပ်မှောက်ဝိုင်းမှာ ပါသွားပြန်ပြီ ဆိုတဲ့သတင်းတွေပါ၊
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ စပ်စုတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်တွေကြောင့် လူလိမ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာမဆန်းပါဘူး၊ ကားမှတ်တိုင်တွေ လူနဲနဲစုစုနေရာတွေမှာ (အလွယ်တစ်ကူ လူစုခွဲ ထွက်ပြေးနိုင်သောနေရာ) ဖဲသုံးချပ် (ဖဲတစ်ချပ်ကိုအမှတ်အသားပြုလုပ်ထား) သူတို့ရဲ့လူ (အလံရှုး)တွေနဲ့ လောင်းကစားပြုလုပ် သရုပ်ပြနေတာကို စပ်စပ်စုစု အနားရပ်ကြည့်မိလိုကတော့ နာပြီတာမှတ်။ သူတို့လူ အလံရှုးတွေက အတင်းကိုလက်ဆွဲ ထိုင်ခိုင်းပြီးလောင်းကစားဝိုင်းထဲဆွဲသွင်းတော့တာဘဲ၊ သူတို့လူအုပ်ကများတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပါသမျှအကုန်ကုန် ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ် လောင်းခိုင်း (မလုပ်ရင်အသက်အန္တရယ်ပြု) ဒီတော့ ရှိသမျှအကုန်ကုန်လို့ အိမ်မပြန်ရဲတဲ့ မိန်းကလေးတွေ ဘဝပျက်သွားကြတာလဲမနဲပါ၊ အိမ်ပြန်တော့လဲ တို့ဆေးဆိုပြီး ကိုယ်ခံရတာကိုအမှန်အတိုင်း မပြောရဲလို့ ခုတ်ရာတစ်ခြားရှရာတစ်လွဲနဲ့ ဥပဒေအရ အရေးယူလို့မရခဲ့တဲ့ဖြစ်စဉ်တွေကိုကျွန်တော် တော်တော် တွေ့ခဲ့ရပါတယ်၊ သက်ဆိုင်ရာ နယ်မြေခံ အာဏာပိုင်အဖွဲ့ အစည်းတွေကလည်း ထိထိရောက်ရောက်အရေးယူတာ မတွေ့ခဲ့ရပါဘူး သူတို့အုပ်စုတွေရဲ့ ရန်ရှာခြင်းခံရတဲ့သူတွေလဲမနည်းပါဘူး
သူတို့တွေဟာ ထွက်ပြေးလို့လွယ်ကူတဲ့နေရာ ဝင်လမ်းထွက်လမ်းကောင်းတဲ့နေရာတွေမှာ လုပ်လေ့ရှိပြီး အစောင့်ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဖမ်းလို့မရအောင် အချက်ပေးစနစ်တွေ ထားတော့ သူတို့ကိုဖမ်းချင်ရင် ယူနီဖေါင်းလုံးဝမဝတ်ဘဲ အရိပ်အယောင်တောင်မပြဘဲ လျှပ်တစ်ပျက် အင်အားလုံလုံလောက်လောက် ဖမ်းမှရနိုင်တာမို့ ကျွန်တော်တို့ဆီက အာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ အားနည်းချက်ကြောင့် အမြစ်ပြတ်မချေမှုန်းနိုင်သေးပါဘူး
ဘုရားပွဲတွေသူတို့အများဆုံးလုပ်တတ်တဲ့နေရာလေးတွေကျွန်တော် လေ့လာလို့ရသလောက် ပြောပြပါမယ်၊ အဓိက ကတော့ရန်ကုန်မြို့ ရဲ့နေရာတွေပေါ့ မဟာမြိုင်မှတ်တိုင်(စမ်းချောင်း) တံတားဖြူမှတ်တိုင် (အင်းယားကန်စောင်း)။ကျောက်တိုင်မှတ်တိုင်(သာကေတ)၊ အင်းစိန်ကုန်းတံတားအောက်။ ဘုရင့်နောင်လမ်းဆုံ။ ခဝဲခြံမှတ်တိုင်။
ကျွန်တော်ပြောချင်တာက လူစုစုတွေ့တိုင်း ဝင်ရပ်မကြည့်ဘို့ရယ် လောင်းကစာဝိုင်းထဲ ဝင်ဘို့ အတင်းလက်ကိုဆွဲရင် ဘေးပါတ်ဝန်းကျင် ကို အော်ပြီးအကူအညီတောင်း(ဟောဒီမှာလုနေပါတယ်ဗျို့)လို့ နောက် ဒီလိုဝိုင်းမျိုးတွေ့တာနဲ့ တာဝန်သိသိနဲ့ မသိမသာနီးစပ်ရာအာဏာပိုင်အဖွဲ့အစည်းတွေကိုသတင်းပို့ဘို့ပါ။
မှားတာရှိရင်တော့ခွင့်လွတ်ကြပါ ကျွန်တော်တော့ တွေ့တိုင်းအလုပ်အပျက်ခံပြီး သတင်းပို့လွန်းလို့ လူမုန်းတော်တော်ခံနေရပြီ၊ ဒါပေမဲ့ ကျွန်တော်မကြောက်တတ်ပါဘူး သူတို့တွေကြောင့် ဒုက္ခရောက်မဲ့ သူတစ်ချို့ကိုကယ်နိုင်ရင်ဘဲ ကျွန်တော်ရင်းရတာတန်ပါတယ်၊
အခုလည်း သိပြီးသားကိုဆရာလုပ်တယ်လို့မထင်စေလိုပါ အားလုံးကိုလေးစားလျှက်
ဒီပါကို

4 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 2:06 pm

    ခုတော့ သိပ်မတွေ ့တော့ဘူးဗျ…
    အရင်ကတော့ တော်တော်ပေါတယ်..
    လမ်းဆုံလမ်းခွ လူစည်တဲ့နေရာတွေမှာ လုပ်စားကြတာ များတယ်..
    အဖွဲ ့နဲ ့မိုလို ့ ဝင်ပါမိလျင် ဒုက္ခများနိုင်တယ်..
    အဲဒီဝိုင်းတွေတွေ ့ရင် ဝေါင်ဝေါင်ရှေးတာ အကောင်းဆုံးပါပဲ..

  • နေဝန်းနီ

    February 5, 2012 at 9:18 pm

    ဖမ်းမဲ့သူနဲ့ သူတို့နဲ့က တစ်ဖွဲ့ထဲ…။ ဝေစားမျှစား …။ ခုထိ ဆိုရှယ်လစ်စရိုက်တွေက မဖျောက်နိုင်သေးဘူး ဟူူးးးးးးး စိတ်ညစ်ချာကြီးးးးး ။

  • ကိုနေဝန်းနီပြောသလိုပါဘဲ သူတို ့နဲ ့ရဲဝန်ထမ်းတွေက လင်နဲ ့မယားလိုပါဘဲ။
    နယ်ဖက်တွေမှာ သိပ်မတွေ ့ရတော့ဘူးဗျ။ရန်ကုန်မှာတော့ ရှိနေသေးတယ်ပေါ့။
    စိတ်ညစ်စရာပါလားနော်။ကိုဒီပါကို ရေကောင်းပါတယ်ခုလိုတင်ပြပေးတာ။

  • kyeemite

    February 6, 2012 at 11:39 am

    ဧရာဝတီတိုင်းကိုသွားတဲ့ သဘောင်္တွေပေါ်မှာလဲတွေ့ဘူးတယ်ဗျ..အဲဒါတောင်သဘောင်္တိုင်း ရဲပါတယ်နော်..
    ပေါင်းစားမှရတာသေချာပါတယ်..တမင်လွှတ်ထားတာပါဗျာ…ကျုပ်လဲတစ်ခါ စခန်းကိုဖုန်းဆက်ဘူးတယ်..
    အလကားပါဘဲ..ဖုံန်းဘိုးကုန်တာအဖတ်တင်တယ်…

Leave a Reply