ညီမလေးအတွက် နှလုံးသားကပြောသောစကားလေးများ(2)

ညီမလေးအတွက်………
နှလုံးသားကပြောသောစကားလေးများ..(2)
……………………………………………..
ညီမလေးရေ………
`လူတွေရဲ့ပြောစကားတိုင်းနားမထောင်နဲ့`လိုအကိုပြောခဲ့တယ်နော်
အဲဒီစကားဟာနေရာတိုင်းကိုပြောတာဆိုလိုတာမဟုတ်ဘူးနော်။
တဖက်သတ်ကြီးတော့မတွေးလိုက်ပါနဲ့၊မမှတ်သားလိုက်ပါနဲတချို့
နေတွေမှာတော့လူတွေပြောမှကိုယ့်ရဲ့အပြစ်တွေ အမှားတွေကိုမြင်တွေ့ရတယ်။
အဲဒီအခါတွေမှာ ညီမလေးရဲ့အပြစ်တွေကိုဆင်ခြင်လို့ရတာပေါ့။
မကောင်းမှန်းသိလျှက်နဲ့ဆက်လုပ်နေရင် လူမိုက်တဲ့ညီမလေး။
မကောင်းမှန်းသိမြင်ရင်ဆက်မလုပ်မိစေနဲ့နော်၊
ပြင်ဆင်သင့်တာတွေကိုပြင်ဆင်ပေးပါနော်
`းအမှားကိုအမှန်းသိ၍ ပြင်ဆင်ခြင်းသည် လူလိမ္မာမည်၏`တဲ့ ညီမလေး။
ညီမလေးအမှာတွေကိုအမှန်ပြင်ဆင်နိုင်ပါစေ……။
                                                          မေတ္တာဖြင့်
                                                       ……………
                                                                 ကိုက်ို
ညီမလေးရေ…..

 

အကိုရဲ့စာတွေဖတ်လို့ပျင်းနေပြီလားညီမလေး။ မပျင်းပါနဲ့နော် ပျင်းရင်ဖျင်းတက်တယ်ညီမလေး။
အမြဲတမ်းသတိရပါတယ် အမြဲတမ်းလွမ်းတယ်` စကားတွေပြောချင်လိုက်တာ ဘာညာ ဘာညာစသည်မပြောချင်တော့လို့ပါ။
ဘာလို့လည်းဆိုတော့အဲဒီစကားတွေကထုတ်ရေးမှပေါ်မဲ့မေတ္တာတွေမဟုတ်ဘူးလေ
အကိုတို့မောင်နှမရဲ့စိတ်ထဲမှာအစဉ်ထာဝရရှိနေတာပဲဒါကြောင့်
တခါတွေ့လည်းဒီစကားတွေ ဒီစာတွေ ကြာတော့ ညီမလေးတို့ရိုးနေပြီလို့ထင်မိလို့အဆန်းလေးတွေတန်ဖိုးရှိမည့်စကားလေးတွေ
အတွေးမြင်ဆန်းလေးတွေရးပေးနေတာနော်။ သတိရတယ် သတိမရဘူးဆိုတာတော့ပြောလို့လိုမယ်မထင်ပါဘူး။ ဘာလို့ဆိုတော့
တစ်ယောက်နဲ့တစ်ယောက်သိနေကြပါပဲ။
ညီမလေးကလဲ အရင်လိုမဟုတ်ကြတော့သလို အကိုကလည်းအရင်လိုမဟုတ်တော့ဘူးဆိုတာ
ညီမလေးတို့သိကြမှာပါ။ ဘာလို့လဲဆိုတော့ နေ့တွေ လတွေ နှစ်တွေ
အချိန်တွေဟာအမြဲလိုုလိုပြောင်းလဲနေတဲ့လောကကြီထဲမှာ
အရာရာကလဲနဂိုအတိုင်းတည်မြဲနေကြတာမှမဟုတ်ပဲ။
ဘယ်လိုပဲဖြစ်နေဖြစ်နေ ညီမလေးကို အကိုရေးပေးတဲ့စာသားတွေလိုပေါ့ …….။
                      အမှတ်တရဆိုတာ
                      နုနယ်တဲ့အရွယ်မှာ
                      ရှိခဲ့ရင်…………..တဲ့ ။
                                  ညီမလေးအမှတ်ရနိုင်ပါစေ…….။
                                                           မေတ္တာဖြင့်
                                                           ……………
                                                                ကိုကို

 

3 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 1:46 pm

    ကိုကိုရေ
    ညီမလေး ကိုကို ့မေတ္တာတွေ ယူသွားပါတယ်နော်..

    တိုတို ့ရဲ့
    …………
    ညလေး..

  • ဇွဲမာန်(အင်းဝ)

    February 7, 2012 at 10:43 pm

    ညီမလေးတွေနားလည်နိုင်ပါစေ..

  • ဇွဲမာန်(အင်းဝ)

    February 7, 2012 at 11:15 pm

    ညီမလေးနားလည်နိုင်ပါစေ…

Leave a Reply