“မော်ဒန်ကဗျာ ဖတ်နည်းအကြောင်း နည်းနည်းလောက်ပြောမယ်”

မော်ဒန်ကဗျာ ခံစားကြည့်ဖို့ ဆိုတာ ဝင်္ကဝုတ္တိကို အထူးသဖြင့် ပိုနားလည်ရမယ်။ သွယ်ဝိုက်ရေးထားတဲ့ စာသားတွေ ပြန်လည်ဖော်ထုတ် နိုင်ရမယ်။ ပြီးရင်တော့ စကားလုံးတွေ စီပြီတော့ အကျယ်ချဲ့ အဓိပ္ပာယ်ဖော်ကြတာပါပဲ။ ကဗျာရေးသူအချင်းချင်း ဆိုရင်တော့ ပိုနားလည်လွယ်ပါတယ်။ ခံစားချက်ချင်းတူရင်လည်း ကဗျာက ပိုဖတ်လို့ကောင်းတယ်။ ခက်ဆစ်တွေ ဖော်ထုတ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။
ကဗျာကို အဓိပ္ပာယ် ရှင်းထုတ်နည်း နည်းနည်းပြောပြမယ်။
“သူ့ အတွက် ငါ့ အချစ် ရူးမိုက်တယ်
တစ်ခုလပ် မဆန်ခဲ့လို့ပေါ့”
ဤ စာသားရဲ့ အဓိပ္ပာယ်က တခုလပ်ဆိုတာက မရင်ကျက်ခြင်းရဲ့ အနက်ကိုရှင်းတာပါ။ ရိုးရိုးရှင်းရှင်း နားလည်ရမယ် ဆိုရင်တော့ အတွေ့အကြုံမရှိလို့ အချစ်မှာ ရှေ့နောက်မကြည့်ပဲ ချစ်တယ်ပေါ့ဗျာ။
နောက်တစ်ခုကတော့…
“ပတ်လမ်းမှာတော့ ငါ့ဘဝဆူးကို
ဖယောင်းဆူးလို့ မှတ်တယ်ကွ“
အဲ့ဒီမှာ ရှင်းပြချင်တာက ပတ်လမ်းဆိုတာ သံသရာကိုပြောတာပေါ့။ ဘဝဆူးဆိုတာကတော့ ကြမ်းလွန်းတဲ့ ဘဝလို့ ဆိုနိုင်တယ်။ နောက်ဆုံးအကြောင်းကတော့ ဆူးက ဖယောင်းလိုဖြစ်သွားရင် မနာကျင်တော့ဘူးမလား။ အဲ့ဒါကို အနှစ်ချုပ်ပြရရင်တော့ အကောင်းမြင်စိတ်နဲ့ ဘဝကြမ်းမှာ နေပျော်တယ်လို့ ယူဆနိုင်ပါတယ်။
ကဲ…တတိယ အကြောင်းအရာ ရောက်လာပြီ။
“ကမာ္ဘဦးဆိုတိုင်း လာမပြောပါနဲ့
စာအုပ်ကြီးဆိုတာ ခြကိုက်ဖို့ သက်သက်ပါ”
ဒီစာသားမှာတော့ ရှေးတုန်းက အယူအစတွေကို တွန်းလှန်ခြင်းကို ဆိုလိုတာပါ။ အချိန်တန်ရင် ဒီစာသားတွေက ခတ်သစ်မှာ ဆန်းစစ်ကြရမှာပဲ မဟုတ်လား။ အသစ်တွေနောက် အသစ်ထပ်ပေါ်နေသမျှ ရှေ့တုန်းက အသစ်တွေက အဟောင်းဖြစ်သွားပါရော။ ခတ်နဲ့အညီ ယူဆပါလို့ ဆိုလိုတာပါ။
ဒါကတော့ ကျွန်တော် သိသလောက် မော်ဒန်ကဗျာ ဖတ်နည်းပေါ့။ တခြားသူတွေလည်း သူ့နည်းနဲ့ သူ ဖတ်ကြမှာပါ။ တကယ် မော်ဒန်ကဗျာ ဖတ်နည်းရော စပ်နည်းရော ကျွမ်းကျင်သူများသို့ ဤစာရေးသားခြင်း မဟုတ်ပါ။ မသိသေးသော သူများအတွက်ပါ ဖြစ်ပါသည်။
ကျွန်ုပ် ရေးသားလိုက်ခြင်းကြေင့် မသိသေးသူများ အကြောင်းအရာ တစ်ခုစ နှစ်ခုစ ဝင်သွားရင်ပဲ ရေးရကျိုးနပ်ပါလိမ့်မည်။
သိပ်သိ သိပ်တတ်လို့ ရေးသားခြင်း မဟုတ်ပါ။ ကျွန်ုပ်သိသမျှသည် အလွန်နည်းနည်းလေးမှ နည်းနည်းလေး ဖြစ်ပါကြောင်း…
စေပိုင်ထွဋ်(ပုသိမ်)
(မှတ်ချက်။ ။ နောက်ဆို ဒီမှာ ခေတ်ပေါ်ကဗျာတွေ ရေးဖြစ်မှာမလို့ ဖတ်ညွှန်းလေး အရင်ရေးထားတာ အဟီး 🙂

10 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 2:03 pm

    မော်ဒန်..မော်ဒန်..
    ရေးတဲ့လူက အမှန်အကန် ရင်ဘတ်ကြီးနဲ ့ရေးတာဘဲ
    ဖတ်တဲ့လူက ရေးတဲ့လူရဲ့ ရင်ဘတ်ထဲ မဝင်နိုင်ရင် ကဗျာရဲ့ဆိုလိုရင်းကို ပေါက်မှာမဟုတ်ဘူးနော့..
    ကျုပ်ဖြင့် ရိုးရိုးကဗျာတွေ.စာတွေတောင် အမီမလိုက်နိုင်လို ့.မော်ဒန်ဆို ခပ်လန် ့လန် ့ဗျာ.
    မော်ဒန်ဖတ်နည်းလေး ပြောပြပေးတာ တိုင်းကျူးပါနော.
    ကျုပ်လဲ ဝမ်းဒေး မော်ဒန် ကဗျာဆြာ လုပ်ဖို ့အစီအစဉ်ရှိပါတယ်..
    တစ်ခါတလေ ကိုယ့်မော်ဒန် ကိုယ်ပြန်နားမလည်လို ့ လက်တည့်မစမ်းဖြစ်သေးတာပါ 😀

  • htet way

    February 5, 2012 at 6:43 pm

    ဟုတ်ကဲ့ ကျေးဇူးပါဆရာ
    မှတ်သားလေ့လာပါ့မယ်
    ကျွန်ပ်တို့ကတော့ အကြံမရှိနောက်လိုက် ..ဆန်မရှိကောက်စိုက်….
    ဥုံ အရဟံ သစ္စာဂတိတွေနဲ့
    ရဂုံ စံချစ်စရာ တပည့်တို့မှာဖြင့်
    ဂဋ္ဌုန်သရဏံ ဂစ္ဆာမိကြပါတော့ကို ပိုကြိုက်ပါကြောင်း။
    ရှင်မရေ
    ဆင်ဗိုက်ကို ခြင်ကိုက် သလိုပဲ..ဆိုတာကို အာတွေ့ပါကြောင်း
    မော်ဒန်နှင့်လျှော်ကန်သူများ အပျော်မကြံရင်ပြီးတာမို့
    ကိုသစ်မင်းရေ
    ေ့ရှခရီးမျှော်မန်းတင်းပါကွယ်
    တစ်သက်ဆွေးမယ် ထက်ဝေးဆိုတာ
    ရတက်မအေးရသူပါဆရာရယ်..။

  • windtalker

    February 5, 2012 at 6:59 pm

    ကောင်းတယ် ၊ ပြပွဲအတွက် ကတ်တလောက် ကြိုတင်တာပေါ့ နော ။

  • ကာရန်ကို စပ်ချင်သလိုစပ်ပြီး
    ကိုယ့်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို
    လူ အထင်ကြီးအောင်
    စကားလုံး ကြီးကြီးနဲ့
    ဆော်ထည့်လိုက်တာ … အဲဒါ မော်ဒန်ကဗျာ …
    ( မှတ်ချက် ။ ။ အထက်ပါ ရေးနည်းသည် ကျွန်ုပ်၏ ရေးနည်းသာ ဖြစ်ပါကြောင်း … မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ရည်ရွယ်တိုက်ခိုက်ခြင်း မဟုတ်ပါကြောင်း … 😀 😀 )

  • ဦးဦးပါလေရာ

    February 5, 2012 at 11:30 pm

    မော်ဒန်ကဗျာကို နားလည်အောင်လုပ်ရင်
    မော်ဒန်ကို နားမလည်တော့ပဲနေမယ်
    မော်ဒန်ဖန်တီးမှု့တခုကို နားမလည်ခြင်းဟာ
    မော်ဒန်ကိုနားလည်ဘို့ မလိုအပ်လှကြောင်း
    နားလည်နိုင်တဲ့ သဘာဝ သက်သေပြချက်တခုပဲ….။

    (ဒီကွန်မင့်ကို အဘသစ္စာနီသာဖတ်မိရင် ခွေးခြေနဲ့ကောက်ပစ်မှာ မြင်ယောင်သေး…) 😛

    • စေပိုင်ထွဋ် (ပုသိမ်)

      February 6, 2012 at 11:12 am

      မော်ဒန်ဆရာ့ ဆရာကြီးတွေ ပြောသလိုပေါ့
      နားလည်ဖို့ အလှမ်းဝေးတယ်ဆိုရင် မဖတ်နဲ့ပေါ့ဗျာ
      နာလည်နိုင်အောင် ကြိုစားမယ်ဆိုရင်တော့ စာဖတ်နာဖို့ လိုတယ် ထင်တာပဲ။
      တချို့မော်ဒန်ကဗျာတွေက ဦးတည်ချက် လားရာမဲ့တွေကို
      နမိတ်ပုံတွေနဲ့ ဖော်ညွှန်းတတ်တာမို့ မဖော်တတ်ရင်တော့ မဖတ်တာ အကောင်းဆုံးပဲလို့
      ထင်ပါတယ်
      အားလုံးကို ကျေးဇူးတင်ပါတယ်..
      ခင်လျှက်
      စေပိုင်ထွဋ်(ပုသိမ်)

  • kyeemite

    February 6, 2012 at 11:17 am

    ကျုပ်လဲပါရမီနဲလို့လားမသိ…တချို့မော်ဒန်ကဗျာတွေလိုက်မမှီဘူးဗျာ…အဲဒီမော်ဒန်ဆိုတဲ့အပိုင်း
    မှာတော့ယယဒုံးဝေဒတယ်ဆိုပါတော့..တတ်သလောက်ရှင်းပြတော့လဲသိရတာပေါ့ဗျာ..သင့်ခရုပါ။

  • awra-cho

    February 6, 2012 at 11:22 am

    ကာတွန်း တစ်ခု သွားသတိရမိတယ်။
    ကဗျာဆရာ ကပြောနေတဲ့ ပုံနဲ့ ရေးထားတာ၊
    ဟောဒီ ရင်ဘတ်ကြီးနဲ့ ထွန်ယက်ခဲ့တာတောင်
    ငါ့ပျိုးခင်းတွေ မစိမ်းလန်းခဲ့၊
    သူ့မိန်းမ က ပြန်ပြောတယ်..
    စာမူခ မရခဲ့ရင် မရခဲ့ဘုူးလို့ ရိုး ရိုးပြော…တဲ့

  • alinsett

    February 6, 2012 at 7:26 pm

    ကောင်းပါတယ် ..ကိုစေပိုင်ရေ..။ မော်ဒန် ကဗျာတွေ.ရေးပါဦး။

    အခုလို မော်ဒန်ကဗျာတွေ..ကို နားမလည်ခြင်းပြဿနာ ဖြစ်နေချိန်မှာ တစ်ထောင့်တစ်နေရာကနေ..ပါဝင် ဖြေရှင်းပေးတာ တကယ့်ကို ကျေးဖူးတင်မိပါတယ်ဗျာ..။

    မော်ဒန်…ကိုတောင် နားမလည်နိုင်ကြသေးတဲ ့.. ( နားမလည် နိုင်သေးတဲ့…ဆိုတဲ့စကားက ..အသိဉာဏ်နည်းလို ့ နားမလည်တာကို ဆိုလိုတာမဟုတ်ပါဘူးနော်။ မော်ဒန်တွေ..ရဲ ့လမ်း..မော်ဒန်တွေ .ရဲ ့စကားလုံး..၊ လူငယ်.တွေရဲ ့လမ်းကို နားလည် မပေးနိုင်ကြသေးတဲ ့…လို ့ ဆိုလိုချင်တာပါ ။)ကျွန်တော်တို ့နိုင်ငံမှာ.. ၊ ခံစားပြိး နားလည် ပေးနိုင်သူ နည်းနေသေးတဲ ့ ဒီ နေရာမှာ…ကျွန်တော်တို ့မော်ဒန် သမားတွေ…အသက်ရှု.ကြပ်နေရပါတယ် ။

    ဘယ်သူတွေ ဘယ်လိုပြောပြော…အနုပညာသမားကတော့ အနုပညာကို ဆက် ဖန်တီးနေမှာပါ။
    ပို ့စ်မော်ဒန် ဆီ…ဦးတည်..ဖို ့ ဟန်..တပြင်ပြင် ဖြစ်နေပေမယ့် အတော်…အားအင် နည်းပါးနေရပါတယ်။

    အခုလို..မော်ဒန်ကို ဖန်တီးလိုသူ တစ်ဦး ( မော်ဒန်ကို…ပြဿနာမတတ်အောင် ဖြေရှင်းပေးနေသူတစ်ဦးကို ) တွေ ့လိုက်ရလို ့ ဝမ်းသာပါတယ် ။

    ဒီပို ့စ်လေး အတွက် ကျေးဇူးပါပဲ..။

    အားလုံးကို ခင်မင်လေးစားစွာ…

    • စေပိုင်ထွဋ် (ပုသိမ်)

      February 7, 2012 at 2:59 pm

      အင်းပေါ့ဗျာ
      မြန်မာနိုင်ငံမှာက ကဗျာအသိုင်းအဝိုင်ဟာ
      ကျည်းမြောင်းလွန်းတယ်။
      ဝါသနာပါရာ ပါရာ စုနေသလိုပဲ။
      ကျွန်တော့်ကို အားပေးစကား ပြောပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
      ခင်လျှင်….စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply