တက်တူးတွေကို လှတယ်ထင်ပါသလား

မမြင်ဖူးသူများကြည့်ပါအုံး။ခွဲစိတ်ခန်းသုံးဓားနဲ ့ရေးတဲ့ တက်တူး ပါတဲ့

 

 

 

 

 

 

 

 

 

 

 

 

 

အင်္ဂလန် မန်ချက်စတာမြို ့ကဧည့်သည်တစ်ယောက်ပါ(ဘောလုံးသမားမဟုတ်ပါ)

 

 

 

 

 

 

 

 

 

 

ကျနော်ကတော့အသနားအနာခံပြီးတော့ အလှမမက်မောတော့ပါဘူး။ပြန်ဖျက်လို ့လဲမလွယ်ဘူး။ငွေက

လဲ ကုန်အုံးမယ်။ရုပ်လဲပျက်ပါတယ်ဗျာ။မနေနိုင်လို ့စပ်စုပြီး ရိုက်ယူထားလိုက်တယ်။ကျနော်ကျောင်း

တုန်းက ဥပဒေရေးရာဆေးပညာ(Forensic)မှာ ဖတ်ဖူးတာက တက်တူးထိုးထားတဲ့ လူမှာ အရောင်အ

ထင်ရှားဆုံးအချိန်က ထိုးပြီးစအချိန်ရယ်၊သေပြီးနောက် ပုပ်ပွတဲ့အချိန်ရယ်ပါတဲ့။

18 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 1:33 pm

    အသားအနာခံပြီး ဘာပြုလို ့ လျှောက်ထိုးနေကြတာတုန်း..
    တယ်ခက်တဲ့ လူတွေပါဘဲဗျာ

    • Mလုလင်

      February 5, 2012 at 3:36 pm

      ဟုတ်ပါ့ဗျာ။ နော့ ကို စိန်ပေါက်ပေါက်

      • စိန်ပေါက်ပေါက်

        February 5, 2012 at 3:43 pm

        ဝဋ်ကျွေးပေါ့ဗျာ
        အရင်ဘဝက သူများတွေကို အပ်နဲ ့ထိုးခဲ့ဖူးလို ့နေမှာပေါ့..
        ဒီလိုပဲ မှတ်ပါတယ်..

        • ရွှေ မင်း သား

          February 5, 2012 at 5:35 pm

          ဒီဘဝမှာ တက်တူး အထိုးခံရတဲ့ သူတွေက….
          အရင်ဘဝတုန်းက လူနာတွေကို ဆေးအရမ်းထိုးတဲ့ ဆရာဝန်တွေ ဘဲဖြစ်လိမ့်မယ်။

  • captainamerica

    February 5, 2012 at 3:41 pm

    ဘယ်ဟာမဆိုကိုယ့်ခံစားချက်နဲညီတဲ့အနုပညာအမြင်နဲ.ကြည့်ရင်တော့လှတာပါချည်းပဲ။

  • inz@ghi

    February 5, 2012 at 3:53 pm

    ကျနော် တက်တူးထိုးချင်နေတာ ကြာပြီဗျ…..

    ထိုးရင်လည်း ကျောလုံးပြည့်ထိုးမှာ ….။

    ကိုမီးမီးသော်ရေ ……
    ကျုပ် ထိုးချင်တဲ့အရုပ်က ဘယ်ယာကုဇာမှ မထိုးရဲမယ့်အရုပ်ဗျ…..။
    သတိ္တကောင်းလှပါတယ်ဆိုတဲ့ လူတွေ လာခဲ့ဇမ်းဘာ …
    ကျုပ်ပြောတဲ့ အရုပ်ဆိုရင် …တွန့်သွားကြမှာ မြေကြီးလက်ခတ်မလွဲ……။
    သေချာရဲ့ဗျာ ..ဟိုဘက်တောင် လွန်သေး …..။

    ရွာထဲက မိုက်တဲ့ကောင်ထွက်ခဲ့ကွ…..။(စိန်ခေါ်တာ …ဟီးဟီး။.)
    ဘယ်ကောင် ကျောလုံးပြည့် …မစ်ကီမောက်စ်ပုံ ထိုးရဲသလဲ…

    ချစ်ခင်ရင်းနှီးစွာ ဝင်နောက်သွားပါတယ် အစ်ကိုရေ….

    ခင်တဲ့ …
    ဂီ…

    P.S တင်ပါးမှာ ဆေးမထိုးရဆိုတာမျိုး ဆေးထိုးအပ် ခရော့စ်အောက်လုပ်ထားတဲ့ လူ…
    ခြေသလုံးမှာ ဒေါ်နယ်လ်ဒတ် ထိုးထားတဲ့လူ …အစရှိသဖြင့် တွေ့ဖူးကြောင်းပါ….

    ထိုးဆို …ကျနော့် ပါဆင်နယ်လ် အမြင်အရတော့ ဂျပန်ဆေး နဲ့ ဗမာ့ အရုပ် ထိုးချင်တယ်ဗျာ..
    ဇာတ်ကြီး၁ဝဘွဲ့ ကို ကျောလုံးပြည့်ထိုးပလိုက်ချင့် ….။
    ခင်လို့ လက်တို့မယ်….အဲ့လာ ..ဂီးနစ်စ် ဝင်မှာခည…ခစ်ခစ်…..

  • kai

    February 5, 2012 at 4:40 pm

    ကျုပ်က..တကိုယ်လုံးဘယ်နေရာမှမှ ..တက်တူးမထိုးထားပါဘူး….
    ဒါပေမဲ့..ထိုးချင်နေမိတယ်..

    ထိုးတဲ့သူတွေကိုလည်း.. အားပေးပါတယ်..။
    စိတ်ထဲ.. ကိုယ်တိုင်ပိုင်ပိုင်စီးစီးရထားတဲ့.. အနုပညာတခုလို့… မြင်နေမိတာပါပဲ..။

    တကယ်တော့…
    တက်တူးအစ မြန်မာကလိုတောင် ပြောနိုင်မလားပဲရယ်… 🙂

  • မြန်မာလို ဆိုရင်တော့ တက်တူးကို ထိုးကွင်းမင်းကြောင်လို့ ခေါ်မလားပဲ …
    အဲဒီ ထိုးကွင်းမင်ကြောင်ကို မြန်မာတွေက အလှအတွက်ပဲ ကိုယ့်အသား အနာခံပြီး ထိုးခဲ့ကြတာ မဟုတ်ဘူး ဆိုပဲ။ စစ်မြေပြင်မှာ သတ္တိသွေးကြွနေအောင်လို့ ထိုးခဲ့ကြတာ … တဲ့။ အရင်တုန်းက ပြောပါတယ် .. 😀 😀
    http://www.tattoo.com/tattoo-history-101-myanmar-and-their-tattoos

  • ရွှေမင်းသားက——ဒီဘဝမှာ တက်တူး အထိုးခံရတဲ့ သူတွေက….
    အရင်ဘဝတုန်းက လူနာတွေကို ဆေးအရမ်းထိုးတဲ့ ဆရာဝန်တွေ ဘဲဖြစ်လိမ့်မယ်။
    ဆိုတော့ ဆေးထိုးမသေချာတဲ့ဆရာဝန်တွေ သတိသာထားပေရော့ပေါ့နော်။
    သူကြီးကိုခိုင်ရေ—တကယ်တော့…
    တက်တူးအစ မြန်မာကလိုတောင် ပြောနိုင်မလားပဲရယ်…
    ဆိုတော့ခင်များ တက်တူးအစမူလနဲ ့ပတ်သက်ပြီး လင့်ခ်ရှိခဲ့ပါရင်မျှဝေပါနော်။ဒါ
    နဲ ့လေတက်တူးထိုးဖြစ်ရင်ဘယ်နေရာမှာထိုးဖြစ်မှာလဲ။ဟီးးး
    ကိုဂီဂီရေ……အကိုရဲ ့……ထိုးဆို …ကျနော့် ပါဆင်နယ်လ် အမြင်အရတော့ ဂျပန်ဆေး နဲ့ ဗမာ့ အရုပ် ထိုးချင်တယ်ဗျာ..
    ဇာတ်ကြီး၁ဝဘွဲ့ ကို ကျောလုံးပြည့်ထိုးပလိုက်ချင့် ….။
    ခင်လို့ လက်တို့မယ်….အဲ့လာ ..ဂီးနစ်စ် ဝင်မှာခည…ခစ်ခစ်…..
    လို ့ရေးထားတော့ မြင်ချင်လိုက်တာ။ဘယ်တော့ အကောင်အထည်ဖော်မှာလဲဗျ။
    ကိုအံစာတုံးရေ…အကိုကတော့ ထိုးကွင်းမှင်ကြောင်အပြည့်ထိုးမယ့်ပုံပါလားနော်။
    -ဝဋ်ကြွေးတွေဆပ်မယ့် ကိုစိန်ပေါက်ပေါက်
    -ကက်ပတိန်အမေရိကန်
    -Mလုလင် အားလုံးကိုကျေးဇူးပါဗျာ။

  • နေဝန်းနီ

    February 5, 2012 at 9:16 pm

    ဟင့်အင်း းးးးးး လှတယ်လို့ မထင်ပါဘူး…။ အသားမှာကြောက်လို့ ထိုးဖူးဘူး …။

  • Zippo

    February 5, 2012 at 10:47 pm

    တခါတရံတော့ တက်တူး ကို သဘောကျမိတယ်၊
    တန်ဆေး လွန်ဘေး ဆိုသလို သိပ်များလွန်းရင် မကြိုက်ပါဘူး ၊
    ကြည့်ကောင်းမယ်ထင်တဲ့နေရာမှာ အသင့်အတင့် ထိုးချင်မိသား ။

  • ဦးဦးပါလေရာ

    February 5, 2012 at 11:22 pm

    ကျုပ်အမြင်တော့ တက်တူးထိုးတာ ထိုးတဲ့အရုပ်/အရောင် နဲ့ ထိုးထားတဲ့သူအပေါ်မှာလိုက်ပြီး
    တချို့လူတွေမှာ တော်တော်လှပါတယ်။ ကြည့်လို့ကောင်းပါတယ်။
    ဒါပေမယ့် အသားလဲမနာ ဖျက်ချင်ရင်လဲလွယ်တဲ့ ဆေးချယ်တာမျိုးဆိုရင် ပိုကောင်းမှာပေါ့။

  • ချစ်ရင်ထူး

    February 6, 2012 at 12:08 am

    ဘုရားပွဲ ရက်တွေဆိုရင် ထိုးလိုက်ကြတာမှ အများကြီးပဲ… မနာဘူးလား မသိပါဘူးနော်.
    ကျွန်တော်ဖြင့် ဆေးထိုးရမှာတောင်ကြောက်လို့ ဆေးပဲ သောက်တယ်(နေမကောင်းဖြစ်ရင်)
    —————————————————————————————————————–
    စကားမစပ် mandalaygazettemembers@im.partych.at ကို G talk မှာAdd ပေးကြပါလား၊ စုပြီးပွါးရအောင်လို့ပါ၊

  • နွယ်ပင်

    February 6, 2012 at 9:06 am

    တက်တူးကို သေရင်ကိုယ့်နောက်ပါမှာ ဒါပဲလို့ပြောတာ ကြားဖူးတယ် …. 😛

  • amatmin

    February 6, 2012 at 9:40 am

    ကျနော် ကတော့တက်တူးထိုးတာ အားမပေးဗျ.. 🙁
    တက်တူးဆိုလို့ ..တနေ့က စလုံးကကျနော့သူငယ်ချင်းတဦးမြင်ခဲ့တာလေးပါ.
    ၁၆ နှစ်လောက်ပဲရှိဦးမယ့်တရုတ်ကောင်ကလေးတက်တူးထိုးထားတာပါ.
    အဲ့ကောင်လေးက ခြေထောက်မှာဘာပုံထိုးထားသလဲဆိုတော့.ဘုရားပုံပါတဲ့ဗျာ. :angry:

  • မမနွယ်ပင်ပြောသလို တစ်ချို ့ကသေရင်ကိုယ့်နောက်ပါတယ်လို ့တစ်မျိုးပြောကြတာပါဘဲ။
    အမတ်မင်း ပြောသလို ခြေထောက်မှာ ဘုရားပုံတော်ထိုးတာတော့ မကောင်းဘူးပေါ့။ကိုဇစ်ပိုက
    ဘယ်နားမှာ ထိုးချင်နေလို ့လဲဗျ။ဘယ်လိုဘဲဖြစ်ပါစေ တက်တူးကိုနှစ်သက်သူတွေရှိသလို၊မကြိုက်
    သူတွေလဲရှိစမြဲပါ။ဒါပေမယ့် တစ်ချို ့ကဖြင့် တက်တူးရှိရင် လူမမြင် မြင်အောင် ဖော်ပြနေရတာကိုက
    အလုပ်တစ်ခုဖြစ်နေပါလေရော။

  • zawgyi min

    February 6, 2012 at 1:11 pm

    တက်တူးထိုးတာက AIDS ရောဂါကို ဖြစ်စေတ`့ HIV virusပိုးတွေကူးနိုင်တယ်လေ။
    တစ်ခါသုံးအပ်န`့ ထိုးလည်း safe မဖြစ်နိုင်ဘူး။ အသားနာသေး။ အခန့်မသင့်ရင် (တက်တူးထိုးရင်း)
    shock ဖြစ်နိုင်တယ်။ ရွာထ` ကအကိုတို့ရေ တတ်နိူင်ရင် ဒီနည်းန`့ မလှချင်ပါန`့။

Leave a Reply